သားသမီးကို အရမ္းေတာ္ေစခ်င္တဲ့မိဘေတြ ဒီစာေလးကို ဖတ္ၾကည့္လိုက္ပါ…
သမီးကိုသူငယ္ခ်င္းေတြက အဆင့္၂၃ လို႔ ေခၚၾကတယ္။ သမီးတို႔အခန္းမွာ အတန္းသားေပါင္း (၅ဝ)ရွိတယ္။ စာေမးပြဲေျဖတိုင္း အဆင့္၂၃မွာ သမီးအၿမဲတမ္း ရွိေနခဲ့တယ္။ ၾကာလာတာနဲ႔အမွ် အဆင့္၂၃ ဆိုတဲ့ အေခၚဟာ သမီးရဲ႕နာမည္ေျပာင္တစ္ခု ျဖစ္လာခဲ့သလို
သမီးကလည္း အလယ္အလတ္ေက်ာင္းသူ အဆင့္မွာပဲ ရွိေနခဲ့တယ္။ ဒီအေခၚက ကြၽန္မတို႔နားထဲ အဝင္ရ ခက္ေပမယ့္… သမီးကေတာ့ ေက်ေက်နပ္နပ္ လက္ခံပါတယ္။ ကုမၸဏီက ေပ်ာ္ပြဲ ႐ႊင္ပြဲမွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေဟာင္းေတြနဲ႔ မိတ္ဆုံစားပြဲမွာပဲျဖစ္ျဖစ္
တျခားမိသားစုေတြက သူတို႔ရဲ႕ “စူပါ့” သားသမီးေတြအေၾကာင္း ဂုဏ္ယူဝင့္ႂကြားေျပာတဲ့အခါ သူကေတာ့ ႏႈတ္ဆိတ္ေနရေၾကာင္း ကြၽန္မအမ်ိဳးသားက မၾကာခဏ ညည္းပါတယ္။ တျခားလူရဲ႕သားသမီးေတြက ေက်ာင္းစာမွာ ထူးခြၽန္ၾကသလို…
တျခားအရာေတြမွာလည္း ထက္ျမက္ၾကတယ္။ ကြၽန္မတို႔အိမ္က “အဆင့္၂၃ သမီးေလး” မွာေတာ့ ဂုဏ္ယူဝင့္ႂကြားဖို႔ ဘာမွ မရွိခဲ့ပါဘူး။ ေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာ အတတ္ပညာ အမ်ိဳးမ်ိဳးနဲ႔ ေဖာ္ထုတ္ျပတတ္ၾကတဲ့ ကေလးေတြကို သူအ ားက်ေၾကာင္း ကြၽန္မအမ်ိဳးသားက ေျပာပါတယ္။
သတင္းမွာ (၉)ႏွစ္ အ႐ြယ္ကေလး တကၠသိုလ္ေက်ာင္း တက္ေၾကာင္းကို ေၾကညာေတာ့… သူေၾကကြဲစြာနဲ႔ သမီးက ဘာျဖစ္လို႔ သူတို႔လို ထူးျခားတဲ့ကေလး မဟုတ္ရတာလဲ?” လို႔ေမးေတာ့… သမီးက “ေဖေဖက ထူးျခားတဲ့ေဖေဖ မဟုတ္လို႔ေပါ့” လို႔ ျပန္ေျဖတယ္။
သားအဖႏွစ္ေယာက္ရဲ႕ စကားကိုၾကားေတာ့ ကြၽန္မ ရယ္မိတယ္။ အထိမ္းအမွတ္ေန႔ တစ္ေန႔မွာ ေဆြမ်ိဳးအေပါင္းေဖာ္ေတြ စုၿပီး ကြၽန္မတို႔ ေပ်ာ္ပြဲ႐ႊင္ပြဲ ျပဳလုပ္ခဲ့တယ္။ စကားစျမည္းေတြေျပာၾကရင္းက သူ႔ သားသမီး၊ ကိုယ့္ သားသမီးအေၾကာင္း နားေရာက္ကုန္ေတာ့
ကေလးေတြကိုေခၚၿပီး သူတို႔ ရည္မွန္းခ်က္အေၾကာင္း ေျပာခိုင္းၾကတယ္။ ကေလးေတြက စႏၵယားပညာရွင္၊ ႐ုပ္ရွင္မင္းသား၊ ႏိုင္ငံေရးေခါင္းေဆာင္ စတဲ့ သူတို႔ရဲ႕ရည္မွန္းခ်က္ကို ေျပာျပၾကတယ္။ (၄)ႏွစ္ခြဲအ႐ြယ္ သမီးေလး တစ္ေယာက္ကေတာင္ ႀကီးလာရင္
တီဗီအစီအစဥ္ တင္ဆက္သူ လုပ္မယ္ဆိုလို႔ လူေတြက လက္ခုပ္တီးခဲ့ၾကတယ္။ ကြၽန္မရဲ႕ (၁၂)ႏွစ္သမီးေလးကေတာ့ သူ႔ေဘးက ေမာင္ငယ္၊ ညီမငယ္ေတြကို ပုဇြန္ခြာေပးလိုက္၊ ထမင္းဟင္းခြံေပးလိုက္နဲ႔ သူ႔ရည္မွန္းခ်က္ကို ေျပာဖို႔ေတာင္ မအားလပ္ခဲ့ပါဘူး။
