ဘဝ နဲ႔ အလုပ္…(ျပန္လည္ မွ်ေ၀ပါသည္)

ဘဝ နဲ႔ အလုပ္...(ျပန္လည္ မွ်ေ၀ပါသည္)
ဘဝ နဲ႔ အလုပ္...(ျပန္လည္ မွ်ေ၀ပါသည္)

ဘဝ နဲ႔ အလုပ္…(ျပန္လည္ မွ်ေ၀ပါသည္)

အလုပ္ေၾကာင့္ ထမင္းစားရတယ္၊ အလုပ္ေၾကာင့္ ေက်ာင္းတတ္ခြင့္ရတယ္၊ အလုပ္ေၾကာင့္ ေကာင္းမြန္တဲ့ အိပ္စက္ ရာ ေနရာရတယ္၊ အလုပ္ေၾကာင့္ လူ ေပါင္းမ်ားစြာရဲ႕ ခ်ီးေျမႇာက္မႈကို ရတယ္

အလုပ္ေၾကာင့္ အနာဂါတ္ ျဖစ္တည္လာရတယ္… အလုပ္ေၾကာင့္ မိသားစု ဘဝတည္ေဆာက္လို႔ရလာတယ္။ အလုပ္ေၾကာင့္ မိမိ မ်ိဳးဆက္သစ္ကို ေစာင့္ေရွာက္ႏိုင္တယ္။ အလုပ္ေၾကာင့္ တပါးသူေတြကို ကူညီေစာင့္ေရွာက္ေပးႏိုင္စြမ္းရွိလာတယ္။

ဘဝဆိုတဲ့ အစိတ္အပိုင္းထဲက ေန အလုပ္ကို ဆြဲထုတ္ၾကည့္လိုက္… အေပၚက ေရးထားတာေတြ အကုန္ ဘယ္ေရာက္သြားမွန္းမသိဘူး။ ဘာျဖစ္လိုလဲ ဆိုေတာ့… အရာအားလုံးက အလုပ္ရွိေနမွ တည္ရွိေနတာ …

အဲ့ဒီေလာက္ အေရးႀကီးတာကို ေန႔စဥ္ ထမင္းစားသလို ဆာေလာင္ မႈမ်ိဳးေလာက္ေတာ့ ထားရွိရလိမ့္မယ္ ….။ ဘဝ ဆိုတာ အလုပ္နဲ႔ တည္ေဆာက္ရတယ္ ဆိုတာကို ရွင္းရွင္းလင္းလင္း နားမလည္တဲ့ လူဟာ အလုပ္က ေပးအပ္တဲ့ စြမ္းရည္ကို ဘယ္ေတာ့မွ မရဘူး။

တစ္ခ်ိဳ႕က နားမလည္ဘူး ဒီမွာလုပ္လို႔မရဘူးတဲ့… လုပ္မရရင္ လုပ္လို႔ရတဲ့ေနရာ သြားလုပ္ေလ။ လုပ္လို႔ရတဲ့ေနရာ သြားလုပ္ပါ။ ကြၽန္ေတာ္ ေက်ာင္းသားဘဝ ဆန္ဆိုင္မွာ စာေရးဘဝတုန္းက…

ငါ​ေတာ့ တကၠသိုလ္သြားတတ္လို႔ ဒီအလုပ္က ျပဳတ္သြားရင္ ဆန္သြားထမ္းမယ္ ထမင္းေတာ့ မငတ္ဘူး ဆိုတဲ့ Second Plan က အၿမဲရွိတယ္။ ဆန္အိပ္သြားထမ္းမယ္ဆိုေတာ့ လူေတြက ရယ္ခ်င္ရယ္မယ္ ဒါေပမယ့္ ဒါဟာ တစ္ကယ္ဘဲေလ။

ကြၽန္ေတာ္က တကယ္လုပ္မွာ ဘယ္လုပ္ငန္းခြင္မွာ ေနေန အဲ့ ခြင္က ထြက္မသြားဘူး…။ ဆန္ထမ္းလုံး လိမၼာရင္ ဆႏ္ုကုန္သည္နဲ႔ ရင္းႏွီးႏိုင္တယ္။ ဆန္ကုန္သည္ကို ေလးငါးႏွစ္ ထမင္းစား ကြၽန္ခံဘဝနဲ႔​ ပညာသင္ ေနရင္ေတာင္

တစ္ေန႔ က်ိန္းေသေပါက္ တစ္ဘဝလုံး ကုန္သည္ႀကီးျဖစ္မွာ ဘဲ။ ဒါအလုပ္ဘဲ ကိုယ္လုပ္မယ့္ အလုပ္အေပၚ မယိမ္းမယိုင္ ခိုင္မာတဲ့ယုံၾကည္မႈကိုတည္ေဆာက္ထားတာ။ ယုံၾကည့္မႈအတြက္ အမ်ားႀကီးေပးဆပ္ရမွာကေတာ့ က်ိန္းေသပါ

