မႏၲေလးေတာင္မွာ တကယ္ရိွခဲ့တယ္ဆိုတဲ့… ေႁမြႀကီးႏွစ္ေကာင္ရဲ႕ ရာဇဝင္

မႏၲေလးေတာင္မွာ တကယ္ရိွခဲ့တယ္ဆိုတဲ့... ေႁမြႀကီးႏွစ္ေကာင္ရဲ႕ ရာဇဝင္
မႏၲေလးေတာင္မွာ တကယ္ရိွခဲ့တယ္ဆိုတဲ့... ေႁမြႀကီးႏွစ္ေကာင္ရဲ႕ ရာဇဝင္

မႏၲေလးေတာင္မွာ တကယ္ရိွခဲ့တယ္ဆိုတဲ့… ေႁမြႀကီးႏွစ္ေကာင္ရဲ႕ ရာဇဝင္

မႏၲေလးေတာင္ က ေႁမြႀကီး ႏွစ္ေကာင္ တစ္ကယ္ ရွိခဲ့သလား..? တစ္ကယ္ ရွိခဲ့ပါတယ္။ သူ႔ ရာဇ၀င္က ဒီလိုပါ…။

ျမန္မာႏိုင္ငံ ကိုလိုနီေခတ္ ၁၂၆၆ ခုႏွ စ္၀န္းက်င္ေလာက္မွာ မႏၲေလးေျမာက္ျပင္က လင္းဇင္းရပ္ထဲမွာ ဦးေဘ ဆိုတဲ့ လူႀကီး တစ္ေယာက္ ရွိတယ္။ တစ္ရက္မွာေတာ့… ဦးေဘ အိမ္ထဲကို

ေတာ္ေတာ္ေလး ႀကီးတဲ့ စပါးအုံး ေႁမြႀကီး ႏွစ္ေကာင္ ဘယ္က လာမွန္းမသိ ေရာက္လာတယ္။ အထီး တစ္ေကာင္၊ အစ္မ တစ္ေကာင္။ အဲမွာတင္… ဦးေဘက ေႁမြဆရာ ဦးလုံးကို ေခၚျပတယ္..။

စစ္သားေဟာင္းႀကီး ဦးလုံးက… ေႁမြႀကီး ႏွစ္ေကာင္ကို ယူသြားၿပီး လူစည္တဲ့ ေနရာေတြမွာ ျပစားတယ္။ ေႁမြႀကီးေတြက ႀကီးေတာ့… လာၾကည့္တဲ့သူေတြ မ်ားၿပီး ပိုက္ဆံလည္း ေတာ္ေတာ္ ရ ဆိုပဲ။

တစ္ရက္မွာေတာ့… မႏၲေလး ေတာင္ေပၚမွာ သီတင္းသုံးေနတဲ့ ဘုန္းႀကီး ဦးနႏၵိယက… ေႁမြႀကီ းႏွစ္ေကာင္ကို လာ အလႉခံတယ္..။ ဦးနႏၵိယ ဆိုတာ ရေသ့ႀကီးဦးခႏၲီ အရင္ ေတာင္ေပၚမွာ သီတင္းသုံးသြားတဲ့ ဘုန္းႀကီးပါ။

ဘုန္းႀကီး ဦးနႏၵိယ က အလႉခံေတာ့ ေႁမြဆရာ ဦးလုံးက လႉလိုက္တယ္။ ဦးနႏၵိယက အဲ ေႁမြႀကီ းႏွစ္ေကာင္ ကို မႏၲေလးေတာင္ေပၚမွာ ေမြးထားတယ္။ အဲ ေႁမြႀကီ းႏွစ္ေကာင္ကို အေၾကာင္းျပဳၿပီး

မႏၲေလးေတာင္ေပၚမွာ ဘုရားဖူးေတြ ေတာ္ေတာ္ စည္လာတယ္တဲ့။ ဒီလိုနဲ႔… တစ္ႏွစ္နဲ႔ ရွစ္လ ၾကာတဲ့အခါမွာ ဦးနႏၵိယက ေႁမြႀကီ းႏွစ္ေကာင္ကို မႏၲေလးၿမိဳ႕ အေရွ႕ဘက္မွာ ရွိတဲ့ ရန္ကင္းေတာင္ေပၚမွာ သြားလႊတ္ေပး လိုက္တယ္။

အဲမွာတင္… ေႁမြႀကီး ႏွစ္ေကာင္လည္း တြင္းႀကီး တစ္တြင္းထဲ ၀င္သြားၾကတယ္။ အဲကတည္းက စၿပီး ေႁမြႀကီး ႏွစ္ေကာင္ ဇာတ္လမ္းလည္း မၾကားရေတာ့ပါဘူးတဲ့။ ခု ကြၽန္ေတာ္တို႔ ျမင္ေနရတဲ့ ေႁမြ႐ုပ္ႀကီး ႏွစ္႐ုပ္ကေတာ့…

ရေသ့ႀကီး ဦးခႏၲီ ေရာက္ၿပီးမွ သံေတြနဲ႔ ထုလုပ္ ထားတာပါ။ ဒါေပမယ့္ ရေသ့ႀကီး ဦးခႏၵီ လုပ္ထားတဲ့ ေႁမြႏွစ္ေကာင္ကေတာ့… စပါးအုံးေႁမြေတြ မဟုတ္ဘဲ ေႁမြေဟာက္ႀကီးေတြပါတဲ့။ ဒါကေတာ့…

မႏၲေလးေတာင္က ေႁမြႀကီး ႏွစ္ေကာင္ ရာဇ၀င္ပါ။ မႏၲေလးမွာ UFL သြားတက္တုန္းကလည္း သူငယ္ခ်င္း တစ္ေယာက္နဲ႔ ေတာင္ေပၚ တက္ရင္း ေႁမြႀကီး ႏွစ္ေကာင္ကို ေတြ႕ခဲ့ေသးေပမယ့္…

