













စားသောက်နေတဲ့ လူတွေရှိတဲ့ ဆိုင်မှန်သမျှမှာ… တဝေါ့ဝေါ့ တထွီထွီ သလိပ် မဟပ်နှင့် နှပ် မညှစ်နှင့်.. ။ နီတိထဲမှာ ဒါတွေပါတယ်.. ။




Unicode

သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ… သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ

ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ ရရဲ့လား အရင် မေး ။

ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ။

သူများအခန်းထဲ ဝင်လာမယ် ဆိုရင် ခွင့်တောင်းပြီးမှ ဝင် ။

သီချင်းနားထောင်ရင် ကိုယ် တစ်ယောက်ထဲ ကြားလောက်ရုံပဲ နားထောင်… Earphone သုံး ။

တစ်ဖက်လူ စကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာ ကို စပြော ။

Library လို နေရာမျိုးမှာ ဘာကိစ္စပဲ ရှိရှိ တိတ်တိတ်ဆိတ် နေ ။

ကျေးဇူးတင်စရာ ရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ။

အမှား လုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ။

ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား… ရှေ့ခုံ ကို မကန်နဲ့ ။

ခုံတန်းရှည်မှာ ဘေးလူနဲ့ ထိုင်ရင်… ဒူး မလှုပ်နဲ့ ။

လူကြားထဲ စတိုင် ကျသလိုလိုနှင့် ဆေးလိပ်တွေ ထထ မဖွာနှင့်… second smoker တွေဘဝကို ကိုယ်ချင်းစာပါ… ကိုယ်မလုပ်ပဲ ရောဂါခံရအောင်… ဖြစ်သင့် မဖြစ်သင့် တွေး ။

စားသောက်နေတဲ့ လူတေ ွရှိတဲ့ ဆိုင်မှန်သမျှမှာ… တဝေါ့ဝေါ့ တထွီထွီ သလိပ် မဟပ်နှင့် နှပ် မညှစ်နှင့်.. ။ နီတိထဲမှာ ဒါတွေပါတယ်.. ။

ဒင်းတို့က ခေတ်နဲ့ အညီ အထာလည်း ကျချင်သေးတယ် …ယဉ်ကျေးမှုက တစ်စက်မှ မရှိ … အထာကျတယ်ဆိုတာ… သူများကို စိတ်အနှောက်အယှက် မပေးဘဲ နေထိုင်တတ်တာကို ခေါ်တယ် ။

ဗရမ်းဗတာ နေထိုင်ရင်… ဗရမ်းဗတာ ဘဝပဲရမယ် … သင် ပြုမူနေသမျှ အပြုအမူ အားလုံးဟာ သင့်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းပဲ… ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခ ရက် ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*