ဘူးသီးေတြ ခူးမႏိုင္ေအာင္ သီးေစမယ့္ စိုက္ပ်ိဳးနည္း

ဘူးသီးေတြ ခူးမႏိုင္ေအာင္ သီးေစမယ့္ စိုက္ပ်ိဳးနည္း
ဘူးသီးေတြ ခူးမႏိုင္ေအာင္ သီးေစမယ့္ စိုက္ပ်ိဳးနည္း

ဘူးသီးေတြ ခူးမႏိုင္ေအာင္ သီးေစမယ့္ စိုက္ပ်ိဳးနည္း

အမ်ိဳးအစား… ဘူးသီး၏ ပုံသ႑ာန္ကို လိုက္၍.. ဘူးသပိတ္၊ ဘူးလည္လွ၊ ဘူးရွည္စက၊ ဘူးရွည္ႏွင့္ ဘူးေရမႈတ္ဟုအမ်ိဳးမ်ိဳးရွိပါသည္။

ေရေျမရာသီဥတု… ဘူးသည္ ေျမၾသဇာထက္သန္ေသာ ေျမတြင္ ပိုမို စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။ ေျမအခ်ဥ္၊ အငံဓာတ္ (၆-၇) ၾကားတြင္ ပိုမိုျဖစ္ထြန္းပါသည္။

ပူေႏြးေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္ၿပီး အေအးဒဏ္ကို အသင့္တင့္ ခံႏိုင္သည္။ သို႔ေသာ္ ဆီးႏွင္းဒဏ္ကို ခံႏိုင္ရည္ မရွိပါ။

ေျမျပဳျပင္ျခင္း… ဘူးသည္ စင္တင္စိုက္ပ်ိဳးေသာ အပင္မ်ိဳးျဖစ္ၿပီး ေဘာင္တင္၍လည္း စိုက္ႏိုင္သည္။စိုက္ေဘာင္ေျမကို ေပါက္တူးျဖင့္ ေပါက္ၿပီး ေျမေဆြးႏွင့္ သမေအာင္ေရာ၍

စိုက္ေဘာင္ျပဳလုပ္ပါ။ စိုက္ေဘာင္ တစ္ေဘာင္လွ်င္ အလ်ား(၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန္႔ ျပဳလုပ္ၾကပါသည္။

ေျမၾသဇာ ေကြၽးနည္း… ဘူး တစ္ဧကလွ်င္ ႏြားေခ်း (သို႔) သစ္ေဆြးေျမၾသဇာ တန္(၂၀ ~ ၃၀) အထိ လိုအပ္ၿပီး ဓာတ္ေျမၾသဇာ တစ္ဧကလွ်င္ ယူရီးယား (၂၀) Kg ႏွင့္ တီစူပါ (၂၄) Kg လိုပါသည္။

စိုက္ေဘာင္မ်ားျပဳလုပ္ရာတြင္ ဓာတ္ေျမၾသဇာႏွင့္ ေျမေဆြးမ်ားကို သမေအာင္ ေရာေပးရမည္။ တီစူပါ ဓာတ္ေျမၾသဇာကို ပထမအႀကိမ္ (၂၀) kg ႏွင့္ ယူရီးယားေျမၾသဇာ (၁၀) kg ကို

စိုက္ေဘာင္ျပဳလုပ္စဥ္ ထည့္ေပးၿပီးေနာက္ က်န္ (၁၀) kg ကို ဘူးပင္ ပန္းစပြင့္ခ်ိန္တြင္ ထည့္ေပးရမည္။

ပ်ိဳးေထာင္နည္း… ေျမေဆြးထည့္ထားေသာ ပလတ္စတစ္အိတ္တြင္ ဘူးေစ့(၂) ေစ့ခန္႔ ထည့္ၿပီး ပ်ိဳးႏိုင္သည္။ စိုက္ၿပီး (၁၀) ရက္ခန္႔ ၾကာလွ်င္ ပ်ိဳးပင္ေပါက္လာမည္။ အပင္(၃ – ၄) ႐ြက္ထြက္လွ်င္ ေ႐ႊ႕ေျပာင္း စိုက္ပ်ိဳးႏိုင္ပါသည္။

စိုက္ပ်ိဳးနည္း… ဘူးပင္ကို အထက္ျမန္မာျပည္၌ ေမလႏွင့္ ဇြန္လမ်ားတြင္ စိုက္ပ်ိဳးၿပီး ေအာက္ျမန္မာျပည္တြင္မူ ေဆာင္းတြင္းပိုင္း၊ ေအာက္တိုဘာလတြင္ အမ်ားအျပား စိုက္ပ်ိဳးပါသည္။ စိုက္ပ်ိဳးနည္းမွာ…

