အိမ္ေထာင္က်ၿပီးတဲ့အခါ… မိန္းကေလးေတြ ဝလာရတဲ့ အေၾကာင္းအရင္း

အိမ္ေထာင္က်ၿပီးတဲ့အခါ... မိန္းကေလးေတြ ဝလာရတဲ့ အေၾကာင္းအရင္း
အိမ္ေထာင္က်ၿပီးတဲ့အခါ... မိန္းကေလးေတြ ဝလာရတဲ့ အေၾကာင္းအရင္း

အိမ္ေထာင္က်ၿပီးတဲ့အခါ… မိန္းကေလးေတြ ဝလာရတဲ့ အေၾကာင္းအရင္း

ဘဝရဲ႕ စိတ္လႈပ္ရွားစရာ ေကာင္းလွပါတယ္ဆိုတဲ့ မဂၤလာပြဲႀကီး ၿပီးသြားကတည္းက ေနရာ အသစ္၊ အိမ္ အသစ္မွာ ပတ္ဝန္းက်င္ အသစ္၊ လူအသစ္ေတြနဲ႔ အသားက်ေအာင္ မိမိကိုယ္ပိုင္ အိမ္ရာထူေထာင္ၾကရတဲ့ အမ်ိဳးသမီးေတြဟာ ယခင္ အပ်ိဳဘဝကထက္ ပို ဝလာတတ္ၾကတာဟာ

ဓမၼတာလိုေတာင္ ျဖစ္ေနပါတယ္။ အပ်ိဳဘဝက သြယ္လ်ခဲ့တဲ့ ခါးက်ဥ္က်ဥ္ ကေလးဟာ ယခုေတာ့ တုတ္ခိုင္လို႔ ေနေလၿပီဆိုတဲ့ အမ်ိဳးသမီးအမ်ားစုအတြက္ ယင္းကဲ့သို႔ ဝလာရတဲ့ အေၾကာင္းအရင္း အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

အစားအေသာက္ေပၚ အာ႐ုံ မထားမိျခင္း

မဂၤလာပြဲေန႔ၿပီး ဟန္းနီးမြန္းကတည္းက ေပ်ာ္ေပ်ာ္နဲ႔ စိတ္လြတ္လက္လြတ္ စားခ်င္တိုင္း စားခဲ့တဲ့အက်င့္က စၿပီး သင့္ရဲ႕ နဂိုပုံမွန္ စားေသာက္မႈ ပုံစံကို ပ်က္စီးေျပာင္းလဲသြားေစႏိုင္ပါတယ္။ အိမ္ေထာင္က်ခါစကာလ မိမိအိမ္ရာကို စိတ္ထဲ ေက်နပ္တဲ့အတိုင္း ျပင္ဆင္ေနရတာနဲ႔တင္

စိတ္ဖိစီးမႈက ရွိေနၿပီး ကသိုင္းက႐ိုင္းဆန္လွတဲ့ အစပိုင္းေန႔ရက္မ်ားမွာ အိမ္ေထာင္သည္ဘဝနဲ႔ အသားမက်ေသးတဲ့ အပိုင္းေတြလည္း ရွိေနေသးတာေၾကာင့္ အစားအေသာက္ဘက္ကို သိပ္ၿပီး အာ႐ုံ မထားမိေတာ့ပါဘူး။ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္

စားေသာက္ရမယ္ ဆိုတဲ့ အသိလည္း ေခတၱ ကြယ္ေပ်ာက္ေနႏိုင္တဲ့အတြက္ စိတ္ဖိစီးမႈနဲ႔ ေတြ႕တဲ့အလြယ္စာ၊ အျပင္စာေတြ ေလွ်ာက္စားမိျခင္းက ဝိတ္တက္ရျခင္းရဲ႕ အဓိက တရားခံေတြထဲမွာ ပါဝင္ပါတယ္။ ထိုသို႔ စားေသာက္လိုက္မိတဲ့ အစားအစာေတြဟာလည္း

အာဟာရ ျပည့္ဝမႈဘက္မွာ ေလ်ာ့နည္းေနၿပီး ကယ္လိုရီေတြသာ တစ္ပုံတစ္ေခါင္း တက္လာေစႏိုင္တာေၾကာင့္ ဗီတာမင္ဘီ၊ ကယ္လ္စီယမ္ အစရွိတဲ့ အဟာရ ဓာတ္ေတြ ခ်ိဳ႕တဲ့ဆုံးရႈံးၿပီး အားအင္ မရွိသလို ပင္ပန္းႏုံးခ်ိ ခံစားရကာ ကိုယ္အေလးခ်ိန္က တရိပ္ရိပ္နဲ႔ တက္လာပါေတာ့တယ္။

