ဘ၀မွာ ေငြေၾကး မေျပမလည္ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္း…

ဘ၀မွာ ေငြေၾကး မေျပမလည္ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္း...ဘ၀မွာ ေငြေၾကး မေျပမလည္ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္း...
ဘ၀မွာ ေငြေၾကး မေျပမလည္ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္း...

ဘ၀မွာ ေငြေၾကး မေျပမလည္ ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္း…

တစ္ခါတုန္းက တိုင္းျပည္တစ္ျပည္မွာ အလြန္ ဆင္းရဲႏုံခ်ာတဲ့ သူဆင္းရဲ တစ္ေယာက္ရွိတယ္။ သူဟာ ေန႔စဥ္နဲ႔ရက္ဆက္ သူ႔မွာ ေငြမရွိလို႔ ဒီလို ဆင္းရဲႏုံခ်ာေနရတာ ျဖစ္တယ္ဆိုၿပီး တမႈိင္မႈိင္ တေတြေတြ လုပ္ေနတယ္။

တေန႔လည္းက်ေရာ… အဲ့ဒီတိုင္းျပည္မွ ာရွိတဲ့ ဘုရင္ႀကီးဟာ သူ႔ တိုင္းသူျပည္သားေတြရဲ႕ အေျခအေနကို ေလ့လာ အကဲခတ္ခ်င္တာနဲ႔ ကုန္သည္အေယာင္ေဆာင္ၿပီး လိုက္လံၾကည့္ရႈတယ္။

အဲ့ဒီမွာ တမႈိင္မႈိင္တေတြေတြ လုပ္ေနတဲ့… သူဆင္းရဲကို ေတြ႕သြားတယ္။ ကုန္သည္အေယာင္ေဆာင္ထားတဲ့ ဘုရင္ႀကီးလည္း သူဆင္းရဲကို ဘာေၾကာင့္ တမႈိင္မႈိင္တေတြေတြ ျဖစ္ေနရသလဲလို႔ ေမးတယ္။

သူဆင္းရဲလည္း “ေငြေၾကး မေျပလည္” လို႔ ဒီလိုျဖစ္ေနရတာပါလို႔ ျပန္ေျပာတယ္။ ဘုရင္ႀကီးကလည္း “ဘာေၾကာင့္ မေျပလည္ရတာလဲ” လို႔ ထပ္ေမးတယ္။ သူဆင္းရဲက “ေငြမရွိလို႔ မေျပလည္တာပါ” လို႔ ျပန္ေျပာတယ္။

ဘုရင္ႀကီးကလည္း “သင့္မွာ ေငြဘယ္ေလာက္ရွိရင္ ေငြေၾကး ေျပလည္ႏိုင္သလဲ” လို႔ ထပ္ေမးတယ္။ သူဆင္းရဲလည္း “သိပ္မမ်ားပါဘူး၊ အသျပာ တစ္ေထာင္ေလာက္ ရရင္ ေျပလည္ႏိုင္ပါတယ္”လို႔ျပန္ေျပာတယ္။

အဲ့ဒီမွာ ကုန္သည္ေယာင္ေဆာင္ထားတဲ့ ဘုရင္ႀကီးက “ေရာ့ ဒီမွာ မင္းလိုတဲ့ အသျပာတစ္ေထာင္… တမႈိင္မႈိင္ တေတြေတြ လုပ္မေနနဲ႔ေတာ့” ဆိုၿပီး ထုတ္ေပးလိုက္တယ္။ သူဆင္းရဲလည္း အရမ္းဝမ္းသာသြားၿပီး

ကုန္သည္ေယာင္ေဆာင္ထားတဲ့ ဘုရင္ႀကီးကို ေက်းဇူးတင္စကား အထပ္ထပ္ဆိုတယ္။ ဘုရင္ႀကီးလည္း သူက လူေတြကို ဒီလိုကူညီရတာေပ်ာ္လို႔ ကူညီတာပါ… ေက်းဇူးတင္စရာ မလိုပါဘူး ဆိုၿပီး သူ႔နန္းေတာ္ကို ျပန္သြားတယ္။

အဲ့လိုနဲ႔ ရက္လႏွစ္ေတြ​ၾကာၿပီး တေန႔လည္းက်ေရာ …ဘုရင္ႀကီးဟာ သူကူညီခဲ့တဲ့ သူဆင္းရဲ ဘာျဖစ္ေနသလဲဆိုတာ သိခ်င္တာနဲ႔ မႉးမတ္ေတြကို စုံစမ္းခိုင္းတယ္။ မႉးမတ္ေတြလည္း စုံစမ္းၾကည့္တဲ့အခါမွာ

