က်ြန္ေတာ္တို႕ ျမန္မာျပည္က ေရွး႐ိုးစြဲ အယူအဆေတြကို… သိပၸံပညာျဖင့္ ေျဖရွင္းျခင္း
အရင္က ေရွး႐ိုးစြဲအယူဆေတြကို သိပၸံပညာက ေျဖရွင္းေပးႏိုင္တယ္ ။ အရင္တုန္းက နားမလည္လို႔ ေၾကာက္လို႔ မရွင္းျပႏိုင္လို႔ အစဥ္အဆက္စြဲခဲ့တဲ့အရာေတြအေပၚ မဟုတ္ေၾကာင္း
လက္ေတြ႕ျပႏိုင္ရင္ အေကာင္းအဆိုးကို ပိုင္းျခားသိျမင္ႏိုင္မႈက ပိုျမင့္လာတယ္။ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္နဲ႔ အျပဳအမူကို ျပဳလုပ္ႏိုင္မယ္။
ဥပမာ… နဂါးပြက္ေတာင္ဆိုတာ ႐ႊံမီးေတာင္ပါလားဆိုတာကို သိသြားရင္ ဒါနဂါးေတြလုပ္ေနတာမဟုတ္ဘူး သဘာဝအတိုင္း႐ႊံ႕ေတြေပါက္ထြက္ေနတာပါလားဆိုတာသိမယ္။ နဂါးစာေကြၽးဖို႔မလိုရင္
ႏြားႏို႔ေတြဟာ မိဘမဲ့ကေလးေက်ာင္းေရာက္ရင္ေရာက္မွာေပါ့။ စဥ္းစားမိတာေလးေတြေရးထားတယ္။ သိၿပီးသားသူေတြအတြက္ေတာ့ ဘာမွ အသစ္ဆန္းမပါပါဘူး။
ဆင္ျဖဴ
လူေတြမွာ ခ႐ုသင္းဆိုတဲ့ ေရာဂါရွိသလို… တိရစာၦန္ေတြမွာလည္း ရွိတယ္ ။ ခ႐ုကေန စလို႔ မ်ိဳးႏြယ္စိတ္တိုင္းမွာ ရွိတယ္။ မယ္လနင္လို႔ ေခၚတဲ့ အမည္းေရာင္ ထုတ္တဲ့ဓာတ္ ေမြးရာပါ မပါလာတာ။ လုံးဝကို မပါလာတဲ့ အမ်ိဳးစားေတြဆိုရင္…
အကုန္လုံး ဆြတ္ဆြတ္ျဖဴတယ္။ တခ်ိဳ႕ကလည္း ကြက္ၾကား ပါလာတာမ်ိဳး ရွိတယ္။ မယ္လနင္က ေနေရာင္ကို ကာကြယ္တယ္။ မပါလာေတာ့ အေရျပားကင္ဆာ အျဖစ္မ်ားတယ္။
နဂါးပြက္ေတာင္
႐ႊံ႕မီးေတာင္ (Mud volcano) လို႔ ေခၚတယ္ ။ ေခ်ာ္ရည္ ထြက္တဲ့ မီးေတာင္အစစ္လိုေတာ့ မဟုတ္ဘူး။ အရမ္း နက္ရႈိင္းတဲ့ ေနရာကေန လာတာလည္း မဟုတ္ဘူး။ အေပၚယံ မ်က္ႏွာလႊာနားမွာရွိတဲ့ေရေတြက လူေတြ ေရတြင္းတူး သုံးၾကတယ္။
အဲဒီထက္ နက္ရႈိင္းတဲ့ အလႊာေတြမွာရွိတဲ့ ေရက အေပၚကို အပူရွိန္ေၾကာင့္ တက္လာရင္း သဲ၊ ႐ႊံ၊ ေျမသားေတြနဲ႔ တျဖည္းျဖည္း လုံးေထြးလာတာကေန အေပၚကိုေရာက္ေတာ့
