သံုးမရတဲ့ ေနာက္လိုက္ငယ္သား ဆိုတာမရိွဘူး… လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္…

သံုးမရတဲ့ ေနာက္လိုက္ငယ္သား ဆိုတာမရိွဘူး... လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္...
သံုးမရတဲ့ ေနာက္လိုက္ငယ္သား ဆိုတာမရိွဘူး... လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္...

သံုးမရတဲ့ ေနာက္လိုက္ငယ္သား ဆိုတာမရိွဘူး… လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္…

ေခါင္းေဆာင္တေယာက္အတြက္ ရွက္စရာအေကာင္းဆုံးစကားက ကိုယ့္လက္ေအာက္ကလူေတြ သုံးလို႔မရပါဘူးလို႔ ဖြင့္ဟေျပာဆိုျခင္းျဖစ္ပါတယ္။

ေခါင္းေဆာင္ဆိုတာ ေနရာတိုင္းမွာ အကုန္သိ အကုန္တတ္ရမယ္ဆိုတဲ့ အယူအဆဟာ လႊဲမွားေနပါတယ္။ တကယ္ေတာ့ ေခါင္းေဆာင္ဆိုတာ ေနရာအလိုက္ တတ္ကြၽမ္းသူေတြကို စနစ္တက် ေပါင္းစည္းၿပီး သူ႔ေနရာနဲ႔သူ အသုံးခ်တတ္ဖို႔ပဲလိုပါတယ္။

တတ္ကြၽမ္းသူေတြကို ရွာေဖြေ႐ြးထုတ္ႏိုင္စြမ္း ရွိရမွာျဖစ္သလို မတတ္ကြၽမ္းေသးသူေတြကို တတ္ကြၽမ္းလာေအာင္ ေလ့က်င့္ေပးႏိုင္စြမ္းရွိဖို႔လဲ လိုအပ္ပါတယ္။ သုံးမရတဲ့ငယ္သားဆိုတာမရွိဘူး ငယ္သားကို လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္။

ေခါင္းေဆာင္တေယာက္အတြက္ ရွက္စရာအေကာင္းဆုံးစကားက ကိုယ့္လက္ေအာက္ကလူေတြ သုံးလို႔မရပါဘူးလို႔ ဖြင့္ဟေျပာဆိုျခင္းျဖစ္ပါတယ္။ အဲဒီလိုေျပာတဲ့သူေတြကို က်ေနာ္အထင္လုံးဝမႀကီးပါဘူး။

သုံးမရတဲ့သူကို သုံးလို႔ရတဲ့အထိ ေလ့က်င့္ေပးဖို႔က ေခါင္းေဆာင္ရဲ႕တာဝန္ျဖစ္ပါတယ္။ သုံးမရတဲ့သူေတြရွိတာ ေခါင္းေဆာင္ညံ့လို႔ပါ။ လက္ေအာက္ကသူေတြဟာ ကိုယ့္ေလာက္မတတ္ဘူး ကိုယ့္လိုအျမင္မရွိဘူးလို႔လဲ လုံးဝမေျပာသင့္ပါဘူး။

လက္ေအာက္ကလူေတြရဲ႕အျမင္ဟာ ကိုယ္နဲ႔ရႈေထာင့္မတူတာပဲ ျဖစ္မယ္လို႔ ခံယူရပါမယ္။ လက္ေအာက္ကသူေတြရဲ႕ အေတြးအျမင္ေတြကို ထုတ္ေဖာ္ခြင့္ေပးရပါမယ္။ ”မင္းကဘယ္ေလာက္သိလို႔လဲ” ဆိုတဲ့စကားကိုေျပာတဲ့ေခါင္းေဆာင္ဟာ မၾကာခင္က်ဆုံးေတာ့မဲ့ေခါင္းေဆာင္ျဖစ္ပါတယ္။

သေဘာေကာင္းတယ္လို႔ အေျပာခံရရင္ အဲဒီ့သူဟာ ေခါင္းေဆာင္ေကာင္းမဟုတ္ဘူး” လို႔ ေျပာၾကတာကိုလည္း ဘယ္လိုစဥ္းစဥ္းစား လက္မခံႏိုင္ပါဘူး။ ဥပမာေပးရရင္ မိသားစုအတြင္းမွာဆို အမိန္႔ေတြနဲ႔ အလုပ္လုပ္ေနတာမဟုတ္ပါဘူး။

တေယာက္နဲ႔တေယာက္ေမတၱာတရားေတြနဲ႔ ေနထိုင္ၾကတာျဖစ္ပါတယ္။ တေယာက္မႀကိဳက္တာကို တေယာက္ကမလုပ္တာ/ တေယာက္ျဖစ္ေစခ်င္တာကို တေယာက္ကလုပ္ေပးတာေတြဟာ ေၾကာက္လို႔မဟုတ္ပါဘူး။ ေမတၱာတရားနဲ႔ အလိုက္တသိလုပ္ေပးၾကတာျဖစ္ပါတယ္။

