အမ်ဳိးသမီး အမ်ားစုမွာ ျဖစ္တတ္တဲ့ သားအိမ္လုံးတည္ျခင္းဆိုင္ရာ ေရာဂါ အေၾကာင္း

အမ်ဳိးသမီး အမ်ားစုမွာ ျဖစ္တတ္တဲ့ သားအိမ္လုံးတည္ျခင္းဆိုင္ရာ ေရာဂါ အေၾကာင္း

အမ်ဳိးသမီး အမ်ားစုမွာ ျဖစ္တတ္တဲ့ သားအိမ္လုံးတည္ျခင္းဆိုင္ရာ ေရာဂါ အေၾကာင္း

ဒါကေတာ့ အမ်ဳိးသမီး အမ်ားစုမွာ ျဖစ္တတ္တဲ့ Uterine fibroid လုိ႔ေခၚတဲ့ သားအိမ္လုံးတည္ျခင္း ေရာဂါ အေၾကာင္းကုိ ေဖာ္ျပေပးပါ့မယ္။

Uterine ဆုိတာက သားအိမ္နဲ႔ ဆုိင္ေသာ၊ သားအိမ္နဲ႔ ပတ္သက္ေသာဟု ေခၚဆုိပါတယ္။

Fibroid ဆုိတာကအမွ်င္ၾကမ္း တစ္ရႈးမ်ွင္မ်ားႏွင့္ဆုိင္ေသာ၊ သားအိမ္တြင္ ေပါက္ေနေသာ၊ ကု၍ ရသည့္ အမွ်င္ၾကမ္း အသားလုံးကုိ ေခၚဆုိပါတယ္။ သားအိမ္အလုံး ဆုိသည္ထက္ ”ေရအိတ္”ဟု အမ်ားက သိထားၾကတယ္။

ဒီအရာက ျဖစ္တည္ပုံ သုံးမ်ဳိး၊သုံးစား၊သုံးေနရာ႐ွိတယ္။

(1) Intramural fibroids ‘ဆုိတာက သားအိမ္အလုံးဟာ သားအိမ္ရဲ႕ အတြင္းနံရံမွာ ( grow in the wall of the uterus ) ျဖစ္တည္ေနတာပါ။

(2) Subserosal fibroids ဆုိတာက သားအိမ္ရဲ႕ အျပင္ဘက္အလႊာ ( grow on the outside of the uterus) မွာ ျဖစ္တည္ေနတာပါ ။

(3) Submucosal fibroids ဆုိတာက သားအိမ္ရဲ႕ အတြင္းဆုံ အလႊာကေန ျဖစ္တည္ေနတာပါ။

ဒီသားအိမ္လုံး၊ သားအိမ္အက်ိတ္ (ေခၚ) သားအိမ္ေရအိတ္ဟာ တစ္လုံး (သုိ႔မဟုတ္) တစ္လုံးထက္ပုိၿပီး ၃/၄ လုံးအထက္ ျဖစ္တည္ေနတတ္ပါတယ္ ။

အလုံး အေသးေလးကေနၿပီး အလုံး အႀကီးႀကီးထိ ျဖစ္တည္လာႏုိင္သလုိ အရြယ္အစားအားျဖင့္လည္းမတူညီပါဘူး။ အခ်ဳိ့ဆုိရင္ အလုံးက ႀကီးေနလုိ႔ ကုိယ္ဝန္သည္ မိခင္ေလာင္း ဗုိက္မွ ျမင္ေတြ႔ႏုိင္ပါလိမ့္မယ္။

သားအိမ္ (Uterus) ထဲမွာ ဒီအလုံး စတည္ၿပီဆုိတာနဲ႔ ရာသီမမွန္တာေတြ ျဖစ္လာႏုိင္ပါတယ္။ အခ်ဳိ့ဆုိရင္ အတြင္းမွာ အလုံးတည္ေနေပမဲ့ ႐ွိလုိ႔႐ွိမွန္း မသိၾကဘူး၊

ဘယ္ေတာ့မွ သိသလဲဆုိရင္ အလုံးေရမ်ားလာၿပီး အလုံးေတြ ႀကီးထြားလာမွ ရိပ္မိလာၾကတယ္။ ခါးနာ၊ ခါးကုိက္ (Backache or leg pains) ေျခေထာက္နာ၊ ေျခေထာက္ကုိက္တဲ့ ေဝဒနာေတြ ခံစား လာရလိမ့္မယ္။