ပူေလာင္ေနတဲ့ ႐ႊံ႕ေတြကို အန္ထုတ္တယ္။ ကမာၻေျမ အလႊာေတြရဲ႕ ဖြဲ႕စည္းပုံကို သိရင္ ေျမေအာက္ထဲက ဘာေတြ ထြက္လာႏိုင္တယ္ဆိုတာလည္း သိႏိုင္တယ္။
ေနၾကတ္၊ လၾကတ္
ကမာၻက ေနကို ပတ္တယ္။ လက ကမာၻကို ေနနဲ႔ကမာၻၾကား လမ္းေၾကာင္းတိုေလးကေန ပတ္တယ္။ လဟာ ကမာၻနဲ႔ ေနၾကားကို တည့္တည့္ႀကီး ေရာက္တဲ့အခ်ိန္မွာ ေနၾကတ္တယ္။
ေန႔ဘက္ျဖစ္ေနေပမယ့္ ေနရဲ႕အစိတ္အပိုင္း တစ္ခုကို လက ဖုံးသြားတယ္ ။ လနဲ႔ ေနၾကား ကမာၻက တည့္တည့္ႀကီးေရာက္ရင္ လၾကတ္တယ္။ ေနကို လကဖုံးရင္ ေနၾကတ္ၿပီးေတာ့ ေနကို ကမာၻက ဖုံးရင္ေတာ့ လၾကတ္တယ္။
ေနထီးေဆာင္း
သက္တန႔္ရဲ႕ သေဘာသဘာဝကို သိၿပီးျဖစ္လိမ့္မယ္ ။ ေနမွာ ေရာင္စဥ္ ၇ခု ပါတယ္။ မိုး႐ြာၿပီးတဲ့အခါ ေရမႈန္ေတြ ေလထဲမွာ က်န္ေနတယ္။ အဲဒီ ေရမႈန္ေတြကို ေနေရာင္ထိုးေတာ့… ေရာင္စဥ္ ၇ ခုနဲ႔ သက္တန႔္ျဖစ္တယ္။
ေနထီးေဆာင္းတာလည္း ဒီသေဘာပဲ ။ ေကာင္းကင္ အျမင့္ေပ ၂ေသာင္းေလာက္မွာ ရွိတဲ့ တိမ္တိုက္မွာ ေသးငယ္ၿပီးၾကည္လင္တဲ့ ေရခဲမႈန္ေလးေတြျဖစ္တယ္။
အဲဒါကိုျဖတ္ၿပီး ေနေရာင္က ေအာက္ဆင္းလာေတာ့… အလင္းက ေဘးပတ္လည္ကို ဖ်ာထြက္သြားၿပီး ကြင္းေလးလို ျဖစ္ေနတယ္။ ေနထီးေဆာင္းတာက်ေတာ့… အဲဒီ တိမ္တိုက္ ပတ္ဝန္းက်င္ေလာက္ကပဲျမင္ႏိုင္တယ္။ တစ္ေနရာတည္းကပဲ ၾကည့္လို႔ ရတယ္။
လူ ေရေပၚ ေပၚျခင္း
တခ်ိဳ႕ဟာေတြမွာ ေရေပၚေပၚလို႔ တန္ခိုးရွိတယ္ ဆိုၿပီး အထူးဆန္းျဖစ္ေနၾကတာေတြ႕လိမ့္မယ္။ ေရမကူးတတ္ေပမယ့္လည္း လူေရေပၚေပၚေနႏိုင္ဖို႔အတြက္ ဆားထုပ္ႀကီးႀကီးပဲ လိုတယ္။ ပင္လယ္ေသ (Dead sea) ဆိုတဲ့ေနရာ ရွိတယ္။
တကယ့္ ပင္လယ္အစစ္ မဟုတ္ဘူး… ဆားေရအိုင္ျဖစ္ေနတာ။ ပင္လယ္ေသမွာ ရွိတဲ့ ဆားေရေပ်ာ္ဝင္မႈဟာ အရမ္းမ်ားတဲ့ အတြက္ တျခားပင္လယ္ေတြထက္ ပိုငန္တယ္။ ပက္လက္ေနရင္ လူ ေရေပၚမွာ ေပၚေနလို႔ရတယ္။
႐ိုး႐ိုးေရမွာေတာင္ ေရကူးတတ္တဲ့သူ တစ္ဦးက ပက္လက္ေနရင္ လႈပ္ရွားစရာ မလိုဘဲ ေရေပၚေပၚႏိုင္တယ္။ အဲဒီေရထဲကို ဆားမ်ားမ်ားထည့္ရင္ ဆားေပ်ာ္ဝင္မႈ မ်ားၿပီး ေရက ပ်စ္လာတာေၾကာင့္ လူခႏၶာကိုယ္ကို မျမဳပ္ေအာင္ ထိန္းထားႏိုင္တယ္။