စားေသာက္ပုံ အေလ့အထ ေျပာင္းလဲသြားျခင္း

ပူပူေႏြးေႏြး လက္ထပ္ထားတဲ့ အမ်ိဳးသမီးအမ်ားစု ေသခ်ာေပါက္နီးပါး ျပဳလုပ္ၾကတာကေတာ့ ခ်စ္ေသာခင္ပြန္းအတြက္ ခ်က္ျပဳတ္ေကြၽးေမြးၾကျခင္းပါပဲ။ ဒီေနရာမွာ အခက္ႀကဳံၾကရတာက အမ်ိဳးသမီးတိုင္းမွာ ကြဲျပားတဲ့

ကိုယ္ပိုင္ ႏွစ္သက္တဲ့ အရသာ၊ အႀကိဳက္၊ ခ်က္ျပဳတ္မႈပုံစံေတြ ရွိၾကျခင္းနဲ႔ အိမ္ေထာင္က်ၿပီးတဲ့ အခါ အိမ္ေထာင္ဖက္ရဲ႕ အႀကိဳက္ လိုက္ခ်က္ရတာေၾကာင့္ မိမိရဲ႕ နဂို ႏွစ္သက္တဲ့ စားေသာက္မႈပုံစံ ေျပာင္းလဲသြားျခင္းပဲ ျဖစ္ပါတယ္။ ဥပမာအားျဖင့္…

ယခင္က အပူအစပ္ဟင္းေတြ စားရတာ ႀကိဳက္ႏွစ္သက္တဲ့ အမ်ိဳးသမီးဟာ အိမ္ေထာင္က်ၿပီးေနာက္မွာ အခ်ိဳ အငန္စားတဲ့ အမ်ိဳးသားရဲ႕ အႀကိဳက္ကို လိုက္ခ်က္ေပးရျခင္းမ်ိဳး ျဖစ္ပါတယ္။ ဒီအခါမွာ စားေနက် မဟုတ္တဲ့

အစားအစာ ပုံစံမ်ိဳးကို အစာအိမ္က လက္ခံရတဲ့အတြက္ ကိုယ္တြင္း တုံ႔ျပန္မႈအေနနဲ႔ အစာခ်က္တဲ့ပုံစံလည္း ေျပာင္းလဲသြားပါတယ္။ အဆိုပါ ေျပာင္းလဲမႈဟာလည္း အမ်ိဳးသမီးမ်ား အိမ္ေထာင္က်ၿပီးေနာက္ ဝလာရတဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။

မၾကာခဏ အျပင္ထြက္စားျဖစ္ျခင္း

ၾကင္စဦး ဇနီးေမာင္ႏွံဆိုသည္မွာ လက္ကေလး တတြဲတြဲနဲ႔ ဆိုင္တကာ လိုက္စားတဲ့ အမူအက်င့္ေလးလည္း ပါဝင္ပါတယ္။ ႐ုံးပိတ္ရက္ေတြ သို႔တည္းမဟုတ္ ၾကားရက္ေတြမွာပါ တားမယ့္ဆီးမယ့္သူ မရွိ၊ လြတ္လြတ္လပ္လပ္ သြားလာ စားေသာက္ရတဲ့ အရသာကေလးကို

အႀကိဳက္ေတြ႕ေနတဲ့ အခ်ိန္ေလးလည္း ျဖစ္ပါတယ္။ ဒါတင္မက နဂိုထက္ က်ယ္ျပန္႔မ်ားျပားလာတဲ့ သူ႔ဘက္ကိုယ့္ဘက္ ေဆြမ်ိဳးအသိုင္းအဝိုင္း၊ မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔ မိတ္ဆက္တဲ့အေနနဲ႔ ျပဳလုပ္ရတဲ့ စားပြဲေတြကလည္း ဆက္ေနမွာျဖစ္တဲ့အတြက္

ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ အနည္းဆုံး အျပင္စာတစ္နပ္ကေတာ့ ပါဝင္ေနပါလိမ့္မယ္။ အျပင္စာဆိုတဲ့ ထုံးစံအတိုင္းပဲ အာဟာရတန္ဖိုး နည္းၿပီး ကယ္လိုရီပမာဏ မ်ားတာေၾကာင့္ ပိုဝလာမယ့္ အေျခအေနကို အဆင္သင့္

ဖန္တီးၿပီးသား ျဖစ္ေစပါတယ္။ ဝမွာစိုးတဲ့အတြက္ အမ်ိဳးအေဆြ၊ အသိုင္းအဝိုင္းေတြရဲ႕ ပြဲေတြကို ျငင္းဆိုရမွာကလည္း မေကာင္းလွတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ လက္ထပ္ၿပီးစ အမ်ိဳးသမီးေလးရဲ႕ ခါးေလးဟာ ဆိုဒ္နံပါတ္ ႀကီးလာပါေတာ့တယ္။

ဦးစားေပးမႈ ေျပာင္းသြားျခင္း

ဒါကေတာ့ အသိသာဆုံးအခ်က္တစ္ခု ျဖစ္ပါတယ္။ အပ်ိဳဘဝမွာ ကိုယ္စားခ်င္တဲ့ပုံစံကို ႀကိဳက္သလို ဂ႐ုစိုက္ၿပီး စားႏိုင္ေပမယ့္ အိမ္ေထာင္က်သြားတဲ့အခါမွာေတာ့ ကိုယ့္ေ႐ြးခ်ယ္မႈေတြကို တစ္ခါတစ္ရံမွာ

လက္လႊတ္လိုက္ၾကရပါတယ္။ ကိုယ့္ရဲ႕ ဦးစားေပးစာရင္းမွာ ကိုယ္တိုင္က ေနာက္ဆုံးမွာ ျဖစ္သြားတတ္ပါတယ္။ ခင္ပြန္းႏွစ္သက္တဲ့ ဟင္းေတြကိုသာ ခ်က္ေကြၽး တာမ်ိဳး ဒါမွမဟုတ္ မကုန္ႏိုင္တဲ့ ဟင္းေတြကို လႊင့္ပစ္ရမွာ

ႏွမေ်ာလို႔ ဒိုင္ခံစားလိုက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ မိမိရဲ႕ လုပ္ငန္းခြင္၊ ခင္ပြန္းနဲ႔ ကေလးေတြရဲ႕ ေဝယ်ာဝစၥ၊ အိမ္မႈကိစၥ အားလုံးကို တစ္ေယာက္တည္း အဆင္ေျပေအာင္ ေျဖရွင္းရ တဲ့အခါ မိမိအတြက္ စဥ္းစားဖို႔လည္း ေမ့သြားၿပီး

စိတ္ဖိစီးမႈေတြ တစ္ပုံတစ္ပင္နဲ႔ တစ္ေန႔တစ္ေန႔ ေမာေမာ၊ဆာဆာနဲ႔ စားလိုက္တဲ့ အစားအစာေတြဟာ ကိုယ္တိုင္အတြက္ စိတ္ေက်နပ္မႈ မရွိဘဲ ကိုယ္အေလးခ်ိန္ေတြ တိုးလာတာမ်ိဳး ျဖစ္လာပါေတာ့တယ္။

မိမိကိုယ္မိမိ ဂ႐ုစိုက္မႈ နည္းပါးလာျခင္း

အမ်ိဳးသမီးေတြဟာ အိမ္ေထာင္မက်ခင္ အခ်ိန္တုန္းမွာေတာ့ မိမိကိုယ္မိမိ ဆြဲေဆာင္မႈရွိေနဖို႔၊ ေၾကာ့ရွင္းလွပေနဖို႔သာ အာ႐ုံစိုက္ လုပ္ေဆာင္ၾကပါတယ္။ Gym မွာ အားႀကိဳးမာန္တက္ ေလ့က်င့္ခန္း ျပဳလုပ္တတ္ၾကသလို

အစားထိန္းစားျခင္း စတာေတြကို ျပဳလုပ္တတ္ၾကပါတယ္။ သို႔ေပမဲ့ အိမ္ေထာင့္တာဝန္ေတြ ထမ္းလိုက္ရတဲ့အခါ မိမိကိုယ္တိုင္ရဲ႕ က်န္းမာေရးကိုပါ ေမ့ေလ်ာ့သြားတတ္ၾကပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ မိမိရဲ႕တစ္ကိုယ္ရည္ ထိန္းသိမ္းျပဳျပင္မႈေတြကို

