
ခေါင်းပြတ်သွားပေမဲ့ တစ်နှစ်ခွဲကြာသည်အထိ မေ သသည့် ကြက်



















Unicode

ခေါင်းပြတ်သွားပေမဲ့ တစ်နှစ်ခွဲကြာသည်အထိ မသေသည့် ကြက်

အမေရိကန် ကော်လိုရာဒိုပြည်နယ် Fruita တွင် လယ်သမား တစ်ယောက်သည် သူ၏ ယောက္ခမ ကြက်သားဟင်းဖြင့် ထမင်းစားစေရန် သူ၏ မိန်းမကို လယ်ထဲမှ ကြက်တစ်ကောင်ကို ဖမ်းခိုင်းလိုက်ပါတယ်။

သူ့မိန်းမကလည်း ၅ လခွဲခန့် ရှိတဲ့ Wyandotte အမျိုးအစား ကြက်ကို ဖမ်းလာပါတယ်။ ဒါနဲ့ လယ်သမားသည် ကြက်ကို စဉ့်နီတုံးပေါ် တင်ပြီး ကြက်လည်ပင်းကို ဖြတ်ချ လိုက်ပါတယ်။

လူတစ်ယောက်က ထမင်းစားဖို့ သတ္တဝါ တစ်ကောင်ကို သ.တ် တာဟာ လုပ်ရိုး လုပ်စဉ်တွေပါပဲ။ သိပ်တော့ မထူးဆန်းပါဘူး ။ သို့သော် ကြက်က ရုန်းလိုက်သောကြောင့် လည်ပင်း မပြတ်ဘဲ ခေါင်းပြတ်သွားပါတယ်။

ခေါင်း ပြတ်ပြီး သွေးတွေထွက်နေတဲ့ ကြက်က မ ေ သ ပါဘူး။ ပုံမှန်အတိုင်း လျှောက်သွားနေပါတယ်။ လယ်သမား Olsen လည်း ကြက်ကို ကြည့်ပြီး စိတ်ထိခိုက်သွားပါတယ်။

သူ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒီကြက် ကို မ ေ သခင် အထိ ကျွေးမွေးစောင့်ရှောက်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းက ဟိုးလေးတကျော်ကျော် ဖြစ်ပြီး တစ်နိုင်ငံလုံးနီးပါး သိသွားပါတယ်။

ဒါ… ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကြက်ကို မကောင်းဆိုးဝါး ဝင်ပူးနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောလဟာလ သတင်းကလည်း ကပ်ပါလာပါတယ်။

1945 ခုနှစ်မှာ cult ဘာသာဝင်တွေက ကြက်သွေးဖြင့် Voodoo အောက်လမ်းတွေ စီရင်ကြတဲ့ ခေတ်ဆိုတော့လည်း ဒီကောလဟာလ တော်တော်လေး နာမည်ကြီးပါတယ်။

ဘာဘဲဖြစ်ဖြစ် လယ်သမားက ခေါင်းမပါတဲ့ ကြက်ကို အသက်ရှင်အောင် အစာ လမ်းကြောင်းထဲကို အာဟာရ ဖြစ်စေမဲ့ ပဲစေ့လေးတွေ၊ စပါးစေ့လေးတွေကို ကြိတ်ချေပြီး နွားနို့နဲ့ ရော တိုက်ခဲ့ပါတယ်။

အမြဲတမ်း အရိပ် တကြည့်ကြည့်နဲ့ အိမ်ထဲမှာ နေဒါဏ် လေဒါဏ် မခံရအောင် အိမ်ထဲမှာပဲ ထားပါတယ်။ သူ၏ ဂရုစိုက်မှုကြောင့် ကြက်က မ ေ သ ပါဘူး။ ဘာမှလည်း မမြင်ရဘဲနဲ့ ကြက်က ပုံမှန်အတိုင်း လျောက်သွားနေပါတယ်။

ခေါင်းမပါဘဲ အသက်ရှင်ပြီး ကောလဟာလ ပေါင်းစုံဖြင့် နာမည်ကြီးတဲ့ ကြက်… နာမည်က Mike (မိုက်) ဖြစ်ပါတယ်။ မိုက်ကို ကလေးရော လူကြီးရော ကြည့်ကြည့်ပြီး အံဩကြပါတယ်။ ကြက် အချင်းချင်း ကြည့်ပြီးတော့တောင် အံဩပါတယ်။

လာကြည့်တဲ့လူတွေ များလာတာနှင့် အမျှ ကြက်ကို ပင်ပန်းပြီး အနေကျပ်မှာ စိုးလို့ လာမကြည့်အောင် တစ်ခါကြည့် ၂၅ ပြား ( 25 cent) သတ်မှတ် လိုက်ပါတယ်။ သို့သော် ကြက်ကလည်း ကျန်းမာရေး ဒေါင်ဒေါင်မည် ကောင်းလာပြီး

ငွပေးပြီး လာကြည့်တဲ့သူ များလာတဲ့အတွက် နယ်လှည့်ပြီး ခေါင်းပြတ်ကြက်ကို ပြသတဲ့အဆင့် ဖြစ်လာခဲ့ပါသည်။ တစ်လ ဝင်ငွေ 4500 US $ အထိ ရပါတယ်။ ဒီခေတ် ပေါက်ဈေးနဲ့ဆို 4500 US$ က တော်တော် များပါတယ်။

April 1945 မှာ မွေးတဲ့ “မိုက်” သည် ခေါင်းပြတ်ဘဝဖြင့် ၁၈ လ အသက် ရှင်ခဲ့ ပြီး… တနေ့ နယ်လှည့်ပြသပြီး ဖီနစ်မှာရှိတဲ့ မော်တယ်တွင် ဝင်နားစဉ် ညပိုင်း၌ ကြက်က လေလမ်းကြောင်းတွင် တစ်ခုခု ဆို့ပြီး အသက်ရှူ ကြပ်သလို ဖြစ်ကာ

ပိုင်ရှင် လယ်သမား နည်းမျိုးစုံဖြင့် ပြုစုကုသပါသော်လည်း ေ သဆုံး သွားခဲ့ပါသည်။ ေ သဆုံးသည့် March 1947 တွင် တစ်လဝင်ငွေ 10000 US $ အထိ ရရှိနေခဲ့ပြီ ဖြစ်သည်။

လယ်သမားက နယ်လှည့်ပြသချင်လို့ ကြက်ကို ကုသတာ မဟုတ်ပါဘူး။ ခံစားရတဲ့ ဝေဒနာကို ကြည့်ပြီး အသက် မ ေ သစချင်တော့တဲ့ ဆန္ဒ တစ်ခုတည်းနှင့် ကြက်ကို ကုသခဲ့တာ ဖြစ်ပါတယ်။ ကြက်က ခေါင်းပြတ်ပေမဲ့ မသေရခြင်းမှ…ာ

ခန္ဓာကိုယ်၏ အရေးကြီး အစာခြေ အစိတ် အပိုင်းနှင့် Adjust လုပ်နိုင်တဲ့ အာရုံခံ ပင်မ အကြော ဦးနှောက်ပိုင်း မပျက်စီး၍သာ မ ေ သဆုံးခြင်း ဖြစ်သည်ဟု ဆေးပညာအရ သုံးသပ်ကြပါသည်။

ခရက်ဒစ်#သံဇဉ်မိုးဇတ်#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*