ဒီအလုံးဟာ သားအိမ္ရဲ႕ ဟုိးအတြင္းဆုံး အပုိင္းမွာ ျဖစ္တည္ေနပါလ်ွင္ ရာသီဆင္းတာ (Heavy menstrual bleeding) မ်ားပါလိမ့္မယ္ ။

ဒီအလုံးဟာ သားအိမ္ရဲ႕ အျပင္ဘက္ အလႊာမွာ ျဖစ္တည္ေနပါလ်ွင္ ရာသီမမွန္တာ ျဖစ္တတ္သလုိ ရာသီးဆင္းပါကလည္း အရင္ထက္ နည္းေနတတ္ပါတယ္။

ဒီႏွစ္ခ်က္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္က ဘာေၾကာင့္လဲဆုိရင္ အတြင္းပုိင္းမွာ ျဖစ္ရင္ အဝက်ယ္၍ ရာသီးဆင္စရာ လမ္းေၾကာင္း ပုိက်ယ္လာတတ္သလုိ အျပင္ပုိင္းမွာျဖစ္ရင္ ရာသီဆင္းစရာ လမ္းေၾကာင္း က်ဥ္းေျမာင္း သြားတတ္ပါတယ္။

တကယ္လုိ႔ ဒီအလုံးဟာ ႀကီးထြားၿပီး ဆီးအိမ္ကုိ ဖိထားသလုိ ျဖစ္ေနရင္ ဆီးခဏ ခဏ သြားခ်င္ေနမယ္။ တကယ္လုိ႔ အူလမ္းေၾကာင္းကုိ ဖိမိေနရင္ ဝမ္းခ်ဳပ္တတ္ပါတယ္။

သားအိမ္လုံး အက်ိတ္၊ ေရအိတ္ေၾကာင့္ ရာသီဆင္းတာ မ်ားသူေတြဟာ ေသြးအားနည္းလာတတ္သလုိ အားအင္ကုန္ခမ္းၿပီး အသားေရ ျဖဴဖတ္ျဖဴေရာ္ျဖစ္လာမယ္ ။

အသက္႐ႈရတာ မဝ ျဖစ္လာမယ္၊ အလုိလုိေနရင္းနဲ႔ ေမာပန္းေနတတ္ပါတယ္။ ဒီလုိ ျဖစ္ေနတဲ့ အမ်ဳိးသမီးေတြဟာ အသား၊ ငါး၊ လတ္ဆတ္ေသာ အသီးအရြက္မ်ားမ်ား စားသုံးေပးသင့္ၿပီး သံဓာတ္ပါဝင္တဲ့ အားေဆးကုိ ေသာက္သုံးပါ။

အလုံးႀကီးရင္ေတာ့ ဗုိက္ခြဲၿပီး ဖယ္႐ွားရသလုိ၊ အလုံးေသးရင္ေတာ့ ေဆး႐ုံသုံး ကိရိယာမ်ားျဖင့္ မိန္းမကုိယ္ အတြင္းကေနတဆင့္ ႏိႈက္၍ ဖယ္႐ွားရပါတယ္။

ဒီလုိ ဖယ္႐ွားၿပီး သူတုိင္းဟာ ကေလးယူလုိ႔ မႏုိင္ေတာ့သလုိ ကံမေကာင္းရင္ျဖင့္ သားအိမ္ကုိ ျဖတ္ထုတ္ ဖယ္႐ွားပစ္သည့္အထိ ျဖစ္ႏုိင္ေျခ ႐ွိပါတယ္။

မစုိးရိမ္ပါနဲ႔ ဒီအလုံးဟာ ကင္ဆာဆဲလ္ မဟုတ္သည့္အတြက္ေၾကာင့္ ခြဲစိတ္ကုသရင္ျဖင့္ ေပ်ာက္ကင္း သက္သာႏုိင္သလုိ ခြဲစိတ္ကုသၿပီးေပမဲ့လည္း ျပန္လည္ ျဖစ္တည္လာတတ္ပါတယ္။

ေလးစားစြာျဖင့္ …

ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္ ဘဝခါးခါးပါ

Credit : Win Min Phyo (ဘဝခါးခါး)

Unicode

အမျိုးသမီး အများစုမှာ ဖြစ်တတ်တဲ့ သားအိမ်လုံးတည်ခြင်းဆိုင်ရာ ရောဂါ အကြောင်း

ဒါကတော့ အမျိုးသမီး အများစုမှာ ဖြစ်တတ်တဲ့ Uterine fibroid လို့ခေါ်တဲ့ သားအိမ်လုံးတည်ခြင်း ရောဂါ အကြောင်းကို ဖော်ပြပေးပါ့မယ်။