သူဆင္းရဲဟာ အရင္လိုပဲ သူဆင္းရဲ ျပန္ျဖစ္ေနတာကို သိလိုက္ရတယ္။ ဘာေၾကာင့္ ဒီလိုျပန္ျဖစ္ရသလဲ ထပ္မံ စုံစမ္းၾကည့္တဲ့အခါမွာေတာ့… သူဆင္းရဲဟာ အသျပာတစ္ေထာင္ ရတဲ့ေန႔ကစၿပီး

ေသရည္ေသာက္လိုက္၊ ၾကက္တိုက္လိုက္၊ အေပ်ာ္အပါး လိုက္စားလိုက္ လုပ္ေနတာေၾကာင့္ ျပန္ၿပီး ဆင္းရဲသြားရတာျဖစ္တယ္ဆိုတာကို သိလိုက္ရတယ္။ ဒီအေၾကာင္းကို ဘုရင္ႀကီးကို ျပန္ၿပီး ေလွ်ာက္တင္တဲ့ အခါမွာေတာ့…

ဘုရင္ႀကီးဟာ “သူဆင္းရဲဟာ ေငြမရွိလို႔ ဆင္းရဲတာ မဟုတ္ဘဲ ေငြေၾကးဆိုင္ရာ အသိပညာ မႂကြယ္ဝလို႔ ဆင္းရဲတာပါလား” ဆိုၿပီး ေကာက္ခ်က္ ခ်လိုက္ေတာ့တယ္။

ဒီပုံျပင္ထဲက သူဆင္းရဲလိုပဲ… တစ္ခါတေလက်ရင္ လူေတြဟာ သူတို႔ ေငြ​ေၾကးမေျပလည္ ျဖစ္ရတာဟာ… ေငြမရွိလို႔ မေျပလည္ျဖစ္ရတယ္လို႔ ထင္တတ္ၾကတယ္။ တကယ္က မဟုတ္ပါဘူး။

ေငြမရွိလို႔ ေငြေၾကး မေျပလည္ ျဖစ္ရတာ မဟုတ္ဘဲ… ေငြေၾကးဆိုင္ရာ အသိပညာ မရွိလို႔ ေငြေၾကးမေျပလည္ ျဖစ္ရတာ ျဖစ္ပါတယ္။

ေငြေၾကးဆိုင္ရာ အသိပညာ မရွိသ၍ေတာ့ ေငြဘယ္ေလာက္ပဲ ရေနရေန ေငြေၾကး မေျပလည္ျဖစ္ေနရဦးမွာပါပဲလို႔ မိတ္ေဆြတို႔ကို အသိေပးလိုပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘဝမှာ ငွေကြေး မပြေမလည် ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း…

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန် ဆင်းရဲနုံချာတဲ့ သူဆင်းရဲ တစ်ယောက်ရှိတယ်။ သူဟာ နေ့စဉ်နဲ့ရက်ဆက် သူ့မှာ ငွေမရှိလို့ ဒီလို ဆင်းရဲနုံချာနေရတာ ဖြစ်တယ်ဆိုပြီး တမှိုင်မှိုင် တတွေတွေ လုပ်နေတယ်။

တနေ့လည်းကျရော… အဲ့ဒီတိုင်းပြည်မှ ာရှိတဲ့ ဘုရင်ကြီးဟာ သူ့ တိုင်းသူပြည်သားတွေရဲ့ အခြေအနေကို လေ့လာ အကဲခတ်ချင်တာနဲ့ ကုန်သည်အယောင်ဆောင်ပြီး လိုက်လံကြည့်ရှုတယ်။

အဲ့ဒီမှာ တမှိုင်မှိုင်တတွေတွေ လုပ်နေတဲ့… သူဆင်းရဲကို တွေ့သွားတယ်။ ကုန်သည်အယောင်ဆောင်ထားတဲ့ ဘုရင်ကြီးလည်း သူဆင်းရဲကို ဘာကြောင့် တမှိုင်မှိုင်တတွေတွေ ဖြစ်နေရသလဲလို့ မေးတယ်။