လက္လႊတ္လိုက္တတ္ၾကၿပီး ၾကည့္ေကာင္းေနဖို႔ကိုလည္း သိပ္ထည့္မတြက္ၾကေတာ့ပါဘူး။ Gym မွာ သြားေဆာ့မယ့္ အခ်ိန္ေတြကို အိမ္မွာ ထမင္းေတြ၊ ဟင္းေတြ ခ်က္ရင္း ကုန္ဆုံးတတ္ၾကပါေတာ့တယ္။ စားေသာက္တဲ့ အစားအစာေတြကလည္း

အထက္မွာ ေဖာ္ျပထားသလို စည္းစနစ္မရွိ၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့အတြက္ ဝလာၾကတာဟာ အဆန္းတၾကယ္ မဟုတ္ဘူးလို႔ပဲ သတ္မွတ္ရမလို ျဖစ္သြားေစပါတယ္။

ခရက္ဒစ္#SHWEMOM#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အိမ်ထောင်ကျပြီးတဲ့အခါ… မိန်းကလေးတွေ ဝလာရတဲ့ အကြောင်းအရင်း

ဘဝရဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်ဆိုတဲ့ မင်္ဂလာပွဲကြီး ပြီးသွားကတည်းက နေရာ အသစ်၊ အိမ် အသစ်မှာ ပတ်ဝန်းကျင် အသစ်၊ လူအသစ်တွေနဲ့ အသားကျအောင် မိမိကိုယ်ပိုင် အိမ်ရာထူထောင်ကြရတဲ့ အမျိုးသမီးတွေဟာ ယခင် အပျိုဘဝကထက် ပို ဝလာတတ်ကြတာဟာ

ဓမ္မတာလိုတောင် ဖြစ်နေပါတယ်။ အပျိုဘဝက သွယ်လျခဲ့တဲ့ ခါးကျဉ်ကျဉ် ကလေးဟာ ယခုတော့ တုတ်ခိုင်လို့ နေလေပြီဆိုတဲ့ အမျိုးသမီးအများစုအတွက် ယင်းကဲ့သို့ ဝလာရတဲ့ အကြောင်းအရင်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက်ပေါ် အာရုံ မထားမိခြင်း

မင်္ဂလာပွဲနေ့ပြီး ဟန်းနီးမွန်းကတည်းက ပျော်ပျော်နဲ့ စိတ်လွတ်လက်လွတ် စားချင်တိုင်း စားခဲ့တဲ့အကျင့်က စပြီး သင့်ရဲ့ နဂိုပုံမှန် စားသောက်မှု ပုံစံကို ပျက်စီးပြောင်းလဲသွားစေနိုင်ပါတယ်။ အိမ်ထောင်ကျခါစကာလ မိမိအိမ်ရာကို စိတ်ထဲ ကျေနပ်တဲ့အတိုင်း ပြင်ဆင်နေရတာနဲ့တင်

စိတ်ဖိစီးမှုက ရှိနေပြီး ကသိုင်းကရိုင်းဆန်လှတဲ့ အစပိုင်းနေ့ရက်များမှာ အိမ်ထောင်သည်ဘဝနဲ့ အသားမကျသေးတဲ့ အပိုင်းတွေလည်း ရှိနေသေးတာကြောင့် အစားအသောက်ဘက်ကို သိပ်ပြီး အာရုံ မထားမိတော့ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင်

စားသောက်ရမယ် ဆိုတဲ့ အသိလည်း ခေတ္တ ကွယ်ပျောက်နေနိုင်တဲ့အတွက် စိတ်ဖိစီးမှုနဲ့ တွေ့တဲ့အလွယ်စာ၊ အပြင်စာတွေ လျှောက်စားမိခြင်းက ဝိတ်တက်ရခြင်းရဲ့ အဓိက တရားခံတွေထဲမှာ ပါဝင်ပါတယ်။ ထိုသို့ စားသောက်လိုက်မိတဲ့ အစားအစာတွေဟာလည်း