ေရပူစမ္း
ႏွစ္မ်ိဳး ရွိတယ္။ မီးေတာင္အရွင္ နားက ေရပူစမ္းေတြက ေခ်ာ္ရည္နဲ႔ အနီးကပ္ထိေတြ႕ႏိုင္လို႔ အရမ္းပူတယ္။ ေရဆင္းခ်ိဳးရင္ ေသသြားႏိုင္ေလာက္ေအာင္ ပူတယ္။ ေနာက္တစ္မ်ိဳးက
မီးေတာင္အနားမွာမဟုတ္ဘူး။ ေျမလႊာေအာက္က ေက်ာက္တုံးေတြက နက္ရႈိင္းေလ ဖိအား ပိုမ်ားေလဆိုေတာ့… မီးဖုတ္ထားသလို ပူေလာင္ေနတယ္။ ေျမေအာက္ေရက အဲဒီနားထိ
ေရာက္ႏိုင္တယ္ဆိုရင္… ေက်ာက္တုံးေတြနဲ႔ထိေတြ႕ၿပီး ေရေတြက ပူလာတယ္။ ေရလမ္းေၾကာင္းအေပၚကိုေရာက္တဲ့အခါ ေရပူစမ္းေတြ ျဖစ္လာတယ္။
ဒါက သဘာဝအေလ်ာက္ျဖစ္ေနတဲ့အရာေတြအေၾကာင္းပါ။ တျခားေရာ ဘာသိခ်င္ေသးလဲ။ ေျဖရွင္းၾကည့္ရေအာင္။
ေရးသားသူ#ေဒါက္တာသူရိန္လႈိင္ဝင္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
ကျွန်တော်တို့ မြန်မာပြည်က ရှေးရိုးစွဲ အယူအဆတွေကို… သိပ္ပံပညာဖြင့် ဖြေရှင်းခြင်း
အရင်က ရှေးရိုးစွဲအယူဆတွေကို သိပ္ပံပညာက ဖြေရှင်းပေးနိုင်တယ် ။ အရင်တုန်းက နားမလည်လို့ ကြောက်လို့ မရှင်းပြနိုင်လို့ အစဉ်အဆက်စွဲခဲ့တဲ့အရာတွေအပေါ် မဟုတ်ကြောင်း
လက်တွေ့ပြနိုင်ရင် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်မှုက ပိုမြင့်လာတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အပြုအမူကို ပြုလုပ်နိုင်မယ်။
ဥပမာ… နဂါးပွက်တောင်ဆိုတာ ရွှံမီးတောင်ပါလားဆိုတာကို သိသွားရင် ဒါနဂါးတွေလုပ်နေတာမဟုတ်ဘူး သဘာဝအတိုင်းရွှံ့တွေပေါက်ထွက်နေတာပါလားဆိုတာသိမယ်။ နဂါးစာကျွေးဖို့မလိုရင်
နွားနို့တွေဟာ မိဘမဲ့ကလေးကျောင်းရောက်ရင်ရောက်မှာပေါ့။ စဉ်းစားမိတာလေးတွေရေးထားတယ်။ သိပြီးသားသူတွေအတွက်တော့ ဘာမှ အသစ်ဆန်းမပါပါဘူး။
ဆင်ဖြူ
