ခ်စ္ရာမေရာက္္ျဖစ္္တတ္သည္႔ သားသမီးေလးမ်ားအတြက္ မိိဘ၏ လြြန္ကဲမႈ (၅)ခ်က္္

ခ်စ္ရာမေရာက္္ျဖစ္္တတ္သည္႔ သားသမီးေလးမ်ားအတြက္ မိိဘ၏ လြြန္ကဲမႈ (၅)ခ်က္္

ခ်စ္ရာမေရာက္္ျဖစ္္တတ္သည္႔ သားသမီးေလးမ်ားအတြက္ မိိဘ၏ လြြန္ကဲမႈ (၅)ခ်က္္

ခ်စ္ရာမေရာက္္ ႏွစ္ရာေရာက္သြားေစေသာ လြြန္ကဲမူမ်ား (၅)ခ်က္္

သားသမီးကိုု သူမ်ားထက္္ ေကာင္းေအာင္ ထားနိိင္တယ္ဆိုုၿပီး ဂုဏ္တက္ေနၾကသူမ်ား………

ကိုုယ့္ကေလးကိုု ထိိရင္ ဆရာ၊ ဆရာမပါ မက်န္ ဆတ္ဆတ္ထိမခံဘူးေဟ့လိုု႔ ေၾကြးေၾကာ္ေနသူမ်ား………

ေျခေမႊးမီးမေလာင္ ္လက္ေမႊးမီးမေလာင္ထားႏိုုင္တာကိုိ ဂုဏ္ယူပီတိ ျဖစ္ေနၾကသူမ်ား………

သားသမီးကို ပိုိးေမြးသလို ေမြးျမဴတယ္ဆိုုၿပီး ဟစ္ေၾကြးေနၾကသူမ်ား…………

ကိုယ့္သားသမီးမ်ားကို ခ်စ္ရာမေရာက္၊ ႏွစ္ရာေရာက္ေနသလားဆိုတာကို မိဘမ်ား စမ္းစစ္ႏိင္ဖို႔အတြက္ ေအာက္ပါလြန္ကဲမူမ်ားကိုု ေရးသားလိုက္ပါတယ္။ ဘယ္ႏွစ္ခ်က္ၿငိေနၿပီလဲဆိုုတာ ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ၾကည့္ရေအာင္………

၁။ အထူး အခြင့္အေရး ေပးလြန္းျခင္း

အခ်ဳိ႕ မိိသားစုမ်ားဟာ အခ်ဳိ႕ သားသမီးမ်ားကို အထူးအခြင့္အေရးေပးထားတတ္ပါတယ္။ ဒါသားသားေလးစားဖိုု႔၊ ဒါ မီးမီးတစ္ေယာက္တည္းအတြက္ စသည္ျဖင့္ သတ္မွတ္ထားၿပီး အျခားသူမ်ား ထိလိုု႔မရေအာင္ တားဆီးထားပါတယ္။

ဖိုးဖိုုး ဖြားဖြား ေမြ႔ေန႔ က်င္းပတာ မက်င္းပတာ အေရးမႀကီးဘူး၊ ဒီေျမးဦးေလးအတြက္ ကိတ္မူန္႔ဆိုု အႀကီးႀကီးမွ၊ လက္ေဆာင္ဆိုု အေကာင္းဆံုုးမွ၊ ဒီလိုုမိသားစုုအတြင္းမွာရိွတဲ့ ခြင့္ထူးခံ သားသမီးမ်ားဟာ အတၱလြန္ကဲလာမွာျဖစ္ပါတယ္။

သူမ်ားကို ကိုယ္ခ်င္းမစာတတ္ေတာ့ဘူး၊ ဂရုလည္း မစိုုက္တတ္ေတာ့ဘူး၊ “ငါမွငါ” ျဖစ္ဖို႔ ေသခ်ာသေလာက္ ျဖစ္ပါတယ္။

