မိဘေတြ မၾကာခဏ ရန္ျဖစ္ၾကတဲ့အခါ ကေလးေတြမွာ ထိခိုက္လာႏိုင္တဲ့အရာ (၈) ခု

မိဘေတြ မၾကာခဏ ရန္ျဖစ္ၾကတဲ့အခါ ကေလးေတြမွာ ထိခိုက္လာႏိုင္တဲ့အရာ (၈) ခု
မိဘေတြ မၾကာခဏ ရန္ျဖစ္ၾကတဲ့အခါ ကေလးေတြမွာ ထိခိုက္လာႏိုင္တဲ့အရာ (၈) ခု

မိဘေတြ မၾကာခဏ ရန္ျဖစ္ၾကတဲ့အခါ ကေလးေတြမွာ ထိခိုက္လာႏိုင္တဲ့အရာ (၈) ခု

ကေလးေတြလည္း လူႀကီးေတြနည္းတူ စိတ္ဖိစီးမႈေတြကို ခံစားရေလ့ရွိပါတယ္။ ေလ့လာခ်က္ေတြအရ ကေလး ၁၃ ရာခိုင္ႏႈန္းဟာ စိတ္ညစ္စရာပတ္ဝန္းက်င္ေၾကာင့္ စိတ္ဖိစီးမႈေတြကို

ခံစားလာရပါတယ္။ မိဘေတြၾကားက အဆိပ္အေတာက္ျဖစ္ေစတဲ့ပတ္သက္မႈေတြေၾကာင့္ ကေလးအတြက္ စိတ္ေရာကိုယ္ပါ ထိခိုက္စရာေတြ ျဖစ္ေပၚလာပါတယ္။

(၁) အၿမဲတမ္းလိုလို ေနမေကာင္းျဖစ္ေနသလို ခံစားရျခင္း

မိဘေတြ ခဏခဏရန္ျဖစ္ေနတာကို ေတြ႕ရတဲ့ကေလးက ဘယ္နည္းနဲ႔မွ မေပ်ာ္႐ႊင္ႏိုင္ေတာ့ပါဘူး။ မိဘေတြက စိတ္ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ႏိုင္တဲ့အခါ

ကေလးရဲ႕ ခႏၶာကိုယ္က်န္းမာေရးကိုပါ ထိခိုက္လာေစပါတယ္။ မိဘေတြ စကားမ်ားရန္ျဖစ္တိုင္း ဖ်ားသလို၊ ေနမေကာင္းသလို ခံစားလာရပါတယ္။

(၂) အျပစ္တင္ခံရတာနဲ႔ အသားက်လာျခင္း

အခ်ိဳ႕ေသာမိဘေတြက အခ်င္းခ်င္း အဆင္မေျပတဲ့အခါမွာ ကေလးအေပၚကို အျပစ္ပုံခ်တတ္ၾကပါတယ္။ ကေလးက မဆီမဆိုင္ဘဲ အျပစ္တင္ခံရၿပီးေတာ့ စိတ္ဒဏ္ရာေတြ

ရလာပါတယ္။ ကေလးေတြကို ဆုံးမခ်င္တဲ့အခါ စကားမ်ားမ်ားၿပီးခ်င္းမဆုံးမဘဲ စိတ္တည္ၿငိမ္တဲ့အခ်ိန္မွသာ ေအးေအးေဆးေဆး ေျပာသင့္ပါတယ္။

(၃) အျပစ္ရွိသလို ခံစားရျခင္း

မိဘေတြၾကားက ႀကီးႀကီးမားမားျပႆနာေတြေၾကာင့္ ကေလးေတြက ေႏြးေထြးၾကင္နာမႈေတြကို မရရွိေတာ့ပါဘူး။ ေပ်ာ္စရာအခ်ိန္ေတြ ကုန္သြားသလို ခံစားရပါတယ္။ ကေလးေတြက မိဘေတြက အဆင္ေျပေစေအာင္ ျပန္လည္ႀကိဳးစားေပမယ့္

