ဂျူးလူမျိုး တွေက စားစရာ မရှိရင်တောင် အနာဂတ္တိကျမ်း နဲ့ အသက် ရှင် နိုင်တယ်။
ခရက်ဒစ်# Aung Htang
Unicode
စီးပွားရှာတော်တဲ့… ဂျူးလူမျိုး နဲ့ တရုတ်လူမျိုးတို့ စီးပွား ပျက်သွားသောအခါ…
တခါက အလွန် ချမ်းသာကြတဲ့ ဂျူးကုန်သည် တယောက် နဲ့ တရုတ်ကုန်သည် တယောက် ဘေးချင်းကပ်လျက် ဈေးရောင်းပြီး စီးပွါးရေး ပြိုင်နေကြသတဲ့။ Customer များများ ရရန်
အပြိုင် အဆိုင် အားကျ မခံ ဈေးချ ရင်းနဲ့ ကြာလာတော့ နှစ်ယောက်စလုံး မွဲသွားသတဲ့။ ဒီတော့ တရုတ်က ရုံးတော်ကို သွားပြီး လူမွဲစာရင်းဝင်ဖို့ လျှောက်လိုက်တော့… ရှိတဲ့ အကြွေးတောင်
ဆပ်စရာ မလိုသည့်အပြင် တောင်းစားခွင့် လိုင်စင်ပါ ရသတဲ့။ ဒါနဲ့ သူ့ ဆိုင်ခန်းကို ပိတ်လိုက်ပြီး လမ်းဘေးမှာ တောင်းစားလေ သတဲ့။
ဂျူးကုန်သည်… ဂျူးကုန်သည်လည်း ရုံးတော်ကို သွားပြီး ဗေဒင်ဟောခွင့် လက်မှတ်ကို လျှောက်လိုက်တယ်တဲ့ ။ သူလဲ လမ်းဘေး မှာဘဲ ဗေဒင် ထိုင်ဟောတော့ သတဲ့ ။
နှစ် အတန်ကြာသော်… တရုတ်ကြီးဟာ တောင်းစားလို့ ရသမျှ ပိုက်ဆံနဲ့ စားသောက်ဆိုင် တဆိုင် ဖွင့်ပြီး လုပ်ငန်း ကို ပြန်စ ဖြစ်တယ်။
ဂျူးကလည်း ဗေဒင်ဟောခနဲ့ ဘဏ် တခု ဖွင့်ကာ လုပ်ငန်း ပြန်စ ဖြစ်တယ်။ သူတို့ နှစ်ယောက်စလုံး အသက် ကြီးလို့ သေခါနီးမှာ သူတို့ရဲ့ သားသမီး ကို ဤသို့ မှာခဲ့ သတဲ့ …
တရုတ် ကုန်သည်… ငါ့သား.. ဂျူးလူမျိုး နဲ့ စီးပွားရေး ဘယ်တော့ မပြိုင်နဲ့ ။ ပြိုင်ရင် သင်သာ မွဲသွားလိမ့် မယ်။ ငါတို့ မှာ အနာဂတ္တိကျမ်း မရှိဘူး။
ဂျူးလူမျိူး တွေက စားစရာ မရှိရင်တောင် အနာဂတ္တိကျမ်း နဲ့ အသက် ရှင် နိုင်တယ်။
ဂျူး ကုန်သည်… ငါ့သား.. တရုတ် နဲ့ ဘယ်တော့မှ စီးပွားရေး သွား မပြိုင်နဲ့။ သူတို့က စီးပွားရေး အရင်းအနှီး ကို သူတောင်းစား အလုပ်နဲ့ လည်း
ရှာ တတ်တယ်။ ငါတို့ ဂျူး မှာ ဒါမျိုး ပညာ မရှိဘူး။ စားစရာ မရှိရင် ‘ကယ်ပါ ဘုရား’ လို့ဘဲ အော်တတ် တယ်။
ဒါပါဘဲ… လဲကျသော်လည်း ပြန်ထ နိုင်ကြပါစေ။
ခရက်ဒစ်# Aung Htang
Be the first to comment
Leave a Reply
Your email address will not be published.
*