ႏွစ္လုံးထီ စြဲေနတဲ့သူေတြ ဖတ္ဖို႕…

ႏွစ္လုံးထီ စြဲေနတဲ့သူေတြ ဖတ္ဖို႕...ႏွစ္လုံးထီ စြဲေနတဲ့သူေတြ ဖတ္ဖို႕...
ႏွစ္လုံးထီ စြဲေနတဲ့သူေတြ ဖတ္ဖို႕...

ႏွစ္လုံးထီ စြဲေနတဲ့သူေတြ ဖတ္ဖို႕…

ႏွစ္လုံးထီေၾကာင့္ ဘဝပ်က္လုမတတ္ (မဟုတ္ဘူး) ဘဝပ်က္ကို ပ်က္ေနၿပီျဖစ္တဲ့ ညီမတစ္ေယာက္က ေျပာတယ္… ”၂ လုံးထီ ဘယ္ေလာက္ ဆိုးေၾကာင္း ၊ မထိုးသင့္ေၾကာင္း ေရးပါလာ အကို..”တဲ့..။

ရယ္ၿပီး ေျပာလိုက္တယ္… မေရးဘူးလို႔…။ ဘာျဖစ္လို႔လည္း သိလား.. လူတစ္ေယာက္ ဘဝပ်က္ေတာ့မယ္ဆိုရင္ ဘာကမွ သြားတားဆီးလို႔ မရဘူး။ စဥ္းစားၾကည့္ကြာ..

ႏွစ္လုံးထီထိုးၿပီး ခ်မ္းသာသြားတဲ့သူ ကြၽန္ေတာ့္ကို တစ္ေယာက္ပဲျပ.. Only One ေနာ္.. အမ်ားႀကီးမဟုတ္ဘူးကြာ.. တစ္ေယာက္ပဲ ျပ။ ဒါေပမဲ့ ၂ လုံးေၾကာင့္ ဘဝပ်က္သြားတဲ့သူကို ျပပါ ဆိုရင္…

ခင္ဗ်ားတို႔ပတ္ဝန္းက်င္မွာလည္း အမ်ားႀကီး ၊ ကြၽန္ေတာ့္ ပတ္ဝန္းက်င္မွာလည္း ဒုနဲ႔ေဒး ၊ ေဗဒင္ေဟာလိုက္မယ္… အခု စာဖတ္ေနတဲ့သူရဲ႕ အမ်ိဳးထဲမွာကို တစ္ေယာက္ေယာက္ ရွိရမယ္ကြာ…

ဒါဆို ဘာလို႔ ဘာလို႔ ၂ လုံး ထိုးၾကလဲ..။ အေျဖက… ဘဝပ်က္ေတာ့မယ့္ ကံအပိုင္းအျခားကို ဒီလူ ေရာက္လာလို႔ပဲ။ ၂ လုံးထီေၾကာင့္ သူ ဘဝပ်က္တာ မဟုတ္ဘူး။ ဘဝ ပ်က္ခ်ိန္တန္လို႔ကို ကံတရားက သူ႔ဘဝထဲ ၂ လုံးထီဆိုတဲ့ ဝါသနာျမတ္ႀကီးကို

ပို႔ေဆာင္ေတာ္မူလိုက္တာ..။ ကိုယ္ေတြမေျပာနဲ႔.. သိၾကားမင္း ဆင္းတားလည္း မရဘူး.. သူကေတာ့ ဆက္ထိုးမွာပဲ။ ေရွ႕ကလူေတြ အသီးသီး ကုန္သြားတာ သူ ေတြ႕တယ္ေနာ္.. ဒါေပမဲ့ မရပ္ဘူးဗ်ာ…

ကိုင္း… ဘယ္ေလာက္ အံ့ၾသဖို႔ေကာင္းလဲ… အဲဒီေတာ့ စာေတြေရးၿပီး ဆုံးမခိုင္းမေနနဲ႔.. မရဘူး။ ကိုယ့္ အိမ္ေထာင္ဖက္ ႏွစ္လုံး ဝါသနာပါေနၿပီလား.. သြားမတားနဲ႔.. မြဲေတာ့မယ့္ကံဟာ ခင္ဗ်ာ တို႔မိသားစုဆီ

