မွတ္ထားေနာ္ညီမေလး… “သာမန္ အိမ္ေထာင္ဖက္နဲ႔ ပါရမီျဖည့္ အိမ္ေထာင္ဖက္” ဆိုတာ…

မွတ္ထားေနာ္ညီမေလး... "သာမန္ အိမ္ေထာင္ဖက္နဲ႔ ပါရမီျဖည့္ အိမ္ေထာင္ဖက္" ဆိုတာ...
မွတ္ထားေနာ္ညီမေလး... "သာမန္ အိမ္ေထာင္ဖက္နဲ႔ ပါရမီျဖည့္ အိမ္ေထာင္ဖက္" ဆိုတာ...

မွတ္ထားေနာ္ညီမေလး… “သာမန္ အိမ္ေထာင္ဖက္နဲ႔ ပါရမီျဖည့္ အိမ္ေထာင္ဖက္” ဆိုတာ…

လူတိုင္း လူတိုင္းက အ႐ြယ္ေရာက္လာတဲ့အခါ ႀကဳံေတြ႕ရမယ့္ အရာတစ္ခုက အိမ္ေထာင္ျပဳျခင္း ျဖစ္တယ္ ။ အိမ္ေထာင္ျပဳတယ္ဆိုတာ လြယ္ကူတဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္…

ဒီေခတ္ လူငယ္ေတြကေတာ့ အလြယ္တကူ ျပဳလုပ္ေနတာ ေတြ႕ရတယ္။ ေခတၱ ဂ႐ုစိုက္ျပ႐ုံနဲ႔ အိမ္ေထာင္ဖက္လို သတ္မွတ္ေနၾကတယ္။ လပိုင္းေလာက္ သက္တမ္းရွိတာနဲ႔ ကိုယ့္ဘဝရဲ႕ အရွင္သခင္လို

ကိုးကြယ္ ခ်င္ေနၾကတယ္။ ေသြးသားနဲ႔ ေပးဆပ္ႏိုင္မွ အခ်စ္စစ္လို႔ ျမင္ေနၾကတယ္။ အခ်စ္ဆိုတာ ဘဝမွာ တစ္စိတ္တစ္ေဒသသာ အေရးပါ ပါတယ္။ ဘဝတစ္ခုလုံးစာ အတြက္ေတာ့ မဟုတ္ပါဘူး။

လူငယ္အမ်ားစုက… လူတစ္ေယာက္ကို ခ်စ္ၿပီ ဆိုတာနဲ႔ ဘဝအတြက္ပါ ရည္႐ြယ္ထားၿပီးသား ဆိုတဲ့ ရည္႐ြယ္ခ်က္က ကပ္ပါလာတတ္တယ္။ ကိုယ္ခ်စ္တဲ့သူကိုပဲ ကိုယ့္ဘဝရဲ႕ လက္တြဲေဖာ္ အိမ္ေထာင္ဖက္အျဖစ္

ေ႐ြးခ်ယ္ခ်င္တာ သဘာဝက်ပါတယ္။ သို႔ေသာ္… ကိုယ့္ခ်စ္သူရဲ႕ ကိုယ္က်င့္တရား၊ စ႐ိုက္လကၡဏာနဲ႔ ေနထိုင္မ ႈပုံစံ… ကိုယ္နဲ႔ သဟဇာတ က် မက်၊ ကိုယ္နဲ႔ ဘယ္အတိုင္းအတာထိ လက္တြဲသြားႏိုင္ လဲဆိုတာ

အခ်ိန္ယူၿပီး ေစာင့္ၾကည့္ပါဦး..။ ေေခတၱဂ႐ုစိုက္ျပ႐ုံ ၊ အႏြံတာခံ႐ုံ၊ ေခတၱ နားလည္မႈေတြ ေပးႏိုင္႐ုံနဲ႔ေတာ့ အခ်စ္တစ္ခုအတြက္ထဲနဲ႔ မ်က္လုံးကို စုံမွိတ္ၿပီး ဝင္ မတိုးခ်င္ပါနဲ႔။ အခ်စ္က ထာဝရ မတည္ၿမဲဘူးဆိုတာ

