သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ “အငုံ႔စိတ္”

သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ "အငံုစိတ္"
သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ "အငံုစိတ္"

သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ “အငုံ႔စိတ္”

အငုံ႔စိတ္ ဟာ သိပ္ေၾကာက္ဖို႔ေကာင္းတယ္။ အဆင့္အတန္းနဲ႔မဆိုင္ဘူး၊ ပညာအရည္အခ်င္းနဲ႔မဆိုင္ဘူး။ အငုံ႔စိတ္ဆိုတာ ဒီတိုင္း Insecure အျဖစ္မ်ားတဲ့လူေတြဆီမွာ ေတြ႕ရတာ။ အငုံ႔စိတ္မ်ားတဲ့လူေတြကိုၾကည့္လိုက္ရင္ စိတ္ရင္းနဲ႔ဆက္ဆံခ်ိဳသာေနတာထက္ …

ဟန္ေဆာင္ခ်ိဳၿမိန္ေနရတာမ်ားတယ္။ လူေနမႈဘဝမွာ တစ္ကယ့္ေပ်ာ္႐ႊင္ျခင္း အစစ္အမွန္ဆိုတာအငုံ႔စိတ္ရွိသူတို႔ရဲ႕ ကမာၻမွာမရွိဘူး။ ကိုယ္ထက္သာရင္ ကိုယ္မနာလိုတာမ်ိဳးေပါ့… သူမ်ားေပ်ာ္ေနတာေတြ႕ရရင္ ကိုယ္မေပ်ာ္ေပးႏိုင္ဘူး။

ေဘးလူနဲ႔အၿမဲယွဥ္ေနတတ္ၿပီး ကိုယ့္ေဘးကလူေတြကို ဘလိုင္းႀကီး စိတ္တိုင္းက်မေနေတာ့တာ။
အငုံ႔စိတ္ရွိတဲ့လူေတြကိုၾကည့္ရင္ ဘဝမွာမေအာင္ျမင္ မျဖစ္ထြန္းတာမ်ားတယ္။ ကံေကာင္းလို႔ လမ္းေၾကာင္းေပၚေရာက္ေနခဲ့ရင္ေတာင္

စိတ္ရဲ႕အာဟာရကလည္း တစ္နည္းမဟုတ္ တစ္နည္းနဲ႔ကို ခ်ိဳ႕တဲ့ေနၾကေတာ့တာ။ အငုံ႔စိတ္ဆိုတာ ပညာတတ္၊ ပညာမဲ့ မေ႐ြးဘူး။ အယုတ္အလတ္အျမတ္အပိုင္းအျခားမေ႐ြး ရွိတတ္ၾကတယ္။
ဒါေပမယ့္ … အဲဒီအငုံ႔စိတ္ကို ကိုယ္က်င့္တရား၊ ကိုယ္ခ်င္းစာတရား၊

ဆင္ျခင္တုံတရား အားျဖင့္ျပန္လည္ ခ်ိဳးႏွိမ္ရတယ္။ ေပၚလာရင္ေတာင္ ငါသာ သူ႔ေနရာမွာဆိုရင္ ဆိုတဲ့စိတ္ထားႏိုင္ရင္ ေျဖရွင္းတဲ့အခါမွာ ႐ုပ္မပ်က္ဘူး။ မဇၩရိယစိတ္ေတြကို ျမစ္ဖ်ားခံလာၿပီး အငုံ႔စိတ္ေပၚလာတဲ့အခါ လူဟာဆင္ျခင္တုံတရားကင္းမဲ့ၿပီး

မဆင္မျခင္ေလွ်ာက္လုပ္ေတာ့တာပဲ။ အဲဒီခ်ိန္မွာ မွားတယ္မွန္တယ္မသိေတာ့ဘူး၊ ႏွစ္ဖက္မွ်မစဥ္းစားတတ္ေတာ့ဘူး၊ လက္ဖမိုးလက္ဖဝါးျပႆနာဆိုတာလည္း နားမလည္ေတာ့ဘူး။ အတၱကိုေရွ႕တန္းတင္လို႔ ငါသည္သာ အမွန္ဆိုတဲ့ခံယူခ်က္ဝင္သြားတတ္တယ္။