သမိုင္းေၾကာင္း ကို မသိ ခဲ့ရပါဘူး။ ေနာက္ပိုင္းက်မွ လူထုေဒၚအမာရဲ႕ “ကြၽန္မတို ႔မႏၲေလးက မႏၲေလးေတာင္” ဆိုတဲ့ စာအုပ္ ဖတ္ျဖစ္ခဲ့ၿပီးမွ သိခဲ့ ရတာပါ..။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မန္တလေးတောင်မှာ တကယ်ရှိခဲ့တယ်ဆိုတဲ့… မြွေကြီးနှစ်ကောင်ရဲ့ ရာဇဝင်

မန္တလေးတောင် က မြွေကြီး နှစ်ကောင် တစ်ကယ် ရှိခဲ့သလား..? တစ်ကယ် ရှိခဲ့ပါတယ်။ သူ့ ရာဇဝင်က ဒီလိုပါ…။

မြန်မာနိုင်ငံ ကိုလိုနီခေတ် ၁၂၆၆ ခုနှ စ်ဝန်းကျင်လောက်မှာ မန္တလေးမြောက်ပြင်က လင်းဇင်းရပ်ထဲမှာ ဦးဘေ ဆိုတဲ့ လူကြီး တစ်ယောက် ရှိတယ်။ တစ်ရက်မှာတော့… ဦးဘေ အိမ်ထဲကို

တော်တော်လေး ကြီးတဲ့ စပါးအုံး မြွေကြီး နှစ်ကောင် ဘယ်က လာမှန်းမသိ ရောက်လာတယ်။ အထီး တစ်ကောင်၊ အစ်မ တစ်ကောင်။ အဲမှာတင်… ဦးဘေက မြွေဆရာ ဦးလုံးကို ခေါ်ပြတယ်..။

စစ်သားဟောင်းကြီး ဦးလုံးက… မြွေကြီး နှစ်ကောင်ကို ယူသွားပြီး လူစည်တဲ့ နေရာတွေမှာ ပြစားတယ်။ မြွေကြီးတွေက ကြီးတော့… လာကြည့်တဲ့သူတွေ များပြီး ပိုက်ဆံလည်း တော်တော် ရ ဆိုပဲ။

တစ်ရက်မှာတော့… မန္တလေး တောင်ပေါ်မှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ဦးနန္ဒိယက… မြွေကြီ းနှစ်ကောင်ကို လာ အလှူခံတယ်..။ ဦးနန္ဒိယ ဆိုတာ ရသေ့ကြီးဦးခန္တီ အရင် တောင်ပေါ်မှာ သီတင်းသုံးသွားတဲ့ ဘုန်းကြီးပါ။

ဘုန်းကြီး ဦးနန္ဒိယ က အလှူခံတော့ မြွေဆရာ ဦးလုံးက လှူလိုက်တယ်။ ဦးနန္ဒိယက အဲ မြွေကြီ းနှစ်ကောင် ကို မန္တလေးတောင်ပေါ်မှာ မွေးထားတယ်။ အဲ မြွေကြီ းနှစ်ကောင်ကို အကြောင်းပြုပြီး

မန္တလေးတောင်ပေါ်မှာ ဘုရားဖူးတွေ တော်တော် စည်လာတယ်တဲ့။ ဒီလိုနဲ့… တစ်နှစ်နဲ့ ရှစ်လ ကြာတဲ့အခါမှာ ဦးနန္ဒိယက မြွေကြီ းနှစ်ကောင်ကို မန္တလေးမြို့ အရှေ့ဘက်မှာ ရှိတဲ့ ရန်ကင်းတောင်ပေါ်မှာ သွားလွှတ်ပေး လိုက်တယ်။

အဲမှာတင်… မြွေကြီး နှစ်ကောင်လည်း တွင်းကြီး တစ်တွင်းထဲ ဝင်သွားကြတယ်။ အဲကတည်းက စပြီး မြွေကြီး နှစ်ကောင် ဇာတ်လမ်းလည်း မကြားရတော့ပါဘူးတဲ့။ ခု ကျွန်တော်တို့ မြင်နေရတဲ့ မြွေရုပ်ကြီး နှစ်ရုပ်ကတော့…

ရသေ့ကြီး ဦးခန္တီ ရောက်ပြီးမှ သံတွေနဲ့ ထုလုပ် ထားတာပါ။ ဒါပေမယ့် ရသေ့ကြီး ဦးခန္ဒီ လုပ်ထားတဲ့ မြွေနှစ်ကောင်ကတော့… စပါးအုံးမြွေတွေ မဟုတ်ဘဲ မြွေဟောက်ကြီးတွေပါတဲ့။ ဒါကတော့…

မန္တလေးတောင်က မြွေကြီး နှစ်ကောင် ရာဇဝင်ပါ။ မန္တလေးမှာ UFL သွားတက်တုန်းကလည်း သူငယ်ချင်း တစ်ယောက်နဲ့ တောင်ပေါ် တက်ရင်း မြွေကြီး နှစ်ကောင်ကို တွေ့ခဲ့သေးပေမယ့်…

သမိုင်းကြောင်း ကို မသိ ခဲ့ရပါဘူး။ နောက်ပိုင်းကျမှ လူထုဒေါ်အမာရဲ့ “ကျွန်မတို့မန္တလေးက မန္တလေးတောင်” ဆိုတဲ့ စာအုပ် ဖတ်ဖြစ်ခဲ့ပြီးမှ သိခဲ့ ရတာပါ..။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*