
ေဈးဝယ္ထြက္တဲ့အခါ… ေငြေတြ ပိုကုန္ရတဲ့ အေၾကာင္းအရင္းမ်ား
အိမ္မွာလိုအပ္တဲ့ ပစၥည္းေတြကို စတိုးဆိုင္၊ ကုန္စုံဆိုင္မွာ သြားဝယ္ရင္းနဲ႔ မလိုတဲ့ပစၥည္းေတြ ဝယ္လာမိတာကို ႀကဳံဖူးမွာပါ။ မလိုတဲ့ပစၥည္းေတြကို ဝယ္မိတာေၾကာင့္
ေငြေတြလည္း ပိုကုန္ေနမွာပါ။ အဲဒါေၾကာင့္ ေဈးဝယ္တဲ့အခါ ေငြေတြ ပိုကုန္ရတဲ့ အျခားအေၾကာင္းအရင္းေတြကို ေဖာ္ျပလိုက္ပါတယ္ေနာ္။
(၁) အျမည္းေပးတာေတြကို စားၾကည့္ျခင္း
ကုန္ပစၥည္းအသစ္ေတြကို ေၾကာ္ျငာတဲ့ အထုပ္ေသးေလးေတြ၊ မုန႔္ေလးေတြကို ျမည္းရင္းနဲ႔ အားနားၿပီးေတာ့ ဝယ္လာမိတတ္ ပါတယ္။ ေရာင္းသူရဲ႕ အေျပာေကာင္းမႈေၾကာင့္လည္း
မလိုအပ္ဘဲ ပစၥည္းေတြ ဝယ္လာမိတတ္ ပါတယ္။ အဲဒါေၾကာင့္ ေဈးဝယ္တဲ့အခါ ဝယ္မယ့္ ပစၥည္းေတြကို ႀကိဳတင္ေရးလာသင့္ ပါတယ္။
(၂) မၾကာခဏ ေဈးသြားဝယ္ျခင္း
တစ္ပတ္စာ (သို႔မဟုတ္) ၅ ရက္စာကို ႀကိဳတင္ၿပီး တစ္ခါတည္း ဝယ္ထားတာက ေငြကုန္ သက္သာ ေစပါတယ္။ တစ္ခုလိုရင္း ေဈးသြားဝယ္ရင္း ျပဳလုပ္တာက
မလိုအပ္တာေတြ ဝယ္လာမိတတ္ပါတယ္။ ဒါ့အျပင္ ႀကိဳတင္ ဝယ္ထားတာက အခ်ိန္ကုန္ သက္သာတဲ့အျပင္ သြားလာစရိတ္ေတြလည္း နည္းပါးသြားေစမွာပါ။
(၃) သေဘာက်တဲ့ အရာတိုင္းကို ဝယ္ျခင္း
အစားအစာ၊ သန႔္ရွင္းေရးသုံး ပစၥည္း၊ ေဆးက မရွိမျဖစ္ လိုအပ္တဲ့ပစၥည္းေတြပါ။ ဒါေပမယ့္ ေဈးဝယ္ထြက္တဲ့အခါ ခ်စ္စရာေကာင္းတဲ့ ပစၥည္းေတြကို ေတြ႕ရင္
ဝယ္လာမိတတ္ပါတယ္။ မလိုအပ္တာေတြကို မဝယ္မိဖို႔ဆိုရင္… ဗိုက္ျပည့္ေအာင္ စားၿပီးမွ ေဈးဝယ္ထြက္ပါ။
(၄) ေပါေပါရလို႔ မ်ားမ်ား ဝယ္ျခင္း
အခ်ိဳ႕ေသာ ပစၥည္းေတြကို မ်ားမ်ားဝယ္ရင္ ေဈး သက္သာပါတယ္။ မ်ားမ်ားရေပမယ့္ အခ်ိဳ႕ေသာ ပစၥည္းေတြက တာရွည္ အထား မခံပါဘူး။
ၾကာရွည္ ထားလို႔ မရတာေၾကာင့္ လႊင့္ပစ္ရတဲ့အခါ ႏွေျမာစရာပါပဲ။ အဲဒါေၾကာင့္ ၾကာရွည္ အထားမခံတဲ့ ပစၥည္းေတြကိုလည္း ေပါေပါေလာေလာ ရတိုင္း မဝယ္သင့္ပါဘူး။
(၅) အျမင္လွတဲ့ ပစၥည္းေတြကို ဝယ္ယူျခင္း
အေရာင္တင္ထားတဲ့ အစားအစာေတြ၊ အျမင္လွတဲ့ ပစၥည္းေတြဆိုရင္ အလိုလို ဝယ္ခ်င္လာပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေသာ အသီးေတြက အျမင္ မလွမေပမယ့္လည္း အရသာရွိသလို… ေကာင္းလည္း ေကာင္းပါတယ္။
