













 

Unicode

”တစ်သောင်းတန် တွေထဲမှာ ဗိုလ်ချုပ် တစ်ထောင်တန် ရောပါလာခဲ့ရင် အလွယ်ကူဆုံး စစ်ဆေးတဲ့ နည်းလမ်း”

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ဗိုလ် ချုပ် ပုံပါ ငွေစက္ကူတွေ ထုတ် လုပ် ခဲ့ပေမယ့်လည်း ပျောက်ကွယ် ခဲ့တာ အ တော်ကို ကြာပြီ ဖြစ်ပါတယ်။

လက် ရှိ မြန်မာနိုင်ငံ အစိုးရအနေ နဲ့ ပျောက် ကွယ်နေတဲ့ ဗိုလ် ချုပ် ပုံပါ ငွေစက္ကူ တွေကို ပြန်လည် တရားဝင် ထုတ်ဝေ ခဲ့ပါတယ်။ အ ဆို ပါ ငွေစက္ကူတွေကတော့ ၁၀၀၀ တန် ပဲဖြစ်ပါတယ်။ ယင်း ၁၀၀၀တန် နှင့် ၁၀၀၀၀ တန်တို့မှာ အရောင် နှင့် အရွယ်အစားမှာ တူညီနေပြီး ဆင်တူ သလို ဖြစ်နေခဲ့တာပါ။

ယင်းငွေစက္ကူ တွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ရဲ့ လူ မှု ကွန်ယက်တွေမှာ ဝေ ဖန် မှုတွေ မြင့် တက် ခဲ့ပါတယ်။

အ ဆို ပါ ငွေစက္ကူများ တွင် တစ်သောင်းတန် အား စတင် ထုတ် ဝေခဲ့တာ ဖြစ်ပြီး၊ တစ်ထောင်တန်ကိုတော့ နောက်မှ ဆက်လက် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ယင်း ကဲ့ သို့ ထုတ်ဝေမှု မှာ ငွေစက္ကူ ၂ ခုဟာ အရောင်အဆင်း တူညီ နေတာကြောင့် တစ်သောင်းတန် အုပ်တွေထဲမှာ တစ်ထောင်တန်တွေ ညပ်ပါလာနိုင်တယ် လို့ လူမှုကွန်ယက် အကောင့်တွေမှာ ဝေ ဖန် ခဲ့ကြပါတယ်။

ယ ခု ကဲ့သို့ အညင်းပွားဖွယ်ရာ ရှိတဲ့ ပိုက်ဆံငွေစက္ကူ တစ်သောင်းတန် နဲ့ တစ်ထောင်တန် ခွဲခြားမှု ဗီ ဒီ ယို ဖိုင်လေး ကို လူမှုကွန်ယက် မှာ တွေ့ခဲ့ ရပါတယ်။

ဒါကတော့ တစ်သောင်းတန်တွေကြားထဲမှာ တစ်ထောင်တန် ညှပ်ပါလာပါက စစ်ဆေးနိုင်မယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးဖြစ်တာကြောင့် ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်…။

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer- ME(Shwe Yaung Lan)

Video Source : Myanmar Idol Season 4

 

Be the first to comment

Leave a Reply

Your email address will not be published.


*