ကိုယ့္ ရည္မွန္းခ်က္ကို မေျဖသူထဲမွာ သမီးတစ္ေယာက္ပဲ က်န္တာကို အားလုံးသတိထားမိေတာ့… သူ႔ကို အတင္းအက်ပ္ ေမးၾကတယ္။ တေလးတစားနဲ႔ သူ ျပန္ေျဖခဲ့ပါတယ္။ ႀကီးလာရင္ သမီးျဖစ္ခ်င္တဲ့ ပထမရည္႐ြယ္ခ်က္က… မူႀကိဳေက်ာင္းမွာ ဆရာမ လုပ္ဖို႔ပါ။
ကေလးေတြနဲ႔ ဆိုမယ္၊ ကမယ္၊ ကစားမယ္” လူႀကီးေတြက သူ႔ရည္႐ြယ္ခ်က္ကို အားတုံ႔အားနာ လက္ခံၾကၿပီး… ဒုတိယရည္႐ြယ္ခ်က္ကို အလ်င္စလို ေမးၾကျပန္တယ္။
သမီးရဲ႕ ဒုတိယရည္႐ြယ္ခ်က္က…
” မီးဖိုေခ်ာင္ခါးစည္းေလး ပတ္ၿပီး မီးဖိုထဲဝင္ခ်က္ျပဳတ္တဲ့ အိမ္ရွင္မ ျဖစ္ခ်င္ပါတယ္။ ကိုယ့္သားသမီးေတြကို ပုံျပင္ေျပာျပမယ္။ သူတို႔ေလးေတြနဲ႔ ဝိုင္းဖြဲ႕ၿပီးဝရံတာမွာ ၾကယ္ေလးေတြကို ေငးေမာမယ္”
သမီးရဲ႕ စကားကိုၾကားေတာ့ ေဆြမ်ိဳးေတြက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ဘာေျပာရမွန္း မသိ ျဖစ္ကုန္ၾကတယ္။ သူ႔ေဖေဖ ကြၽန္မအမ်ိဳးသားကေတာ့… ေနရထိုင္ရ ခက္ေနတာေပါ့။
အိမ္ျပန္ေရာက္ေတာ့… သမီးကို မူႀကိဳေက်ာင္းဆရာမနဲ႔ပဲ ငါတို႔ေက်နပ္ရေတာ့မလား? အလယ္အလတ္ ေက်ာင္းသူအဆင့္နဲ႔ပဲ ငါတို႔ ဒီအတိုင္းၾကည့္ေနရေတာ့မလား” လို႔ အမ်ိဳးသားက သက္ျပင္းတခ်ခ်နဲ႔ ညည္းပါတယ္။
တကယ္ေတာ့… ကြၽန္မတို႔လည္း အႀကံဉာဏ္ အမ်ိဳးမ်ိဳးသုံးၿပီး သမီးအဆင့္တက္ေအာင္ လုပ္ခဲ့ပါတယ္။ အိမ္မွာ ဆရာမေခၚသင္တာ၊ အခ်ိန္ပို တက္ေစတာ၊ လိုအပ္တဲ့ အမ်ိဳးမ်ိဳးေသာ စာအုပ္ေတြကို ဝယ္ခဲ့ပါတယ္။ သမီးကလည္း လိမၼာၿပီး ကြၽန္မတို႔စကားကို နားေထာင္ခဲ့ပါတယ္။
ကာတြန္းစာအုပ္လည္း မဖတ္ေတာ့ပါဘူး။ စကၠဴေတြနဲ႔ ပန္းေတြ မညႇပ္ေတာ့ပါဘူး။ ေန႔လယ္ေန႔ခင္း တေရးတေမာလည္း မအိပ္ေတာ့ပါဘူး။ သမီးဟာ အေမာပန္းလြန္တဲ့ ငွက္ကေလးတစ္ေကာင္လို ဒီသင္တန္းကေန ဟိုသင္တန္း၊ ဒီစာအုပ္ကေန ဟိုစာအုပ္ မနားမေန လုပ္ခဲ့ပါတယ္။
ဒါေပမဲ့ ကေလးတစ္ေယာက္ရဲ႕ကိုယ္ခံအားက ဒါေတြကို မခံႏိုင္ေတာ့… သမီးေလး အျပင္းဖ်ားခဲ့ပါတယ္။ ေဆးေတြသြင္း ကုတင္ေပၚလဲေနရသည့္တိုင္ ေတာင့္ခံၿပီး ေက်ာင္းစာေတြကို သူလုပ္ခဲ့လို႔ေနာက္ဆုံးမွာ အဆုတ္ေရာင္ေရာဂါပါ အဆစ္ ရလိုက္တယ္။
ေရာဂါေပ်ာက္ေတာ့… သမီးရဲ႕ ဝဝလုံးလုံး မ်က္ႏွာက တဝက္ေလာက္ ပိန္က်သြားခဲ့တယ္။ စာေမးပြဲေျဖေတာ့လည္း သမီးရဲ႕အဆင့္က(၂၃)က မတက္ခဲ့ေတာ့ ကြၽန္မတို႔မွာ ရယ္ရမလို ငိုရမလို ျဖစ္ခဲ့ၾကတယ္။ သမီးအတြက္ အာဟာရေတြတိုး၊ အားေပးမႈေတြတိုးၿပီး
ကြၽန္မတို႔ ႀကိဳးစားစမ္းသပ္ခဲ့ပါတယ္။ ဒါေပမဲ့ သမီးရဲ႕မ်က္ႏွာက ပိုၿပီး ျဖဴဖပ္ေလ်ာ့ရဲလာခဲ့တဲ့ အျပင္ စာေမးပြဲဆိုတဲ့ အသံၾကားတာနဲ႔ အစာ စားမဝင္၊ အိပ္မေပ်ာ္ေတာ့ဘဲ ေခြၽးစီးပါ ျပန္လာတတ္ပါတယ္။ အဲဒီေနာက္ေတာ့… အတန္းထဲက အဆင့္(၃၃) အျဖစ္နဲ႔ ကြၽန္မတို႔ကို ဆြံအသြားေစခဲ့ပါတယ္။