၂။ အကာအကြယ္လြန္ကဲျခင္း

တစ္ခုခု မွားလိုု႔ ေဖေဖက ဆံုုးမေတာ့မယ္၊ ေမေမက ခ်က္ခ်င္းကာဆီးကာဆီးလုုပ္တယ္။ ေမေမက ဆံုုးမေတာ့မယ္။ ဖိုးဖိုးဖြားဖြားက ခ်က္ခ်င္းကာကြယ္ေပးတယ္။

“ ကေလးပဲ၊ သူဘာနားလည္မွာလဲ၊ သူႀကီးလာရင္ လိမ္မာမွာပါ။” ဒီလိုကေလးမ်ဳိး ႀကီးလာရင္ ဘယ္လိုုအဆင္ေျပႏိုုင္မလဲ။ ငယ္ငယ္ကတည္းက အမွားအမွန္မခြဲျခားတတ္ေတာ့ဘူးေလ၊ ေဖေဖက မွားတယ္ေျပာလိုက္၊ ေမေမက ကာကြယ္လိုက္၊ ေမေမက မွားတယ္ေျပာရင္ ဖြားဖြားက ကာကြယ္လိုုက္နဲ႔ ကေလးအတြက္ ဘာလုုပ္လုုပ္ အမွန္ခ်ည္းပဲ။

ကေလးကိုု ဒီလိုပ်ဳိးေထာင္ရင္ ေနာင္ကေလးႀကီးလာတဲ့အခါ ရာဇ၀တ္မူ က်ဴးလြန္တဲ့အထိ လြန္ကဲသြားတတ္ပါတယ္။ ဆင္ျခင္ပါေလ။

၃။ ဂရုစိုက္လြန္ကဲျခင္း

တစ္မိသားစုုလံုုးက သူ႔ကိုု၀ိုင္းထားတယ္။ သူတစ္ခုုခုု လုုပ္တတ္ၿပီဆိုုရင္ တစ္အိမ္သားလံုုးက ၀ိုုင္းခ်ီးက်ဴးတယ္။ လက္ခုုပ္တီးေပးတယ္။ ေရဆိုုရင္ေရ၊ ထမင္းဆိုရင္ ထမင္းခ်က္ခ်င္းေရွ႕ ေရာက္လာတယ္။ စားၿပီးရင္ ခ်က္ခ်င္းသိမ္းဆည္းေပးတဲ့လူရိွတယ္။ ဘာအ၀တ္၀တ္ခ်င္သလဲ၊ ေျပာလိုုက္ရံုုနဲ႔ ခ်က္ခ်င္းအနီးေရာက္လာတယ္။

ကေလးကိုုယ္တိုုင္ လက္မပါတဲ့အတိုင္းပဲ။ ဆယ္တန္းေျဖတဲ့ကေလးကိုု ထမင္းခြံ႔ေကြ်းတာ ကြ်န္ေတာ္ျမင္ဖူးတယ္။ ဒီလိုုမ်ဳိးကေလးမ်ားဟာ ကိုယ့္ကိုယ္ကို ဗဟိုုျပဳတတ္ၾကတယ္။ ျပင္ပေလာက ေရာက္ရင္ ေျခမကိုုင္မိ၊ လက္မကိုင္မိ၊ တစ္ခုခုလုုပ္ရင္ အိုုးနင္းခြက္နင္းျဖစ္တတ္တယ္။ ပညာထူးခြ်န္လို႔ ေက်ာင္းၿပီးသြားရင္လည္း ဘာမွ အရည္အခ်င္းမရိွသူမ်ားျဖစ္တတ္ၾကတယ္။

၄။ အလိုလိုက္လြန္ကဲျခင္း

သူဘာလိုခ်င္လိုုခ်င္း ၀ယ္ေပးတယ္။ မ်က္နာမငယ္ေအာင္ဆိုၿပီး မုန္႔ဖိုုးအမ်ားႀကီးေပးတယ္။ ကေလးကလည္း လိုခ်င္တာအားလံုးရမွန္းသိေတာ့ တစ္ခုခု မရရင္ ခ်က္ခ်င္းဆႏၵျပတယ္။ ေအာ္ငိုုတယ္။ ေျမလူးတယ္။ လူႀကီးကလည္း ခ်က္ခ်င္း၀ယ္ေပးလိုက္တယ္။