ႀကဳံဖူးလားေတာ့ မသိဘူး … ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာကို ပညာတတ္ ေအာက္တန္းစား အငုံ႔စိတ္လူတန္းစားတစ္ရပ္ရွိတယ္။ ကိုယ့္ဘဝကိုယ္ စိတ္တိုင္းမက်႐ုံမကဘူး …။ ကိုယ့္မိသားစုကစလို႔ သူငယ္ခ်င္း၊ မိတ္ေဆြ၊ အမ်ိဳးအေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ … ယုတ္စြအဆုံး

လမ္းေဘးက ေအာက္ေျခလူတန္းစားတစ္ရပ္အထိကို ကို စိတ္တိုင္းမက်တတ္တာ။ သူ႔ပတ္ဝန္းက်င္ကလူက အမွားမလုပ္ထားေသးဘူး။ ဒီတိုင္းဆက္သြားရင္ နင္လမ္းမွားေရာက္ေတာ့မွာ၊ သူနဲ႔ေပါင္းရင္ နင္ပ်က္စီးေတာ့မွာ အစရွိသျဖင့္နဲ႔ ကိုယ့္ပတ္ဝန္းက်င္ကလူေတြကို Victims ပုံစံနဲ႔ႏွိမ့္ခ်ဆက္ဆံတာမ်ိဳးေပါ့။

(တကယ္က ေကာင္းေစခ်င္တဲ့ သူတစ္ထူးရဲ႕အက်ိဳးကိုလိုလားေသာ စိတ္ရင္းနဲ႔ေဝဖန္ပိုင္းျခားျပတာနဲ႔ အငုံ႔စိတ္ကိုအရင္းခံၿပီး ေဝဖန္တိုက္ခိုက္ျခင္းက တူမလိုနဲ႔ အမ်ားႀကီးကြဲတယ္။)

ေခါင္းစဥ္တပ္လိုက္ေတာ့ ေကာင္းေစခ်င္လို႔ပါ ဆိုၿပီး ေနာက္ေတာ့ ကိုယ့္ပတ္ဝန္းက်င္ကလူေတြရဲ႕ဘဝကို ခ်စ္သလိုနဲ႔ႏွစ္၊ ဆြဲခ်သြားတာေတြ အမ်ားႀကီး။ ကြၽန္ေတာ္ေတာ့ အဲလိုလူေတြကိုျမင္ရင္ ဂုံးအပုပ္ႀကီးလို႔ပဲျမင္တယ္။ ကိုယ္တိုင္က ပုပ္ေနေတာ့ သူနဲ႔လိုက္တိုက္ၾကည့္တဲ့

က်န္လူေတြကိုပါ အဆံ့ေခ်ာင္ေနၿပီ အပုပ္ႀကီးလို႔ လိုက္ထင္ေနတာ။(တကယ္က က်န္တဲ့လူေတြကအေကာင္း၊ သူကိုယ္တိုင္က ပုပ္ေနေတာ့ သူနဲ႔တိုင္းၿပီး က်န္သူေတြပါပုပ္ၿပီထင္ေနတာ…။)သူမ်ားဘဝကိုဆြဲခ်လို႔ အားရလို႔ သူတစ္ကိုယ္က်န္ရင္ေရာ … ေပ်ာ္႐ႊင္ၿပီလို႔ ထင္သလား?။

မထင္နဲ႔ … အငုံ႔စိတ္နဲ႔ insecure person ေတြက ဘယ္ေသာအရပ္၊ ဘယ္ဌာေနမွာေနေန သူတို႔ကိုယ္သူတို႔ေရာ၊ ပတ္ဝန္းက်င္ကလူေတြကိုေရာကို စိတ္တိုင္းမက်ေသာပါပဲ။ ၿပီးရင္ အဆိုးဆုံးက သူတို႔ကိုယ္သူတို႔အၿမဲမွန္တယ္ဆိုၿပီး Cover ယူၿပီး ဘဝအေမာေတြကို ေျဖေဖ်ာက္ၾကေသးတာ။