(၆) ေသခ်ာ ထုပ္ပိုးထားတဲ့ အစားအစာေတြကို ဝယ္ယူျခင္း
ေသခ်ာ ထုပ္ပိုးထားတဲ့ အစားအစာေတြနဲ႔ လက္ေတြ႕ဝယ္ယူလို႔ရတဲ့ အစားအစာေတြက ေဈးကြာျခားသြားပါတယ္။ လက္ေတြ႕ဝယ္ယူလို႔ရတဲ့ အစားအစာေတြက
ေဈးသက္သာတဲ့အျပင္… စိတ္ႀကိဳက္လည္း ေ႐ြးခ်ယ္လို႔ ရပါေသးတယ္။ ေသခ်ာ ထုပ္ပိုးထားတဲ့ အစားအစာေတြက ေဈး ပိုေနတတ္ပါတယ္။
(၇) ပိတ္ရက္ေတြမွာ ေဈးဝယ္ျခင္း
ပိတ္ရက္ေတြမွာ ေဈးဝယ္ရင္ မလိုတာေတြ ပို ဝယ္လာမိတတ္ပါတယ္။ မနက္ပိုင္းမွာ ေဈးဝယ္ရင္ အခ်ိန္ သိပ္မရတာေၾကာင့္ အမ်ားႀကီးလည္း
မဝယ္ျဖစ္ေတာ့ပါဘူး။ အဲဒါေၾကာင့္ ပိတ္ရက္ေတြမွာ ေဈးဝယ္တာေတြကို ေရွာင္သင့္ပါတယ္။
(၈) ကိုယ္ပိုင္ ေဈးဝယ္အိတ္ကို အသုံးမျပဳျခင္း
ကိုယ္ပိုင္ေဈးဝယ္အိတ္နဲ႔ ဝယ္မယ္ဆိုရင္ အတိုင္းအဆနဲ႔ ဝယ္ရတာေၾကာင့္ အမ်ားႀကီး မဝယ္ျဖစ္ေတာ့ပါဘူး။ ကိုယ္ပိုင္ေဈးဝယ္အိတ္ကို အသုံးျပဳတာေၾကာင့္ ပတ္ဝန္းက်င္မွာ ပလက္စတစ္အိတ္ အသုံးျပဳမႈကိုလည္း ေလွ်ာ့ခ်ၿပီးသား ျဖစ္သြားပါတယ္။
ခ ရက္ ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
ဈေးဝယ်ထွက်တဲ့အခါ… ငွေတွေ ပိုကုန်ရတဲ့ အကြောင်းအရင်းများ
အိမ်မှာလိုအပ်တဲ့ ပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်စုံဆိုင်မှာ သွားဝယ်ရင်းနဲ့ မလိုတဲ့ပစ္စည်းတွေ ဝယ်လာမိတာကို ကြုံဖူးမှာပါ။ မလိုတဲ့ပစ္စည်းတွေကို ဝယ်မိတာကြောင့်
ငွေတွေလည်း ပိုကုန်နေမှာပါ။ အဲဒါကြောင့် ဈေးဝယ်တဲ့အခါ ငွေတွေ ပိုကုန်ရတဲ့ အခြားအကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်။
(၁) အမြည်းပေးတာတွေကို စားကြည့်ခြင်း
ကုန်ပစ္စည်းအသစ်တွေကို ကြော်ငြာတဲ့ အထုပ်သေးလေးတွေ၊ မုန့်လေးတွေကို မြည်းရင်းနဲ့ အားနားပြီးတော့ ဝယ်လာမိတတ် ပါတယ်။ ရောင်းသူရဲ့ အပြောကောင်းမှုကြောင့်လည်း
မလိုအပ်ဘဲ ပစ္စည်းတွေ ဝယ်လာမိတတ် ပါတယ်။ အဲဒါကြောင့် ဈေးဝယ်တဲ့အခါ ဝယ်မယ့် ပစ္စည်းတွေကို ကြိုတင်ရေးလာသင့် ပါတယ်။
(၂) မကြာခဏ ဈေးသွားဝယ်ခြင်း
တစ်ပတ်စာ (သို့မဟုတ်) ၅ ရက်စာကို ကြိုတင်ပြီး တစ်ခါတည်း ဝယ်ထားတာက ငွေကုန် သက်သာ စေပါတယ်။ တစ်ခုလိုရင်း ဈေးသွားဝယ်ရင်း ပြုလုပ်တာက
မလိုအပ်တာတွေ ဝယ်လာမိတတ်ပါတယ်။ ဒါ့အပြင် ကြိုတင် ဝယ်ထားတာက အချိန်ကုန် သက်သာတဲ့အပြင် သွားလာစရိတ်တွေလည်း နည်းပါးသွားစေမှာပါ။