ဒီလိုကေလးမ်ဳိးဟာ ဘာကိုုမွ တန္ဖိုးမထားတတ္ေတာ့ဘူး။ ပစၥည္းကိုုလည္း မသိမ္းဆည္းတတ္ေတာ့ဘူး။ ေရွာက္ပစ္တယ္။ ေမ့လြယ္တယ္။ ေပ်ာက္သြားရင္ ထပ္၀ယ္လိုု႔ရမွန္းသိတယ္။ ပိုက္ဆံအသံုုးအျဖဳန္းႀကီးတယ္။

ဒီလိုုကေလးမ်ဳိးဟာ ဘာကိုမွတန္ဖိုုးမထားတတ္ေတာ့ ေပ်ာ္ရႊင္မူ ကင္းေနတတ္တယ္။ “ လိုတရ ” ျဖစ္ေနေတာ့ ဘာကိုုမွ ႀကိဳးႀကိဳးစားစား မလုုပ္ခ်င္ေတာ့ဘူး။ အပင္ပမ္းမခံႏိုုင္ဘူး။ ဘာကိုမွလည္း တန္ဖိုုးမထားတတ္ဘူး၊ အရြယ္သာ တျဖည္းျဖည္းႀကီးသြားမယ္။ ဘာမွ မယ္မယ္ရရ အလုုပ္ျဖစ္မဲ့ လူစားမ်ဳိး မဟုုတ္ႏိုုင္ဘူး။

၅။ အသဲလြန္ကဲျခင္း

ကေလးဆိုတာ ေဆာ့တတ္တဲ့ သဘာ၀ရိွတယ္။ ထိမိိခိုုက္မိတတ္တဲ့ သဘာ၀ရိွတယ္။ ကေလးက ေဆာ့ရင္းနဲ႔ လမ္းေဘးသစ္ပင္တိုက္မိေတာ့ သစ္ပင္ခုတ္ပစ္ခ်င္တဲ့ မိဘေတြ႔ဖူးပါတယ္။ ကေလးမ်ား ေဆာ့ကစားရင္းနဲ႔ ေခ်ာ္လဲတတ္ပါတယ္။ မွန္ကန္တဲ့နည္းလမ္းက ကေလးကိုယ့္ကိုယ္ကို ျပန္ထခိုုင္းရပါတယ္။

အဲဒီလိုမဟုတ္ပဲ နည္းနည္းေခ်ာ္လဲ လိုုက္တာနဲ႔ လိုုက္ထူေပး၊ နည္းနည္း ထိမိရွမိတာနဲ႔ ေဘးကိုု အျပစ္ရွာေနမယ္ဆိုုရင္ ကေလးႀကီးလာရင္ ဘာကိုမွ တာ၀န္မယူရဲေတ့ာပါ။ ဒီလို အသဲလြန္မိသားစုု မွေပါက္ဖြားလာတဲ့ ကေလးဟာ မ်ားေသာအားျဖင့္ ေပ်ာ့အိေနတတ္တယ္။ နည္းနည္းေလးမွ စိတ္အေနာက္မယွက္ ခံႏိုုင္စြမ္းမရိွတတ္ဘူး။

ေနာင္ကေလးႀကီးလာရင္ ပညာရွာရာမွာျဖစ္ျဖစ္၊ အလုပ္လုပ္တဲ့ေနရာမွာျဖစ္ျဖစ္၊ အိမ္ေထာင္ျပဳတဲ့ေနရာမွာျဖစ္ျဖစ္ တစ္ခုခု အခက္အခဲေတြ႔သြားရင္ ႏွလန္မထူႏိုင္ေတာ့ပါ။ အခက္အခဲ နည္းနည္းေလးေတြ႔ရံုုနဲ႔ ေရးႀကီးခြင္က်ယ္လုပ္ၿပီး တြန္႔ဆုုတ္ေနပါေတာ့တယ္။