ေနာက္ဆုံးမွာ ကြၽန္မနဲ႔ ကြၽန္မအမ်ိဳးသားက တက္တက္ႂကြႂကြလုပ္ခဲ့တဲ့ ပ်ိဳးပင္သန္မာႀကီးထြားေရးလႈပ္ရွားမႈကို အသံတိတ္ ရပ္နားလိုက္ေတာ့တယ္။ သမီးေလးကို ပုံမွန္ျပန္ျဖစ္လာေအာင္ ကာတြန္းဆြဲတဲ့ အခြင့္အေရး ျပန္ေပးလိုက္တယ္။
“ကေလး႐ုပ္စုံစာေစာင္”ေတြ ဖတ္ခြင့္ေပးလိုက္တယ္။ အိမ္ တစ္အိမ္လုံး ရက္အတန္ၾကာ တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ပါတယ္။
သမီးေလးရဲ႕အျဖစ္ကိုၾကည့္ၿပီး ကြၽန္မတို႔ ရင္နာသနားမိေပမယ့္…
သူ႔အမွတ္၊ သူ႔အဆင့္အတြက္ ကြၽန္မတို႔သက္ျပင္းခ်ခဲ့ရပါတယ္။ ႐ုံးပိတ္ရက္မွာ အေဖာ္တစ္သိုက္နဲ႔ ကြၽန္မတို႔ ေပ်ာ္ပြဲစားထြက္ခဲ့ၾကတယ္။ လူတိုင္းက ကိုယ္အပိုင္ဆုံး အစားအေသာက္ေတြ လုပ္ၿပီး သားသမီး၊ လင္ေယာက္်ားေတြပါေခၚခဲ့ၾကတယ္။
တစ္လမ္းလုံး ေပ်ာ္ေပ်ာ္ပါးပါး၊ သူ႔သားမီးက သီခ်င္းဆို၊ ကိုယ့္သားသမီးက ကနဲ႔ ေပ်ာ္ခဲ့ၾကတယ္။ ကြၽန္မရဲ႕သမီးကေတာ့ မိဘေတြကိုမ်က္ႏွာ မပြင့္ေစခဲ့ပါဘူး။ တျခားကေလးေတြ ကတာ ဆိုတာကိုပဲ ေဘးကေန လက္ခုပ္တီးအားေပးေနခဲ့ၿပီး မၾကာခဏဆိုသလို
အစားအစာထားရာကို ေျပးသြားၿပီး ေစာင္းသြားတဲ့ ပန္းကန္ေတြကို လိုက္စီလိုက္၊ အခ်ိဳရည္ဖုံးေတြ လိုက္ဖုံးလိုက္၊ ဟင္းရည္ေပေနတဲ့ စားပြဲခုံကို သုတ္လိုက္ဆိုသလို… သူ႔ဟာနဲ႔သူ အိမ္ရွင္မေလးတစ္ေယာက္လို အလုပ္မ်ားေနခဲ့ပါတယ္။
ေပ်ာ္ပြဲစားေနတုန္း မေတာ္တဆမႈ တစ္ခု ျဖစ္သြားခဲ့ပါတယ္။ ကေလးႏွစ္ေယာက္ပါ … တစ္ေယာက္က သခ်ၤာစူပါ၊ ေနာက္တစ္ေယာက္က အဂၤလိပ္စာစူပါ..။ ဒီကေလးႏွစ္ေယာက္က ပန္းကန္ထဲက မုန႔္တစ္ခ်ပ္ကို လုယူရင္း သူလည္း လက္မလြတ္ႏိုင္၊
ကိုယ္လည္း လက္မလြတ္ခ်င္ ျဖစ္ေနခဲ့ၾကတယ္။ လူႀကီးေတြက တျခားမုန႔္ေတြနဲ႔ေခ်ာ့လည္း ကေလးႏွစ္ေယာက္က ေခါင္းမာေနခဲ့တယ္။ ေနာက္ဆုံးမွာ သမီးေလးကပဲ ေခါင္းပန္းလွန္ၿပီး တင္းမာတဲ့လုယက္ပြဲကို ေပါ့ေပါ့ပါးပါး အဆုံးသတ္ေပးခဲ့ပါတယ္။
အိမ္အျပန္လမ္းမွာ ကားလမ္း ပိတ္က်ပ္ေနခဲ့လို႔ ကေလးတခ်ိဳ႕ မေနႏိုင္၊ မထိုင္ႏိုင္ခဲ့ေတာ့ပါဘူး။ အဲဒီကေလးေတြကို သမီးက ရယ္စရာဟာသေတြ တစ္ခုၿပီးတစ္ခု ေျပာျပၿပီး ထိန္းခဲ့ပါတယ္။ အဲဒီအျပင္ အစားအစာ ထုပ္တဲ့ ေရာင္စုံစကၠဴေတြကို အသုံးျပဳၿပီး
တိရစာၦန္ပုံေလးေတြ သမီးညႇပ္ေပးေတာ့… ကေလးတစ္သိုက္ ေပ်ာ္႐ႊင္ဝမ္းသာခဲ့ၾကတယ္။ အိမ္ျပန္ေရာက္ ကားေပၚဆင္းၾကေတာ့ ကေလးတိုင္းရဲ႕လက္ထဲမွာ အ႐ုပ္ေလးေတြ ကိုယ္စီကိုင္လို႔…. သမီးကိုေက်းဇူးတင္ေၾကာင္း အထပ္ထပ္ေျပာတဲ့ စကားကိုၾကားေတာ့…
