ဖိနပ္္ေလးတစ္ရံ ေၾကာင္္႔ ေသရြာမွွ ျပန္္လာခဲ႔သူ(ျဖစ္ရပ္မွန္)

ဖိနပ္္ေလးတစ္ရံ ေၾကာင္္႔ ေသရြာမွွ ျပန္္လာခဲ႔သူ(ျဖစ္ရပ္မွန္)

ဖိနပ္္ေလးတစ္ရံ ေၾကာင္္႔ ေသရြာမွွ ျပန္္လာခဲ႔သူ(ျဖစ္ရပ္မွန္)

ဖိနပ္တစ္ရံေၾကာင့္ ေသရြာမွျပန္လာရသူ

ကၽြန္ေတာ့္နားမွာေပါ့…ဆရာဝန္္ေတြ ပ်ာယာခတ္ေနၾကပါတယ္။

ကၽြန္ေတာ့္ခႏၶာကိုိယ္ကိုလည္း စက္ကိိရိယာ အမ်ိဳးမ်ိဳးနဲ႔ ဖိၾက ႏွိပ္ၾကေပမဲ့ လုံးဝ နာက်ဥ္ျခင္း မရွိပါဘူး။

ပကတိိ လြတ္လပ္ေပါ့ပါးျခင္း အရသာလိုိ ေအးခ်မ္းလိုက္တာ။

ကုုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ ကၽြန္ေတာ့္႐ုပ္ခႏၶာကိုိ တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး အခန္းအျပင္ဘက္ကို ထြက္လိုက္ေတာ့…

ဟင္…

ခုံတန္းေလးေပၚမွာထိုိင္ေနတဲ့ ကၽြန္ေတာ့္ဇနီးနဲ႔ ကၽြန္ေတာ့္သားေလး… စိုးရိိမ္ပူပန္မွုေတြ ေသာကေတြ အျပည့္နဲ႔ပါလား…

မ်က္ရည္္ေတြစီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကိုိ သြားမလို႔ ေျခလွမ္းလိုက္ခ်ိန္မွာ အလြန္ႀကီးမားတဲ့ အင္အားတစ္ခုုက ဆြဲယူလိုက္သလို

ကၽြန္ေတာ့္ခႏၶာကိုယ္ဟာ… ျပတင္းေပါက္ကေန တဆင့္ လမ္းမႀကီး တစ္ခုေပၚကို ေရာက္သြားပါတယ္။

ေျဖာင့္တန္းေနတဲ့ လမ္းမႀကီးေပၚမွာ ကၽြန္ေတာ့္ေရွ႕က သြားေနၾကတဲ့ လူူတစ္အုပ္။

ကေလး လူႀကီး အရြယ္စုံံ လူမ်ိဳးစုံ သူတို႔အားလုံးဟာတစ္ေနရာကို ေရွ႕ရွုၿပီး ခပ္သုုတ္သုတ္သြားေနၾကတဲ့ အတြက္ ေနာက္ကေန အမီွွလိုက္ၿပီး သူတို႔နဲ႔အတူ ကၽြန္ေတာ္ပါ လိုက္သြားခဲ့ပါတယ္။

တေအာင့္္ေလာက္အၾကာမွာ…

ေျပးၾကေဟ့…ေျပးၾက ဆိုိတဲ့ ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္တဲ့ အသံနဲ႔ အတူ ဝ႐ုန္းသုန္းကား ေျပးၾက လႊားၾကတာနဲ႔ ကၽြန္္ေတာ္ပါ ေရာၿပီး ေျပးမိပါတယ္။

ဘာျဖစ္လို႔ပါလိမ့္လို႔ိ ေနာက္ကို ႐ုတ္တရက္ လွည့္ၾကည့္လိုက္တဲ့အခါ…

ဘုရားေရွ႕က ျခေသၤ့ၤႀကီးေတြနီးပါးရွိတဲ့ ေခြးနက္ႀကီးေတြြ ဟာ ေနာက္ကလိုိက္လာရင္း မွီရာလူကိုိ အစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကၿပီး

ကိုိက္ခဲခံရတဲ့သူေတြဟာ… ေသြးသံရဲရဲ အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္သြားတဲ့ဲ ျမင္ကြင္းကိုိ ေသြးပ်က္ဖြယ္ရာ ျမင္ေတြ႕လိုက္ရပါတယ္။