ေရာက္လာၿပီလို႔သာ မွတ္ေပေတာ့..။ ဘယ္လိုလုပ္ရမလဲဆို ကြာရွင္းလိုက္.. ဒါဆိုရင္ေတာ့ နည္းနည္း သက္သာမယ္။ အတည္ေျပာတာ..။ ေခတ္က အရင္လို မဟုတ္ေတာ့ဘူး…

အရင္ေခတ္က ႏွစ္လုး ေကာ္စားေတြက အိမ္ေပၚတက္ၿပီး လာေရာင္းတာ.. (နင္တို႔… ငါ့ အိမ္ရိပ္မနင္းၾကနဲ႔… ဆိုရင္ ပြဲရပ္တယ္..) အခုက ဖုန္းေလးနဲ႔ ထိုးတာ.. တခ်ိဳ႕ဆို

ကိုယ့္အိမ္ေထာင္ဖက္ ၂ လုံးထိုးေနတာ သိန္းေပါင္း မ်ားစြာ ကုန္ေနတဲ့အထိ မသိၾကတာ အမ်ားႀကီး။ ဒီစာကလည္း ဆုံးမတဲ့စာ မဟုတ္ဘူး။ ၂ လုံးစြဲတဲ့ ေရာဂါကို ကုတဲ့ ေဆးလည္း မရွိဘူး။

တားႏိုင္တဲ့ ပုဂၢိဳလ္ထူး ၊ ပုဂၢိဳလ္ျမတ္လည္း ဒီ ဘဒၵကမာၻမွာ ေပၚေတာ္မမူေသးဘူး..။ သူတို႔ေတြက Zombie ေတြလိုပဲ။ ဆင္းရဲတြင္းမွန္း သူတို႔လည္းသိတယ္..

ဘဝပ်က္ေတာ့မယ္ ဆိုတာလည္း သိတယ္.. အိမ္ေထာင္ ကြဲေတာ့မွာလည္း သိတယ္.. သားသမီးေတြ မ်က္ႏွာငယ္ရေတာ့မွာလည္း သိတယ္.. အဆုံးစြန္ဆုံးအေနနဲ႔ ဆူဆိုဒ္ လုပ္သြားၾကတဲ့ လူေတြအေၾကာင္းလည္း သူတို႔ သိတယ္။

ဒါေပမဲ့ ေပ်ာ္ေပ်ာ္ႀကီး ဆက္ထိုးေနၾကတာပဲေဟ…။ ငါ သိပ္အံ့ၾသတဲ့ လူတန္းစား တစ္ရပ္ေပါ့..။

မူရင္း#ကိုစိုးထိုက္(ဖဒို)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နှစ်လုံးထီ စွဲနေတဲ့သူတွေ ဖတ်ဖို့…

နှစ်လုံးထီကြောင့် ဘဝပျက်လုမတတ် (မဟုတ်ဘူး) ဘဝပျက်ကို ပျက်နေပြီဖြစ်တဲ့ ညီမတစ်ယောက်က ပြောတယ်… ”၂ လုံးထီ ဘယ်လောက် ဆိုးကြောင်း ၊ မထိုးသင့်ကြောင်း ရေးပါလာ အကို..”တဲ့..။

ရယ်ပြီး ပြောလိုက်တယ်… မရေးဘူးလို့…။ ဘာဖြစ်လို့လည်း သိလား.. လူတစ်ယောက် ဘဝပျက်တော့မယ်ဆိုရင် ဘာကမှ သွားတားဆီးလို့ မရဘူး။ စဉ်းစားကြည့်ကွာ..

နှစ်လုံးထီထိုးပြီး ချမ်းသာသွားတဲ့သူ ကျွန်တော့်ကို တစ်ယောက်ပဲပြ.. Only One နော်.. အများကြီးမဟုတ်ဘူးကွာ.. တစ်ယောက်ပဲ ပြ။ ဒါပေမဲ့ ၂ လုံးကြောင့် ဘဝပျက်သွားတဲ့သူကို ပြပါ ဆိုရင်…

ခင်ဗျားတို့ပတ်ဝန်းကျင်မှာလည်း အများကြီး ၊ ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း ဒုနဲ့ဒေး ၊ ဗေဒင်ဟောလိုက်မယ်… အခု စာဖတ်နေတဲ့သူရဲ့ အမျိုးထဲမှာကို တစ်ယောက်ယောက် ရှိရမယ်ကွာ…

ဒါဆို ဘာလို့ ဘာလို့ ၂ လုံး ထိုးကြလဲ..။ အဖြေက… ဘဝပျက်တော့မယ့် ကံအပိုင်းအခြားကို ဒီလူ ရောက်လာလို့ပဲ။ ၂ လုံးထီကြောင့် သူ ဘဝပျက်တာ မဟုတ်ဘူး။ ဘဝ ပျက်ချိန်တန်လို့ကို ကံတရားက သူ့ဘဝထဲ ၂ လုံးထီဆိုတဲ့ ဝါသနာမြတ်ကြီးကို

ပို့ဆောင်တော်မူလိုက်တာ..။ ကိုယ်တွေမပြောနဲ့.. သိကြားမင်း ဆင်းတားလည်း မရဘူး.. သူကတော့ ဆက်ထိုးမှာပဲ။ ရှေ့ကလူတွေ အသီးသီး ကုန်သွားတာ သူ တွေ့တယ်နော်.. ဒါပေမဲ့ မရပ်ဘူးဗျာ…

ကိုင်း… ဘယ်လောက် အံ့သြဖို့ကောင်းလဲ… အဲဒီတော့ စာတွေရေးပြီး ဆုံးမခိုင်းမနေနဲ့.. မရဘူး။ ကိုယ့် အိမ်ထောင်ဖက် နှစ်လုံး ဝါသနာပါနေပြီလား.. သွားမတားနဲ့.. မွဲတော့မယ့်ကံဟာ ခင်ဗျာ တို့မိသားစုဆီ

ရောက်လာပြီလို့သာ မှတ်ပေတော့..။ ဘယ်လိုလုပ်ရမလဲဆို ကွာရှင်းလိုက်.. ဒါဆိုရင်တော့ နည်းနည်း သက်သာမယ်။ အတည်ပြောတာ..။ ခေတ်က အရင်လို မဟုတ်တော့ဘူး…

အရင်ခေတ်က နှစ်လုး ကော်စားတွေက အိမ်ပေါ်တက်ပြီး လာရောင်းတာ.. (နင်တို့… ငါ့ အိမ်ရိပ်မနင်းကြနဲ့… ဆိုရင် ပွဲရပ်တယ်..) အခုက ဖုန်းလေးနဲ့ ထိုးတာ.. တချို့ဆို

ကိုယ့်အိမ်ထောင်ဖက် ၂ လုံးထိုးနေတာ သိန်းပေါင်း များစွာ ကုန်နေတဲ့အထိ မသိကြတာ အများကြီး။ ဒီစာကလည်း ဆုံးမတဲ့စာ မဟုတ်ဘူး။ ၂ လုံးစွဲတဲ့ ရောဂါကို ကုတဲ့ ဆေးလည်း မရှိဘူး။

တားနိုင်တဲ့ ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ်လည်း ဒီ ဘဒ္ဒကမ္ဘာမှာ ပေါ်တော်မမူသေးဘူး..။ သူတို့တွေက Zombie တွေလိုပဲ။ ဆင်းရဲတွင်းမှန်း သူတို့လည်းသိတယ်..

ဘဝပျက်တော့မယ် ဆိုတာလည်း သိတယ်.. အိမ်ထောင် ကွဲတော့မှာလည်း သိတယ်.. သားသမီးတွေ မျက်နှာငယ်ရတော့မှာလည်း သိတယ်.. အဆုံးစွန်ဆုံးအနေနဲ့ ဆူဆိုဒ် လုပ်သွားကြတဲ့ လူတွေအကြောင်းလည်း သူတို့ သိတယ်။

ဒါပေမဲ့ ပျော်ပျော်ကြီး ဆက်ထိုးနေကြတာပဲဟေ…။ ငါ သိပ်အံ့သြတဲ့ လူတန်းစား တစ်ရပ်ပေါ့..။

မူရင်း#ကိုစိုးထိုက်(ဖဒို)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*