တစ္ကယ္တမ္းက် အငုံ႔စိတ္ရွိသူေတြဟာ သိပ္သနားဖို႔ေကာင္းတယ္။ သူတို႔ေကာင္းခ်င္ေယာင္ေဆာင္သမွ်ႀကီးက ေဘးလူအေနနဲ႔ ၾကည့္ရရင္ ျမင္ရေတြ႕ရ ဟာဒယ ရယ္႐ႊင္ေဆး တိုက္ေကြၽးလိုက္သလို ရယ္စရာ ေကာင္းခ်င္တိုင္းေကာင္းေနေတာ့တာ။

ဒီေတာ့ ခင္ဗ်ားမွာ အငုံ႔စိတ္ရွိေနတယ္မလား! အခ်ိန္မွီျပင္ဆင္ … ။ မဟုတ္လို႔ကေတာ့ ခင္ဗ်ားကစလို႔ ခင္ဗ်ားပတ္ဝန္းက်င္၊ ေနာက္ဆုံးခင္ဗ်ားက ယြထလို႔ လူ႔ေလာကထဲေရာက္လာတဲ့၊ ေရာက္လာဦးမယ့္ ရင္ေသြးေတြထိ အငုံ႔စိတ္နဲ႔ျပဳစုပ်ိဳးေထာင္သမွ်ဟာ

သနားစရာေကာင္းခ်င္တိုင္း ေကာင္းေနဦးမွာ။ ပတ္ဝန္းက်င္မွာ အငုံ႔စိတ္ရွိတဲ့လူရွိေနရင္လည္း ျပင္ေပးဖို႔ႀကိဳးစားမေနနဲ႔။ အခ်ိန္မွီသာဖယ္ခြါလိုက္။ အငုံ႔စိတ္တို႔မည္သည္ ကိုယ္တိုင္ေျပာင္းလဲ ျပင္ဆင္လိုစိတ္မရွိမခ်င္း ဘယ္ေသာအခါမွ ေျပာင္းလဲမွာမဟုတ္လို႔ဘဲ။

ဒီေတာ့ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့ ပတ္ဝန္းက်င္မွာ အဲလိုလူေတြမထားဘူး။ ကြၽန္ေတာ္ကစလို႔ သူတစ္ပါးကို အျပစ္ျမင္လာရင္ “ေအာ္ ငါေရာ ဂုံးအပုပ္ႀကီးမ်ား ျဖစ္ေနၿပီလား “လို႔ အထပ္ထပ္ျပန္ေမးခြန္းထုတ္မိၿပီး ေျပာင္းလဲျပင္ဆင္ေတာ့တာပဲ။

လူ႔ဘဝကတိုတိုေလး … ဘာအတြက္ ေခါင္းစားခံေနမလဲ။ အငုံ႔စိတ္ကင္းစင္ ၿပဳံးေပ်ာ္႐ႊင္ပါပဲ။ ေရွာင္ေလေဝးေဝး အငုံ႔စိတ္ေဘးပါပဲ …။ 🤗🤗🤗

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သိပ်ကြောက်ဖို့ကောင်းတဲ့ “အငုံ့စိတ်”

အငုံ့စိတ် ဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ အဆင့်အတန်းနဲ့မဆိုင်ဘူး၊ ပညာအရည်အချင်းနဲ့မဆိုင်ဘူး။ အငုံ့စိတ်ဆိုတာ ဒီတိုင်း Insecure အဖြစ်များတဲ့လူတွေဆီမှာ တွေ့ရတာ။ အငုံ့စိတ်များတဲ့လူတွေကိုကြည့်လိုက်ရင် စိတ်ရင်းနဲ့ဆက်ဆံချိုသာနေတာထက် …

ဟန်ဆောင်ချိုမြိန်နေရတာများတယ်။ လူနေမှုဘဝမှာ တစ်ကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာအငုံ့စိတ်ရှိသူတို့ရဲ့ ကမ္ဘာမှာမရှိဘူး။ ကိုယ်ထက်သာရင် ကိုယ်မနာလိုတာမျိုးပေါ့… သူများပျော်နေတာတွေ့ရရင် ကိုယ်မပျော်ပေးနိုင်ဘူး။