ေအာင္မေလး…ဘုရား…ဘုရား…

ကၽြန္ေတာ္လည္း ေရွ႕ကေျပးေနတဲ့လူေတြလိုိ အသက္လုေျပးရင္း လဲဲက်က်န္ခဲ့သူေတြရဲ့ ငယ္သံပါေအာင္္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္ လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာက

ေရွ႕ကလူေတြဟာ…ေခြးႀကီးေတြလက္က လြတ္ေအာင္္ အေငြ႕တေထာင္္းေထာင္းထၿပီး ဆူပြြက္ေနတဲ့ ေရကန္ႀကီးတစ္ကန္ထဲကို တဝုန္းဝုန္းနဲ႔ ခုန္ခ်ေနၾကပါတယ္။

ကၽြန္ေတာ္လည္္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကိုိ ဝုုန္းကနဲ ခုန္ခ်လိုက္တဲ့အခါ… ေရနဲ႔မထိခင္္ ကၽြန္ေတာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့ ဖိိနပ္ႀကီးတစ္ဖက္

႐ုုတ္တရက္ေပၚလာၿပီး ထိုးခံလိုက္တာေၾကာင့္ ဖိိနပ္ႀကီးေပၚကို အလ်ားေမွာက္ က်သြားပါတယ္။

ေရထဲခုုန္ခ်သြားသူေတြဟာ… ကယ္ပါ ယူပါ တစာစာေအာ္ဟစ္ရင္း ကမ္းေပၚကိုိ အလုအယက္ ျပန္တက္ေျပးတဲ့အခါမွာ

ဘယ္ကေရာက္လာမွန္းမသိတဲ့ဲ ဧရာမလူႀကီးေတြဟာ… လွံွစြပ္ေတြနဲ႔ တစြပ္စြပ္ ျပန္ထိုးခ်ေနတဲ့အတြက္ တစ္ခ်ိဳ႕လည္း ေနာက္ျပန္ျပဳတ္က်ရင္း ေရထဲကိုိ စုန္းစုန္းျမဳပ္ကုန္ၾကပါတယ္။

ေၾကာက္လန္႔တၾကားကူးေနတဲ့ လူေတြဟာလည္း အသားေတြ အလႊားလိုိက္ ကြာက် မ်က္လုံးေတြ တေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္း နစ္ျမဳပ္ကုန္ၾကပါတယ္။

ကၽြန္ေတာ္ဟာ ေၾကာက္လြန္းလို႔ိ အသားေတြ တဆတ္ဆတ္တုန္ေနသလို ပြက္ပြြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္

ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့ဲ အခ်ိိန္မွာ ဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔ နစ္လာပါတယ္။

ကၽြန္ေတာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္္ ဝင္လာတဲ့အခ်ိန္မွာ ဘုရားကိုိ ႐ုတ္တရက္ သတိရလာၿပီး

ဘုရား…ဘုရား…ကယ္ေတာ္မူပါ။ တပည့္ေတာ္… လူမွန္းသိစကတည္းက အရက္ေသစာ လုံးဝ မေသာက္ခဲ့ပါဘုရား။

တပည့္ေတာ္ကိုိ ကယ္ေတာ္မူပါဘုရားလို႔ ေၾကာက္လြန္းလို႔ အသံေတြတုန္ၿပီး ႏွုတ္ကေန တတြတ္တြတ္ ရြတ္ဆိုေနမိပါေတာ့တယ္။

ဖိိနပ္ႀကီး တအိအိိနစ္ျမဳပ္ၿပီး ကၽြန္ေတာ့္ကိုယ္နဲ႔ ေရနဲ႔မထိခင္ေလးမွာ တစ္စုံတစ္ေယာက္က ကၽြန္ေတာ့္ကို ႐ုတ္တရက္ဆြဲယူလိုက္ၿပီး

ျပန္သြားလိုိ႔ ေျပာၿပီး တြန္းလႊတ္လိုက္တာေၾကာင့္ ကုတင္ေပၚမွာရွိတဲ့ ကၽြန္ေတာ့္ခႏၶာကိုယ္ေပၚကို ေမွာက္လ်က္သား က်သြားခဲ့ပါေတာ့တယ္။

ကၽြန္ေတာ္သံေခ်ာင္း ကံံေကာင္းလို႔ မေသခဲ့ပါ။ေသရြာျပန္ ကၽြန္ေတာ့္အျဖစ္ကို တစ္ရြာလုံးသာမက ကၽြန္ေတာ္ကိုယ္တိုင္လည္း အံ့ၾသေနမိပါတယ္။