လူတွေမှာ ခရုသင်းဆိုတဲ့ ရောဂါရှိသလို… တိရစ္ဆာန်တွေမှာလည်း ရှိတယ် ။ ခရုကနေ စလို့ မျိုးနွယ်စိတ်တိုင်းမှာ ရှိတယ်။ မယ်လနင်လို့ ခေါ်တဲ့ အမည်းရောင် ထုတ်တဲ့ဓာတ် မွေးရာပါ မပါလာတာ။ လုံးဝကို မပါလာတဲ့ အမျိုးစားတွေဆိုရင်…
အကုန်လုံး ဆွတ်ဆွတ်ဖြူတယ်။ တချို့ကလည်း ကွက်ကြား ပါလာတာမျိုး ရှိတယ်။ မယ်လနင်က နေရောင်ကို ကာကွယ်တယ်။ မပါလာတော့ အရေပြားကင်ဆာ အဖြစ်များတယ်။
နဂါးပွက်တောင်
ရွှံ့မီးတောင် (Mud volcano) လို့ ခေါ်တယ် ။ ချော်ရည် ထွက်တဲ့ မီးတောင်အစစ်လိုတော့ မဟုတ်ဘူး။ အရမ်း နက်ရှိုင်းတဲ့ နေရာကနေ လာတာလည်း မဟုတ်ဘူး။ အပေါ်ယံ မျက်နှာလွှာနားမှာရှိတဲ့ရေတွေက လူတွေ ရေတွင်းတူး သုံးကြတယ်။
အဲဒီထက် နက်ရှိုင်းတဲ့ အလွှာတွေမှာရှိတဲ့ ရေက အပေါ်ကို အပူရှိန်ကြောင့် တက်လာရင်း သဲ၊ ရွှံ၊ မြေသားတွေနဲ့ တဖြည်းဖြည်း လုံးထွေးလာတာကနေ အပေါ်ကိုရောက်တော့
ပူလောင်နေတဲ့ ရွှံ့တွေကို အန်ထုတ်တယ်။ ကမ္ဘာမြေ အလွှာတွေရဲ့ ဖွဲ့စည်းပုံကို သိရင် မြေအောက်ထဲက ဘာတွေ ထွက်လာနိုင်တယ်ဆိုတာလည်း သိနိုင်တယ်။
နေကြတ်၊ လကြတ်
ကမ္ဘာက နေကို ပတ်တယ်။ လက ကမ္ဘာကို နေနဲ့ကမ္ဘာကြား လမ်းကြောင်းတိုလေးကနေ ပတ်တယ်။ လဟာ ကမ္ဘာနဲ့ နေကြားကို တည့်တည့်ကြီး ရောက်တဲ့အချိန်မှာ နေကြတ်တယ်။
နေ့ဘက်ဖြစ်နေပေမယ့် နေရဲ့အစိတ်အပိုင်း တစ်ခုကို လက ဖုံးသွားတယ် ။ လနဲ့ နေကြား ကမ္ဘာက တည့်တည့်ကြီးရောက်ရင် လကြတ်တယ်။ နေကို လကဖုံးရင် နေကြတ်ပြီးတော့ နေကို ကမ္ဘာက ဖုံးရင်တော့ လကြတ်တယ်။
နေထီးဆောင်း
သက်တန့်ရဲ့ သဘောသဘာဝကို သိပြီးဖြစ်လိမ့်မယ် ။ နေမှာ ရောင်စဉ် ၇ခု ပါတယ်။ မိုးရွာပြီးတဲ့အခါ ရေမှုန်တွေ လေထဲမှာ ကျန်နေတယ်။ အဲဒီ ရေမှုန်တွေကို နေရောင်ထိုးတော့… ရောင်စဉ် ၇ ခုနဲ့ သက်တန့်ဖြစ်တယ်။
နေထီးဆောင်းတာလည်း ဒီသဘောပဲ ။ ကောင်းကင် အမြင့်ပေ ၂သောင်းလောက်မှာ ရှိတဲ့ တိမ်တိုက်မှာ သေးငယ်ပြီးကြည်လင်တဲ့ ရေခဲမှုန်လေးတွေဖြစ်တယ်။
အဲဒါကိုဖြတ်ပြီး နေရောင်က အောက်ဆင်းလာတော့… အလင်းက ဘေးပတ်လည်ကို ဖျာထွက်သွားပြီး ကွင်းလေးလို ဖြစ်နေတယ်။ နေထီးဆောင်းတာကျတော့… အဲဒီ တိမ်တိုက် ပတ်ဝန်းကျင်လောက်ကပဲမြင်နိုင်တယ်။ တစ်နေရာတည်းကပဲ ကြည့်လို့ ရတယ်။
လူ ရေပေါ် ပေါ်ခြင်း
တချို့ဟာတွေမှာ ရေပေါ်ပေါ်လို့ တန်ခိုးရှိတယ် ဆိုပြီး အထူးဆန်းဖြစ်နေကြတာတွေ့လိမ့်မယ်။ ရေမကူးတတ်ပေမယ့်လည်း လူရေပေါ်ပေါ်နေနိုင်ဖို့အတွက် ဆားထုပ်ကြီးကြီးပဲ လိုတယ်။ ပင်လယ်သေ (Dead sea) ဆိုတဲ့နေရာ ရှိတယ်။
တကယ့် ပင်လယ်အစစ် မဟုတ်ဘူး… ဆားရေအိုင်ဖြစ်နေတာ။ ပင်လယ်သေမှာ ရှိတဲ့ ဆားရေပျော်ဝင်မှုဟာ အရမ်းများတဲ့ အတွက် တခြားပင်လယ်တွေထက် ပိုငန်တယ်။ ပက်လက်နေရင် လူ ရေပေါ်မှာ ပေါ်နေလို့ရတယ်။
ရိုးရိုးရေမှာတောင် ရေကူးတတ်တဲ့သူ တစ်ဦးက ပက်လက်နေရင် လှုပ်ရှားစရာ မလိုဘဲ ရေပေါ်ပေါ်နိုင်တယ်။ အဲဒီရေထဲကို ဆားများများထည့်ရင် ဆားပျော်ဝင်မှု များပြီး ရေက ပျစ်လာတာကြောင့် လူခန္ဓာကိုယ်ကို မမြုပ်အောင် ထိန်းထားနိုင်တယ်။
ရေပူစမ်း
နှစ်မျိုး ရှိတယ်။ မီးတောင်အရှင် နားက ရေပူစမ်းတွေက ချော်ရည်နဲ့ အနီးကပ်ထိတွေ့နိုင်လို့ အရမ်းပူတယ်။ ရေဆင်းချိုးရင် သေသွားနိုင်လောက်အောင် ပူတယ်။ နောက်တစ်မျိုးက
မီးတောင်အနားမှာမဟုတ်ဘူး။ မြေလွှာအောက်က ကျောက်တုံးတွေက နက်ရှိုင်းလေ ဖိအား ပိုများလေဆိုတော့… မီးဖုတ်ထားသလို ပူလောင်နေတယ်။ မြေအောက်ရေက အဲဒီနားထိ
ရောက်နိုင်တယ်ဆိုရင်… ကျောက်တုံးတွေနဲ့ထိတွေ့ပြီး ရေတွေက ပူလာတယ်။ ရေလမ်းကြောင်းအပေါ်ကိုရောက်တဲ့အခါ ရေပူစမ်းတွေ ဖြစ်လာတယ်။
ဒါက သဘာဝအလျောက်ဖြစ်နေတဲ့အရာတွေအကြောင်းပါ။ တခြားရော ဘာသိချင်သေးလဲ။ ဖြေရှင်းကြည့်ရအောင်။
ရေးသားသူ#ဒေါက်တာသူရိန်လှိုင်ဝင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply