






ကျိုးကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် /ပြန်ပေါင်းရန် မကြိုးစားလျင်၎င်း…













(အချု ပ်အားဖြင့်)…










Unicode

“လူတိုင်း သိထားသင့်တဲ့ လင်မယား ဥပဒေ အကြောင်း သိကောင်းစရာများ”

လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင်မကွာ ရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ…

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့မရှိရင်သော်၎င်း… နောက်အိမ်ထောင်ပြု ရင်သော်၎င်း…

မယား၏ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေရန် နေ့စဉ်နဲ့အမျှနှိပ်စက်နေရင်သော်၎င်း… မယားအား လက်ရောက်မှု့တစ်ကြိမ်ကျူ းလွန်ယုံမျှဖြင့်၎င်း…

(မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)

ကျိူ းကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် /ပြန်ပေါင်းရန် မကြိုုးစားလျင်၎င်း…

အိမ်ထောင်ရေး ဖောက်ပြန်ရင်သော် ၎င်း…

(လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့်တောင်းနိုင်ပါသည်)

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/မင်္ဂလာဆွမ်း ကျွေး/မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ

လင်မယားလို အထင်အရှားပေါင်းသင်းနေထိုင်ယုံနဲ့တရားဝင်လင်မယားအရာမြောက်ပါသည်…

ရပ်/ကျေးရုံး /ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည်

ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ်တင်ပြခွင့်ရှိသည်…

သတင်းစာထဲတွင် တဖက်သတ်ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာ ဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ…

viber /messanger/voice record စတာတွေနဲ့အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ

သက်သေခံတင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့မရှိတဲ့အပြင် တဖက်မှ ချေပဖို့အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်…

active ဖြစ်တဲ့ video file သာလျင် မိမိဖက်ကအသာစီးရနိုင်မယ့်သက်သေဖြစ်သည်…

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက…လူသိ/နတ်ကြားပေါင်းသင်းရမှာဖြစ်ပြီး

ဆိတ်ကွယ်ရာအရပ်များတွင်အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသောစာချူ ပ်အား အလိုအလျောက်မပျက်ပြယ်နိုင်ပါ…

(အချုူ ပ်အားဖြင့်)…

မြန်မာ့ထုံးတမ်းအရ မြန်မာ/ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်း ထြင်းကိစ္စများ၌ စာချူ ပ်/စာတမ်းမလို

ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း…

စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာကြုံ တွေ့ရမှာဖြစ်၏…

တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်းကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏…

လင်မယား အတူမနေ/ မထောက်ပံ့/ အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက်ပြတ်ဆဲပါသလဲ ဟူသောအများစု

သိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလိုပျက်ဆဲမှာဖြစ်ပါကြောင်း …

cb မှမကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည် …

မူရင်းတင်ပြသူအား ( လေးစားလျက်)… Credit ပေးပါသည်..။

Credit – နန်းထိုက်တော်ဝင် ပန်းသဇင်

Be the first to comment

Leave a Reply

Your email address will not be published.


*