ပိိန္းေကာမဖိနပ္ႀကီး… ကၽြန္ေတာ့္ကို ကယ္တင္လိုက္တဲ့ ပိိန္းေကာမဖိနပ္ႀကီး။

အင္း… ဒီဖိနပ္ႀကီး ကၽြန္ေတာ့္ကို ဘာျဖစ္လို႔ ကယ္လိုက္ပါလိမ့္္ လို႔ အခါခါ ျပန္စဥ္းစားရင္း အျဖစ္အပ်က္တစ္ခုကိုိ ကၽြန္ေတာ့္မ်က္လုံးထဲမွာ ျပန္လည္ျမင္ေယာင္လာပါေတာ့တယ္။

အဲဒီေန႔က… ရန္ကုုန္တစ္ဖက္ကမ္းကေန အျပန္္ သေဘၤာဆိိပ္မွာ ကၽြန္ေတာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး။

သူစီးထားတဲ့ဖိနပ္ ႐ုတ္တရက္ ျပတ္သြားတာျမင္လို႔ အျမင္မေတာ္တာနဲ႔ သြြပ္နန္းႀကိဳးေလးရွာၿပီး ဆက္ေပးလိုက္ပါတယ္။

ေထာ့နဲ႔ေထာ့နဲ႔ သြားေနတာကိုိ စိတ္မေကာင္းျဖစ္မိလို႔ ရပ္ေတာ္မူပါဦးဘုရားလို႔ ေလၽွာက္ထားၿပီး ရဟန္းအိုႀကီးအတြက္္ ကတၱီပါ ဖိနပ္တစ္ရံ အေျပးအလႊား သြားဝယ္ၿပီး လွူဒါန္းလိုက္ပါတယ္။

ကၽြန္ေတာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္ ကၽြန္ေတာ္လွူလိုိက္တဲ့ဖိနပ္ကို စီးၿပီး တင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကို ၾကည့္ၿပီး ကၽြန္ေတာ္ ပီတိျဖစ္လိုက္တာေလ…

အခုေတာ့…ကၽြန္ေတာ္ဟာ ကၽြန္ေတာ္ၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ကိုိ သိပ္ေၾကာက္လြန္းလို႔ ခုဆိုိ ငါးပါးသီလကို လုံျခဳံေအာင္ ထိန္းနိုင္ခဲ့ပါၿပီ။

ကၽြန္ေတာ့္သားေလး အရြယ္ေရာက္လာတဲ့အခ်ိန္မွာ ရဟန္းေဘာင္ကိုိ အၿပီးတိုိင္ တက္ဖို႔ကိုလည္း ဆုံးျဖတ္နိုင္ခဲ့ပါၿပီ။

မထင္မွွတ္ပဲ ျပဳခဲ့ရတဲ့ ကၽြန္ေတာ့္ရဲ့ ေကာင္းမွုကုသိုလ္ကိုိ အမၽွ အမၽွ အမၽွ ေပးေဝပါတယ္။

ကၽြန္ေတာ္နဲ႔ ထပ္တူထပ္မၽွ ကုသိုလ္ ရၾကပါေစ…

သာဓု ေခၚဆိုေပးၾကပါ ခင္းဗ်ား။

ခရစ္ဒစ္္

Unicode

ဖိနပ်လေးတစ်ရံ ကြောင့်် သေရွာမှ ပြန်လာခဲ့သူ(ဖြစ်ရပ်မှန်)

ဖိနပ်တစ်ရံကြောင့် သေရွာမှပြန်လာရသူ

ကျွန်တော့်နားမှာပေါ့…ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။

ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း စက်ကိရိယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြပေမဲ့ လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။

ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလို အေးချမ်းလိုက်တာ။

ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျွန်တော့်ရုပ်ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး အခန်းအပြင်ဘက်ကို ထွက်လိုက်တော့…

ဟင်…

ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားလေး… စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား…

မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက်ချိန်မှာ အလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို

ကျွန်တော့်ခန္ဓာကိုယ်ဟာ… ပြတင်းပေါက်ကနေ တဆင့် လမ်းမကြီး တစ်ခုပေါ်ကို ရောက်သွားပါတယ်။

ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူူတစ်အုပ်။

ကလေး လူကြီး အရွယ်စုံံ လူမျိုးစုံ သူတို့အားလုံးဟာတစ်နေရာကို ရှေ့ရှုပြီး ခပ်သုတ်သုတ်သွားနေကြတဲ့ အတွက် နောက်ကနေ အမှီလိုက်ပြီး သူတို့နဲ့အတူ ကျွန်တော်ပါ လိုက်သွားခဲ့ပါတယ်။

တအောင့််လောက်အကြာမှာ…

ပြေးကြဟေ့…ပြေးကြ ဆိုတဲ့ ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူ ဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့ ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ်။

ဘာဖြစ်လို့ပါလိမ့်လို့ိ နောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ…

ဘုရားရှေ့က ခြင်္သေ့ၤကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေ ဟာ နောက်ကလိုက်လာရင်း မှီရာလူကို အစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး

ကိုက်ခဲခံရတဲ့သူတွေဟာ… သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့ဲ မြင်ကွင်းကို သွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။

အောင်မလေး…ဘုရား…ဘုရား…

ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက

ရှေ့ကလူတွေဟာ…ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တထောင်းထောင်းထပြီး ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းနဲ့ ခုန်ချနေကြပါတယ်။

ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကို ဝုန်းကနဲ ခုန်ချလိုက်တဲ့အခါ… ရေနဲ့မထိခင် ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ ဖိနပ်ကြီးတစ်ဖက်

ရုတ်တရက်ပေါ်လာပြီး ထိုးခံလိုက်တာကြောင့် ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ်။

ရေထဲခုန်ချသွားသူတွေဟာ… ကယ်ပါ ယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ

ဘယ်ကရောက်လာမှန်းမသိတဲ့ဲ ဧရာမလူကြီးတွေဟာ… လှံှစွပ်တွေနဲ့ တစွပ်စွပ် ပြန်ထိုးချနေတဲ့အတွက် တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်း ရေထဲကို စုန်းစုန်းမြုပ်ကုန်ကြပါတယ်။

ကြောက်လန့်တကြားကူးနေတဲ့ လူတွေဟာလည်း အသားတွေ အလွှားလိုက် ကွာကျ မျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်း နစ်မြုပ်ကုန်ကြပါတယ်။

ကျွန်တော်ဟာ ကြောက်လွန်းလို့ိ အသားတွေ တဆတ်ဆတ်တုန်နေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင်

ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ဲ အချိန်မှာ ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ်။

ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက် ဝင်လာတဲ့အချိန်မှာ ဘုရားကို ရုတ်တရက် သတိရလာပြီး

ဘုရား…ဘုရား…ကယ်တော်မူပါ။ တပည့်တော်… လူမှန်းသိစကတည်းက အရက်သေစာ လုံးဝ မသောက်ခဲ့ပါဘုရား။

တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ ကြောက်လွန်းလို့ အသံတွေတုန်ပြီး နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိပါတော့တယ်။

ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီး ကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး

ပြန်သွားလို့ ပြောပြီး တွန်းလွှတ်လိုက်တာကြောင့် ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတော့တယ်။

ကျွန်တော်သံချောင်း ကံံကောင်းလို့ မသေခဲ့ပါ။သေရွာပြန် ကျွန်တော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျွန်တော်ကိုယ်တိုင်လည်း အံ့သြနေမိပါတယ်။

ပိန်းကောမဖိနပ်ကြီး… ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး။

အင်း… ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့် လို့ အခါခါ ပြန်စဉ်းစားရင်း အဖြစ်အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာ ပြန်လည်မြင်ယောင်လာပါတော့တယ်။

အဲဒီနေ့က… ရန်ကုန်တစ်ဖက်ကမ်းကနေ အပြန် သင်္ဘောဆိပ်မှာ ကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး။

သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့ အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေးလိုက်ပါတယ်။

ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မကောင်းဖြစ်မိလို့ ရပ်တော်မူပါဦးဘုရားလို့ လျှောက်ထားပြီး ရဟန်းအိုကြီးအတွက် ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှား သွားဝယ်ပြီး လှူဒါန်းလိုက်ပါတယ်။

ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့် ကျွန်တော်လှူလိုက်တဲ့ဖိနပ်ကို စီးပြီး တင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်လိုက်တာလေ…

အခုတော့…ကျွန်တော်ဟာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါးသီလကို လုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ။

ကျွန်တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာ ရဟန်းဘောင်ကို အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ။

မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ်ကို အမျှ အမျှ အမျှ ပေးဝေပါတယ်။

ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ…

သာဓု ခေါ်ဆိုပေးကြပါ ခင်းဗျား။

ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*