သူ႔ေဖေဖ ကြၽန္မအမ်ိဳးသားက ဂုဏ္ယူဝင့္ႂကြားဟန္နဲ႔ ၿပဳံးမိခဲ့ပါတယ္။ စာေမးပြဲေတြေျဖၿပီးေနာက္ သမီးအတန္းပိုင္ဆီက ကြၽန္မတို႔ဖုန္းရခဲ့တယ္။ ပထမဆုံးသိရတာက… သမီးေလးရဲ႕အဆင့္ဟာ အလယ္အလတ္မွာပါပဲ။
ဒါေပမဲ့ ထူးဆန္းတဲ့အရာတစ္ခု သူေျပာျပခ်င္တယ္လို႔ အတန္းပိုင္ဆရာမက ေျပာပါတယ္။ ဒါဟာ သူ႔စာသင္သက္ အႏွစ္(၃ဝ)အတြင္းမွာ ပထမဆုံးႀကဳံရတဲ့ အထူးအဆန္းပါတဲ့။ အဲဒါကေတာ့… စာေမးပြဲေျဖတဲ့ ဘာသာရပ္တစ္ခုမွာ အပိုေမးခြန္းတစ္ခု
သူ ထည့္ေမးခဲ့တယ္။ အဲဒီေမးခြန္းက… ဒီအတန္းထဲမွာ ဘယ္သူကို အႏွစ္သက္ဆုံးလဲ? ဘာေၾကာင့္လဲ?” ဆိုတာပဲျဖစ္တယ္။ သမီးကလြဲလို႔ တစ္တန္းလုံးက အဲဒီေမးခြန္းမွာ သမီးရဲ႕နာမည္ကို ေရးခဲ့ၾကတယ္လို႔ အတန္းပိုင္ကေျပာပါတယ္။
သမီးနာမည္ေရးရတဲ့ အေၾကာင္းရင္းတခ်ိဳ႕က ကူညီတတ္လို႔၊ ယုံၾကည္စိတ္ခ်ရလို႔၊ စိတ္မဆိုးတတ္လို႔၊ ေပါင္းသင္းရတာလြယ္လို႔ စတာေတြျဖစ္တယ္။ အမ်ားဆုံးေရးၾကတဲ့ အေၾကာင္းရင္းက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ရယ္စရာေတြ ေျပာတတ္လို႔ျဖစ္တယ္။
ေက်ာင္းသားအမ်ားက သူ႔ကိုအတန္းေခါင္းေဆာင္ တင္ေျမႇာက္ဖို႔ ေတာင္းဆိုေၾကာင္း အတန္းပိုင္ဆရာမက ေျပာပါတယ္။ ရွင္တို႔ရဲ႕သမီးေလးက ေက်ာင္းစာမွာ သာမန္ အဆင့္ပဲဆိုေပမယ့္… ေပါင္းသင္းဆက္ဆံေရးမွာေတာ့ ထက္ျမက္ထူးခြၽန္လွပါတယ္” လို႔ ဆရာမက ေျပာပါတယ္။
ကြၽန္မက သမီးေလးကို “သမီးေလး…အတန္းထဲမွာ သူရဲေကာင္းျဖစ္ေတာ့မယ္”လို႔ စေနာက္ေတာ့… ဆြယ္တာထိုးေနတဲ့သမီးေလးက ေခါင္းငဲ့စဥ္းစားၿပီး စိတ္ပါပါနဲ႔ေျပာပါတယ္။ ဆရာမက ေျပာဖူးတယ္…. သူရဲေကာင္းေတြ လမ္းျဖတ္ေလွ်ာက္သြားတဲ့အခါ
ေဘးကေန လက္ခုပ္တီးေပးတဲ့လူ ရွိရမယ္တဲ့…. ေမေမ သမီး သူရဲေကာင္းမျဖစ္ခ်င္ဘူး။ ေဘးကေနၿပီး လက္ခုပ္တီးေပးတဲ့လူပဲ ျဖစ္ခ်င္တယ္” လို႔ ညင္ညင္သာသာနဲ႔ ေျပာေတာ့ သမီးရဲ႕စကားကိုၾကားေတာ့ ကြၽန္မတစ္ခ်က္ တုန္လႈပ္သြားၿပီး သမီးကို အကဲခတ္ၾကည့္လိုက္တယ္။
သမီးက ၿငိမ္ၿငိမ္သက္သက္နဲ႔ ပန္းႏုေရာင္ သိုးေမႊးခ်ည္ကို အပ္ႏွစ္ေခ်ာင္းလဲ ကြၽမ္းက်င္စြာ ထိုးေနခဲ့တယ္။ အခ်ိန္တစ္စကၠန႔္ တစ္စကၠန႔္တိုင္းလို သိုးေမႊးခ်ည္ေတြဟာ သူ႔ရဲ႕လက္ထဲကေနတဆင့္ ပန္းကေလးေတြ တစ္ပြင့္ၿပီး တစ္ပြင့္ ဖူးပြင့္လာခဲ့တယ္။
သူရဲေကာင္းမျဖစ္ခ်င္တဲ့ သမီးေလးကိုၾကည့္ၿပီး ကြၽန္မစိတ္ထဲမွာ အသိတရားတစ္ခု ရလိုက္မိတယ္။ ေလာကမွာ ငယ္႐ြယ္စဥ္ သူရဲေကာင္းျဖစ္ခ်င္ခဲ့ၾကသူေတြ ႀကီးျပင္းလာေတာ့ သာမန္လူအျဖစ္နဲ႔ပဲ ေက်နပ္ခဲ့ၾကရတာ ဘယ္ေလာက္မ်ားၿပီလဲ!
