လူငယ္တိုင္း သိသင့္ျပီး လိုုက္နာသင့္တဲ့ အခ်က္မ်ား… (ျပန္လည္ မွ်ေ၀ပါသည္)

လူငယ္တိုင္း သိသင့္ျပီး လိုုက္နာသင့္တဲ့ အခ်က္မ်ား... (ျပန္လည္ မွ်ေ၀ပါသည္)လူငယ္တိုင္း သိသင့္ျပီး လိုုက္နာသင့္တဲ့ အခ်က္မ်ား... (ျပန္လည္ မွ်ေ၀ပါသည္)
လူငယ္တိုင္း သိသင့္ျပီး လိုုက္နာသင့္တဲ့ အခ်က္မ်ား... (ျပန္လည္ မွ်ေ၀ပါသည္)

လူငယ္တိုင္း သိသင့္ျပီး လိုုက္နာသင့္တဲ့ အခ်က္မ်ား… (ျပန္လည္ မွ်ေ၀ပါသည္)

“တာဝန္ႏွစ္ခု”… မင္းတို႔ဘဝမွာ လုပ္စရာႏွစ္ခုပဲရွိတယ္ မင္းတို႔ရဲ႕ဘဝကို မင္းတို႔မိဘေတြထက္ ပိုသာလြန္တဲ့ဘဝျဖစ္ေအာင္ႀကိဳးစားရမယ္။ မင္းတို႔ရဲ႕သားသမီးေတြကို မင္းတို႔ဘဝေတြထက္ပိုၿပီးေကာင္းမြန္ေအာင္ စြမ္းေဆာင္ေပးရမယ္…

“အခ်ိန္ဆိုတာ ဘဝ”… မင္းအသက္ ၃၀ ငါ့အသက္ ၈၆ ဒါအခ်ိန္ပဲ။ အခ်ိန္ကဘဝပဲ။ အခ်ိန္မပါဘဲ ဘဝကိုဖြဲ႕စည္းလို႔မရဘူး။ မင္းဘဝကိုတန္ဖိုးထားရင္ မင္းရဲ႕အခ်ိန္ကိုလည္း တန္ဖိုးထားရလိမ့္မယ္

“ႏွလုံးသားလွဖို႔လိုတယ္”… ကဗ်ာ႐ူးရယ္ စာ႐ူးရယ္ အခ်စ္႐ူးရယ္ ငါအခ်စ္ဆုံးပဲ။ သူတို႔က ႏွလုံးသား ရိွလို႔..။ ဥစၥာ႐ူးရယ္ အာဏာ႐ူးရယ္ ငါအမုန္းဆုံး သူတို႔က ႏွလုံးသားမ႐ွိလို႔..။

“အားခဲထားႏိုင္ရမယ္”… စိတ္ပ်က္လက္ပ်က္ ဆိုတာမ်ိဴး မျဖစ္ေစနဲ႔။ စိတ္ပ်က္ခ်င္ပ်က္ လက္ေတာ့မပ်က္နဲ႔။ ဆိုလိုတာက… ေလ့က်င့္ႀကိဳးပမ္းမႈကို မေလ်ာ့လိုက္နဲ႔။

“အက်င့္”… လူေတြက မေကာင္းတာလုပ္ျဖစ္ရင္ မေကာင္းအက်င့္ပါသြားမွာက် သိၾကတယ္။ ငါေျပာမယ္… မေကာင္းတာအက်င့္လုပ္ရင္ မေကာင္းက်င့္ပါသြားမွာပဲ အဲ့ဒီလိုပဲ ေကာင္းတာကိုလည္း အက်င့္လုပ္ရင္ ေကာင္းတဲ့အက်င့္ျဖစ္သြားမွာပဲ

“ရခဲမွရတနာ”… ေအာက္တန္းက်ဖို႔ဆိုတာ ႀကိဳးစားေနဖို႔မလိုဘူး။ တစ္ေန႔ ငါေအာက္တန္းက်ရမယ္လို႔ အဓိ႒ာန္ျပဳေနဖို႔မလိုဘူး။ ေအာက္တန္းက်တာရဲ႕ ဆန္႔က်င္ဘက္ျဖစ္တဲ့ အထက္တန္းစားစိတ္ဓာတ္ျဖစ္ဖို႔က် ခဲယဥ္းသြားၿပီ။