လူဆိုုတာ သဘာ၀ေလာကႀကီးအတြင္းမွာရိွတဲ့ သတၱ၀ါျဖစ္တဲ့အေလွ်ာက္ ကေလးကို သူ႔အရြယ္နဲ႔ သူ႔သဘာ၀အေလ်ွာက္ ႀကီးျပင္းေစတာ မွန္ကန္တဲ့နည္းလမ္းျဖစ္ပါတယ္။

သူငယ္ခ်င္းဇနီးေမာင္နွံ သူတိုု႔ရဲ႕ ေမြးကင္းစကေလးကို ကြ်န္ေတာ္ကိုု လာျပပါတယ္။ ကေလးငိုရင္ ဘယ္လိုလုပ္မလဲလိုု႔လည္း ေမးပါတယ္။ ငိုတာလည္း ကေလးက်န္းမာေရးအတြက္ ေကာင္းတယ္။ အၾကာႀကီးငိုုတာမ်ဳိးမဟုုတ္ရင္ သင့္ေတာ္တဲ့ အငိုုေတာ့ ခြင့္ျပဳရမယ္လိုု႔ ျပန္ေျပာလိုုက္ပါတယ္။

ထိုနည္းတူပါပဲ၊ ကေလးတြားသြားသင့္တဲ့အခ်ိန္မွာ တြားသြားခြင့္ေပးရမယ္။ လမ္းေလွ်ာက္သင္တဲ့အခါ ေခ်ာ္လဲခြင့္ျပဳရမယ္။ အျပင္မွာ ေရာင္းတဲ့ လမ္းေလွ်ာက္လွည္းမ်ဳိးနဲ႔ လမ္းေလွ်ာက္သင္ေစတာမ်ဳိး မျပဳလုပ္သင့္ပါ။ ဒီအေၾကာင္းေတြကို ေနာင္မွဆက္တင္ျပမည္။ အသံုုးတည့္ႏိုုင္ၾကပါေစ။

ခရစ္ဒစ္္

Unicode

ချစ်ရာမရောက်ဖြစ်တတ်သည့် သားသမီးလေးများအတွက် မိဘ၏ လွန်ကဲမှု (၅)ချက်

ချစ်ရာမရောက် နှစ်ရာရောက်သွားစေသော လွန်ကဲမူများ (၅)ချက်

သားသမီးကို သူများထက် ကောင်းအောင် ထားနိင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ………

ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ………

ခြေမွှေးမီးမလောင် ်လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ………

သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ…………

ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိင်ဖို့အတွက် အောက်ပါလွန်ကဲမူများကို ရေးသားလိုက်ပါတယ်။ ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်………

၁။ အထူး အခွင့်အရေး ပေးလွန်းခြင်း

အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။

ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအတွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။

သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

၂။ အကာအကွယ်လွန်ကဲခြင်း

တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။

“ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။ ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊ မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။

ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇဝတ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်ပါလေ။

၃။ ဂရုစိုက်လွန်ကဲခြင်း

တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။ လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအဝတ်ဝတ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။

ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။

၄။ အလိုလိုက်လွန်ကဲခြင်း

သူဘာလိုချင်လိုချင်း ဝယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံးရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်းဝယ်ပေးလိုက်တယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်ဝယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။ အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

၅။ အသဲလွန်ကဲခြင်း

ကလေးဆိုတာ ဆော့တတ်တဲ့ သဘာဝရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာဝရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။

အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာဝန်မယူရဲတေ့ာပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။

နောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။

လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာဝအလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။

သူငယ်ချင်းဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေးကို ကျွန်တော်ကို လာပြပါတယ်။ ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။ ငိုတာလည်း ကလေးကျန်းမာရေးအတွက် ကောင်းတယ်။ အကြာကြီးငိုတာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။

ထိုနည်းတူပါပဲ၊ ကလေးတွားသွားသင့်တဲ့အချိန်မှာ တွားသွားခွင့်ပေးရမယ်။ လမ်းလျှောက်သင်တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှောက်သင်စေတာမျိုး မပြုလုပ်သင့်ပါ။ ဒီအကြောင်းတွေကို နောင်မှဆက်တင်ပြမည်။ အသုံးတည့်နိုင်ကြပါစေ။

ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*