တကယ္လို႔ က်န္းက်န္းမာမာ၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္၊ ကိုယ့္ဆႏၵကို ကိုယ္မဆန႔္က်င္ခဲ့ရင္ ကြၽန္မတို႔ရဲ႕ကေလးလည္း သာမန္လူအျဖစ္နဲ႔ ေပ်ာ္႐ႊင္ရွင္သန္ႏိုင္ပါတယ္။ ႀကီးျပင္းလာရင္ အိမ္ေထာင္မူႏိုင္တဲ့ အိမ္ရွင္မ၊ ေႏြးေထြးႏူးညံ့တဲ့ မိခင္၊ အဲဒီအျပင္…
ကူညီတတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ဦး၊ အိမ္နီးခ်င္းေကာင္းတစ္ဦး သူျဖစ္ႏိုင္ပါတယ္။ ရွည္လ်ားလွတဲ့ ႏွစ္လရာသီေတြထဲမွာ သမီးေလးက သူလိုခ်င္တဲ့ဘဝအတိုင္း သူၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ေသးရင္ မိဘျဖစ္တဲ့ ကြၽန္မတို႔က သူ႔အနာဂတ္ ဒီ့ထက္ ပိုေကာင္းဖို႔ဆိုၿပီး ဘာေတြမ်ား ဆုေတာင္းေနခ်င္ဦးမလဲ?
မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
သားသမီးကို အရမ်းတော်စေချင်တဲ့မိဘတွေ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ…
သမီးကိုသူငယ်ချင်းတွေက အဆင့်၂၃ လို့ ခေါ်ကြတယ်။ သမီးတို့အခန်းမှာ အတန်းသားပေါင်း (၅ဝ)ရှိတယ်။ စာမေးပွဲဖြေတိုင်း အဆင့်၂၃မှာ သမီးအမြဲတမ်း ရှိနေခဲ့တယ်။ ကြာလာတာနဲ့အမျှ အဆင့်၂၃ ဆိုတဲ့ အခေါ်ဟာ သမီးရဲ့နာမည်ပြောင်တစ်ခု ဖြစ်လာခဲ့သလို
သမီးကလည်း အလယ်အလတ်ကျောင်းသူ အဆင့်မှာပဲ ရှိနေခဲ့တယ်။ ဒီအခေါ်က ကျွန်မတို့နားထဲ အဝင်ရ ခက်ပေမယ့်… သမီးကတော့ ကျေကျေနပ်နပ် လက်ခံပါတယ်။ ကုမ္ပဏီက ပျော်ပွဲ ရွှင်ပွဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းဟောင်းတွေနဲ့ မိတ်ဆုံစားပွဲမှာပဲဖြစ်ဖြစ်
တခြားမိသားစုတွေက သူတို့ရဲ့ “စူပါ့” သားသမီးတွေအကြောင်း ဂုဏ်ယူဝင့်ကြွားပြောတဲ့အခါ သူကတော့ နှုတ်ဆိတ်နေရကြောင်း ကျွန်မအမျိုးသားက မကြာခဏ ညည်းပါတယ်။ တခြားလူရဲ့သားသမီးတွေက ကျောင်းစာမှာ ထူးချွန်ကြသလို…
တခြားအရာတွေမှာလည်း ထက်မြက်ကြတယ်။ ကျွန်မတို့အိမ်က “အဆင့်၂၃ သမီးလေး” မှာတော့ ဂုဏ်ယူဝင့်ကြွားဖို့ ဘာမှ မရှိခဲ့ပါဘူး။ ပျော်ပွဲရွှင်ပွဲတွေမှာ အတတ်ပညာ အမျိုးမျိုးနဲ့ ဖော်ထုတ်ပြတတ်ကြတဲ့ ကလေးတွေကို သူအ ားကျကြောင်း ကျွန်မအမျိုးသားက ပြောပါတယ်။
သတင်းမှာ (၉)နှစ် အရွယ်ကလေး တက္ကသိုလ်ကျောင်း တက်ကြောင်းကို ကြေညာတော့… သူကြေကွဲစွာနဲ့ သမီးက ဘာဖြစ်လို့ သူတို့လို ထူးခြားတဲ့ကလေး မဟုတ်ရတာလဲ?” လို့မေးတော့… သမီးက “ဖေဖေက ထူးခြားတဲ့ဖေဖေ မဟုတ်လို့ပေါ့” လို့ ပြန်ဖြေတယ်။
သားအဖနှစ်ယောက်ရဲ့ စကားကိုကြားတော့ ကျွန်မ ရယ်မိတယ်။ အထိမ်းအမှတ်နေ့ တစ်နေ့မှာ ဆွေမျိုးအပေါင်းဖော်တွေ စုပြီး ကျွန်မတို့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခဲ့တယ်။ စကားစမြည်းတွေပြောကြရင်းက သူ့ သားသမီး၊ ကိုယ့် သားသမီးအကြောင်း နားရောက်ကုန်တော့
ကလေးတွေကိုခေါ်ပြီး သူတို့ ရည်မှန်းချက်အကြောင်း ပြောခိုင်းကြတယ်။ ကလေးတွေက စန္ဒယားပညာရှင်၊ ရုပ်ရှင်မင်းသား၊ နိုင်ငံရေးခေါင်းဆောင် စတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို ပြောပြကြတယ်။ (၄)နှစ်ခွဲအရွယ် သမီးလေး တစ်ယောက်ကတောင် ကြီးလာရင်
