ကိုယ့္လူ… ရာထူးနဲ႔ ထိုက္တန္ၿပီလား…?

ကိုယ့္လူ... ရာထူးနဲ႔ ထိုက္တန္ၿပီလား...?
ကိုယ့္လူ... ရာထူးနဲ႔ ထိုက္တန္ၿပီလား...?

ကိုယ့္လူ… ရာထူးနဲ႔ ထိုက္တန္ၿပီလား…?

လုပ္ငန္းခြင္ထဲက ေလးစားမႈ ဆိုတာ ရာထူးနဲ႔ တိုက္႐ိုက္ အခ်ိဳးက်တာ မဟုတ္ဘူး။ ရာထူးႀကီးတယ္ ဆိုတိုင္း “ ဒီလူေတြက ငါ့ကို ေလးေလးစားစား ဆက္ဆံရမယ္ ” လို႔ ေတြးေနမယ္ ဆိုရင္ေတာ့

ေစတနာနဲ႔ လက္တို႔ၿပီး သတိ ေပးပါရေစ… အဲဒီ ရာထူးႀကီးႀကီးနဲ႔ ထိုက္တန္တဲ့ စိတ္ေန စိတ္ထား
သင့္မွာ မရွိေသးပါဘူး..။ ရာထူး ႀကီးတိုင္း ေလးစားမႈ ရမွာ မဟုတ္ဘူး၊

ရာထူး အရွိန္ နဲ႔ “ ေၾကာက္႐ြံမႈ ” ေလာက္ပဲ ရလိမ့္ မယ္။ ဒါေတာင္ ရာထူး အားကိုး နဲ႔ အသားလြတ္ ေဟာက္စား၊ က်စ္စား လုပ္တတ္ရင္ “ ႐ြံေၾကာက္ ” ဆိုတာမ်ိဳးေတာင္ ျဖစ္ သြား ႏိုင္တယ္။

ရာထူးဆိုတဲ့ အရာက “ Respect “ ဆိုတဲ့ ေလးစားမႈကို ယူလာေပးမွာ မဟုတ္ဘူး၊ “ Power ” ဆိုတဲ့ လုပ္ပိုင္ခြင့္နဲ႔ အာဏာေလာက္ပဲ ယူလာ ႏိုင္ လိမ့္မယ္။ တကယ္တမ္း ကိုယ္လူ အေနနဲ႔

လုပ္ငန္းခြင္ နဲ႔ ပတ္ဝန္းက်င္ ရဲ႕ ေလးစားမႈ ကို ရယူခ်င္တယ္ ဆိုရင္… အဲဒီ ေလးစားမႈေတြ နဲ႔ ထိုက္တန္တဲ့ အျပဳအမူ မ်ိဳးေတြ၊ စိတ္ေန စိတ္ထား မ်ိဳးေတြ ရွိေနဖို႔ လို အပ္ တယ္ ။ ကိုယ့္ အလုပ္ အေပၚမွာ တန္ဖိုး ထားမႈေတြ၊

ကြၽမ္းက်င္ မႈေတြ၊ ဦးေဆာင္ႏိုင္မႈေတြ၊ ဝတၱရားေတြ အေပၚမွာ ေက်ပြန္ႏိုင္မႈေတြ၊ အားထုတ္ႏိုင္မႈေတြ၊ တစ္ဖက္သား အေပၚ စာနာ နားလည္ႏိုင္မႈေတြ၊ ကူညီေဖးမ ႏိုင္မႈေတြ၊ လုပ္ငန္းခြင္မွာ လုပ္ေနတဲ့ တာဝန္ အသီးသီး အေပၚမွာ

ေလးေလးစားစား ဆက္ဆံ ေနထိုင္ တတ္မႈေတြ လိုေနတယ္။ ကိုယ့္ အလုပ္ကမွ အေရးႀကီးတယ္ သူမ်ား အလုပ္ကို ႏွိမ္ခ်တတ္တယ္ ဆိုတဲ့ အျမင္နဲ႔ အလုပ္မ်ိဳးေတြ ဆိုရင္လည္း ကိုယ့္ကို

ဘယ္သူမွ ေလးစားမွာ မဟုတ္ေသးဘူး။ အဲဒါေတြ ျပည့္စုံေနရင္ေတာ့… ကိုယ့္လူမွာ ရာထူး မရွိေသးရင္ေတာင္ လူ ေလးစား ခံ ရ လိမ့္မယ္။

ဒါေတြ ပ်က္ကြက္ေနရင္ေတာ့… ကိုယ့္လူမွာ ရာထူး ရွိေနရင္ေတာင္ လူ ေလးစားခံရမွာ မဟုတ္ဘူး။ Respect မရွိရင္ Ignore ျဖစ္သြားၿပီးေတာ့ Power ကလည္း Failure ျဖစ္ သြား မွာ ပါပဲ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခ ရက္ ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေျခင္း ျဖစ္ပါသည္။

Unicode

ကိုယ့်လူ… ရာထူးနဲ့ ထိုက်တန်ပြီလား…?