“သတိမမူရင္ ဂူမျမင္ဘူး”… လူေတြက သူမ်ားထီေပါက္ရင္သာ ငါလည္း ထီေပါက္ႏိုင္တယ္လို႔ ေတြးတတ္ၾကတာ။ သူမ်ားကားတိုက္ရင္ ငါလည္း ကားတိုက္ခံရႏိုင္တယ္လို႔ မေတြးၾကဘူး။

သူမ်ားေအာင္ျမင္ရင္သာ ငါလည္းေအာင္ျမင္မယ္လို႔သာ ေတြးၾကတာ။ သူမ်ားက်ရႈံးရင္ ငါလည္း က်ရႈံးႏိုင္တယ္လို႔မေတြးၾကဘူး။ သတိထား အစစအရာရာ သတိဆိုတာ ပိုတယ္မရွိဘူး

“အခိုက္အတန္႔”… လူေတြက ခ်မ္းသာျခင္းသာ သခၤါရလို႔ထင္တယ္။ တစ္ကယ္ေတာ့ ဆင္းရဲျခင္းလည္း သခၤါရပဲ။ မင္းႀကိဳးစားေနသမွ်ကာလပတ္လုံး အဆင္မေျပျခင္းက သခၤါရ။ မင္း မႀကိဳးစားပဲ ေရသာခို အေခ်ာင္ေနေနသေ႐ြ႕ မင္းအတြက္ဆင္းရဲျခင္းက ထာဝရပဲ။

“ေတာင္းမွာအကြပ္”… အသိပညာရွိေသာသူ၊ ဆုံးမထိုက္ေသာသူ၊ ဆုံးမရန္ ဝတၱရားရွိေသာသူေတြကိုက ပစ္ပယ္လိုက္ၿပီဆိုရင္ေတာ့ အဲ့ဒီေကာင္ဘဝ ေသၿပီလို႔မွတ္လိုက္ေတာ့။

“စာနာမႈ”… ကိုယ့္အတြက္ခ်ည္းပဲ မၾကည့္ဘဲ သူမ်ားအတြက္လည္း ၾကည့္ေပးႏိုင္တာကလည္းယဥ္ေက်းမႈပဲ။

“႐ိုးသားပါ”… ကိုယ္မရသင့္တာကို မယူခ်င္ပါနဲ႔..။ ကိုယ္မရသင့္တာကို ယူလိုက္မိရင္ ကိုယ္မလိုခ်င္တာေတြကိုပါ လက္ခံရတတ္တယ္

“လူမိုက္ႏွင့္ လူလိမၼာ”… လူလိမၼာတို႔သည္ တစ္ပါးသူ၏ အမွားမွ သင္ခန္းစာကို ယူတတ္ၾကတယ္။ လူမိုက္တို႔သည္ ကိုယ္တိုင္မွားမွ သင္ခန္းစာရၾကတယ္။ ပို၍ မိုက္မဲေသာသူတို႔ကား ကိုယ္တိုင္ မွားပါလ်က္ ႏွင့္ပင္ သင္ခန္းစာ မယူတတ္ၾကကုန္တဲ့

“ရင္ဆိုင္ပါယွဥ္ၿပိဴင္ပါ”… တညည္းညည္း တညဴညဴနဲ႔ “ငါေတာ့ ကံဆိုးတာပဲလို႔ ေအာက္ေမ့ေနရင္ အဲဒီလူ တစ္ကယ္ကံဆိုးသြားၿပီလို႔သာ ေအာက္ေမ့ေပေတာ့..

ေလာကႀကီးမွာ ရႈံးလို႔ထြက္ေျပးရင္ တစ္သက္လုံးေျပးေပေတာ့.. ေအာင္ျမင္မႈ ဘယ္ေတာ့မွ မရဘူး.. ထြက္ေျပးတဲ့ေကာင္ ဘယ္ေတာ့မွႏိုင္႐ိုးမရွိဘူး.. ရင္ဆိုင္ႏိုင္တဲ့ေကာင္မွ ႏိုင္တာ..။

( ဆရာႀကီး ဦးေအာင္သင္း၏ ဒႆနမ်ား )#မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

လူငယ်တိုင်း သိသင့်ပြီး လိုက်နာသင့်တဲ့ အချက်များ… (ပြန်လည် မျှဝေပါသည်)

“တာဝန်နှစ်ခု”… မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ် မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်။ မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီးကောင်းမွန်အောင် စွမ်းဆောင်ပေးရမယ်…

“အချိန်ဆိုတာ ဘဝ”… မင်းအသက် ၃၀ ငါ့အသက် ၈၆ ဒါအချိန်ပဲ။ အချိန်ကဘဝပဲ။ အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး။ မင်းဘဝကိုတန်ဖိုးထားရင် မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

“နှလုံးသားလှဖို့လိုတယ်”… ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ် ငါအချစ်ဆုံးပဲ။ သူတို့က နှလုံးသား ရှိလို့..။ ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး သူတို့က နှလုံးသားမရှိလို့..။

“အားခဲထားနိုင်ရမယ်”… စိတ်ပျက်လက်ပျက် ဆိုတာမျိူး မဖြစ်စေနဲ့။ စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့။ ဆိုလိုတာက… လေ့ကျင့်ကြိုးပမ်းမှုကို မလျော့လိုက်နဲ့။

“အကျင့်”… လူတွေက မကောင်းတာလုပ်ဖြစ်ရင် မကောင်းအကျင့်ပါသွားမှာကျ သိကြတယ်။ ငါပြောမယ်… မကောင်းတာအကျင့်လုပ်ရင် မကောင်းကျင့်ပါသွားမှာပဲ အဲ့ဒီလိုပဲ ကောင်းတာကိုလည်း အကျင့်လုပ်ရင် ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

“ရခဲမှရတနာ”… အောက်တန်းကျဖို့ဆိုတာ ကြိုးစားနေဖို့မလိုဘူး။ တစ်နေ့ ငါအောက်တန်းကျရမယ်လို့ အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး။ အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ ခဲယဉ်းသွားပြီ။

“သတိမမူရင် ဂူမမြင်ဘူး”… လူတွေက သူများထီပေါက်ရင်သာ ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ။ သူများကားတိုက်ရင် ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး။

သူများအောင်မြင်ရင်သာ ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ။ သူများကျရှုံးရင် ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး။ သတိထား အစစအရာရာ သတိဆိုတာ ပိုတယ်မရှိဘူး

“အခိုက်အတန့်”… လူတွေက ချမ်းသာခြင်းသာ သင်္ခါရလို့ထင်တယ်။ တစ်ကယ်တော့ ဆင်းရဲခြင်းလည်း သင်္ခါရပဲ။ မင်းကြိုးစားနေသမျှကာလပတ်လုံး အဆင်မပြေခြင်းက သင်္ခါရ။ မင်း မကြိုးစားပဲ ရေသာခို အချောင်နေနေသရွေ့ မင်းအတွက်ဆင်းရဲခြင်းက ထာဝရပဲ။

“တောင်းမှာအကွပ်”… အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက ပစ်ပယ်လိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့။

“စာနာမှု”… ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်းယဉ်ကျေးမှုပဲ။

“ရိုးသားပါ”… ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..။ ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

“လူမိုက်နှင့် လူလိမ္မာ”… လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်။ လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်။ ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့

“ရင်ဆိုင်ပါယှဉ်ပြိူင်ပါ”… တညည်းညည်း တညူညူနဲ့ “ငါတော့ ကံဆိုးတာပဲလို့ အောက်မေ့နေရင် အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့..

လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့.. အောင်မြင်မှု ဘယ်တော့မှ မရဘူး.. ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး.. ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )#မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*