Uterine ဆိုတာက သားအိမ်နဲ့ ဆိုင်သော၊ သားအိမ်နဲ့ ပတ်သက်သောဟု ခေါ်ဆိုပါတယ်။

Fibroid ဆိုတာကအမျှင်ကြမ်း တစ်ရှုးမျှင်များနှင့်ဆိုင်သော၊ သားအိမ်တွင် ပေါက်နေသော၊ ကု၍ ရသည့် အမျှင်ကြမ်း အသားလုံးကို ခေါ်ဆိုပါတယ်။ သားအိမ်အလုံး ဆိုသည်ထက် ”ရေအိတ်”ဟု အများက သိထားကြတယ်။

ဒီအရာက ဖြစ်တည်ပုံ သုံးမျိုး၊သုံးစား၊သုံးနေရာရှိတယ်။

(1) Intramural fibroids ‘ဆိုတာက သားအိမ်အလုံးဟာ သားအိမ်ရဲ့ အတွင်းနံရံမှာ ( grow in the wall of the uterus ) ဖြစ်တည်နေတာပါ။

(2) Subserosal fibroids ဆိုတာက သားအိမ်ရဲ့ အပြင်ဘက်အလွှာ ( grow on the outside of the uterus) မှာ ဖြစ်တည်နေတာပါ ။

(3) Submucosal fibroids ဆိုတာက သားအိမ်ရဲ့ အတွင်းဆုံ အလွှာကနေ ဖြစ်တည်နေတာပါ။

ဒီသားအိမ်လုံး၊ သားအိမ်အကျိတ် (ခေါ်) သားအိမ်ရေအိတ်ဟာ တစ်လုံး (သို့မဟုတ်) တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ် ။

အလုံး အသေးလေးကနေပြီး အလုံး အကြီးကြီးထိ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။ အချို့ဆိုရင် အလုံးက ကြီးနေလို့ ကိုယ်ဝန်သည် မိခင်လောင်း ဗိုက်မှ မြင်တွေ့နိုင်ပါလိမ့်မယ်။

သားအိမ် (Uterus) ထဲမှာ ဒီအလုံး စတည်ပြီဆိုတာနဲ့ ရာသီမမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အချို့ဆိုရင် အတွင်းမှာ အလုံးတည်နေပေမဲ့ ရှိလို့ရှိမှန်း မသိကြဘူး၊

ဘယ်တော့မှ သိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေ ကြီးထွားလာမှ ရိပ်မိလာကြတယ်။ ခါးနာ၊ ခါးကိုက် (Backache or leg pains) ခြေထောက်နာ၊ ခြေထောက်ကိုက်တဲ့ ဝေဒနာတွေ ခံစား လာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံး အပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ (Heavy menstrual bleeding) များပါလိမ့်မယ် ။

ဒီအလုံးဟာ သားအိမ်ရဲ့ အပြင်ဘက် အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာ ဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊ အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာ ဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာ လမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာ လမ်းကြောင်း ကျဉ်းမြောင်း သွားတတ်ပါတယ်။

တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိထားသလို ဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်။ တကယ်လို့ အူလမ်းကြောင်းကို ဖိမိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံး အကျိတ်၊ ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရေ ဖြူဖတ်ဖြူရော်ဖြစ်လာမယ် ။

အသက်ရှုရတာ မဝ ဖြစ်လာမယ်၊ အလိုလိုနေရင်းနဲ့ မောပန်းနေတတ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ အမျိုးသမီးတွေဟာ အသား၊ ငါး၊ လတ်ဆတ်သော အသီးအရွက်များများ စားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊ အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ် အတွင်းကနေတဆင့် နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီး သူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကို ဖြတ်ထုတ် ဖယ်ရှားပစ်သည့်အထိ ဖြစ်နိုင်ခြေ ရှိပါတယ်။

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့် ပျောက်ကင်း သက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည် ဖြစ်တည်လာတတ်ပါတယ်။

လေးစားစွာဖြင့် …

ကျေးဇူးတင်ပါတယ် ကျွန်တော် ဘဝခါးခါးပါ

Credit : Win Min Phyo (ဘဝခါးခါး)

Be the first to comment

Leave a Reply

Your email address will not be published.


*