အ ခန်း နေရာ ချထားရေး ကော်မတီ သို့ ပေးပို့လာ တဲ့ အမည် စာရင်းတွေ ကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး က်ာမတီ ထံ
Kumudra
Unicode
အိမ်မရှိသော အငြိမ်းစားအမှုထမ်း ဝန်ထမ်းများ အငှါးအိမ်ယာ လျှောက်ထားနိုင်
နေပြည်တော် မှာ အငြိမ်းစား အမှုထမ်း ဝန်ထမ်းတွေ အငြိမ်းစား အငှားအိမ်ရာများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာ
နေပြည်တော်၊ ဇန်နဝါရီလ-၁၈ ရက်။ နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်အတွင်း မှာ အငြိမ်းစား အမှုထမ်း၊ ဝန်ထမ်းတွေအတွက် အဆောက်အဦး (၁၂)ခန်းတွဲ (၅)ထပ် အဆောက်အဦ(၅) လုံံး အခန်းပေါင်း (၃၀၀) တည်ဆောက်ပြီးစီးပြီဖြစ်တဲ့အတွက်
အငြိမ်းစား အငှားအိမ်ရာ လျှောက်ထား နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန က သည်ကနေ့ သတင်းထုတ်ပြန်ပါတယ်။
နေရာ ကတော့ ဒက္ခိဏသီရိမြို့နယ် ၊ မြို့ပတ်လမ်း နှင့် ရတနာမဉ္ဇူလမ်း အကြားရှိ မြေဧရိယာ(၃၂)ဧကပေါ်မှာ ဖြစ်ပြီး အငြိမ်းစား ယူ ပြီးတဲ့ အမှုထမ်း ဝန်ထမ်းများ အနက်
ပူးတွဲ(က) ပါ သတ် မှတ် ချက်တွေ နဲ့ ကိုက် ညီ သူတွေကို အငှား ချထားပေးရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အငြိမ်းစား အငှားအိမ်ရာ လျှောက်ထားလိုသူတွေဟာ ပူးတွဲ(ခ)ပါ လျှောက်လွှာပုံစံမှာ ဖြည့်စွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် အမြဲတမ်းအတွင်းဝန်
လက် မှတ် ရေးထိုးပြီး အခန်းနေရာ ချထားရေးကော်မတီ ၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၀) ၊ နေပြည်တော်သို့ သည်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရ မှာ ဖြစ်ပါတယ်။
အ ခန်း နေရာ ချထားရေး ကော်မတီ သို့ ပေးပို့လာ တဲ့ အမည် စာရင်းတွေ ကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ကာ်မတီ ထံံ
တင်ပြ အ တည်ပြုချက် ရ ယူပြီး နေ ထိုင်ခွင့် ရ ရှိ သူများ စာရင်းကို အကြောင်းပြန်ကြားသွားမှာ ဖြစ်တယ်လို့ အ သိပေး ကြေ ညာ ထား ပါတယ်။
Kumudra
Be the first to comment
Leave a Reply
Your email address will not be published.
*