ေရွ႕ေလွ်ာက္ အလုပ္ေတြ ဘယ္ေလာက္လုပ္ရမွန္းမသိဘူး ငါမက်န္းမာလို႔မရဘူး ေဆးလိပ္မေသာက္ရဘူး ၊ အရက္မေသာက္ရဘူး၊ ကြမ္းမစားရဘူး၊ ဖာ/ဖဲ/ဖိုး အကုန္ေရွာင္ႏိုင္ဖို႔ ေစာင့္စည္းရတာ အကုန္လုံးက အင္နဲ႔အားနဲ႔ အလုပ္လုပ္ႏိုင္ဖို႔ဘဲ။ လြယ္လြယ္နဲ႔ စံပယ္ေတြ မပြင့္ပါဘူး စိတ္ခ်ပါ။
.
အေကာင္းစား အိမ္မက္ေတြကို … အပ်င္းေျပ အလုပ္လုပ္႐ုံနဲ႔ တည္ေဆာက္လို႔ ရတယ္လို႔ ယုံၾကည္တယ္ဆိုရင္ ေျပာျပေပးစမ္းပါ နည္းနာ ယူခ်င္လြန္းလို႔..။.ကြၽန္ေတာ္ မွတ္သားထားတာကေတာ့ ဘဝရဲ႕ ေအာင္ျမင္မႈ က်ရႈံးမႈ အားလုံးဟာ

အလုပ္ကို ဘယ္လို သေဘာထားနဲ႔ လုပ္ေဆာင္သလဲ ဆိုတာနဲ႔ တိုင္းတာတယ္ အလုပ္လို႔ ဆိုတာ လုပ္ခ်င္ရာလုပ္ရတယ္ ေျပာတာ မဟုတ္ဘူးေနာ္ ဘုရားရွင္ သက္မွတ္ထားတဲ့ သမၼာ အာဇီဝ အလုပ္ကို ေျပာတာ…။

ေျဖာင့္မွန္တဲ့ သီလ၊ တည္ၿငိမ္တည့္မတ္တဲ့ သမာဓိ၊ အတတ္ ပညာ ဆိုတဲ့ ေထာက္တိုင္ သုံးခု ကို ဇြဲ ႀကီးႀကီးနဲ႔ ျဖတ္သန္းႏိုင္မွသာ ကိုယ္မက္ေနတဲ့ အနာဂါတ္ အိမ္မက္ကို ရႏိုင္ပါလိမ့္မယ္။

စိတ္ညစ္လား အလုပ္ကို ဖိလုပ္ ၊ ေပ်ာ္လား အလုပ္ကို ဖိလုပ္ ၊ ပ်င္းလား အလုပ္ကို ဖိသာလုပ္ ၊ ကိုယ္ႀကိဳးစားလိုက္တဲ့ စြမ္းရည္တိုင္းဟာ အလုပ္ကေန အေကာင္းဆုံး ထုတ္ကုန္တစ္ခုကို အၿမဲ ေပးပါလိမ့္မယ္။

ကြၽန္ေတာ့္ ညီေတြ ညီမေတြ စမ္းတဝါးဝါးနဲ႔ ရမ္းကားတဲ့ ဘဝေတြမွာ လည္မေနေစဖို႔နဲ႔ ဆင္ေျခေတြလည္း သိပ္မေပးနဲ႔… ကြၽန္​ေတာ္က ပညာ နည္းလို႔ အေျခခံအလုပ္မို႔လို႔ပါတို႔ ေပးခ်င္လည္း ေပးႏိုင္တယ္။

ရန္ကုန္မွာ ၿမိဳ႕မွာ ထမင္းေရာင္းတဲ့ ထမင္းဆိုင္ပိုင္ရွင္ သူႂကြယ္ႀကီးေတြ မုန႔္ဟင္းခါးေရာင္းတဲ့ သူႂကြယ္ႀကီးေတြ အမ်ားႀကီးေနာ္။ သူတို႔ ၾကားရင္ ရယ္ၾကလိမ့္မယ္…။

ေျပာစရာေတြက အမ်ားႀကီးပါ အလုပ္သာ ေသေသခ်ာခ်ာ တတ္ေျမာက္ေအာင္ သင္ယူၿပီး ဘဝ ကို ႐ုန္းကန္ၾကပါ…။ ေမြးတုန္းက ဘယ္သူမွ ဘာမွ မတတ္ပါဘူး အားလုံးသင္ယူရင္း တတ္ေျမာက္လာရတာပါ။ ဘဝမွာ ေလွ်ာ့ေစ်း မရွိပါဘူး… သင္ရင္ တတ္မယ္ လုပ္ရင္ ရပါမယ္။