ဘေးလူနဲ့အမြဲယှဉ်နေတတ်ပြီး ကိုယ့်ဘေးကလူတွေကို ဘလိုင်းကြီး စိတ်တိုင်းကျမနေတော့တာ။
အငုံ့စိတ်ရှိတဲ့လူတွေကိုကြည့်ရင် ဘဝမှာမအောင်မြင် မဖြစ်ထွန်းတာများတယ်။ ကံကောင်းလို့ လမ်းကြောင်းပေါ်ရောက်နေခဲ့ရင်တောင်

စိတ်ရဲ့အာဟာရကလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ကို ချို့တဲ့နေကြတော့တာ။ အငုံ့စိတ်ဆိုတာ ပညာတတ်၊ ပညာမဲ့ မရွေးဘူး။ အယုတ်အလတ်အမြတ်အပိုင်းအခြားမရွေး ရှိတတ်ကြတယ်။
ဒါပေမယ့် … အဲဒီအငုံ့စိတ်ကို ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊

ဆင်ခြင်တုံတရား အားဖြင့်ပြန်လည် ချိုးနှိမ်ရတယ်။ ပေါ်လာရင်တောင် ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့စိတ်ထားနိုင်ရင် ဖြေရှင်းတဲ့အခါမှာ ရုပ်မပျက်ဘူး။ မဇ္ဈရိယစိတ်တွေကို မြစ်ဖျားခံလာပြီး အငုံ့စိတ်ပေါ်လာတဲ့အခါ လူဟာဆင်ခြင်တုံတရားကင်းမဲ့ပြီး

မဆင်မခြင်လျှောက်လုပ်တော့တာပဲ။ အဲဒီချိန်မှာ မှားတယ်မှန်တယ်မသိတော့ဘူး၊ နှစ်ဖက်မျှမစဉ်းစားတတ်တော့ဘူး၊ လက်ဖမိုးလက်ဖဝါးပြဿနာဆိုတာလည်း နားမလည်တော့ဘူး။ အတ္တကိုရှေ့တန်းတင်လို့ ငါသည်သာ အမှန်ဆိုတဲ့ခံယူချက်ဝင်သွားတတ်တယ်။

ကြုံဖူးလားတော့ မသိဘူး … ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကို ပညာတတ် အောက်တန်းစား အငုံ့စိတ်လူတန်းစားတစ်ရပ်ရှိတယ်။ ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျရုံမကဘူး …။ ကိုယ့်မိသားစုကစလို့ သူငယ်ချင်း၊ မိတ်ဆွေ၊ အမျိုးအဆွေ၊ လုပ်ဖော်ကိုင်ဖက် … ယုတ်စွအဆုံး

လမ်းဘေးက အောက်ခြေလူတန်းစားတစ်ရပ်အထိကို ကို စိတ်တိုင်းမကျတတ်တာ။ သူ့ပတ်ဝန်းကျင်ကလူက အမှားမလုပ်ထားသေးဘူး။ ဒီတိုင်းဆက်သွားရင် နင်လမ်းမှားရောက်တော့မှာ၊ သူနဲ့ပေါင်းရင် နင်ပျက်စီးတော့မှာ အစရှိသဖြင့်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို Victims ပုံစံနဲ့နှိမ့်ချဆက်ဆံတာမျိုးပေါ့။

(တကယ်က ကောင်းစေချင်တဲ့ သူတစ်ထူးရဲ့အကျိုးကိုလိုလားသော စိတ်ရင်းနဲ့ဝေဖန်ပိုင်းခြားပြတာနဲ့ အငုံ့စိတ်ကိုအရင်းခံပြီး ဝေဖန်တိုက်ခိုက်ခြင်းက တူမလိုနဲ့ အများကြီးကွဲတယ်။)

ခေါင်းစဉ်တပ်လိုက်တော့ ကောင်းစေချင်လို့ပါ ဆိုပြီး နောက်တော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝကို ချစ်သလိုနဲ့နှစ်၊ ဆွဲချသွားတာတွေ အများကြီး။ ကျွန်တော်တော့ အဲလိုလူတွေကိုမြင်ရင် ဂုံးအပုပ်ကြီးလို့ပဲမြင်တယ်။ ကိုယ်တိုင်က ပုပ်နေတော့ သူနဲ့လိုက်တိုက်ကြည့်တဲ့