လုပ်ငန်းခွင်ထဲက လေးစားမှု ဆိုတာ ရာထူးနဲ့ တိုက်ရိုက် အချိုးကျတာ မဟုတ်ဘူး။ ရာထူးကြီးတယ် ဆိုတိုင်း “ ဒီလူတွေက ငါ့ကို လေးလေးစားစား ဆက်ဆံရမယ် ” လို့ တွေးနေမယ် ဆိုရင်တော့

စေတနာနဲ့ လက်တို့ပြီး သတိ ပေးပါရစေ… အဲဒီ ရာထူးကြီးကြီးနဲ့ ထိုက်တန်တဲ့ စိတ်နေ စိတ်ထား
သင့်မှာ မရှိသေးပါဘူး..။ ရာထူး ကြီးတိုင်း လေးစားမှု ရမှာ မဟုတ်ဘူး၊

ရာထူး အရှိန် နဲ့ “ ကြောက်ရွံမှု ” လောက်ပဲ ရလိမ့် မယ်။ ဒါတောင် ရာထူး အားကိုး နဲ့ အသားလွတ် ဟောက်စား၊ ကျစ်စား လုပ်တတ်ရင် “ ရွံကြောက် ” ဆိုတာမျိုးတောင် ဖြစ် သွား နိုင်တယ်။

ရာထူးဆိုတဲ့ အရာက “ Respect “ ဆိုတဲ့ လေးစားမှုကို ယူလာပေးမှာ မဟုတ်ဘူး၊ “ Power ” ဆိုတဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာလောက်ပဲ ယူလာ နိုင် လိမ့်မယ်။ တကယ်တမ်း ကိုယ်လူ အနေနဲ့

လုပ်ငန်းခွင် နဲ့ ပတ်ဝန်းကျင် ရဲ့ လေးစားမှု ကို ရယူချင်တယ် ဆိုရင်… အဲဒီ လေးစားမှုတွေ နဲ့ ထိုက်တန်တဲ့ အပြုအမူ မျိုးတွေ၊ စိတ်နေ စိတ်ထား မျိုးတွေ ရှိနေဖို့ လို အပ် တယ် ။ ကိုယ့် အလုပ် အပေါ်မှာ တန်ဖိုး ထားမှုတွေ၊

ကျွမ်းကျင် မှုတွေ၊ ဦးဆောင်နိုင်မှုတွေ၊ ဝတ္တရားတွေ အပေါ်မှာ ကျေပွန်နိုင်မှုတွေ၊ အားထုတ်နိုင်မှုတွေ၊ တစ်ဖက်သား အပေါ် စာနာ နားလည်နိုင်မှုတွေ၊ ကူညီဖေးမ နိုင်မှုတွေ၊ လုပ်ငန်းခွင်မှာ လုပ်နေတဲ့ တာဝန် အသီးသီး အပေါ်မှာ

လေးလေးစားစား ဆက်ဆံ နေထိုင် တတ်မှုတွေ လိုနေတယ်။ ကိုယ့် အလုပ်ကမှ အရေးကြီးတယ် သူများ အလုပ်ကို နှိမ်ချတတ်တယ် ဆိုတဲ့ အမြင်နဲ့ အလုပ်မျိုးတွေ ဆိုရင်လည်း ကိုယ့်ကို

ဘယ်သူမှ လေးစားမှာ မဟုတ်သေးဘူး။ အဲဒါတွေ ပြည့်စုံနေရင်တော့… ကိုယ့်လူမှာ ရာထူး မရှိသေးရင်တောင် လူ လေးစား ခံ ရ လိမ့်မယ်။

ဒါတွေ ပျက်ကွက်နေရင်တော့… ကိုယ့်လူမှာ ရာထူး ရှိနေရင်တောင် လူ လေးစားခံရမှာ မဟုတ်ဘူး။ Respect မရှိရင် Ignore ဖြစ်သွားပြီးတော့ Power ကလည်း Failure ဖြစ် သွား မှာ ပါပဲ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခ ရက် ဒစ် ပေးပါသည်။ ပြန်လည် မျှခြေင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*