သူဆင်းရဲလည်း “ငွေကြေး မပြေလည်” လို့ ဒီလိုဖြစ်နေရတာပါလို့ ပြန်ပြောတယ်။ ဘုရင်ကြီးကလည်း “ဘာကြောင့် မပြေလည်ရတာလဲ” လို့ ထပ်မေးတယ်။ သူဆင်းရဲက “ငွေမရှိလို့ မပြေလည်တာပါ” လို့ ပြန်ပြောတယ်။

ဘုရင်ကြီးကလည်း “သင့်မှာ ငွေဘယ်လောက်ရှိရင် ငွေကြေး ပြေလည်နိုင်သလဲ” လို့ ထပ်မေးတယ်။ သူဆင်းရဲလည်း “သိပ်မများပါဘူး၊ အသပြာ တစ်ထောင်လောက် ရရင် ပြေလည်နိုင်ပါတယ်”လို့ပြန်ပြောတယ်။

အဲ့ဒီမှာ ကုန်သည်ယောင်ဆောင်ထားတဲ့ ဘုရင်ကြီးက “ရော့ ဒီမှာ မင်းလိုတဲ့ အသပြာတစ်ထောင်… တမှိုင်မှိုင် တတွေတွေ လုပ်မနေနဲ့တော့” ဆိုပြီး ထုတ်ပေးလိုက်တယ်။ သူဆင်းရဲလည်း အရမ်းဝမ်းသာသွားပြီး

ကုန်သည်ယောင်ဆောင်ထားတဲ့ ဘုရင်ကြီးကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုတယ်။ ဘုရင်ကြီးလည်း သူက လူတွေကို ဒီလိုကူညီရတာပျော်လို့ ကူညီတာပါ… ကျေးဇူးတင်စရာ မလိုပါဘူး ဆိုပြီး သူ့နန်းတော်ကို ပြန်သွားတယ်။

အဲ့လိုနဲ့ ရက်လနှစ်တွေကြာပြီး တနေ့လည်းကျရော …ဘုရင်ကြီးဟာ သူကူညီခဲ့တဲ့ သူဆင်းရဲ ဘာဖြစ်နေသလဲဆိုတာ သိချင်တာနဲ့ မှူးမတ်တွေကို စုံစမ်းခိုင်းတယ်။ မှူးမတ်တွေလည်း စုံစမ်းကြည့်တဲ့အခါမှာ

သူဆင်းရဲဟာ အရင်လိုပဲ သူဆင်းရဲ ပြန်ဖြစ်နေတာကို သိလိုက်ရတယ်။ ဘာကြောင့် ဒီလိုပြန်ဖြစ်ရသလဲ ထပ်မံ စုံစမ်းကြည့်တဲ့အခါမှာတော့… သူဆင်းရဲဟာ အသပြာတစ်ထောင် ရတဲ့နေ့ကစပြီး

သေရည်သောက်လိုက်၊ ကြက်တိုက်လိုက်၊ အပျော်အပါး လိုက်စားလိုက် လုပ်နေတာကြောင့် ပြန်ပြီး ဆင်းရဲသွားရတာဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်။ ဒီအကြောင်းကို ဘုရင်ကြီးကို ပြန်ပြီး လျှောက်တင်တဲ့ အခါမှာတော့…

ဘုရင်ကြီးဟာ “သူဆင်းရဲဟာ ငွေမရှိလို့ ဆင်းရဲတာ မဟုတ်ဘဲ ငွေကြေးဆိုင်ရာ အသိပညာ မကြွယ်ဝလို့ ဆင်းရဲတာပါလား” ဆိုပြီး ကောက်ချက် ချလိုက်တော့တယ်။

ဒီပုံပြင်ထဲက သူဆင်းရဲလိုပဲ… တစ်ခါတလေကျရင် လူတွေဟာ သူတို့ ငွေကြေးမပြေလည် ဖြစ်ရတာဟာ… ငွေမရှိလို့ မပြေလည်ဖြစ်ရတယ်လို့ ထင်တတ်ကြတယ်။ တကယ်က မဟုတ်ပါဘူး။

ငွေမရှိလို့ ငွေကြေး မပြေလည် ဖြစ်ရတာ မဟုတ်ဘဲ… ငွေကြေးဆိုင်ရာ အသိပညာ မရှိလို့ ငွေကြေးမပြေလည် ဖြစ်ရတာ ဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာ အသိပညာ မရှိသ၍တော့ ငွေဘယ်လောက်ပဲ ရနေရနေ ငွေကြေး မပြေလည်ဖြစ်နေရဦးမှာပါပဲလို့ မိတ်ဆွေတို့ကို အသိပေးလိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*