ကျန်လူတွေကိုပါ အဆံ့ချောင်နေပြီ အပုပ်ကြီးလို့ လိုက်ထင်နေတာ။(တကယ်က ကျန်တဲ့လူတွေကအကောင်း၊ သူကိုယ်တိုင်က ပုပ်နေတော့ သူနဲ့တိုင်းပြီး ကျန်သူတွေပါပုပ်ပြီထင်နေတာ…။)သူများဘဝကိုဆွဲချလို့ အားရလို့ သူတစ်ကိုယ်ကျန်ရင်ရော … ပျော်ရွှင်ပြီလို့ ထင်သလား?။

မထင်နဲ့ … အငုံ့စိတ်နဲ့ insecure person တွေက ဘယ်သောအရပ်၊ ဘယ်ဌာနေမှာနေနေ သူတို့ကိုယ်သူတို့ရော၊ ပတ်ဝန်းကျင်ကလူတွေကိုရောကို စိတ်တိုင်းမကျသောပါပဲ။ ပြီးရင် အဆိုးဆုံးက သူတို့ကိုယ်သူတို့အမြဲမှန်တယ်ဆိုပြီး Cover ယူပြီး ဘဝအမောတွေကို ဖြေဖျောက်ကြသေးတာ။

တစ်ကယ်တမ်းကျ အငုံ့စိတ်ရှိသူတွေဟာ သိပ်သနားဖို့ကောင်းတယ်။ သူတို့ကောင်းချင်ယောင်ဆောင်သမျှကြီးက ဘေးလူအနေနဲ့ ကြည့်ရရင် မြင်ရတွေ့ရ ဟာဒယ ရယ်ရွှင်ဆေး တိုက်ကျွေးလိုက်သလို ရယ်စရာ ကောင်းချင်တိုင်းကောင်းနေတော့တာ။

ဒီတော့ ခင်ဗျားမှာ အငုံ့စိတ်ရှိနေတယ်မလား! အချိန်မှီပြင်ဆင် … ။ မဟုတ်လို့ကတော့ ခင်ဗျားကစလို့ ခင်ဗျားပတ်ဝန်းကျင်၊ နောက်ဆုံးခင်ဗျားက ယွထလို့ လူ့လောကထဲရောက်လာတဲ့၊ ရောက်လာဦးမယ့် ရင်သွေးတွေထိ အငုံ့စိတ်နဲ့ပြုစုပျိုးထောင်သမျှဟာ

သနားစရာကောင်းချင်တိုင်း ကောင်းနေဦးမှာ။ ပတ်ဝန်းကျင်မှာ အငုံ့စိတ်ရှိတဲ့လူရှိနေရင်လည်း ပြင်ပေးဖို့ကြိုးစားမနေနဲ့။ အချိန်မှီသာဖယ်ခွါလိုက်။ အငုံ့စိတ်တို့မည်သည် ကိုယ်တိုင်ပြောင်းလဲ ပြင်ဆင်လိုစိတ်မရှိမချင်း ဘယ်သောအခါမှ ပြောင်းလဲမှာမဟုတ်လို့ဘဲ။

ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့ ပတ်ဝန်းကျင်မှာ အဲလိုလူတွေမထားဘူး။ ကျွန်တော်ကစလို့ သူတစ်ပါးကို အပြစ်မြင်လာရင် “အော် ငါရော ဂုံးအပုပ်ကြီးများ ဖြစ်နေပြီလား “လို့ အထပ်ထပ်ပြန်မေးခွန်းထုတ်မိပြီး ပြောင်းလဲပြင်ဆင်တော့တာပဲ။

လူ့ဘဝကတိုတိုလေး … ဘာအတွက် ခေါင်းစားခံနေမလဲ။ အငုံ့စိတ်ကင်းစင် ပြုံးပျော်ရွှင်ပါပဲ။ ရှောင်လေဝေးဝေး အငုံ့စိတ်ဘေးပါပဲ …။ 🤗🤗🤗

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*