သိလာတဲ့ တစ္ေန႔မွ… ေနာင္တ ေကာင္းေကာင္းရၾကလိမ့္မယ္။ အနာဂတ္မွာ ကိုယ့္အတြက္ ပါရမီျဖည့္ဖက္အေနနဲ႔ ဘာအာမခံခ်က္မွ မရွိတဲ့သူကို ခ်စ္တဲ့ စိတ္တစ္ခုနဲ႔သာ ေ႐ြးခ်ယ္မိရင္ ကိုယ့္ဘဝ တစ္ခုလုံးကို ဆုံးရႈံးသြားၿပီဆိုတာ

မွတ္ထားပါ။ ေငြေၾကးခ်မ္းသာမွ အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္ခ်င္တာလား… ဘြဲ႕လက္မွတ္ ရာထူးေတြ ရွိမွ အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္ခ်င္တာလား… သူတို႔ေတြထက္ ဘယ္လို အခက္အခဲေတြပဲ ႀကဳံႀကဳံ

ေရွာင္ထြက္မသြားပဲ ကိုယ့္လက္ကို တြဲၿပီး ရင္ဆိုင္ႏိုင္သူ၊ အားငယ္ေနခ်ိန္မွာ အေဖာ္ျပဳေပးႏိုင္သူ၊ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို အရွိအတိုင္း လက္ခံေပးႏိုင္သူ… သူတို႔ေတြက ပိုသာပါတယ္။ ေငြ တစ္သိန္း ျဖဳန္းႏိုင္သူကို ေ႐ြးဖို႔ထက္…

ေငြ တစ္ေသာင္ းရွာႏိုင္သူကိုသာ ေ႐ြးခ်ယ္ပါ။ သူက အရာအားလုံးရဲ႕ တန္ဖိုးကို နားလည္သလို… ကိုယ့္ရဲ႕ တန္ဖိုးကိုလည္း နားလည္ၿပီး တန္ဖိုးထားေပးႏိုင္တယ္။ ဒါေၾကာင့္မို႔… လူငယ္ေတြ လက္ထပ္ၾကတဲ့အခါ

အိမ္ေထာင္ဖက္ကိုပဲ ဦးတည္ၿပီး မေ႐ြးခ်ယ္ၾကပါနဲ႔… ကိုယ့္အတြက္ ဘဝတစ္ေလွ်ာက္လုံးစာအထိ ပါရမီ ျဖည့္သြားေပးႏိုင္မယ့္ အိမ္ေထာင္ဖက္ကိုပဲ ေ႐ြးခ်ယ္ၾကပါလို႔ ဆႏၵျပဳခ်င္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မှတ်ထားနော်ညီမလေး… “သာမန် အိမ်ထောင်ဖက်နဲ့ ပါရမီဖြည့် အိမ်ထောင်ဖက်” ဆိုတာ…

လူတိုင်း လူတိုင်းက အရွယ်ရောက်လာတဲ့အခါ ကြုံတွေ့ရမယ့် အရာတစ်ခုက အိမ်ထောင်ပြုခြင်း ဖြစ်တယ် ။ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့်…

ဒီခေတ် လူငယ်တွေကတော့ အလွယ်တကူ ပြုလုပ်နေတာ တွေ့ရတယ်။ ခေတ္တ ဂရုစိုက်ပြရုံနဲ့ အိမ်ထောင်ဖက်လို သတ်မှတ်နေကြတယ်။ လပိုင်းလောက် သက်တမ်းရှိတာနဲ့ ကိုယ့်ဘဝရဲ့ အရှင်သခင်လို

ကိုးကွယ် ချင်နေကြတယ်။ သွေးသားနဲ့ ပေးဆပ်နိုင်မှ အချစ်စစ်လို့ မြင်နေကြတယ်။ အချစ်ဆိုတာ ဘဝမှာ တစ်စိတ်တစ်ဒေသသာ အရေးပါ ပါတယ်။ ဘဝတစ်ခုလုံးစာ အတွက်တော့ မဟုတ်ပါဘူး။

