ေရသာခိုရင္… ပို စိတ္ပင္ပန္းရတတ္တယ္ေနာ္

ေရသာခိုရင္... ပို စိတ္ပင္ပန္းရတတ္တယ္ေနာ္
ေရသာခိုရင္... ပို စိတ္ပင္ပန္းရတတ္တယ္ေနာ္

ေရသာခိုရင္… ပို စိတ္ပင္ပန္းရတတ္တယ္ေနာ္

တခ်ိဳ႕က အပင္ပန္းခံရမွာ ေၾကာက္တယ္၊ ေျခကုန္ လက္ပန္း က်မွာ စိုးရိမ္ ၾကတယ္။ ဒါေပမယ့္ အလုပ္ကို ပိုးစက္ ပက္စက္ ႀကိဳးစားတဲ့ သူထက္၊ ေရသာခိုတဲ့ သူရဲ႕ ဘဝက ပို စိတ္ပင္ပန္း ရမွန္း မရိပ္မိၾကဘူး။

စိတ္ ပါပါ၊ မ ပါပါ ကိုယ့္ အလုပ္ကိုယ္ လုပ္သြားသူက အခ်ိန္တန္ရင္ အလုပ္ၿပီးတဲ့ အတြက္ စိတ္ ေက်နပ္ ရတယ္။ အေကာင္းဆုံး လုပ္ခဲ့တဲ့ စိတ္က ေရွ႕ဆက္ တိုးတက္ဖို႔ တြန္းအား ျဖစ္ေစတယ္။

ေပးထားတဲ့ ကတိ တည္တဲ့အတြက္ ကိုယ္က အိပ္မက္ေတြနဲ႔ ထိုက္တန္မွန္း သက္ေသ ျပႏိုင္တယ္။ တစ္ေန႔တာ အၾကည္ဓာတ္ကို ထိန္းထား ႏိုင္ေလ တိုက္ပြဲေတြ ဆက္တိုက္ရမွာ မေၾကာက္ေလပဲ။

တစ္ဖက္မွာ ဘဝ ကို ျဖစ္သလို ေနတဲ့ သူ၊ သမိုင္းေပး တာဝန္ေတြ ပ်က္ကြက္ေနသူ ဟာ အျပင္က ၾကည့္ရင္ ေအးေဆး သလို ခံစား ရတယ္။ ဒါေပမယ့္ မၿပီးျပတ္တဲ့ အေႂကြးေတြ ေနာက္ေန႔ မ်ားစြာ ကို သယ္သြား ရတဲ့ အတြက္ စိတ္ ေလးေနမယ္။

ကိုယ့္ဘဝ ဦးတည္ေနတဲ့ ေနရာ ကို သိသိရက္နဲ႔ ဒုံရင္း အတိုင္း ဆက္ ေနေနတဲ့ ကိုယ့္ကိုယ္ကို စိတ္ပ်က္ေနမယ္။ ျဖစ္သင့္တာထက္ ျဖစ္ခ်င္တာ ကို ဦးစားေပးထားသူရဲ႕ အနာဂတ္ က ရင္ေလးစရာ ေကာင္းေန တတ္တယ္။

ဒါေၾကာင့္ ပင္ပန္းမွာ မေၾကာက္နဲ႔၊ အလုပ္ ကို ပိုးစိုး ပက္စက္ လုပ္ဖို႔ မစိုးရိမ္နဲ႔။ ဘဝကို ဒူေပ နာေပ ခံၿပီ းရလာတဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြနဲ႔ ဂုဏ္ယူေန မလား၊

ေရသာခိုၿပီး စိတ္ဒုက ၡခံမလား ဆုံးျဖတ္ရမွာ ကိုယ္ ကိုယ္တိုင္ပဲ။ လူေတြ မမွတ္မိေလာက္ေအာင္ တိုးတက္ေျပာင္းလဲ လိုက္ပါ။

ခရက္ဒစ္#ToeTet#ေလးစားစြာျဖင့္ ခ ရက္ ဒစ္ ေပး ပါ သည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ ပါ သည္။

Unicode

ရေသာခိုရင်… ပို စိတ်ပင်ပန်းရတတ်တယ်နော်

တချို့က အပင်ပန်းခံရမှာ ကြောက်တယ်၊ ခြေကုန် လက်ပန်း ကျမှာ စိုးရိမ် ကြတယ်။ ဒါပေမယ့် အလုပ်ကို ပိုးစက် ပက်စက် ကြိုးစားတဲ့ သူထက်၊ ရေသာခိုတဲ့ သူရဲ့ ဘဝက ပို စိတ်ပင်ပန်း ရမှန်း မရိပ်မိကြဘူး။

စိတ် ပါပါ၊ မ ပါပါ ကိုယ့် အလုပ်ကိုယ် လုပ်သွားသူက အချိန်တန်ရင် အလုပ်ပြီးတဲ့ အတွက် စိတ် ကျေနပ် ရတယ်။ အကောင်းဆုံး လုပ်ခဲ့တဲ့ စိတ်က ရှေ့ဆက် တိုးတက်ဖို့ တွန်းအား ဖြစ်စေတယ်။

ပေးထားတဲ့ ကတိ တည်တဲ့အတွက် ကိုယ်က အိပ်မက်တွေနဲ့ ထိုက်တန်မှန်း သက်သေ ပြနိုင်တယ်။ တစ်နေ့တာ အကြည်ဓာတ်ကို ထိန်းထား နိုင်လေ တိုက်ပွဲတွေ ဆက်တိုက်ရမှာ မကြောက်လေပဲ။

တစ်ဖက်မှာ ဘဝ ကို ဖြစ်သလို နေတဲ့ သူ၊ သမိုင်းပေး တာဝန်တွေ ပျက်ကွက်နေသူ ဟာ အပြင်က ကြည့်ရင် အေးဆေး သလို ခံစား ရတယ်။ ဒါပေမယ့် မပြီးပြတ်တဲ့ အကြွေးတွေ နောက်နေ့ များစွာ ကို သယ်သွား ရတဲ့ အတွက် စိတ် လေးနေမယ်။

ကိုယ့်ဘဝ ဦးတည်နေတဲ့ နေရာ ကို သိသိရက်နဲ့ ဒုံရင်း အတိုင်း ဆက် နေနေတဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမယ်။ ဖြစ်သင့်တာထက် ဖြစ်ချင်တာ ကို ဦးစားပေးထားသူရဲ့ အနာဂတ် က ရင်လေးစရာ ကောင်းနေ တတ်တယ်။

ဒါကြောင့် ပင်ပန်းမှာ မကြောက်နဲ့၊ အလုပ် ကို ပိုးစိုး ပက်စက် လုပ်ဖို့ မစိုးရိမ်နဲ့။ ဘဝကို ဒူပေ နာပေ ခံပြီ းရလာတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဂုဏ်ယူနေ မလား၊

ရေသာခိုပြီး စိတ်ဒုက ္ခခံမလား ဆုံးဖြတ်ရမှာ ကိုယ် ကိုယ်တိုင်ပဲ။ လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲ လိုက်ပါ။

ခရက်ဒစ်#ToeTet#လေးစားစွာဖြင့် ခ ရက် ဒစ် ပေး ပါ သည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*