ေျမေဆြး၊ ဓာတ္ေျမၾသဇာမ်ား သမေအာင္ေမႊထားေသာေျမကို စိုက္ေဘာင္မ်ား ျပဳလုပ္၍ စိုက္ပ်ိဳးပါသည္။ စင္တင္စိုက္ပါက စိုက္ေဘာင္အလ်ား (၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန္႔ ေဘာင္ျပဳလုပ္ၿပီး

ဘူးေစ့မ်ားကို တစ္က်င္းႏွင့္ တစ္က်င္း (၁)ေပျခား၍ တစ္က်င္းလွ်င္ ဘူးေစ့(၇)ေစ့စိုက္ရသည္။ ဘူးပင္မ်ားေပါက္လာလွ်င္… တစ္က်င္းလွ်င္ (၂) ပင္ ခ်န္ထားလွ်င္ သင့္ေတာ္၏။

က်င္းျဖင့္ စိုက္ပ်ိဳးပါက… အနက္ (၁.၅)ေပ၊ အနံ(၂)ေပ၊ အလ်ား(၃)ေပရွိ က်င္းမ်ား တူးၿပီး ႏြားေခ်းႏွင့္ ေျမေဆြး ဆတူေရာ၍ က်င္းႏႈတ္ခမ္း (၃ – ၄) လက္မခန္႔အထိ ထည့္ၿပီးလွ်င္အေပၚမွ ေျမ႐ိုး႐ိုးကိုဖို႔ရမည္။

တစ္က်င္းလွ်င္ (၇ – ၈) ပင္ခန္႔ စိုက္ရမည္။ အပင္ငယ္မ်ား တစ္ထြာခန္႔ျမင့္လာေသာအခါ တစ္က်င္းလွ်င္ (၂) ပင္ခ်န္ၿပီး က်န္အပင္မ်ားကို ႏုတ္ပစ္ရမည္။ အပင္ကေလးမ်ာ းႏြယ္တက္ႏိုင္ရန္ ဝါးျခမ္းေထာင္ေပးရမည္။

အပင္ကေလးမ်ား လသားအထိ အပင္ေျခရင္း ေပါင္းလိုက္ေပးရမည္။ ဘူးကို ေမႏွင့္ ဇြန္လမ်ားတြင္ စိုက္ပ်ိဳးႏိုင္သကဲ့သို႔ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္ စိုက္ပ်ိဳးႏိုင္သည္။ တစ္ဧကလွ်င္ မ်ိဳးေစ့ႏႈန္းမွာ (၂ – ၃) ကီလိုဂရမ္ လိုအပ္ပါသည္။

ေရသြင္းစိုက္ပ်ိဳးနည္း

အထက္ျမန္မာျပည္တြင္ ဘူးကို မိုးတြင္းတြင္ စိုက္ၾကသျဖင့္ မိုးတစ္ပတ္ခန္႔ျပတ္သြားပါက ေရေလာင္းေပးရန္ လိုအပ္ပါသည္။

ေအာက္ျမန္မာျပည္တြင္… ေဆာင္းစိုက္ခင္းမ်ားအတြက္မူ (၃)ရက္ျခား တစ္ႀကိမ္ ေရသြင္းေပးရန္ လိုပါသည္။ ဘူးပင္ကေလးမ်ား တစ္လသားခန္႔ ရွိလွ်င္ ေပါင္းျမက္မ်ားကို ရွင္းလင္းေပးရန္ လိုအပ္ပါသည္။

အသီး ခူးဆြတ္နည္း

ဘူးသီးကို စိုက္ၿပီးေနာက္ (၇၅ – ၉၀) ရက္ အၾကာတြင္ စတင္ဆြတ္ခူးႏိုင္သည္။ ရင့္လြန္းပါက ခ်က္ျပဳတ္စားေသာက္ရန္ မေကာင္းသကဲ့သို႔ ႏုပါကလည္း အခါးဓာတ္ ရွိ၏။

သို႔အတြက္… ဘူးကို မႏုမရင့္ အေနေတာ္ ခူးရ၏။ တစ္ဧကလွ်င္ ဘူးသီးလုံးေရ (၆၀၀၀) မွ (၈၀၀၀) အထိ ထြက္၏။

မွတ္ခ်က္ ။ ။ က်ိဳင္းေကာင္ႏွင့္ ပ်ပိုးမ်ားကို ထိေရာက္စြာ ႏွိမ္နင္းရန္ လိုအပ္ပါသည္။ ထိေရာက္စြာ မႏွိမ္နင္းႏိုင္ပါက အပင္ငယ္မ်ား ေသေၾက ပ်က္စီးႏိုင္ပါသည္။