အေအာ္ခံရတာ၊ အ႐ိုက္ခံရတာတို႔ ႀကဳံေတြ႕ရေလ့ရွိပါတယ္။ စကားမ်ားရန္ျဖစ္ရတာက ကေလးေၾကာင့္မဟုတ္ဘဲ အျပစ္ရွိတယ္လို႔ အၿမဲတမ္းေတြးထင္သြားတတ္ပါတယ္။

(၄) ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ျခင္း

မိဘေတြ မေပ်ာ္႐ႊင္တဲ့အခါ ကေလးေတြလည္း မေပ်ာ္႐ႊင္ႏိုင္ေတာ့ပါဘူး။ ကေလးေတြကို ျပည့္စုံေအာင္ ထားေပမယ့္လည္း ေပ်ာ္႐ႊင္မႈကို ေတာင့္တေနမွာပါ။

မိဘေတြက ဝမ္းနည္းေနတာ၊ အဆင္မေျပေတာ့တာကို ၾကည့္ၿပီး ကေလးက ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။

(၅) ခံစားခ်က္ေတြကို အေရးမႀကီးဘူးလိူ႔ ထင္လာျခင္း

ကေလးေတြမွာ မေကာင္းတဲ့ခံစားခ်က္ေတြ ေပၚလာတဲ့အခါ လ်စ္လ်ဴမရႈထားသင့္ပါဘူး။ ကေလးက ႐ုတ္တရက္ ေဒါသႀကီးလာတာ၊ ဆတ္ဆတ္ထိမခံျဖစ္လာတာတို႔ဆိုရင္ သတိထားၿပီး ၾကည့္ရႈသင့္ပါတယ္။ မိဘေတြက ကေလးေတြေရွ႕တင္ ရန္ျဖစ္တာေၾကာင့္

ကေလးေတြဆီမွာ ေဒါသႀကီးတဲ့အျပဳအမူေတြ ကူးစက္လာပါတယ္။ ဝမ္းနည္းေနရင္ေတာင္မွ မိဘေတြကို မေျပာျပျဖစ္ေတာ့ဘဲ ခံစားခ်က္ေတြက အေရးမႀကီးဘူးလို႔ ထင္လာတတ္ပါတယ္။

(၆) စိတ္ဖိစီးမႈ ခံစားရျခင္း

ငယ္စဥ္ကတည္းက မိသားစုဆီကေန ေႏြးေထြးမႈအျပည့္အဝမရတဲ့ ကေလးေတြက စိတ္ဖိစိးမႈကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ခံစားရပါတယ္။ ကေလးကို စိတ္ဖိစီးမႈဒဏ္ကေန ေဝးေအာင္ ဝါသနာေတြကို

ငယ္ငယ္ကတည္းက ပ်ိဳးေထာင္ေပးပါ။ မိဘေတြက အၿမဲတမ္းျပႆနာျဖစ္ၿပီး ႏွိပ္စက္ေနတာကို ငယ္႐ြယ္တဲ့ကေလးေတြအေနနဲ႔ မျမင္သင့္ပါဘူး။

(၇) ဘယ္သူ႔ဘက္ကို လိုက္ရမွန္းမသိျဖစ္ျခင္း

မိဘေတြရဲ႕ အဆိပ္အေတာက္ဆက္ဆံေရးၾကားမွာ ဘယ္လိုေနထိုင္ရမွန္း ကေလးေတြက မခြဲျခားႏိုင္ပါဘူး။ အဲဒါေၾကာင့္ အေဖ သို႔မဟုတ္ အေမနဲ႔ေနဖို႔ ေ႐ြးခ်ယ္လိုက္ၾကပါတယ္။ ဒါေပမယ့္

ဒီလိုေ႐ြးခ်ယ္လိုက္တာက သဘာဝမက်ဘဲ ကေလးရဲ႕စိတ္ထဲမွာ ဒဏ္ရာအနာတရျဖစ္ေပၚလာပါတယ္။ ကေလးေတြက မိဘႏွစ္ပါးလုံးထံကေန ခ်စ္ျခင္းေမတၱာေတြကို အျပည့္အဝရရွိသင့္ပါတယ္။

(၈) စိုးရိမ္ပူပန္တတ္လာျခင္း

ကေလးေတြက မိဘေတြျပႆနာျဖစ္ရတဲ့အေၾကာင္းအရင္းကို နားမလည္ပါဘူး။ တစ္ခုခုမွားယြင္းေနတယ္လို႔ပဲ သိၾကပါတယ္။ မိဘေတြအခ်င္းခ်င္း အဆင္မေျပတဲ့အခါ အခ်ိဳ႕ကေလးေတြက

အရာရာတိုင္းကို စိုးရိမ္ပူပန္တတ္လာပါတယ္။ အခ်ိဳ႕ကေလးေတြကေတာ့ သီးသန႔္ေနတတ္လာၿပီး အခ်ိဳ႕ကေလးေတြက ေဒါသႀကီးလာတတ္ပါတယ္။

ခရက္ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိဘတွေ မကြာခဏ ရန်ဖြစ်ကြတဲ့အခါ ကလေးတွေမှာ ထိခိုက်လာနိုင်တဲ့အရာ (၈) ခု

ကလေးတွေလည်း လူကြီးတွေနည်းတူ စိတ်ဖိစီးမှုတွေကို ခံစားရလေ့ရှိပါတယ်။ လေ့လာချက်တွေအရ ကလေး ၁၃ ရာခိုင်နှုန်းဟာ စိတ်ညစ်စရာပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးမှုတွေကို

ခံစားလာရပါတယ်။ မိဘတွေကြားက အဆိပ်အတောက်ဖြစ်စေတဲ့ပတ်သက်မှုတွေကြောင့် ကလေးအတွက် စိတ်ရောကိုယ်ပါ ထိခိုက်စရာတွေ ဖြစ်ပေါ်လာပါတယ်။

(၁) အမြဲတမ်းလိုလို နေမကောင်းဖြစ်နေသလို ခံစားရခြင်း

မိဘတွေ ခဏခဏရန်ဖြစ်နေတာကို တွေ့ရတဲ့ကလေးက ဘယ်နည်းနဲ့မှ မပျော်ရွှင်နိုင်တော့ပါဘူး။ မိဘတွေက စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါ

ကလေးရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ မိဘတွေ စကားများရန်ဖြစ်တိုင်း ဖျားသလို၊ နေမကောင်းသလို ခံစားလာရပါတယ်။

(၂) အပြစ်တင်ခံရတာနဲ့ အသားကျလာခြင်း

အချို့သောမိဘတွေက အချင်းချင်း အဆင်မပြေတဲ့အခါမှာ ကလေးအပေါ်ကို အပြစ်ပုံချတတ်ကြပါတယ်။ ကလေးက မဆီမဆိုင်ဘဲ အပြစ်တင်ခံရပြီးတော့ စိတ်ဒဏ်ရာတွေ

ရလာပါတယ်။ ကလေးတွေကို ဆုံးမချင်တဲ့အခါ စကားများများပြီးချင်းမဆုံးမဘဲ စိတ်တည်ငြိမ်တဲ့အချိန်မှသာ အေးအေးဆေးဆေး ပြောသင့်ပါတယ်။

(၃) အပြစ်ရှိသလို ခံစားရခြင်း

မိဘတွေကြားက ကြီးကြီးမားမားပြဿနာတွေကြောင့် ကလေးတွေက နွေးထွေးကြင်နာမှုတွေကို မရရှိတော့ပါဘူး။ ပျော်စရာအချိန်တွေ ကုန်သွားသလို ခံစားရပါတယ်။ ကလေးတွေက မိဘတွေက အဆင်ပြေစေအောင် ပြန်လည်ကြိုးစားပေမယ့်

အအော်ခံရတာ၊ အရိုက်ခံရတာတို့ ကြုံတွေ့ရလေ့ရှိပါတယ်။ စကားများရန်ဖြစ်ရတာက ကလေးကြောင့်မဟုတ်ဘဲ အပြစ်ရှိတယ်လို့ အမြဲတမ်းတွေးထင်သွားတတ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း

မိဘတွေ မပျော်ရွှင်တဲ့အခါ ကလေးတွေလည်း မပျော်ရွှင်နိုင်တော့ပါဘူး။ ကလေးတွေကို ပြည့်စုံအောင် ထားပေမယ့်လည်း ပျော်ရွှင်မှုကို တောင့်တနေမှာပါ။

မိဘတွေက ဝမ်းနည်းနေတာ၊ အဆင်မပြေတော့တာကို ကြည့်ပြီး ကလေးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။

(၅) ခံစားချက်တွေကို အရေးမကြီးဘူးလိူ့ ထင်လာခြင်း

ကလေးတွေမှာ မကောင်းတဲ့ခံစားချက်တွေ ပေါ်လာတဲ့အခါ လျစ်လျူမရှုထားသင့်ပါဘူး။ ကလေးက ရုတ်တရက် ဒေါသကြီးလာတာ၊ ဆတ်ဆတ်ထိမခံဖြစ်လာတာတို့ဆိုရင် သတိထားပြီး ကြည့်ရှုသင့်ပါတယ်။ မိဘတွေက ကလေးတွေရှေ့တင် ရန်ဖြစ်တာကြောင့်

ကလေးတွေဆီမှာ ဒေါသကြီးတဲ့အပြုအမူတွေ ကူးစက်လာပါတယ်။ ဝမ်းနည်းနေရင်တောင်မှ မိဘတွေကို မပြောပြဖြစ်တော့ဘဲ ခံစားချက်တွေက အရေးမကြီးဘူးလို့ ထင်လာတတ်ပါတယ်။

(၆) စိတ်ဖိစီးမှု ခံစားရခြင်း

ငယ်စဉ်ကတည်းက မိသားစုဆီကနေ နွေးထွေးမှုအပြည့်အဝမရတဲ့ ကလေးတွေက စိတ်ဖိစိးမှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရပါတယ်။ ကလေးကို စိတ်ဖိစီးမှုဒဏ်ကနေ ဝေးအောင် ဝါသနာတွေကို

ငယ်ငယ်ကတည်းက ပျိုးထောင်ပေးပါ။ မိဘတွေက အမြဲတမ်းပြဿနာဖြစ်ပြီး နှိပ်စက်နေတာကို ငယ်ရွယ်တဲ့ကလေးတွေအနေနဲ့ မမြင်သင့်ပါဘူး။

(၇) ဘယ်သူ့ဘက်ကို လိုက်ရမှန်းမသိဖြစ်ခြင်း

မိဘတွေရဲ့ အဆိပ်အတောက်ဆက်ဆံရေးကြားမှာ ဘယ်လိုနေထိုင်ရမှန်း ကလေးတွေက မခွဲခြားနိုင်ပါဘူး။ အဲဒါကြောင့် အဖေ သို့မဟုတ် အမေနဲ့နေဖို့ ရွေးချယ်လိုက်ကြပါတယ်။ ဒါပေမယ့်

ဒီလိုရွေးချယ်လိုက်တာက သဘာဝမကျဘဲ ကလေးရဲ့စိတ်ထဲမှာ ဒဏ်ရာအနာတရဖြစ်ပေါ်လာပါတယ်။ ကလေးတွေက မိဘနှစ်ပါးလုံးထံကနေ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိသင့်ပါတယ်။

(၈) စိုးရိမ်ပူပန်တတ်လာခြင်း

ကလေးတွေက မိဘတွေပြဿနာဖြစ်ရတဲ့အကြောင်းအရင်းကို နားမလည်ပါဘူး။ တစ်ခုခုမှားယွင်းနေတယ်လို့ပဲ သိကြပါတယ်။ မိဘတွေအချင်းချင်း အဆင်မပြေတဲ့အခါ အချို့ကလေးတွေက

အရာရာတိုင်းကို စိုးရိမ်ပူပန်တတ်လာပါတယ်။ အချို့ကလေးတွေကတော့ သီးသန့်နေတတ်လာပြီး အချို့ကလေးတွေက ဒေါသကြီးလာတတ်ပါတယ်။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*