ခ်မ္းသာၾကြယ္၀တဲ့လူ နဲ႔ မခ်မ္းသာတဲ့လူ ဆိုၿပီး ကြဲျပားသြားရတဲ့ အဓိကအေၾကာင္းအရင္း…

ခ်မ္းသာၾကြယ္၀တဲ့လူ နဲ႔ မခ်မ္းသာတဲ့လူ ဆိုၿပီး ကြဲျပားသြားရတဲ့ အဓိကအေၾကာင္းအရင္း...
ခ်မ္းသာၾကြယ္၀တဲ့လူ နဲ႔ မခ်မ္းသာတဲ့လူ ဆိုၿပီး ကြဲျပားသြားရတဲ့ အဓိကအေၾကာင္းအရင္း...

ခ်မ္းသာၾကြယ္၀တဲ့လူ နဲ႔ မခ်မ္းသာတဲ့လူ ဆိုၿပီး ကြဲျပားသြားရတဲ့ အဓိကအေၾကာင္းအရင္း…

ဥပမာ ထားပါေတာ့… ကြၽန္ေတာ့္မွာ ၾကက္သုံးေကာင္ ရွိတယ္ ဆိုၾကပါစို႔… တစ္ေကာင္ကို အရက္သမားလက္ထဲ ေပးလိုက္မယ္။ ဒါဆို ဘာျဖစ္သြားမယ္ ထင္သလဲ..? ေသခ်ာပါတယ္.. အျမည္းျဖစ္သြားမွာေပါ့။

ေနာက္တစ္ေကာင္ကို ၾကက္တိုက္သမား လက္ထဲ ေပးလိုက္မယ္။ ေသခ်ာတယ္… အဲ့ဒီၾကက္က တိုက္ၾကက္ ျဖစ္သြားလိမ့္မယ္။

ေနာက္ဆုံးတစ္ေကာင္ကို ေမြးျမဴေရးသမား လက္ထဲ ထည့္ေပးလိုက္မယ္ဆိုရင္… သူဟာ အဲ့ဒီၾကက္ကို ေမြးၿပီး ေနာက္ထပ္ ၾကက္ေတြ အမ်ားႀကီး ေပါက္လာေအာင္ လုပ္လိမ့္မယ္။

ရလာတဲ့ၾကက္အေပၚ သူတို႔တစ္ဦးခ်င္း တစ္ေယာက္ခ်င္းစီတိုင္းမွာ ရွိတဲ့ အျမင္ေတြ၊ စိတ္ေနသေဘာထားေတြေပၚ မူတည္ၿပီး အျမည္း၊ တိုက္ၾကက္၊ ေမြးျမဴေရးၾကက္ ဆိုၿပီး ေျပာင္းလဲ သြားတယ္။

ဒီသေဘာပဲ… လူေတြမွာလည္း ႂကြယ္ဝခ်မ္းသာတဲ့ လူနဲ႔ မခ်မ္းသာတဲ့ လူဆိုၿပီး ကြဲျပားသြားေစတာဟာလည္း ပိုက္ဆံအေပၚမွ ာထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အျမင္ေတြ၊ စိတ္ေန သေဘာထားေတြေပၚမွာ မူတည္ၿပီး ကြဲျပားသြားေစတာ ျဖစ္တယ္။

တခ်ိဳ႕က ရွိတယ္… ထီေပါက္ရင္ ခ်မ္းသာမယ္၊ မိဘဆီက အေမြေတြ ရရင္ ခ်မ္းသာမယ္၊ လစာေကာင္းတဲ့ အလုပ္ရွိရင္ ခ်မ္းသာမယ္ ဒီလို ထင္ၾကတယ္။ တကယ္က မဟုတ္ဘူး…

ဘယ္ေလာက္ပဲ လစာေကာင္းေကာင္း၊ ဘယ္ေလာက္ႀကီးတဲ့ ထီဆုႀကီးပဲ ေပါက္ေပါက္ ပိုက္ဆံအေပၚမွာ ထားတဲ့ ကိုယ့္ရဲ႕ စိတ္ေနသေဘာထားက လြဲေနရင္ အဲ့ဒီ လြဲတဲ့ လမ္းေၾကာင္း အတိုင္းပဲ လိုက္သြား လိမ့္မယ္။

ခုနကလိုေပါ့…. အရက္သမားကို ၾကက္ေတြ အမ်ားႀကီး သြားေပးလည္း သူ ေန႔တိုင္း အရက္နဲ႔ ျမည္းလို႔ရၿပီ ဆိုတဲ့ အျမင္ပဲ ရွိတာေၾကာင့္ အျမည္းျဖစ္႐ုံသာ ရွိမယ္။ ၾကက္သမားလည္း ဒီတိုင္းပဲ။

ေမြးျမဴေရးသမား ထက္ထဲေရာက္မွသာ ရလာတဲ့ ၾကက္ေတြကို ေမြးရင္း ေမြးရင္းနဲ႔ ၾကက္ေတြ မ်ားသထက္ မ်ားလာၿပီး ႂကြယ္ဝ ခ်မ္းသာလာမွာ ျဖစ္တယ္။

အလားတူပဲ တစ္လကို သိန္း ၂၀ ရွာႏိုင္ ရွာႏိုင္… ၃၀ ရွာႏိုင္ ရွာႏိုင္၊ ရွာႏိုင္တဲ့ ပိုက္ဆံကို သုံးစရာအျဖစ္ပဲ ျမင္ေနရင္ သုံးစရာ အျဖစ္ပဲ ေရာက္သြား လိမ့္မယ္။ စုေဆာင္းစရာ၊ ကိုယ့္ကို ေငြ ျပန္ရွာေပးႏိုင္တဲ့ အရာလို႔ ျမင္မွ ႂကြယ္ဝ ခ်မ္းသာလာမွာ ျဖစ္တယ္။

ဒါေၾကာင့္ ခ်မ္းသာ ၾကြယ္ဝဖို႔ အတြက္ဆိုရင္… ဝင္ေငြေကာင္းဖို႔က အေရးႀကီးတယ္ ဆိုတာ မွန္ေပမယ့္ ဝင္ေငြအေပၚမွာ သေဘာထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ေနသေဘာထား ေတြက ပိုၿပီး အေရးႀကီးတယ္။

အဲ့ဒီ စိတ္ေနသေဘာထား ကပဲ လူခ်မ္းသာ၊ လူဆင္းရဲ ဆိုၿပီး ကြဲျပားသြားေအာင္ အဓိက ဆုံးျဖတ္ေပးေနတာ ျဖစ္တယ္။

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ချမ်းသာကြွယ်ဝတဲ့လူ နဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိကအကြောင်းအရင်း…

ဥပမာ ထားပါတော့… ကျွန်တော့်မှာ ကြက်သုံးကောင် ရှိတယ် ဆိုကြပါစို့… တစ်ကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ် ထင်သလဲ..? သေချာပါတယ်.. အမြည်းဖြစ်သွားမှာပေါ့။

နောက်တစ်ကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ်… အဲ့ဒီကြက်က တိုက်ကြက် ဖြစ်သွားလိမ့်မယ်။

နောက်ဆုံးတစ်ကောင်ကို မွေးမြူရေးသမား လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင်… သူဟာ အဲ့ဒီကြက်ကို မွေးပြီး နောက်ထပ် ကြက်တွေ အများကြီး ပေါက်လာအောင် လုပ်လိမ့်မယ်။

ရလာတဲ့ကြက်အပေါ် သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက် ဆိုပြီး ပြောင်းလဲ သွားတယ်။

ဒီသဘောပဲ… လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့ လူနဲ့ မချမ်းသာတဲ့ လူဆိုပြီး ကွဲပြားသွားစေတာဟာလည်း ပိုက်ဆံအပေါ်မှ ာထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ စိတ်နေ သဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။

တချို့က ရှိတယ်… ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေ ရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် ဒီလို ထင်ကြတယ်။ တကယ်က မဟုတ်ဘူး…

ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီ လွဲတဲ့ လမ်းကြောင်း အတိုင်းပဲ လိုက်သွား လိမ့်မယ်။

ခုနကလိုပေါ့…. အရက်သမားကို ကြက်တွေ အများကြီး သွားပေးလည်း သူ နေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီ ဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာ ရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။

မွေးမြူရေးသမား ထက်ထဲရောက်မှသာ ရလာတဲ့ ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေ များသထက် များလာပြီး ကြွယ်ဝ ချမ်းသာလာမှာ ဖြစ်တယ်။

အလားတူပဲ တစ်လကို သိန်း ၂၀ ရှာနိုင် ရှာနိုင်… ၃၀ ရှာနိုင် ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာ အဖြစ်ပဲ ရောက်သွား လိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေ ပြန်ရှာပေးနိုင်တဲ့ အရာလို့ မြင်မှ ကြွယ်ဝ ချမ်းသာလာမှာ ဖြစ်တယ်။

ဒါကြောင့် ချမ်းသာ ကြွယ်ဝဖို့ အတွက်ဆိုရင်… ဝင်ငွေကောင်းဖို့က အရေးကြီးတယ် ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထား တွေက ပိုပြီး အရေးကြီးတယ်။

အဲ့ဒီ စိတ်နေသဘောထား ကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*