ဘူးပင္ကို ပိုးသတ္ေဆး ဖ်န္းပါက ဒီဒီတီ၊ ဘီအိပ္ခ္်စီ၊ အင္ဒရင္း စေသာေဆးမ်ား မဖ်န္းသင့္ပါ။ ဘူးပင္ အၫြန္႔စင္ေပၚေရာက္ပါက… အၫြန္႔ျဖတ္ေတာက္ေပးပါ။ သို႔မွသာ အၫြန္႔မ်ား စင္ေပၚျ ဖာတက္ၿပီး အသီးမ်ား ပိုသီးပါမည္။

ခရက္ဒစ္#Nway MeeShin#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘူးသီးတွေ ခူးမနိုင်အောင် သီးစေမယ့် စိုက်ပျိုးနည်း

အမျိုးအစား… ဘူးသီး၏ ပုံသဏ္ဍာန်ကို လိုက်၍.. ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟုအမျိုးမျိုးရှိပါသည်။

ရေမြေရာသီဥတု… ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမို စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်၊ အငံဓာတ် (၆-၇) ကြားတွင် ပိုမိုဖြစ်ထွန်းပါသည်။

ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့် ခံနိုင်သည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည် မရှိပါ။

မြေပြုပြင်ခြင်း… ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍လည်း စိုက်နိုင်သည်။စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး မြေဆွေးနှင့် သမအောင်ရော၍

စိုက်ဘောင်ပြုလုပ်ပါ။ စိုက်ဘောင် တစ်ဘောင်လျှင် အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့် ပြုလုပ်ကြပါသည်။

မြေသြဇာ ကျွေးနည်း… ဘူး တစ်ဧကလျှင် နွားချေး (သို့) သစ်ဆွေးမြေသြဇာ တန်(၂၀ ~ ၃၀) အထိ လိုအပ်ပြီး ဓာတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား (၂၀) Kg နှင့် တီစူပါ (၂၄) Kg လိုပါသည်။

စိုက်ဘောင်များပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင် ရောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ် (၂၀) kg နှင့် ယူရီးယားမြေသြဇာ (၁၀) kg ကို

စိုက်ဘောင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန် (၁၀) kg ကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရမည်။

ပျိုးထောင်နည်း… မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်တွင် ဘူးစေ့(၂) စေ့ခန့် ထည့်ပြီး ပျိုးနိုင်သည်။ စိုက်ပြီး (၁၀) ရက်ခန့် ကြာလျှင် ပျိုးပင်ပေါက်လာမည်။ အပင်(၃ – ၄) ရွက်ထွက်လျှင် ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးနည်း… ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလတွင် အများအပြား စိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ…

မြေဆွေး၊ ဓာတ်မြေသြဇာများ သမအောင်မွှေထားသောမြေကို စိုက်ဘောင်များ ပြုလုပ်၍ စိုက်ပျိုးပါသည်။ စင်တင်စိုက်ပါက စိုက်ဘောင်အလျား (၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့် ဘောင်ပြုလုပ်ပြီး

ဘူးစေ့များကို တစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇)စေ့စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင်… တစ်ကျင်းလျှင် (၂) ပင် ချန်ထားလျှင် သင့်တော်၏။

ကျင်းဖြင့် စိုက်ပျိုးပါက… အနက် (၁.၅)ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများ တူးပြီး နွားချေးနှင့် မြေဆွေး ဆတူရော၍ ကျင်းနှုတ်ခမ်း (၃ – ၄) လက်မခန့်အထိ ထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုးကိုဖို့ရမည်။

တစ်ကျင်းလျှင် (၇ – ၈) ပင်ခန့် စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင် (၂) ပင်ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရမည်။ အပင်ကလေးမျာ းနွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။

အပင်ကလေးများ လသားအထိ အပင်ခြေရင်း ပေါင်းလိုက်ပေးရမည်။ ဘူးကို မေနှင့် ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၂ – ၃) ကီလိုဂရမ် လိုအပ်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း

အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန် လိုအပ်ပါသည်။

အောက်မြန်မာပြည်တွင်… ဆောင်းစိုက်ခင်းများအတွက်မူ (၃)ရက်ခြား တစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လသားခန့် ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုအပ်ပါသည်။

အသီး ခူးဆွတ်နည်း

ဘူးသီးကို စိုက်ပြီးနောက် (၇၅ – ၉၀) ရက် အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ် ရှိ၏။

သို့အတွက်… ဘူးကို မနုမရင့် အနေတော် ခူးရ၏။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိ ထွက်၏။

မှတ်ချက် ။ ။ ကျိုင်းကောင်နှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန် လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကြေ ပျက်စီးနိုင်ပါသည်။

ဘူးပင်ကို ပိုးသတ်ဆေး ဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်း စသောဆေးများ မဖျန်းသင့်ပါ။ ဘူးပင် အညွန့်စင်ပေါ်ရောက်ပါက… အညွန့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များ စင်ပေါ်ြ ဖာတက်ပြီး အသီးများ ပိုသီးပါမည်။

ခရက်ဒစ်#Nway MeeShin#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*