အလုပ္ကို ပ်က္ကြက္တဲ့/စြန႔္ခြာတဲ့ တစ္ေန႔ မိတ္ေဆြ ဘဝထဲက အရာအားလုံးနီးပါ ပ်က္ကြက္/စြန႔္ခြာသြားပါလိမ့္မယ္

ေမတၱာမ်ားစြာျဖင့္သာ#Ko James#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘဝ နဲ့ အလုပ်…(ပြန်လည် မျှဝေပါသည်)

အလုပ်ကြောင့် ထမင်းစားရတယ်၊ အလုပ်ကြောင့် ကျောင်းတတ်ခွင့်ရတယ်၊ အလုပ်ကြောင့် ကောင်းမွန်တဲ့ အိပ်စက် ရာ နေရာရတယ်၊ အလုပ်ကြောင့် လူ ပေါင်းများစွာရဲ့ ချီးမြှောက်မှုကို ရတယ်

အလုပ်ကြောင့် အနာဂါတ် ဖြစ်တည်လာရတယ်… အလုပ်ကြောင့် မိသားစု ဘဝတည်ဆောက်လို့ရလာတယ်။ အလုပ်ကြောင့် မိမိ မျိုးဆက်သစ်ကို စောင့်ရှောက်နိုင်တယ်။ အလုပ်ကြောင့် တပါးသူတွေကို ကူညီစောင့်ရှောက်ပေးနိုင်စွမ်းရှိလာတယ်။

ဘဝဆိုတဲ့ အစိတ်အပိုင်းထဲက နေ အလုပ်ကို ဆွဲထုတ်ကြည့်လိုက်… အပေါ်က ရေးထားတာတွေ အကုန် ဘယ်ရောက်သွားမှန်းမသိဘူး။ ဘာဖြစ်လိုလဲ ဆိုတော့… အရာအားလုံးက အလုပ်ရှိနေမှ တည်ရှိနေတာ …

အဲ့ဒီလောက် အရေးကြီးတာကို နေ့စဉ် ထမင်းစားသလို ဆာလောင် မှုမျိုးလောက်တော့ ထားရှိရလိမ့်မယ် ….။ ဘဝ ဆိုတာ အလုပ်နဲ့ တည်ဆောက်ရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်တဲ့ လူဟာ အလုပ်က ပေးအပ်တဲ့ စွမ်းရည်ကို ဘယ်တော့မှ မရဘူး။

တစ်ချို့က နားမလည်ဘူး ဒီမှာလုပ်လို့မရဘူးတဲ့… လုပ်မရရင် လုပ်လို့ရတဲ့နေရာ သွားလုပ်လေ။ လုပ်လို့ရတဲ့နေရာ သွားလုပ်ပါ။ ကျွန်တော် ကျောင်းသားဘဝ ဆန်ဆိုင်မှာ စာရေးဘဝတုန်းက…

ငါတော့ တက္ကသိုလ်သွားတတ်လို့ ဒီအလုပ်က ပြုတ်သွားရင် ဆန်သွားထမ်းမယ် ထမင်းတော့ မငတ်ဘူး ဆိုတဲ့ Second Plan က အမြဲရှိတယ်။ ဆန်အိပ်သွားထမ်းမယ်ဆိုတော့ လူတွေက ရယ်ချင်ရယ်မယ် ဒါပေမယ့် ဒါဟာ တစ်ကယ်ဘဲလေ။

ကျွန်တော်က တကယ်လုပ်မှာ ဘယ်လုပ်ငန်းခွင်မှာ နေနေ အဲ့ ခွင်က ထွက်မသွားဘူး…။ ဆန်ထမ်းလုံး လိမ္မာရင် ဆန်ုကုန်သည်နဲ့ ရင်းနှီးနိုင်တယ်။ ဆန်ကုန်သည်ကို လေးငါးနှစ် ထမင်းစား ကျွန်ခံဘဝနဲ့ ပညာသင် နေရင်တောင်

တစ်နေ့ ကျိန်းသေပေါက် တစ်ဘဝလုံး ကုန်သည်ကြီးဖြစ်မှာ ဘဲ။ ဒါအလုပ်ဘဲ ကိုယ်လုပ်မယ့် အလုပ်အပေါ် မယိမ်းမယိုင် ခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်ထားတာ။ ယုံကြည့်မှုအတွက် အများကြီးပေးဆပ်ရမှာကတော့ ကျိန်းသေပါ

ရှေ့လျှောက် အလုပ်တွေ ဘယ်လောက်လုပ်ရမှန်းမသိဘူး ငါမကျန်းမာလို့မရဘူး ဆေးလိပ်မသောက်ရဘူး ၊ အရက်မသောက်ရဘူး၊ ကွမ်းမစားရဘူး၊ ဖာ/ဖဲ/ဖိုး အကုန်ရှောင်နိုင်ဖို့ စောင့်စည်းရတာ အကုန်လုံးက အင်နဲ့အားနဲ့ အလုပ်လုပ်နိုင်ဖို့ဘဲ။ လွယ်လွယ်နဲ့ စံပယ်တွေ မပွင့်ပါဘူး စိတ်ချပါ။
.
အကောင်းစား အိမ်မက်တွေကို … အပျင်းပြေ အလုပ်လုပ်ရုံနဲ့ တည်ဆောက်လို့ ရတယ်လို့ ယုံကြည်တယ်ဆိုရင် ပြောပြပေးစမ်းပါ နည်းနာ ယူချင်လွန်းလို့..။.ကျွန်တော် မှတ်သားထားတာကတော့ ဘဝရဲ့ အောင်မြင်မှု ကျရှုံးမှု အားလုံးဟာ

အလုပ်ကို ဘယ်လို သဘောထားနဲ့ လုပ်ဆောင်သလဲ ဆိုတာနဲ့ တိုင်းတာတယ် အလုပ်လို့ ဆိုတာ လုပ်ချင်ရာလုပ်ရတယ် ပြောတာ မဟုတ်ဘူးနော် ဘုရားရှင် သက်မှတ်ထားတဲ့ သမ္မာ အာဇီဝ အလုပ်ကို ပြောတာ…။

ဖြောင့်မှန်တဲ့ သီလ၊ တည်ငြိမ်တည့်မတ်တဲ့ သမာဓိ၊ အတတ် ပညာ ဆိုတဲ့ ထောက်တိုင် သုံးခု ကို ဇွဲ ကြီးကြီးနဲ့ ဖြတ်သန်းနိုင်မှသာ ကိုယ်မက်နေတဲ့ အနာဂါတ် အိမ်မက်ကို ရနိုင်ပါလိမ့်မယ်။

စိတ်ညစ်လား အလုပ်ကို ဖိလုပ် ၊ ပျော်လား အလုပ်ကို ဖိလုပ် ၊ ပျင်းလား အလုပ်ကို ဖိသာလုပ် ၊ ကိုယ်ကြိုးစားလိုက်တဲ့ စွမ်းရည်တိုင်းဟာ အလုပ်ကနေ အကောင်းဆုံး ထုတ်ကုန်တစ်ခုကို အမြဲ ပေးပါလိမ့်မယ်။

ကျွန်တော့် ညီတွေ ညီမတွေ စမ်းတဝါးဝါးနဲ့ ရမ်းကားတဲ့ ဘဝတွေမှာ လည်မနေစေဖို့နဲ့ ဆင်ခြေတွေလည်း သိပ်မပေးနဲ့… ကျွန်တော်က ပညာ နည်းလို့ အခြေခံအလုပ်မို့လို့ပါတို့ ပေးချင်လည်း ပေးနိုင်တယ်။

ရန်ကုန်မှာ မြို့မှာ ထမင်းရောင်းတဲ့ ထမင်းဆိုင်ပိုင်ရှင် သူကြွယ်ကြီးတွေ မုန့်ဟင်းခါးရောင်းတဲ့ သူကြွယ်ကြီးတွေ အများကြီးနော်။ သူတို့ ကြားရင် ရယ်ကြလိမ့်မယ်…။

ပြောစရာတွေက အများကြီးပါ အလုပ်သာ သေသေချာချာ တတ်မြောက်အောင် သင်ယူပြီး ဘဝ ကို ရုန်းကန်ကြပါ…။ မွေးတုန်းက ဘယ်သူမှ ဘာမှ မတတ်ပါဘူး အားလုံးသင်ယူရင်း တတ်မြောက်လာရတာပါ။ ဘဝမှာ လျှော့ဈေး မရှိပါဘူး… သင်ရင် တတ်မယ် လုပ်ရင် ရပါမယ်။

အလုပ်ကို ပျက်ကွက်တဲ့/စွန့်ခွာတဲ့ တစ်နေ့ မိတ်ဆွေ ဘဝထဲက အရာအားလုံးနီးပါ ပျက်ကွက်/စွန့်ခွာသွားပါလိမ့်မယ်

မေတ္တာများစွာဖြင့်သာ#Ko James#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*