တီဗီအစီအစဉ် တင်ဆက်သူ လုပ်မယ်ဆိုလို့ လူတွေက လက်ခုပ်တီးခဲ့ကြတယ်။ ကျွန်မရဲ့ (၁၂)နှစ်သမီးလေးကတော့ သူ့ဘေးက မောင်ငယ်၊ ညီမငယ်တွေကို ပုဇွန်ခွာပေးလိုက်၊ ထမင်းဟင်းခွံပေးလိုက်နဲ့ သူ့ရည်မှန်းချက်ကို ပြောဖို့တောင် မအားလပ်ခဲ့ပါဘူး။
ကိုယ့် ရည်မှန်းချက်ကို မဖြေသူထဲမှာ သမီးတစ်ယောက်ပဲ ကျန်တာကို အားလုံးသတိထားမိတော့… သူ့ကို အတင်းအကျပ် မေးကြတယ်။ တလေးတစားနဲ့ သူ ပြန်ဖြေခဲ့ပါတယ်။ ကြီးလာရင် သမီးဖြစ်ချင်တဲ့ ပထမရည်ရွယ်ချက်က… မူကြိုကျောင်းမှာ ဆရာမ လုပ်ဖို့ပါ။
ကလေးတွေနဲ့ ဆိုမယ်၊ ကမယ်၊ ကစားမယ်” လူကြီးတွေက သူ့ရည်ရွယ်ချက်ကို အားတုံ့အားနာ လက်ခံကြပြီး… ဒုတိယရည်ရွယ်ချက်ကို အလျင်စလို မေးကြပြန်တယ်။
သမီးရဲ့ ဒုတိယရည်ရွယ်ချက်က…
” မီးဖိုချောင်ခါးစည်းလေး ပတ်ပြီး မီးဖိုထဲဝင်ချက်ပြုတ်တဲ့ အိမ်ရှင်မ ဖြစ်ချင်ပါတယ်။ ကိုယ့်သားသမီးတွေကို ပုံပြင်ပြောပြမယ်။ သူတို့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီးဝရံတာမှာ ကြယ်လေးတွေကို ငေးမောမယ်”
သမီးရဲ့ စကားကိုကြားတော့ ဆွေမျိုးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိ ဖြစ်ကုန်ကြတယ်။ သူ့ဖေဖေ ကျွန်မအမျိုးသားကတော့… နေရထိုင်ရ ခက်နေတာပေါ့။
အိမ်ပြန်ရောက်တော့… သမီးကို မူကြိုကျောင်းဆရာမနဲ့ပဲ ငါတို့ကျေနပ်ရတော့မလား? အလယ်အလတ် ကျောင်းသူအဆင့်နဲ့ပဲ ငါတို့ ဒီအတိုင်းကြည့်နေရတော့မလား” လို့ အမျိုးသားက သက်ပြင်းတချချနဲ့ ညည်းပါတယ်။
တကယ်တော့… ကျွန်မတို့လည်း အကြံဉာဏ် အမျိုးမျိုးသုံးပြီး သမီးအဆင့်တက်အောင် လုပ်ခဲ့ပါတယ်။ အိမ်မှာ ဆရာမခေါ်သင်တာ၊ အချိန်ပို တက်စေတာ၊ လိုအပ်တဲ့ အမျိုးမျိုးသော စာအုပ်တွေကို ဝယ်ခဲ့ပါတယ်။ သမီးကလည်း လိမ္မာပြီး ကျွန်မတို့စကားကို နားထောင်ခဲ့ပါတယ်။
ကာတွန်းစာအုပ်လည်း မဖတ်တော့ပါဘူး။ စက္ကူတွေနဲ့ ပန်းတွေ မညှပ်တော့ပါဘူး။ နေ့လယ်နေ့ခင်း တရေးတမောလည်း မအိပ်တော့ပါဘူး။ သမီးဟာ အမောပန်းလွန်တဲ့ ငှက်ကလေးတစ်ကောင်လို ဒီသင်တန်းကနေ ဟိုသင်တန်း၊ ဒီစာအုပ်ကနေ ဟိုစာအုပ် မနားမနေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ကိုယ်ခံအားက ဒါတွေကို မခံနိုင်တော့… သမီးလေး အပြင်းဖျားခဲ့ပါတယ်။ ဆေးတွေသွင်း ကုတင်ပေါ်လဲနေရသည့်တိုင် တောင့်ခံပြီး ကျောင်းစာတွေကို သူလုပ်ခဲ့လို့နောက်ဆုံးမှာ အဆုတ်ရောင်ရောဂါပါ အဆစ် ရလိုက်တယ်။
ရောဂါပျောက်တော့… သမီးရဲ့ ဝဝလုံးလုံး မျက်နှာက တဝက်လောက် ပိန်ကျသွားခဲ့တယ်။ စာမေးပွဲဖြေတော့လည်း သမီးရဲ့အဆင့်က(၂၃)က မတက်ခဲ့တော့ ကျွန်မတို့မှာ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့ကြတယ်။ သမီးအတွက် အာဟာရတွေတိုး၊ အားပေးမှုတွေတိုးပြီး
ကျွန်မတို့ ကြိုးစားစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးရဲ့မျက်နှာက ပိုပြီး ဖြူဖပ်လျော့ရဲလာခဲ့တဲ့ အပြင် စာမေးပွဲဆိုတဲ့ အသံကြားတာနဲ့ အစာ စားမဝင်၊ အိပ်မပျော်တော့ဘဲ ချွေးစီးပါ ပြန်လာတတ်ပါတယ်။ အဲဒီနောက်တော့… အတန်းထဲက အဆင့်(၃၃) အဖြစ်နဲ့ ကျွန်မတို့ကို ဆွံအသွားစေခဲ့ပါတယ်။
