
ေကာင္းလိုက္တဲ့ ဆုေတာင္း…
တစ္ခါက အလြန္ခင္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္က ပင္လယ္ထဲကို သေဘၤာျဖင့္ ခရီးထြက္ခဲ့ပါတယ္…။ ဒါေပမယ့္ မုန္တိုင္းနဲ႔ ႀကဳံၿပီး သေဘၤာ ပ်က္သြားတာေၾကာင့္ ႏွစ္ေယာက္လုံး ေရကူးၿပီး ကြၽန္းတစ္ကြၽန္းေပၚကို ေရာက္လာၾကပါတယ္…။
ကြၽန္းေပၚေရာက္ေတာ့… သူတို႔ သူငယ္ခ်င္း ႏွစ္ေယာက္ ဘယ္သူ ပိုကံေကာင္းတယ္ဆိုတာ သိရေအာင္ ကြၽန္း တစ္ျခမ္းစီမွာ သီးသန္႔ေနထိုင္ဖို႔ လုပ္ၾကပါတယ္…။
ပထမေန႔မွာ တစ္ေယာက္က အစားအေသာက္ရဖို႔ ဆုေတာင္းေတာ့ သစ္သီးပင္တစ္ပင္ကို သူ႔ကြၽန္းဘက္ျခမ္းမွာေတြ႕ပါတယ္။ က်န္တစ္ေယာက္ကေတာ့ သစ္သီးပင္မေတြ႕တာေၾကာင့္ ရွိတဲ့ အ႐ြက္ေတြကိုပဲ စားရပါတယ္…
ေနာက္ေန႔မွာ… ပထမတစ္ဦးကပဲ ဆုေတာင္းတိုင္း ရရွိေနပါေတာ့တယ္။ မိန္းမအေဖာ္လိုခ်င္တယ္လို႔ ဆုေတာင္းေတာ့ သေဘၤာပ်က္ေပၚက အမ်ိဳးသမီး တစ္ေယာက္က သူ႔ကြၽန္းဘက္မွာ ေရာက္လာပါတယ္။
အဲလိုပဲ အ၀တ္အစားေတြကို အစားအေသာက္ေတြပါ သူ ဆုေတာင္းတိုင္း ရရွိပါတယ္…။ ေနာက္ဆုံးေတာ့… သူက သေဘၤာ တစ္စီး ဆုေတာင္းၿပီး ကြၽန္းကေန ျပန္ဖို႔ လုပ္ပါတယ္။ သေဘၤာ တစ္ကယ္ပဲေရာက္လာေတာ့…
သူရယ္ သူ႔ အေဖာ္ အမ်ိဳးသမီးရယ္က ကြၽန္းကေန ထြက္ခြာဖို႔ လုပ္ပါတယ္…။ အဲဒီအခ်ိန္မွာ သိၾကားမင္းေပၚလာၿပီး ေမးပါတယ္… “ဘာလို႔ မင္းသူငယ္ခ်င္းကိုပါ မေခၚသြားတာလဲ ဆိုေတာ့… သူက ေျဖပါတယ္… သူက ကံမေကာင္းဘူးေလ။
သူဆုေတာင္းသမွ် ျပည့္မွ မျပည့္တာ။ သူ႔ေၾကာင့္ ကြၽန္ေတာ္တို႔ သေဘၤာပ်က္ၿပီး ကြၽန္ေတာ္တို႔ ဒုကၡ ေရာက္တာလားေတာင္ မသိဘူး။ ဒါေၾကာင့္… ဒီတစ္ခါေတာ့ သူကို ကြၽန္ေတာ္ ထားခဲ့ေတာ့မယ္”…
သိၾကားမင္းက ဆက္ေျပာပါတယ္… “သင္မွားေနၿပီ… ကြၽႏ္ုပ္ ဆုေတာင္းျဖည့္ေပးခဲ့တာက သင့္သူငယ္ခ်င္းရဲ႕ ဆုေတာင္း တစ္ခုထဲကိုပါ။ သင့္ ဆုေတာင္းေတြကို ကြၽႏ္ုပ္ မျဖည့္စီးေပးခဲ့ပါဘူး”…။
ထိုအခါက်မွ သူလည္း အံ့ၾသသြားၿပီး… “ဒါဆို ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ ဆုေတာင္းက ဘာလဲ” လို႔ ေမးလိုက္ေတာ့… “သင့္သူငယ္ခ်င္းရဲ႕ ဆုေတာင္းက သူ႔အခ်စ္ဆုံး သူငယ္ခ်င္းျဖစ္တဲ့ သင့္ရဲ႕ ဆုေတာင္းမ်ား အားလုံး ျပည့္ပါေစတဲ့”…
အဲ့ ဆုေတာင္းကိုပဲ ငါ ျဖည့္စည္း ေပးခဲ့တာပါ။ ေလာကမွာလည္း ကိုယ့္ရဲ႕ ကံေကာင္းမႈတိုင္းက လူတစ္ဦး တစ္ေယာက္ရဲ႕ ျဖည့္စီးေပးမႈလည္း ပါ၀င္ႏိုင္တယ္ ဆိုတာကိုေတာ့ မေမ့သင့္ပါ။…..
ေမတၱာျဖင့္ ျပန္လည္မွ်ေဝပါသည္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
ကောင်းလိုက်တဲ့ ဆုတောင်း…
တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်…။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်…။
ကျွန်းပေါ်ရောက်တော့… သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်…။
ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်…
နောက်နေ့မှာ… ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီး တစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။
အဲလိုပဲ အဝတ်အစားတွေကို အစားအသောက်တွေပါ သူ ဆုတောင်းတိုင်း ရရှိပါတယ်…။ နောက်ဆုံးတော့… သူက သင်္ဘော တစ်စီး ဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘော တစ်ကယ်ပဲရောက်လာတော့…
သူရယ် သူ့ အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်…။ အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်… “ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားတာလဲ ဆိုတော့… သူက ဖြေပါတယ်… သူက ကံမကောင်းဘူးလေ။
သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခ ရောက်တာလားတောင် မသိဘူး။ ဒါကြောင့်… ဒီတစ်ခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်”…
သိကြားမင်းက ဆက်ပြောပါတယ်… “သင်မှားနေပြီ… ကျွန်ုပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်း တစ်ခုထဲကိုပါ။ သင့် ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ပါဘူး”…။
ထိုအခါကျမှ သူလည်း အံ့သြသွားပြီး… “ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းက ဘာလဲ” လို့ မေးလိုက်တော့… “သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့”…
အဲ့ ဆုတောင်းကိုပဲ ငါ ဖြည့်စည်း ပေးခဲ့တာပါ။ လောကမှာလည်း ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦး တစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါဝင်နိုင်တယ် ဆိုတာကိုတော့ မမေ့သင့်ပါ။…..
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Leave a Reply