လူငယ်အများစုက… လူတစ်ယောက်ကို ချစ်ပြီ ဆိုတာနဲ့ ဘဝအတွက်ပါ ရည်ရွယ်ထားပြီးသား ဆိုတဲ့ ရည်ရွယ်ချက်က ကပ်ပါလာတတ်တယ်။ ကိုယ်ချစ်တဲ့သူကိုပဲ ကိုယ့်ဘဝရဲ့ လက်တွဲဖော် အိမ်ထောင်ဖက်အဖြစ်

ရွေးချယ်ချင်တာ သဘာဝကျပါတယ်။ သို့သော်… ကိုယ့်ချစ်သူရဲ့ ကိုယ်ကျင့်တရား၊ စရိုက်လက္ခဏာနဲ့ နေထိုင်မ ှုပုံစံ… ကိုယ်နဲ့ သဟဇာတ ကျ မကျ၊ ကိုယ်နဲ့ ဘယ်အတိုင်းအတာထိ လက်တွဲသွားနိုင် လဲဆိုတာ

အချိန်ယူပြီး စောင့်ကြည့်ပါဦး..။ ေခေတ္တဂရုစိုက်ပြရုံ ၊ အနွံတာခံရုံ၊ ခေတ္တ နားလည်မှုတွေ ပေးနိုင်ရုံနဲ့တော့ အချစ်တစ်ခုအတွက်ထဲနဲ့ မျက်လုံးကို စုံမှိတ်ပြီး ဝင် မတိုးချင်ပါနဲ့။ အချစ်က ထာဝရ မတည်မြဲဘူးဆိုတာ

သိလာတဲ့ တစ်နေ့မှ… နောင်တ ကောင်းကောင်းရကြလိမ့်မယ်။ အနာဂတ်မှာ ကိုယ့်အတွက် ပါရမီဖြည့်ဖက်အနေနဲ့ ဘာအာမခံချက်မှ မရှိတဲ့သူကို ချစ်တဲ့ စိတ်တစ်ခုနဲ့သာ ရွေးချယ်မိရင် ကိုယ့်ဘဝ တစ်ခုလုံးကို ဆုံးရှုံးသွားပြီဆိုတာ

မှတ်ထားပါ။ ငွေကြေးချမ်းသာမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်တာလား… ဘွဲ့လက်မှတ် ရာထူးတွေ ရှိမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်တာလား… သူတို့တွေထက် ဘယ်လို အခက်အခဲတွေပဲ ကြုံကြုံ

ရှောင်ထွက်မသွားပဲ ကိုယ့်လက်ကို တွဲပြီး ရင်ဆိုင်နိုင်သူ၊ အားငယ်နေချိန်မှာ အဖော်ပြုပေးနိုင်သူ၊ ကိုယ့်ရဲ့အားနည်းချက်တွေကို အရှိအတိုင်း လက်ခံပေးနိုင်သူ… သူတို့တွေက ပိုသာပါတယ်။ ငွေ တစ်သိန်း ဖြုန်းနိုင်သူကို ရွေးဖို့ထက်…

ငွေ တစ်သောင် းရှာနိုင်သူကိုသာ ရွေးချယ်ပါ။ သူက အရာအားလုံးရဲ့ တန်ဖိုးကို နားလည်သလို… ကိုယ့်ရဲ့ တန်ဖိုးကိုလည်း နားလည်ပြီး တန်ဖိုးထားပေးနိုင်တယ်။ ဒါကြောင့်မို့… လူငယ်တွေ လက်ထပ်ကြတဲ့အခါ

အိမ်ထောင်ဖက်ကိုပဲ ဦးတည်ပြီး မရွေးချယ်ကြပါနဲ့… ကိုယ့်အတွက် ဘဝတစ်လျှောက်လုံးစာအထိ ပါရမီ ဖြည့်သွားပေးနိုင်မယ့် အိမ်ထောင်ဖက်ကိုပဲ ရွေးချယ်ကြပါလို့ ဆန္ဒပြုချင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*