အဖြဲ႕အစည္းအတြင္းမွာလည္း ဒီလို နားလည္မႈေတြ ေမတၱာတရားေတြရွိေနရင္ ေခါင္းေဆာင္ဟာ ငယ္သားေတြအေပၚ သေဘာမေကာင္းႏိုင္စရာအေၾကာင္းမရွိပါဘူး။ ငယ္သားေတြရဲ႕ ယုံၾကည္ကိုးစားမႈကို ရထားရင္ ေခါင္းေဆာင္တေယာက္ဟာ သေဘာေကာင္းေကာင္းနဲ႔ အလုပ္လုပ္လို႔ရပါတယ္။

တခုသတိျပဳရမွာကေတာ့ ယုံၾကည္မႈတိုင္းဟာ အျပန္အလွန္သေဘာရွိတယ္ဆိုတာပါပဲ။ ကိုယ္ကသူ႔ကိုယုံမွ သူကလဲကိုယ့္ကို ယုံပါလိမ့္မယ္။လူေတြအမ်ားႀကီးစိတ္ခ်မ္းသာေအာင္လုပ္ေပးႏိုင္ရင္ ေလာကနိဗၺာန္ပါပဲ။

ကိုယ့္ေၾကာင့္ လူေတြအမ်ားႀကီးစိတ္ညစ္ရမယ္ဆိုရင္ေတာ့ ဘုရားတရားေတြဘယ္ေလာက္လုပ္လုပ္ ေလာကငရဲမွာ သင္ဟာက်ေနပါလိမ့္မယ္။ ကမာၻေပၚမွာ အေၾကာက္တရားလႊမ္းမိုးေနတဲ့ ဘယ္အဖြဲ႕အစည္းမွ ေအာင္ျမင္မႈမရတာကို သတိျပဳရပါမယ္။

ဒါေၾကာင့္ ေခါင္းေဆာင္ဆိုတာ တျခားအခ်က္ေတြအျပင္ လူစီမံခန္႔ခြဲမႈကြၽမ္းက်င္ၿပီး သေဘာေကာင္းဖို႔ အေရးႀကီးပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သုံးမရတဲ့ နောက်လိုက်ငယ်သား ဆိုတာမရှိဘူး… လူမှန်နေရာမှန် အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်…

ခေါင်းဆောင်တယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွှဲမှားနေပါတယ်။ တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက် တတ်ကျွမ်းသူတွေကို စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ပဲလိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။ သုံးမရတဲ့ငယ်သားဆိုတာမရှိဘူး ငယ်သားကို လူမှန်နေရာမှန် အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့သူတွေကို ကျနော်အထင်လုံးဝမကြီးပါဘူး။

သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။ သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။ လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်ကလူတွေရဲ့အမြင်ဟာ ကိုယ်နဲ့ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။ လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။ ”မင်းကဘယ်လောက်သိလို့လဲ” ဆိုတဲ့စကားကိုပြောတဲ့ခေါင်းဆောင်ဟာ မကြာခင်ကျဆုံးတော့မဲ့ခေါင်းဆောင်ဖြစ်ပါတယ်။

သဘောကောင်းတယ်လို့ အပြောခံရရင် အဲဒီ့သူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး” လို့ ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။ ဥပမာပေးရရင် မိသားစုအတွင်းမှာဆို အမိန့်တွေနဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး။

တယောက်နဲ့တယောက်မေတ္တာတရားတွေနဲ့ နေထိုင်ကြတာဖြစ်ပါတယ်။ တယောက်မကြိုက်တာကို တယောက်ကမလုပ်တာ/ တယောက်ဖြစ်စေချင်တာကို တယောက်ကလုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ အလိုက်တသိလုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင် ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ် သဘောမကောင်းနိုင်စရာအကြောင်းမရှိပါဘူး။ ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင် ခေါင်းဆောင်တယောက်ဟာ သဘောကောင်းကောင်းနဲ့ အလုပ်လုပ်လို့ရပါတယ်။

တခုသတိပြုရမှာကတော့ ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။ ကိုယ်ကသူ့ကိုယုံမှ သူကလဲကိုယ့်ကို ယုံပါလိမ့်မယ်။လူတွေအများကြီးစိတ်ချမ်းသာအောင်လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီးစိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေဘယ်လောက်လုပ်လုပ် လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့ ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ တခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး သဘောကောင်းဖို့ အရေးကြီးပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*