(၃) သဘောကျတဲ့ အရာတိုင်းကို ဝယ်ခြင်း
အစားအစာ၊ သန့်ရှင်းရေးသုံး ပစ္စည်း၊ ဆေးက မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေပါ။ ဒါပေမယ့် ဈေးဝယ်ထွက်တဲ့အခါ ချစ်စရာကောင်းတဲ့ ပစ္စည်းတွေကို တွေ့ရင်
ဝယ်လာမိတတ်ပါတယ်။ မလိုအပ်တာတွေကို မဝယ်မိဖို့ဆိုရင်… ဗိုက်ပြည့်အောင် စားပြီးမှ ဈေးဝယ်ထွက်ပါ။
(၄) ပေါပေါရလို့ များများ ဝယ်ခြင်း
အချို့သော ပစ္စည်းတွေကို များများဝယ်ရင် ဈေး သက်သာပါတယ်။ များများရပေမယ့် အချို့သော ပစ္စည်းတွေက တာရှည် အထား မခံပါဘူး။
ကြာရှည် ထားလို့ မရတာကြောင့် လွှင့်ပစ်ရတဲ့အခါ နှမြောစရာပါပဲ။ အဲဒါကြောင့် ကြာရှည် အထားမခံတဲ့ ပစ္စည်းတွေကိုလည်း ပေါပေါလောလော ရတိုင်း မဝယ်သင့်ပါဘူး။
(၅) အမြင်လှတဲ့ ပစ္စည်းတွေကို ဝယ်ယူခြင်း
အရောင်တင်ထားတဲ့ အစားအစာတွေ၊ အမြင်လှတဲ့ ပစ္စည်းတွေဆိုရင် အလိုလို ဝယ်ချင်လာပါတယ်။ ဒါပေမယ့် အချို့သော အသီးတွေက အမြင် မလှမပေမယ့်လည်း အရသာရှိသလို… ကောင်းလည်း ကောင်းပါတယ်။
(၆) သေချာ ထုပ်ပိုးထားတဲ့ အစားအစာတွေကို ဝယ်ယူခြင်း
သေချာ ထုပ်ပိုးထားတဲ့ အစားအစာတွေနဲ့ လက်တွေ့ဝယ်ယူလို့ရတဲ့ အစားအစာတွေက ဈေးကွာခြားသွားပါတယ်။ လက်တွေ့ဝယ်ယူလို့ရတဲ့ အစားအစာတွေက
ဈေးသက်သာတဲ့အပြင်… စိတ်ကြိုက်လည်း ရွေးချယ်လို့ ရပါသေးတယ်။ သေချာ ထုပ်ပိုးထားတဲ့ အစားအစာတွေက ဈေး ပိုနေတတ်ပါတယ်။
(၇) ပိတ်ရက်တွေမှာ ဈေးဝယ်ခြင်း
ပိတ်ရက်တွေမှာ ဈေးဝယ်ရင် မလိုတာတွေ ပို ဝယ်လာမိတတ်ပါတယ်။ မနက်ပိုင်းမှာ ဈေးဝယ်ရင် အချိန် သိပ်မရတာကြောင့် အများကြီးလည်း
မဝယ်ဖြစ်တော့ပါဘူး။ အဲဒါကြောင့် ပိတ်ရက်တွေမှာ ဈေးဝယ်တာတွေကို ရှောင်သင့်ပါတယ်။
(၈) ကိုယ်ပိုင် ဈေးဝယ်အိတ်ကို အသုံးမပြုခြင်း
ကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ ဝယ်မယ်ဆိုရင် အတိုင်းအဆနဲ့ ဝယ်ရတာကြောင့် အများကြီး မဝယ်ဖြစ်တော့ပါဘူး။ ကိုယ်ပိုင်ဈေးဝယ်အိတ်ကို အသုံးပြုတာကြောင့် ပတ်ဝန်းကျင်မှာ ပလက်စတစ်အိတ် အသုံးပြုမှုကိုလည်း လျှော့ချပြီးသား ဖြစ်သွားပါတယ်။
ခ ရက် ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply