အပင္အတြက္… ႏြားေခ်းကို ဘယ္လိုမ်ိဳး အသုံးျပဳရင္ အေကာင္းဆုံးလဲ

အပင္အတြက္... ႏြားေခ်းကို ဘယ္လိုမ်ိဳး အသုံးျပဳရင္ အေကာင္းဆုံးလဲ
အပင္အတြက္... ႏြားေခ်းကို ဘယ္လိုမ်ိဳး အသုံးျပဳရင္ အေကာင္းဆုံးလဲ

အပင္အတြက္… ႏြားေခ်းကို ဘယ္လိုမ်ိဳး အသုံးျပဳရင္ အေကာင္းဆုံးလဲ

သဘာဝေျမဩဇာ တစ္မ်ိဳးျဖစ္တဲ့ တိရစာၦန္အညစ္အေၾကးကို သုံးျခင္းက အပင္ေတြအတြက္ အာဟာရဓာတ္ႂကြယ္ဝၿပီး ေျမဆီလႊာ အစိုဓာတ္ကိုလည္း ထိန္းေပးပါတယ္။

တိရစာၦန္အမ်ိဳးအစား၊ အသက္အ႐ြယ္၊ စားသုံးတဲ့ အစားအစာ၊ ေျမဩဇာကို ဘယ္လိုပုံစံ သိမ္းဆည္းလဲတို႔ေပၚ မူတည္ၿပီး အာဟာရဓာတ္ေတြက ကြဲျပားႏိုင္သလို ေျမေဆြး၊ အစို၊ အေျခာက္ကို သုံးျခင္းေၾကာင့္လည္း အာနိသင္က

ကြဲျပားပါတယ္။ ႏြားေခ်းက ႏိုက္ထ႐ိုဂ်င္ဓာတ္ အမ်ားႀကီးပါၿပီး အ႐ြက္ကို အားျဖည့္ေပးပါတယ္။ ႏြားေခ်းကို အစို/အ‌ေျခာက္ သုံးတာထက္ ေရနဲ႔ ႏွပ္တာတို႔ ေျမေဆြးနဲ႔ ေရာၿပီး သုံးတာတို႔က

ပိုၿပီး ထိေရာက္ပါတယ္။ အေကာင္းဆုံးကေတာ့ စနစ္တက် သိုေလွာင္ၿပီး ေဆြးေျမ့ထားတဲ့ ႏြားေခ်းေျမေဆြးကို အသုံးျပဳျခင္းပါပဲ။

ႏြားေခ်း အစိုသုံးရင္ ဘာျဖစ္ႏိုင္လဲ…?

သဘာဝေျမဩဇာ သုံးမယ္‌ဆိုရင္ ႏြားေခ်းကို အစိုအတိုင္း အသုံးမျပဳသင့္ပါဘူး။ ႏြားေခ်းအစို သုံးရင္ ႏိုက္ထ႐ိုဂ်င္မ်ားလို႔ အလြန္ ပူ‌တာေၾကာင့္ အျမစ္ကို အပူေလာင္ေစၿပီး ေရာဂါေတြ ျဖစ္ေစပါတယ္။

အပင္ကလည္း တိုက္႐ိုက္မစားသုံးႏိုင္သလို ေဆြးဖို႔ အခ်ိန္ၾကာတဲ့အျပင္ အ႐ြက္ဝါတာေတြ ျဖစ္ေစၿပီး အပင္ကိုပါ ေသေစႏိုင္ပါတယ္။ ေဆြးေနတဲ့ အခ်ိန္မွာ ဘက္တီးရီးယားေတြက

ေရကတဆင့္(ေရသြင္းတာ၊ မိုး‌႐ြာတာ) ျပန႔္ပြားၿပီး အနံ႔ဆိုးေတြေၾကာင့္ ေျမေအာက္ေရကိုပါ ညစ္ညမ္းေစပါတယ္။ တိရစာၦန္ အညစ္အေၾကး ေျမဩဇာေတြမွာ ေပါင္းမ်ိဳးေစ့ေတြလည္း ပါဝင္တာေၾကာင့္ ေပါင္းျမက္ေတြ ပြားႏိုင္ပါတယ္။

ေလာင္ကြၽမ္းေစတဲ့ အမိုးနီးယားနဲ႔ ဆားပါဝင္မႈ မ်ားတာေၾကာင့္ အပင္ကို ထိခိုက္ေစတဲ့အျပင္ လူေတြကို အႏၲာရယ္ျဖစ္ေစတဲ့ ဆယ္လ္မိုနီလာ(Salmonella)၊ အီကိုလီ(E, coli) တို႔လို ေရာဂါပိုးမႊားေတြလည္း ပါဝင္ပါတယ္။

ေရာဂါပိုးမႊားေတြေၾကာင့္ ထြက္တဲ့ သီးႏွံကလည္း အရည္အေသြး မျပည့္မွီဘဲ စားသုံးသူေတြအတြက္ပါ အႏၲရာယ္ ျဖစ္ေစပါတယ္။ ႏြားေခ်းအစိုက အပင္နဲ႔ ေျမဆီလႊာပါမက လူ႔က်န္းမာေရးနဲ႔ ပတ္ဝန္းက်င္ကိုပါ ထိခိုက္ေစတဲ့ အထိပါပဲ။

ႏြားေခ်း အေျခာက္သုံးရင္ေရာ ဘာျဖစ္ႏိုင္လဲ…?

ႏြားေခ်းအေျခာက္က ေရဓာတ္ ၇၆ ရာခိုင္ႏႈန္းအထိ ပါဝင္ၿပီး ‌ႏြားေခ်းအစိုထက္ ပိုၿပီး သိပ္သည္းပါတယ္။ (၆)လေအာက္သာ ရွိၿပီး ေျမေဆြးလည္း မျဖစ္ေသးပါဘူး။ ႏြားေခ်းအေျခာက္ကို သုံးတာက အပင္ေရာ ေျမဆီလႊာအတြက္ပါ ေကာင္းတယ္ဆိုေပမဲ့

သူ႔မွာလည္း အႏၲရာယ္ျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြနဲ႔ ေပါင္းမ်ိဳးေစ့ေတြ ပါဝင္ပါတယ္။ ေျမဩဇာက အပင္အတြက္ အာဟာရဓာတ္ လြန္ကဲတာတို႔ မမွ်တတာတို႔ေၾကာင့္ သီးႏွံတိုင္းအတြက္လည္း မသင့္ေလ်ာ္ပါဘူး။

ေကာင္းစြာ မေဆြးေျမ့ရေသးတဲ့အတြက္ ႏြားေခ်းမွာပါတဲ့ ဘက္တီးရီးယားေတြေၾကာင့္ စားသုံးသူေတြကို ထိခိုက္ေစတဲ့အျပင္ ေရ‌‌စီးဆင္းမႈကေန ပိုးမႊား‌ေတြေၾကာင့္ ေျမေအာက္ေရအထိပါ ညစ္ညမ္းသြားေစပါတယ္။

ဒီရာသီမွာ ႏြားေခ်းအေျခာက္ ထည့္ျဖဴးထားရင္ အာဟာရရွိမႈက ေနာက္ရာသီမွသာ သက္ေရာက္တာမ်ိဳး ျဖစ္ပါတယ္။ ႏြားေခ်းအေျခာက္ကို အပင္က ခ်က္ခ်င္း မစားသုံးႏိုင္တာမို႔ ပမာဏမ်ားမ်ား သုံးရတဲ့အတြက္ ကုန္က်စရိတ္လည္း မ်ားပါတယ္။

ဒါေၾကာင့္ တိရစာၦန္အညစ္အေၾကး ေျမဩဇာကို မသုံးခင္ ေရာဂါပိုးမႊားနဲ႔ ေပါင္းမ်ိဳးေစ့ေတြ ေသေစဖို႔ ေျမေဆြးျပဳလုပ္ၿပီးမွ သုံးတာက အေကာင္းဆုံးပါပဲ။

ႏြားေခ်းေျမေဆြး ျပဳလုပ္ၿပီး သုံးရင္ ဘာျဖစ္ႏိုင္လဲ…?

ႏြားေခ်းေျမေဆြးဆိုတာ ေကာက္႐ိုး၊ စပါးခြံ၊ ျမက္ေျခာက္၊ သစ္႐ြက္၊ သီးႏွံ႐ိုးေျခာက္ေတြနဲ႔ ႏြားရဲ႕ အညစ္အေၾကးတို႔ကို ေရာေႏွာၿပီး စနစ္တက် သိုေလွာင္ထားတဲ့ သဘာဝေျမေဆြး ေျမဩဇာ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ေဆြးေျမ့ဖို႔ ၾကာခ်ိန္ကေတာ့ အသုံးျပဳတဲ့ နည္းလမ္းေပၚ မူတည္ၿပီး ႏွစ္ပတ္ကေန (၃)လမွ (၆)လ အထိလည္း ၾကာျမင့္ပါတယ္။ ႏြားေခ်းေျမဩဇာမွာ ႏိုက္ထ႐ိုဂ်င္၊ ကာဘြန္ေအာ္ဂဲနစ္၊ ဆာလဖာ၊ မဂၢနီဆီယမ္၊ ပိုတက္ဆီယမ္၊ ကယ္ဆီယမ္၊ ေဖာ့စေဖာ့ရပ္တို႔ ပါဝင္ၿပီး

ေျမဆီလႊာကို အက်ိဳးျပဳတဲ့ အဏုဇီဝသက္ရွိေတြနဲ႔ ေအာ္ဂဲနစ္ျဒပ္ဝတၳဳေတြကိုလည္း ပံ့ပိုးေပးလို႔ ေျမဆီလႊာကို ပိုမို ေကာင္းမြန္ေစပါတယ္။ အစိုဓာတ္ထိန္းေပးတာ၊ ေလဝင္ေလထြက္ေကာင္းတာ၊ အပူအေအးမွ်တေစၿပီး အာဟာရဓာတ္ေတြကိုလည္း

ကာလရွည္ၾကာ တစိမ့္စိမ့္ ထုတ္ေပးပါတယ္။ ေျမ‌ေဆြးေျမဩဇာက အပင္ေရာဂါက်မႈကို ေလွ်ာ့ခ်ေပးၿပီး ေပါင္းျမက္ေတြကို ကာကြယ္ေပးတဲ့အျပင္ ေျမဆီလႊာကိုလည္း ေရရွည္ ထိန္းသိမ္းေပးပါတယ္။

ႏြားေခ်းေျမေဆြးက ေဆြးေျမ့ဖို႔အတြက္သာ အခ်ိန္ေပးရတာျဖစ္ၿပီး ကုန္က်စရိတ္လည္း သက္သာပါတယ္။ ႏြားေခ်းေျမေဆြး သုံးျခင္းရဲ႕ အက်ိဳးရလဒ္က အပင္ကိုေရာ ေျမဆီလႊာအတြက္ပါ အာဟာရဓာတ္ကို ေရရွည္ ေထာက္ပံ့ေပးတာျဖစ္ပါတယ္။

ေတာင္သူမ်ားအားလုံး သီးႏွံမ်ား ျဖစ္ထြန္းၾကပါေစ။

ခရက္ဒစ္#Agrivoice#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အပင်အတွက်… နွားချေးကို ဘယ်လိုမျိုး အသုံးပြုရင် အကောင်းဆုံးလဲ

သဘာဝမြေဩဇာ တစ်မျိုးဖြစ်တဲ့ တိရစ္ဆာန်အညစ်အကြေးကို သုံးခြင်းက အပင်တွေအတွက် အာဟာရဓာတ်ကြွယ်ဝပြီး မြေဆီလွှာ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။

တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ စားသုံးတဲ့ အစားအစာ၊ မြေဩဇာကို ဘယ်လိုပုံစံ သိမ်းဆည်းလဲတို့ပေါ် မူတည်ပြီး အာဟာရဓာတ်တွေက ကွဲပြားနိုင်သလို မြေဆွေး၊ အစို၊ အခြောက်ကို သုံးခြင်းကြောင့်လည်း အာနိသင်က

ကွဲပြားပါတယ်။ နွားချေးက နိုက်ထရိုဂျင်ဓာတ် အများကြီးပါပြီး အရွက်ကို အားဖြည့်ပေးပါတယ်။ နွားချေးကို အစို/အ‌ခြောက် သုံးတာထက် ရေနဲ့ နှပ်တာတို့ မြေဆွေးနဲ့ ရောပြီး သုံးတာတို့က

ပိုပြီး ထိရောက်ပါတယ်။ အကောင်းဆုံးကတော့ စနစ်တကျ သိုလှောင်ပြီး ဆွေးမြေ့ထားတဲ့ နွားချေးမြေဆွေးကို အသုံးပြုခြင်းပါပဲ။

နွားချေး အစိုသုံးရင် ဘာဖြစ်နိုင်လဲ…?

သဘာဝမြေဩဇာ သုံးမယ်‌ဆိုရင် နွားချေးကို အစိုအတိုင်း အသုံးမပြုသင့်ပါဘူး။ နွားချေးအစို သုံးရင် နိုက်ထရိုဂျင်များလို့ အလွန် ပူ‌တာကြောင့် အမြစ်ကို အပူလောင်စေပြီး ရောဂါတွေ ဖြစ်စေပါတယ်။

အပင်ကလည်း တိုက်ရိုက်မစားသုံးနိုင်သလို ဆွေးဖို့ အချိန်ကြာတဲ့အပြင် အရွက်ဝါတာတွေ ဖြစ်စေပြီး အပင်ကိုပါ သေစေနိုင်ပါတယ်။ ဆွေးနေတဲ့ အချိန်မှာ ဘက်တီးရီးယားတွေက

ရေကတဆင့်(ရေသွင်းတာ၊ မိုး‌ရွာတာ) ပြန့်ပွားပြီး အနံ့ဆိုးတွေကြောင့် မြေအောက်ရေကိုပါ ညစ်ညမ်းစေပါတယ်။ တိရစ္ဆာန် အညစ်အကြေး မြေဩဇာတွေမှာ ပေါင်းမျိုးစေ့တွေလည်း ပါဝင်တာကြောင့် ပေါင်းမြက်တွေ ပွားနိုင်ပါတယ်။

လောင်ကျွမ်းစေတဲ့ အမိုးနီးယားနဲ့ ဆားပါဝင်မှု များတာကြောင့် အပင်ကို ထိခိုက်စေတဲ့အပြင် လူတွေကို အန္တာရယ်ဖြစ်စေတဲ့ ဆယ်လ်မိုနီလာ(Salmonella)၊ အီကိုလီ(E, coli) တို့လို ရောဂါပိုးမွှားတွေလည်း ပါဝင်ပါတယ်။

ရောဂါပိုးမွှားတွေကြောင့် ထွက်တဲ့ သီးနှံကလည်း အရည်အသွေး မပြည့်မှီဘဲ စားသုံးသူတွေအတွက်ပါ အန္တရာယ် ဖြစ်စေပါတယ်။ နွားချေးအစိုက အပင်နဲ့ မြေဆီလွှာပါမက လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတဲ့ အထိပါပဲ။

နွားချေး အခြောက်သုံးရင်ရော ဘာဖြစ်နိုင်လဲ…?

နွားချေးအခြောက်က ရေဓာတ် ၇၆ ရာခိုင်နှုန်းအထိ ပါဝင်ပြီး ‌နွားချေးအစိုထက် ပိုပြီး သိပ်သည်းပါတယ်။ (၆)လအောက်သာ ရှိပြီး မြေဆွေးလည်း မဖြစ်သေးပါဘူး။ နွားချေးအခြောက်ကို သုံးတာက အပင်ရော မြေဆီလွှာအတွက်ပါ ကောင်းတယ်ဆိုပေမဲ့

သူ့မှာလည်း အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ ပေါင်းမျိုးစေ့တွေ ပါဝင်ပါတယ်။ မြေဩဇာက အပင်အတွက် အာဟာရဓာတ် လွန်ကဲတာတို့ မမျှတတာတို့ကြောင့် သီးနှံတိုင်းအတွက်လည်း မသင့်လျော်ပါဘူး။

ကောင်းစွာ မဆွေးမြေ့ရသေးတဲ့အတွက် နွားချေးမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် စားသုံးသူတွေကို ထိခိုက်စေတဲ့အပြင် ရေ‌‌စီးဆင်းမှုကနေ ပိုးမွှား‌တွေကြောင့် မြေအောက်ရေအထိပါ ညစ်ညမ်းသွားစေပါတယ်။

ဒီရာသီမှာ နွားချေးအခြောက် ထည့်ဖြူးထားရင် အာဟာရရှိမှုက နောက်ရာသီမှသာ သက်ရောက်တာမျိုး ဖြစ်ပါတယ်။ နွားချေးအခြောက်ကို အပင်က ချက်ချင်း မစားသုံးနိုင်တာမို့ ပမာဏများများ သုံးရတဲ့အတွက် ကုန်ကျစရိတ်လည်း များပါတယ်။

ဒါကြောင့် တိရစ္ဆာန်အညစ်အကြေး မြေဩဇာကို မသုံးခင် ရောဂါပိုးမွှားနဲ့ ပေါင်းမျိုးစေ့တွေ သေစေဖို့ မြေဆွေးပြုလုပ်ပြီးမှ သုံးတာက အကောင်းဆုံးပါပဲ။

နွားချေးမြေဆွေး ပြုလုပ်ပြီး သုံးရင် ဘာဖြစ်နိုင်လဲ…?

နွားချေးမြေဆွေးဆိုတာ ကောက်ရိုး၊ စပါးခွံ၊ မြက်ခြောက်၊ သစ်ရွက်၊ သီးနှံရိုးခြောက်တွေနဲ့ နွားရဲ့ အညစ်အကြေးတို့ကို ရောနှောပြီး စနစ်တကျ သိုလှောင်ထားတဲ့ သဘာဝမြေဆွေး မြေဩဇာ တစ်မျိုးပဲ ဖြစ်ပါတယ်။

ဆွေးမြေ့ဖို့ ကြာချိန်ကတော့ အသုံးပြုတဲ့ နည်းလမ်းပေါ် မူတည်ပြီး နှစ်ပတ်ကနေ (၃)လမှ (၆)လ အထိလည်း ကြာမြင့်ပါတယ်။ နွားချေးမြေဩဇာမှာ နိုက်ထရိုဂျင်၊ ကာဘွန်အော်ဂဲနစ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဖော့စဖော့ရပ်တို့ ပါဝင်ပြီး

မြေဆီလွှာကို အကျိုးပြုတဲ့ အဏုဇီဝသက်ရှိတွေနဲ့ အော်ဂဲနစ်ဒြပ်ဝတ္ထုတွေကိုလည်း ပံ့ပိုးပေးလို့ မြေဆီလွှာကို ပိုမို ကောင်းမွန်စေပါတယ်။ အစိုဓာတ်ထိန်းပေးတာ၊ လေဝင်လေထွက်ကောင်းတာ၊ အပူအအေးမျှတစေပြီး အာဟာရဓာတ်တွေကိုလည်း

ကာလရှည်ကြာ တစိမ့်စိမ့် ထုတ်ပေးပါတယ်။ မြေ‌ဆွေးမြေဩဇာက အပင်ရောဂါကျမှုကို လျှော့ချပေးပြီး ပေါင်းမြက်တွေကို ကာကွယ်ပေးတဲ့အပြင် မြေဆီလွှာကိုလည်း ရေရှည် ထိန်းသိမ်းပေးပါတယ်။

နွားချေးမြေဆွေးက ဆွေးမြေ့ဖို့အတွက်သာ အချိန်ပေးရတာဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ နွားချေးမြေဆွေး သုံးခြင်းရဲ့ အကျိုးရလဒ်က အပင်ကိုရော မြေဆီလွှာအတွက်ပါ အာဟာရဓာတ်ကို ရေရှည် ထောက်ပံ့ပေးတာဖြစ်ပါတယ်။

တောင်သူများအားလုံး သီးနှံများ ဖြစ်ထွန်းကြပါစေ။

ခရက်ဒစ်#Agrivoice#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*