နောက်ဆုံးမှာ ကျွန်မနဲ့ ကျွန်မအမျိုးသားက တက်တက်ကြွကြွလုပ်ခဲ့တဲ့ ပျိုးပင်သန်မာကြီးထွားရေးလှုပ်ရှားမှုကို အသံတိတ် ရပ်နားလိုက်တော့တယ်။ သမီးလေးကို ပုံမှန်ပြန်ဖြစ်လာအောင် ကာတွန်းဆွဲတဲ့ အခွင့်အရေး ပြန်ပေးလိုက်တယ်။
“ကလေးရုပ်စုံစာစောင်”တွေ ဖတ်ခွင့်ပေးလိုက်တယ်။ အိမ် တစ်အိမ်လုံး ရက်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။
သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး ကျွန်မတို့ ရင်နာသနားမိပေမယ့်…
သူ့အမှတ်၊ သူ့အဆင့်အတွက် ကျွန်မတို့သက်ပြင်းချခဲ့ရပါတယ်။ ရုံးပိတ်ရက်မှာ အဖော်တစ်သိုက်နဲ့ ကျွန်မတို့ ပျော်ပွဲစားထွက်ခဲ့ကြတယ်။ လူတိုင်းက ကိုယ်အပိုင်ဆုံး အစားအသောက်တွေ လုပ်ပြီး သားသမီး၊ လင်ယောက်ျားတွေပါခေါ်ခဲ့ကြတယ်။
တစ်လမ်းလုံး ပျော်ပျော်ပါးပါး၊ သူ့သားမီးက သီချင်းဆို၊ ကိုယ့်သားသမီးက ကနဲ့ ပျော်ခဲ့ကြတယ်။ ကျွန်မရဲ့သမီးကတော့ မိဘတွေကိုမျက်နှာ မပွင့်စေခဲ့ပါဘူး။ တခြားကလေးတွေ ကတာ ဆိုတာကိုပဲ ဘေးကနေ လက်ခုပ်တီးအားပေးနေခဲ့ပြီး မကြာခဏဆိုသလို
အစားအစာထားရာကို ပြေးသွားပြီး စောင်းသွားတဲ့ ပန်းကန်တွေကို လိုက်စီလိုက်၊ အချိုရည်ဖုံးတွေ လိုက်ဖုံးလိုက်၊ ဟင်းရည်ပေနေတဲ့ စားပွဲခုံကို သုတ်လိုက်ဆိုသလို… သူ့ဟာနဲ့သူ အိမ်ရှင်မလေးတစ်ယောက်လို အလုပ်များနေခဲ့ပါတယ်။
ပျော်ပွဲစားနေတုန်း မတော်တဆမှု တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်ပါ … တစ်ယောက်က သင်္ချာစူပါ၊ နောက်တစ်ယောက်က အင်္ဂလိပ်စာစူပါ..။ ဒီကလေးနှစ်ယောက်က ပန်းကန်ထဲက မုန့်တစ်ချပ်ကို လုယူရင်း သူလည်း လက်မလွတ်နိုင်၊
ကိုယ်လည်း လက်မလွတ်ချင် ဖြစ်နေခဲ့ကြတယ်။ လူကြီးတွေက တခြားမုန့်တွေနဲ့ချော့လည်း ကလေးနှစ်ယောက်က ခေါင်းမာနေခဲ့တယ်။ နောက်ဆုံးမှာ သမီးလေးကပဲ ခေါင်းပန်းလှန်ပြီး တင်းမာတဲ့လုယက်ပွဲကို ပေါ့ပေါ့ပါးပါး အဆုံးသတ်ပေးခဲ့ပါတယ်။
အိမ်အပြန်လမ်းမှာ ကားလမ်း ပိတ်ကျပ်နေခဲ့လို့ ကလေးတချို့ မနေနိုင်၊ မထိုင်နိုင်ခဲ့တော့ပါဘူး။ အဲဒီကလေးတွေကို သမီးက ရယ်စရာဟာသတွေ တစ်ခုပြီးတစ်ခု ပြောပြပြီး ထိန်းခဲ့ပါတယ်။ အဲဒီအပြင် အစားအစာ ထုပ်တဲ့ ရောင်စုံစက္ကူတွေကို အသုံးပြုပြီး
တိရစ္ဆာန်ပုံလေးတွေ သမီးညှပ်ပေးတော့… ကလေးတစ်သိုက် ပျော်ရွှင်ဝမ်းသာခဲ့ကြတယ်။ အိမ်ပြန်ရောက် ကားပေါ်ဆင်းကြတော့ ကလေးတိုင်းရဲ့လက်ထဲမှာ အရုပ်လေးတွေ ကိုယ်စီကိုင်လို့…. သမီးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတဲ့ စကားကိုကြားတော့…
သူ့ဖေဖေ ကျွန်မအမျိုးသားက ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးမိခဲ့ပါတယ်။ စာမေးပွဲတွေဖြေပြီးနောက် သမီးအတန်းပိုင်ဆီက ကျွန်မတို့ဖုန်းရခဲ့တယ်။ ပထမဆုံးသိရတာက… သမီးလေးရဲ့အဆင့်ဟာ အလယ်အလတ်မှာပါပဲ။
