နစ္နာေစတဲ႔ အခ်စ္မ်ိဳးျဖစ္ေအာင္ မခ်စ္ၾကဖို႔ သတိေပးလိုက္ တဲ႔ ပုညခင္

သတိေပးလိုက္တဲ႔ ပုညခင္

နစ္နာေစတဲ႔ အခ်စ္မ်ိဳးျဖစ္ေအာင္ မခ်စ္ၾကဖို႔ သတိေပးလိုက္ တဲ႔ ပုညခင္

လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ရင္သပ္ရႈ႕ေမာဖြယ္ ဇာတ္အခ်ိဳးအေကြ႕အဖြဲ႕အႏြဲ႕အသုံးအႏႈန္းေတြနဲ႔ ဝတၳဳစာအုပ္ေပါင္း မ်ားစြာထုတ္ၿပီး ပရိသတ္ေတြ ရင္ထဲကို ဝင္ေရာက္ လာခဲ့တဲ့ ပုညခင္ဆိုတဲ့ စာေရးဆရာမကို လူတိုင္းနီးပါး သိၾကမွာပါ။

ပုညခင္ဟာ စာေရးဆရာမ သက္သက္တင္မဟုတ္၊ ဇာတ္ၫႊန္းေတြႀကဳံရင္ ေရးသားသူလည္းျဖစ္တဲ့အျပင္ စာအုပ္ေတြထဲမွာ လူငယ္ေတြအတြက္ ခ်စ္မႈေရးရာ အႀကံေပးစကားေတြလည္း အားရွိစရာ ထည့္သြင္းေရးသားတတ္တဲ့ အားကိုးခ်င္စရာ အခ်စ္ေရး အႀကံေပးတစ္ဦးလည္း ျဖစ္ပါေသးတယ္။

ပုညခင္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အခ်စ္အေပၚ ခံယူခ်က္ေတြနဲ႔ လူငယ္ေတြအတြက္ အႀကံေပးစကားအခ်ိဳ႕ကို ေျဖၾကားထားေပးပါတယ္ …။

ပုညခင္က သူမရဲ႕ခ်စ္ျခင္းေမတၱာ အေပၚ ရႈ႕ျမင္ပုံကို “အခ်စ္ဆိုတာကေတာ့ အနည္းဆုံးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ လူဆိုတာ အတၱမကင္းဘူး ဆိုေပမယ့္လည္း အတၱကို ေလွ်ာ့ၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိဳႏႈိင္းရမယ့္ အရာမ်ိဳးလို႔ အစ္မကေတာ့ ထင္ပါတယ္”လို႔ ဆရာမက ေျပာျပထားပါတယ္ …။

ပုညခင္က သူမရဲ႕အိမ္ေထာင္ေရး အေၾကာင္းကိုလည္း “အစ္မက အသက္သုံးဆယ္ေက်ာ္မွ အိမ္ေထာင္က်တာ။ အိမ္ေထာင္က်ေတာ့ (၃၇) ႏွစ္ ရွိပါၿပီ။ အစ္မထက္ ငယ္တဲ့လူနဲ႔ အိမ္ေထာင္က်တာပါ။ အစ္မထက္ ငယ္တယ္ဆိုေပမယ့္ အစ္မထက္ ရွစ္ႏွစ္ေလာက္ ငယ္တာေပါ့ေနာ္။ ငယ္ေပမယ့္ အခု အိမ္ေထာင္သက္က ကိုးႏွစ္ေလာက္ ရွိပါၿပီ …”လို႔ ေျပာျပထားပါတယ္ …။

ပုညခင္က အခ်စ္ေရးပင္လယ္ထဲမွာ ျမႇပ္ခ်ီ ေပၚခ်ီ ကူးခတ္ ေနၾကဆဲျဖစ္တဲ့ သူမရဲ႕ စာဖတ္ပရိသတ္မႏူးမနပ္ လူငယ္ေလးေတြ အတြက္လည္း ေစတနာဗရပြနဲ႔ အႀကံေပး စကားေတြကို “လူငယ္ေတြကို ေျပာခ်င္တာကေတာ့ အခ်စ္ဆိုတဲ့ဟာအေပၚမွာ အရမ္းႀကီး ႐ူးသြပ္ေနတာမ်ိဳး မဟုတ္ပဲနဲ႔ေလ တစ္ေယာက္နဲ႔ တစ္ေယာက္ နစ္နာေစတဲ့ အခ်စ္မ်ိဳး မျဖစ္ေအာင္ေပါ့ေနာ္ …။

ကိုယ္ကလည္း ကိုယ္ခ်စ္တဲ့သူကို နစ္နာမသြားေအာင္ ကိုယ့္ေၾကာင့္ ဆုတ္ယုတ္ မသြားေအာင္၊ ကိုယ္ခ်စ္တဲ့သူကလည္း ကိုယ့္ကို နစ္နာေအာင္ လုပ္ရင္လည္း ဒီအေပၚမွာ ကိုယ့္ဘဝပ်က္စီးမသြားပဲနဲ႔ ကိုယ့္ဘဝကိုယ္ ထိန္းကြပ္ႏိုင္ေအာင္ အမ်ားႀကီး ႀကိဳးစားသင့္တယ္လို႔ အစ္မကေတာ့ထင္ပါတယ္”လို႔ ေသခ်ာေလး ေျပာျပထားပါတယ္ …။

ပရိသတ္ႀကီးထဲမွာေရာ.. ပုညခင္စာအုပ္ေတြကို စြဲစြဲလန္းလန္း ဖတ္ရႈ႕သူေတြ ရွိၾကလား။ ပုညခင္ရဲ႕ ေနာက္ထြက္လာမယ့္ စာအုပ္ေတြကိုေရာ.. အားေပးဖို႔ အသင့္ပဲလား …?

Credit to original

Unicode

နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်

လွန်ခဲ့တဲ့နှစ်တွေကတည်းက ရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်း များစွာထုတ်ပြီး ပရိသတ်တွေ ရင်ထဲကို ဝင်ရောက် လာခဲ့တဲ့ ပုညခင်ဆိုတဲ့ စာရေးဆရာမကို လူတိုင်းနီးပါး သိကြမှာပါ။

ပုညခင်ဟာ စာရေးဆရာမ သက်သက်တင်မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင် ရေးသားသူလည်းဖြစ်တဲ့အပြင် စာအုပ်တွေထဲမှာ လူငယ်တွေအတွက် ချစ်မှုရေးရာ အကြံပေးစကားတွေလည်း အားရှိစရာ ထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာ အချစ်ရေး အကြံပေးတစ်ဦးလည်း ဖြစ်ပါသေးတယ်။

ပုညခင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြားထားပေးပါတယ် …။

ပုညခင်က သူမရဲ့ချစ်ခြင်းမေတ္တာ အပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့်လည်း အတ္တကို လျှော့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းရမယ့် အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ ဆရာမက ပြောပြထားပါတယ် …။

ပုညခင်က သူမရဲ့အိမ်ထောင်ရေး အကြောင်းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။ အစ်မထက် ငယ်တဲ့လူနဲ့ အိမ်ထောင်ကျတာပါ။ အစ်မထက် ငယ်တယ်ဆိုပေမယ့် အစ်မထက် ရှစ်နှစ်လောက် ငယ်တာပေါ့နော်။ ငယ်ပေမယ့် အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ် …။

ပုညခင်က အချစ်ရေးပင်လယ်ထဲမှာ မြှပ်ချီ ပေါ်ချီ ကူးခတ် နေကြဆဲဖြစ်တဲ့ သူမရဲ့ စာဖတ်ပရိသတ်မနူးမနပ် လူငယ်လေးတွေ အတွက်လည်း စေတနာဗရပွနဲ့ အကြံပေး စကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာအပေါ်မှာ အရမ်းကြီး ရူးသွပ်နေတာမျိုး မဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။

ကိုယ်ကလည်း ကိုယ်ချစ်တဲ့သူကို နစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊ ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင်လည်း ဒီအပေါ်မှာ ကိုယ့်ဘဝပျက်စီးမသွားပဲနဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်အောင် အများကြီး ကြိုးစားသင့်တယ်လို့ အစ်မကတော့ထင်ပါတယ်”လို့ သေချာလေး ပြောပြထားပါတယ် …။

ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။ ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေကိုရော.. အားပေးဖို့ အသင့်ပဲလား …?

Credit to original

Be the first to comment

Leave a Reply

Your email address will not be published.


*