အာဟာရ ပြည့်ဝမှုဘက်မှာ လျော့နည်းနေပြီး ကယ်လိုရီတွေသာ တစ်ပုံတစ်ခေါင်း တက်လာစေနိုင်တာကြောင့် ဗီတာမင်ဘီ၊ ကယ်လ်စီယမ် အစရှိတဲ့ အဟာရ ဓာတ်တွေ ချို့တဲ့ဆုံးရှုံးပြီး အားအင် မရှိသလို ပင်ပန်းနုံးချိ ခံစားရကာ ကိုယ်အလေးချိန်က တရိပ်ရိပ်နဲ့ တက်လာပါတော့တယ်။

စားသောက်ပုံ အလေ့အထ ပြောင်းလဲသွားခြင်း

ပူပူနွေးနွေး လက်ထပ်ထားတဲ့ အမျိုးသမီးအများစု သေချာပေါက်နီးပါး ပြုလုပ်ကြတာကတော့ ချစ်သောခင်ပွန်းအတွက် ချက်ပြုတ်ကျွေးမွေးကြခြင်းပါပဲ။ ဒီနေရာမှာ အခက်ကြုံကြရတာက အမျိုးသမီးတိုင်းမှာ ကွဲပြားတဲ့

ကိုယ်ပိုင် နှစ်သက်တဲ့ အရသာ၊ အကြိုက်၊ ချက်ပြုတ်မှုပုံစံတွေ ရှိကြခြင်းနဲ့ အိမ်ထောင်ကျပြီးတဲ့ အခါ အိမ်ထောင်ဖက်ရဲ့ အကြိုက် လိုက်ချက်ရတာကြောင့် မိမိရဲ့ နဂို နှစ်သက်တဲ့ စားသောက်မှုပုံစံ ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့်…

ယခင်က အပူအစပ်ဟင်းတွေ စားရတာ ကြိုက်နှစ်သက်တဲ့ အမျိုးသမီးဟာ အိမ်ထောင်ကျပြီးနောက်မှာ အချို အငန်စားတဲ့ အမျိုးသားရဲ့ အကြိုက်ကို လိုက်ချက်ပေးရခြင်းမျိုး ဖြစ်ပါတယ်။ ဒီအခါမှာ စားနေကျ မဟုတ်တဲ့

အစားအစာ ပုံစံမျိုးကို အစာအိမ်က လက်ခံရတဲ့အတွက် ကိုယ်တွင်း တုံ့ပြန်မှုအနေနဲ့ အစာချက်တဲ့ပုံစံလည်း ပြောင်းလဲသွားပါတယ်။ အဆိုပါ ပြောင်းလဲမှုဟာလည်း အမျိုးသမီးများ အိမ်ထောင်ကျပြီးနောက် ဝလာရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

မကြာခဏ အပြင်ထွက်စားဖြစ်ခြင်း

ကြင်စဦး ဇနီးမောင်နှံဆိုသည်မှာ လက်ကလေး တတွဲတွဲနဲ့ ဆိုင်တကာ လိုက်စားတဲ့ အမူအကျင့်လေးလည်း ပါဝင်ပါတယ်။ ရုံးပိတ်ရက်တွေ သို့တည်းမဟုတ် ကြားရက်တွေမှာပါ တားမယ့်ဆီးမယ့်သူ မရှိ၊ လွတ်လွတ်လပ်လပ် သွားလာ စားသောက်ရတဲ့ အရသာကလေးကို

အကြိုက်တွေ့နေတဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။ ဒါတင်မက နဂိုထက် ကျယ်ပြန့်များပြားလာတဲ့ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ မိတ်ဆက်တဲ့အနေနဲ့ ပြုလုပ်ရတဲ့ စားပွဲတွေကလည်း ဆက်နေမှာဖြစ်တဲ့အတွက်

နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အနည်းဆုံး အပြင်စာတစ်နပ်ကတော့ ပါဝင်နေပါလိမ့်မယ်။ အပြင်စာဆိုတဲ့ ထုံးစံအတိုင်းပဲ အာဟာရတန်ဖိုး နည်းပြီး ကယ်လိုရီပမာဏ များတာကြောင့် ပိုဝလာမယ့် အခြေအနေကို အဆင်သင့်