ဒါပေမဲ့ ထူးဆန်းတဲ့အရာတစ်ခု သူပြောပြချင်တယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ဒါဟာ သူ့စာသင်သက် အနှစ်(၃ဝ)အတွင်းမှာ ပထမဆုံးကြုံရတဲ့ အထူးအဆန်းပါတဲ့။ အဲဒါကတော့… စာမေးပွဲဖြေတဲ့ ဘာသာရပ်တစ်ခုမှာ အပိုမေးခွန်းတစ်ခု
သူ ထည့်မေးခဲ့တယ်။ အဲဒီမေးခွန်းက… ဒီအတန်းထဲမှာ ဘယ်သူကို အနှစ်သက်ဆုံးလဲ? ဘာကြောင့်လဲ?” ဆိုတာပဲဖြစ်တယ်။ သမီးကလွဲလို့ တစ်တန်းလုံးက အဲဒီမေးခွန်းမှာ သမီးရဲ့နာမည်ကို ရေးခဲ့ကြတယ်လို့ အတန်းပိုင်ကပြောပါတယ်။
သမီးနာမည်ရေးရတဲ့ အကြောင်းရင်းတချို့က ကူညီတတ်လို့၊ ယုံကြည်စိတ်ချရလို့၊ စိတ်မဆိုးတတ်လို့၊ ပေါင်းသင်းရတာလွယ်လို့ စတာတွေဖြစ်တယ်။ အများဆုံးရေးကြတဲ့ အကြောင်းရင်းက ပျော်ပျော်နေတတ်ပြီး ရယ်စရာတွေ ပြောတတ်လို့ဖြစ်တယ်။
ကျောင်းသားအများက သူ့ကိုအတန်းခေါင်းဆောင် တင်မြှောက်ဖို့ တောင်းဆိုကြောင်း အတန်းပိုင်ဆရာမက ပြောပါတယ်။ ရှင်တို့ရဲ့သမီးလေးက ကျောင်းစာမှာ သာမန် အဆင့်ပဲဆိုပေမယ့်… ပေါင်းသင်းဆက်ဆံရေးမှာတော့ ထက်မြက်ထူးချွန်လှပါတယ်” လို့ ဆရာမက ပြောပါတယ်။
ကျွန်မက သမီးလေးကို “သမီးလေး…အတန်းထဲမှာ သူရဲကောင်းဖြစ်တော့မယ်”လို့ စနောက်တော့… ဆွယ်တာထိုးနေတဲ့သမီးလေးက ခေါင်းငဲ့စဉ်းစားပြီး စိတ်ပါပါနဲ့ပြောပါတယ်။ ဆရာမက ပြောဖူးတယ်…. သူရဲကောင်းတွေ လမ်းဖြတ်လျှောက်သွားတဲ့အခါ
ဘေးကနေ လက်ခုပ်တီးပေးတဲ့လူ ရှိရမယ်တဲ့…. မေမေ သမီး သူရဲကောင်းမဖြစ်ချင်ဘူး။ ဘေးကနေပြီး လက်ခုပ်တီးပေးတဲ့လူပဲ ဖြစ်ချင်တယ်” လို့ ညင်ညင်သာသာနဲ့ ပြောတော့ သမီးရဲ့စကားကိုကြားတော့ ကျွန်မတစ်ချက် တုန်လှုပ်သွားပြီး သမီးကို အကဲခတ်ကြည့်လိုက်တယ်။
သမီးက ငြိမ်ငြိမ်သက်သက်နဲ့ ပန်းနုရောင် သိုးမွှေးချည်ကို အပ်နှစ်ချောင်းလဲ ကျွမ်းကျင်စွာ ထိုးနေခဲ့တယ်။ အချိန်တစ်စက္ကန့် တစ်စက္ကန့်တိုင်းလို သိုးမွှေးချည်တွေဟာ သူ့ရဲ့လက်ထဲကနေတဆင့် ပန်းကလေးတွေ တစ်ပွင့်ပြီး တစ်ပွင့် ဖူးပွင့်လာခဲ့တယ်။
သူရဲကောင်းမဖြစ်ချင်တဲ့ သမီးလေးကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အသိတရားတစ်ခု ရလိုက်မိတယ်။ လောကမှာ ငယ်ရွယ်စဉ် သူရဲကောင်းဖြစ်ချင်ခဲ့ကြသူတွေ ကြီးပြင်းလာတော့ သာမန်လူအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဘယ်လောက်များပြီလဲ!
တကယ်လို့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊ ကိုယ့်ဆန္ဒကို ကိုယ်မဆန့်ကျင်ခဲ့ရင် ကျွန်မတို့ရဲ့ကလေးလည်း သာမန်လူအဖြစ်နဲ့ ပျော်ရွှင်ရှင်သန်နိုင်ပါတယ်။ ကြီးပြင်းလာရင် အိမ်ထောင်မူနိုင်တဲ့ အိမ်ရှင်မ၊ နွေးထွေးနူးညံ့တဲ့ မိခင်၊ အဲဒီအပြင်…
ကူညီတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ အိမ်နီးချင်းကောင်းတစ်ဦး သူဖြစ်နိုင်ပါတယ်။ ရှည်လျားလှတဲ့ နှစ်လရာသီတွေထဲမှာ သမီးလေးက သူလိုချင်တဲ့ဘဝအတိုင်း သူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သေးရင် မိဘဖြစ်တဲ့ ကျွန်မတို့က သူ့အနာဂတ် ဒီ့ထက် ပိုကောင်းဖို့ဆိုပြီး ဘာတွေများ ဆုတောင်းနေချင်ဦးမလဲ?
မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply