ေျမြဆိပ္အျပင္ အဆိပ္အားလံုးကို ႏိုင္တဲ့… ဟင္းငုတ္ပင္ ( ခ ) သခြပ္ပြင့္

ေျမြဆိပ္အျပင္ အဆိပ္အားလံုးကို ႏိုင္တဲ့... ဟင္းငုတ္ပင္ ( ခ ) သခြပ္ပြင့္
ေျမြဆိပ္အျပင္ အဆိပ္အားလံုးကို ႏိုင္တဲ့... ဟင္းငုတ္ပင္ ( ခ ) သခြပ္ပြင့္

ေျမြဆိပ္အျပင္ အဆိပ္အားလံုးကို ႏိုင္တဲ့… ဟင္းငုတ္ပင္ ( ခ ) သခြပ္ပြင့္

ေယာအေခၚ ဟင္းခတ္ပြင့္… ဟင္းငုတ္ပင္(ခ)သခြပ္ပင္ကိုေဒသအလိုက္..။ ဟင္းဂုတ္ပင္ #ဟင္းခတ္ပင္ဟု ေခၚၾကသည္။ တစ္ႏိုင္ငံလုံးေပါက္သည္။ ႏွစ္ရွည္ပင္ႀကီး။

ပင္စည္တြင္ အေခါက္ အေပြးမရွိ။ အ႐ြက္အနည္းငယ္ ဝိုင္း။ အပြင့္အျဖဴေရာင္။ပဒိုင္းပြင့္ႏွင့္တူသည္။ တန္ခူးမွဝါဆိုလအထိပြင့္သည္။အသီးမွာေသးေသးရွည္ရွည္။ႏွစ္ေပခန႔္ရွိ။ ေဆးဘက္ ဝင္ပုံ…

အေခါက္

( ၁ ) ေျမြေပြး၊ ေျမြေဟာက္ ကိုက္ခံရပါက… အေခါက္ကို အျမန္ ဝါးစားလိုက္ပါလွ်င္ အဆိပ္ မရွိေတာ့ပါ။ ငန္းေတာ္က်ား၊ ငန္း ေႁမြ အပါအဝင္ပါ။ (ေႁမြေပြးႏွင့္ ေျမြေဟာက္သာ အကိုက္ခံသူရွိ၍ ဦးစားေပး ေဖၚျပရျခင္းပါ..။)

( ၂ ) အဆိပ္ရွိ သတၱဝါေလးမ်ား ကိုက္လွ်င္လည္း… အေခါက္ကို ဝါးစားပါ။

( ၃ ) မ်က္ေစ့နာပါက… အေခါက္ ကို ေသြးၿပီး မ်က္လုံးကို ကြင္းလိမ္းပါ။ မက်ည္းေခါက္လို အေပြး မရွိ။

( ၄ ) ကိုယ္လက္ ကိုက္ခဲပါက… အေခါက္ျပဳတ္ေရ ကို ခ်ိဳးပါ။

အပြင့္

( ၁ ) ေရွးကတည္းက ကေလးေတြကို ေရာဂါကင္း၊ ကိုယ္တြင္း အဆိပ္ကင္းသည္ ဆိုကာ…သုပ္ေကြၽးသည္။

( ၂ ) အပြင့္ကို ေရေႏြးေဖ်ာ႐ုံျဖင့္ က်က္သည္။ အေျခာက္ဆိုရင္… ျပဳတ္ရသည္။ အေျခာက္ဆိုရင္… အေရာင္ မဲေနသည္မွ လြဲ၍ အရသာ မေျပာင္းပါ။

( ၃ ) ဘီပိုး၊ စီပိုး ေပ်ာက္သည္ဆိုကာ… ေတာ္ေတာ္မ်ားမ်ား ပြင့္သုပ္စားေနၾကသည္။

( ၄ ) ေဈးတြင္ ဟင္း႐ြက္တန္း၌ ေရာင္းခ်ေနၾကပါသည္… တို႔စားစရာအျဖစ္လည္း သုံးသည္။

အ႐ြက္

( ၁ ) အ႐ြက္ႏုကို ဟင္းခါး ခ်က္ေသာက္ၾကသည္။

( ၂ ) ကေလးမ်ား ေရေက်ာက္ ေပါက္လွ်င္… အ႐ြက္ကို ျပဳတ္ တိုက္သည္။

( ၃ ) တကိုယ္လု ေးေညာင္းညာ ကိုက္ခဲလွ်င္ လည္းေကာင္း ကေလးမ်ား က်န္းမာေရးအတြက္ လည္းေကာင္း အ႐ြက္ျပဳတ္ေရ ျဖင့္ ေရခ်ိဳးၾကသည္။

( ၄ ) ဆိတ္ကို ေႁမြစိမ္းၿမီးေျခာက္ ကိုက္လွ်င္… ေခါင္းတခုလုံးေရာင္၊ မ်က္လုံးပိတ္ ငါးရက္ခန႔္ ၾကာမွ ေကာင္းေသာ္လည္း… အ႐ြက္ေကြၽးပါက တရက္ႏွင့္ ေပ်ာက္သည္။

ခ်ဳပ္အားျဖင့္

ေႁမြေပြး ေျမြေဟာက္ ကိုက္ခံရသူမ်ား… အေခါက္စားသြားသျဖင့္ ေဆး႐ုံေရာက္သည့္အခါ အဆိပ္မရွိေတာ့။ တဦးက… လက္သန္းေႁမြေပြးကိုက္ရ ေျႁမြပါ အစြယ္ႏွင့္ ခ်ိတ္ပါလာသည္။ သူကေတာ့… ေဆး႐ုံ မသြားေတာ့ဘဲ… အေခါက္စား၊ အ႐ြက္ႏွင့္ စည္းထားခဲ့သည္။

သစ္ႀကီးပိ ေျမြႀကီးကိုက္ ဆိုလွ်င္… အႏၲရာယ္ ႀကီးလြန္းသည္။ ေျခသလုံးအထက္ ႀကီးသည့္ ေႁမြအ႐ြယ္ကို ဆိုလိုပါသည္။ ေျမြႀကီးေတာ့ အဆိပ္ အလြန္မ်ားေတာ့… အျမန္ဆုံး အေခါက္စားရန္ လိုပါမည္။ ေရွးဦးသူႏုာျပဳနည္းမလုပ္ရ ဟု ဆိုလိုျခင္း မဟုတ္ပါ။

အိမ္၊ လယ္ယာ အနီးရွိ ဟင္းငုတ္ပင္မ်ားအား ခုတ္ျခင္း မျပဳဘဲ… ေနရာရွိလွ်င္ စိုက္ထားသင့္သည့္အပင္ ျဖစ္ပါသည္။

မိမိတြင္ ႐ုကၡေဗဒ စာအုပ္မ်ား မရွိပါ။ လက္ရွိ အသုံးျပဳေနပုံမ်ား၊ သက္ႀကီးစကား ၾကားမ်ား၊ အေတြ႕အႀကဳံ မ်ားအား ေဖၚျပထားျခင္း ျဖစ္ပါေၾကာင္း။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခ ရက္ ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ ပါ သည္။

Unicode

မြွေဆိပ်အပြင် အဆိပ်အားလုံးကို နိုင်တဲ့… ဟင်းငုတ်ပင် ( ခ ) သခွပ်ပွင့်

ယောအခေါ် ဟင်းခတ်ပွင့်… ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက်..။ ဟင်းဂုတ်ပင် #ဟင်းခတ်ပင်ဟု ခေါ်ကြသည်။ တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။

ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ် ဝိုင်း။ အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။ တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။ ဆေးဘက် ဝင်ပုံ…

အခေါက်

( ၁ ) မြွေပွေး၊ မြွေဟောက် ကိုက်ခံရပါက… အခေါက်ကို အမြန် ဝါးစားလိုက်ပါလျှင် အဆိပ် မရှိတော့ပါ။ ငန်းတော်ကျား၊ ငန်း မြွေ အပါအဝင်ပါ။ (မြွေပွေးနှင့် မြွေဟောက်သာ အကိုက်ခံသူရှိ၍ ဦးစားပေး ဖေါ်ပြရခြင်းပါ..။)

( ၂ ) အဆိပ်ရှိ သတ္တဝါလေးများ ကိုက်လျှင်လည်း… အခေါက်ကို ဝါးစားပါ။

( ၃ ) မျက်စေ့နာပါက… အခေါက် ကို သွေးပြီး မျက်လုံးကို ကွင်းလိမ်းပါ။ မကျည်းခေါက်လို အပွေး မရှိ။

( ၄ ) ကိုယ်လက် ကိုက်ခဲပါက… အခေါက်ပြုတ်ရေ ကို ချိုးပါ။

အပွင့်

( ၁ ) ရှေးကတည်းက ကလေးတွေကို ရောဂါကင်း၊ ကိုယ်တွင်း အဆိပ်ကင်းသည် ဆိုကာ…သုပ်ကျွေးသည်။

( ၂ ) အပွင့်ကို ရေနွေးဖျောရုံဖြင့် ကျက်သည်။ အခြောက်ဆိုရင်… ပြုတ်ရသည်။ အခြောက်ဆိုရင်… အရောင် မဲနေသည်မှ လွဲ၍ အရသာ မပြောင်းပါ။

( ၃ ) ဘီပိုး၊ စီပိုး ပျောက်သည်ဆိုကာ… တော်တော်များများ ပွင့်သုပ်စားနေကြသည်။

( ၄ ) ဈေးတွင် ဟင်းရွက်တန်း၌ ရောင်းချနေကြပါသည်… တို့စားစရာအဖြစ်လည်း သုံးသည်။

အရွက်

( ၁ ) အရွက်နုကို ဟင်းခါး ချက်သောက်ကြသည်။

( ၂ ) ကလေးများ ရေကျောက် ပေါက်လျှင်… အရွက်ကို ပြုတ် တိုက်သည်။

( ၃ ) တကိုယ်လု ေးညောင်းညာ ကိုက်ခဲလျှင် လည်းကောင်း ကလေးများ ကျန်းမာရေးအတွက် လည်းကောင်း အရွက်ပြုတ်ရေ ဖြင့် ရေချိုးကြသည်။

( ၄ ) ဆိတ်ကို မြွေစိမ်းမြီးခြောက် ကိုက်လျှင်… ခေါင်းတခုလုံးရောင်၊ မျက်လုံးပိတ် ငါးရက်ခန့် ကြာမှ ကောင်းသော်လည်း… အရွက်ကျွေးပါက တရက်နှင့် ပျောက်သည်။

ချုပ်အားဖြင့်

မြွေပွေး မြွေဟောက် ကိုက်ခံရသူများ… အခေါက်စားသွားသဖြင့် ဆေးရုံရောက်သည့်အခါ အဆိပ်မရှိတော့။ တဦးက… လက်သန်းမြွေပွေးကိုက်ရ ေြမြွပါ အစွယ်နှင့် ချိတ်ပါလာသည်။ သူကတော့… ဆေးရုံ မသွားတော့ဘဲ… အခေါက်စား၊ အရွက်နှင့် စည်းထားခဲ့သည်။

သစ်ကြီးပိ မြွေကြီးကိုက် ဆိုလျှင်… အန္တရာယ် ကြီးလွန်းသည်။ ခြေသလုံးအထက် ကြီးသည့် မြွေအရွယ်ကို ဆိုလိုပါသည်။ မြွေကြီးတော့ အဆိပ် အလွန်များတော့… အမြန်ဆုံး အခေါက်စားရန် လိုပါမည်။ ရှေးဦးသူနုာပြုနည်းမလုပ်ရ ဟု ဆိုလိုခြင်း မဟုတ်ပါ။

အိမ်၊ လယ်ယာ အနီးရှိ ဟင်းငုတ်ပင်များအား ခုတ်ခြင်း မပြုဘဲ… နေရာရှိလျှင် စိုက်ထားသင့်သည့်အပင် ဖြစ်ပါသည်။

မိမိတွင် ရုက္ခဗေဒ စာအုပ်များ မရှိပါ။ လက်ရှိ အသုံးပြုနေပုံများ၊ သက်ကြီးစကား ကြားများ၊ အတွေ့အကြုံ များအား ဖေါ်ပြထားခြင်း ဖြစ်ပါကြောင်း။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခ ရက် ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*