ဖန်တီးပြီးသား ဖြစ်စေပါတယ်။ ဝမှာစိုးတဲ့အတွက် အမျိုးအဆွေ၊ အသိုင်းအဝိုင်းတွေရဲ့ ပွဲတွေကို ငြင်းဆိုရမှာကလည်း မကောင်းလှတာကြောင့် နောက်ဆုံးမှာတော့ လက်ထပ်ပြီးစ အမျိုးသမီးလေးရဲ့ ခါးလေးဟာ ဆိုဒ်နံပါတ် ကြီးလာပါတော့တယ်။

ဦးစားပေးမှု ပြောင်းသွားခြင်း

ဒါကတော့ အသိသာဆုံးအချက်တစ်ခု ဖြစ်ပါတယ်။ အပျိုဘဝမှာ ကိုယ်စားချင်တဲ့ပုံစံကို ကြိုက်သလို ဂရုစိုက်ပြီး စားနိုင်ပေမယ့် အိမ်ထောင်ကျသွားတဲ့အခါမှာတော့ ကိုယ့်ရွေးချယ်မှုတွေကို တစ်ခါတစ်ရံမှာ

လက်လွှတ်လိုက်ကြရပါတယ်။ ကိုယ့်ရဲ့ ဦးစားပေးစာရင်းမှာ ကိုယ်တိုင်က နောက်ဆုံးမှာ ဖြစ်သွားတတ်ပါတယ်။ ခင်ပွန်းနှစ်သက်တဲ့ ဟင်းတွေကိုသာ ချက်ကျွေး တာမျိုး ဒါမှမဟုတ် မကုန်နိုင်တဲ့ ဟင်းတွေကို လွှင့်ပစ်ရမှာ

နှမျောလို့ ဒိုင်ခံစားလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်၊ ခင်ပွန်းနဲ့ ကလေးတွေရဲ့ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စ အားလုံးကို တစ်ယောက်တည်း အဆင်ပြေအောင် ဖြေရှင်းရ တဲ့အခါ မိမိအတွက် စဉ်းစားဖို့လည်း မေ့သွားပြီး

စိတ်ဖိစီးမှုတွေ တစ်ပုံတစ်ပင်နဲ့ တစ်နေ့တစ်နေ့ မောမော၊ဆာဆာနဲ့ စားလိုက်တဲ့ အစားအစာတွေဟာ ကိုယ်တိုင်အတွက် စိတ်ကျေနပ်မှု မရှိဘဲ ကိုယ်အလေးချိန်တွေ တိုးလာတာမျိုး ဖြစ်လာပါတော့တယ်။

မိမိကိုယ်မိမိ ဂရုစိုက်မှု နည်းပါးလာခြင်း

အမျိုးသမီးတွေဟာ အိမ်ထောင်မကျခင် အချိန်တုန်းမှာတော့ မိမိကိုယ်မိမိ ဆွဲဆောင်မှုရှိနေဖို့၊ ကြော့ရှင်းလှပနေဖို့သာ အာရုံစိုက် လုပ်ဆောင်ကြပါတယ်။ Gym မှာ အားကြိုးမာန်တက် လေ့ကျင့်ခန်း ပြုလုပ်တတ်ကြသလို

အစားထိန်းစားခြင်း စတာတွေကို ပြုလုပ်တတ်ကြပါတယ်။ သို့ပေမဲ့ အိမ်ထောင့်တာဝန်တွေ ထမ်းလိုက်ရတဲ့အခါ မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ မေ့လျော့သွားတတ်ကြပါတယ်။ အမျိုးသမီးအများစုဟာ မိမိရဲ့တစ်ကိုယ်ရည် ထိန်းသိမ်းပြုပြင်မှုတွေကို

လက်လွှတ်လိုက်တတ်ကြပြီး ကြည့်ကောင်းနေဖို့ကိုလည်း သိပ်ထည့်မတွက်ကြတော့ပါဘူး။ Gym မှာ သွားဆော့မယ့် အချိန်တွေကို အိမ်မှာ ထမင်းတွေ၊ ဟင်းတွေ ချက်ရင်း ကုန်ဆုံးတတ်ကြပါတော့တယ်။ စားသောက်တဲ့ အစားအစာတွေကလည်း

အထက်မှာ ဖော်ပြထားသလို စည်းစနစ်မရှိ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ဝလာကြတာဟာ အဆန်းတကြယ် မဟုတ်ဘူးလို့ပဲ သတ်မှတ်ရမလို ဖြစ်သွားစေပါတယ်။

ခရက်ဒစ်#SHWEMOM#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*