ၾကိဳးစားျပီး… မေအာင္ျမင္တာ ဘာေၾကာင့္လဲ…?(မွတ္သားသင့္တဲ့ အခ်က္ေလးေတြပါ)

ၾကိဳးစားျပီး... မေအာင္ျမင္တာ ဘာေၾကာင့္လဲ...?(မွတ္သားသင့္တဲ့ အခ်က္ေလးေတြပါ)
ၾကိဳးစားျပီး... မေအာင္ျမင္တာ ဘာေၾကာင့္လဲ...?(မွတ္သားသင့္တဲ့ အခ်က္ေလးေတြပါ)

ၾကိဳးစားျပီး… မေအာင္ျမင္တာ ဘာေၾကာင့္လဲ…?(မွတ္သားသင့္တဲ့ အခ်က္ေလးေတြပါ)

ဒီေမးခြန္းက လူငယ္ေတာ္ေတာ္မ်ားမ်ား ေမးေလ့ရွိတဲ့… ေမးခြန္းမ်ိဳးဗ်။ အရမ္းေကာင္းတဲ့ ေမးခြန္းျဖစ္ၿပီး ေအာင္ျမင္မႈရဖို႔ ႀကိဳးစားေနတဲ့ လူငယ္တစ္ေယာက္အတြက္ လုံးဝေမးသင့္တဲ့ ေမးခြန္းမ်ိဳးပါ။ တစ္ခါတစ္ေလမ်ားမွာ ကြၽန္ေတာ္တို႔ဟာ…

ႀကိဳးစားေနေပမဲ့ ဘာမွထူးျခားမလာတဲ့ပုံစံမ်ိဳး ၊ အေျခအေနမ်ိဳးကို ႀကဳံရတတ္ပါတယ္။ (မ်ားေသာအားျဖင့္ေပါ့ေလ) ကိုယ္အရမ္းႀကိဳးစားေနၿပီး ဘာတစ္ခုမွ ေကာင္းတာ ျဖစ္မလာတဲ့အခါ၊ ႀကိဳးစားေနၿပီး ဘာမွသိပ္ၿပီး

ထူးျခားမလာတဲ့အခါ အရမ္းဆိုး႐ြားတဲ့ ခံစားခ်က္ကို စၿပီးခံစားရတာပဲ။ ငါလည္း ႀကိဳးစားေနတာပဲေလ… ဘာလို႔ ဘာမွမထူးလာတာလဲ…? ငါလည္း သြားေနတာပဲေလ… ဘာလို႔ ဘယ္မွမေရာက္တာလဲ? ငါလည္း ေလ့လာေနတာပဲေလ… ဘာလို႔ ဘာတိုးတက္မႈမွ

မရွိတာလဲ? ငါလည္း ႀကိဳးစားေနတာပဲေလ။ဘာလို႔အခုထိ မေအာင္ျမင္ေသးတာလဲ ဆိုၿပီး တအံ့တၾသႀကီးေတြ ျဖစ္ကာ စိတ္ဓာတ္ေတြ က်ၾကပါေတာ့တယ္။ အရမ္းဝိတ္က်ခ်င္တဲ့ လူတစ္ေယာက္ရွိတယ္။ သူအရမ္းႀကိဳးစားၿပီး အားကစား လုပ္တယ္၊ အစားေလွ်ာ့တယ္၊

အအိပ္ေလွ်ာ့တယ္။ ႀကိဳးစားၿပီး ဝိတ္ခ်တယ္။ တစ္ရက္ ဝိတ္ကက်မလာဘူး။ တစ္လ ဝိတ္ကက်မလာဘူး။ ႏွစ္လလည္း ဝိတ္ကက်မလား။ စိတ္ဓာတ္ေတြက က်လာၿပီ။ ”ငါ အဆင္မေျပပါဘူးကြာ” ”ငါ ဝိတ္ခ်ေနတာ သိပ္ၿပီးအလုပ္မျဖစ္ဘူး ထင္တယ္” ဆိုၿပီး

ဆက္မလုပ္ျဖစ္ေတာ့ဘူး။ ဒီအေျခအေနမွာ “ငါ ႀကိဳးစားေနတာပဲေလ…မေအာင္ျမင္ဘူး (ဘာလို႔လဲ) ” ဆိုၿပီး သြားေမးရင္ အေျဖက ရွင္းပါတယ္။ ခင္ဗ်ား ေသခ်ာ မႀကိဳးစားရေသးလို႔ပါ။ မိတ္ေဆြ… ခင္ဗ်ားအေနနဲ႔ ေအာက္ပါ စာေၾကာင္းေလးကို ေသခ်ာမွတ္ထားပါ…

“တြင္းထဲမွာ ေရမရွိတာ မဟုတ္ပါဘူး… သင္တူးတာ မနက္ေသးလို႔ပါ။ ေအာင္ျမင္မႈ အလာေႏွးေနတာ မဟုတ္ပါဘူး… သင္ႀကိဳးစားေနတာ လိုအပ္ေနေသးလို႔ပါ” တဲ့။

ႀကိဳးစားေနတာပဲ.. မေအာင္ျမင္ဘူး (ဘာလို႔လဲ) ဆိုတဲ့ သူေတြအတြက္ အဓိကအေျဖကေတာ့… ခင္ဗ်ား ႀကိဳးစားေနတာ သိပ္ၿပီး မျပင္းထန္ေသးလို႔၊ ႀကိဳးစားေနတာ လိုအပ္ေနေသးလို႔ ပဲ ျဖစ္တယ္ လို႔ ေျပာလို႔ရပါတယ္။

(အဓိကအားျဖင့္ေပါ့ေနာ္…) ဆိုေတာ့.. ႀကိဳးစားေနၿပီး ဘာမွ ျဖစ္မလာတဲ့ သူေတြ ျပင္ရမဲ့ အခ်က္ေလးေတြ၊ လုပ္ေဆာင္ရမဲ့ အခ်က္ေလးေတြကို ေျပာျပေပးသြားပါမယ္။

ခင္ဗ်ား မွားလုပ္ေနမိရင္… ျပင္ဖို႔နဲ႔ မလုပ္ေဆာင္ျဖစ္တဲ့ အခ်က္ေလးေတြကို ႀကိဳးစားလုပ္ေဆာင္ၾကည့္ဖို႔ေပါ့ဗ်ာ…..,

( ၁ ) လမ္းမွားၿပီး ေလွ်ာက္ေနလို႔

တစ္ခ်ိဳ႕လူေတြက ေအာင္ျမင္မႈရဖို႔ ႀကိဳးစားမေနဘူးလား ဆိုရင္ ႀကိဳးစားေနတယ္။ သူတို႔ကို ၾကည့္လိုက္ရင္… အရမ္း ႀကိဳးစားေနတာ။ အရမ္းအလုပ္ေတြ ရႈပ္ေနတာ။ အရမ္း ပင္ပန္းခံၿပီး လုပ္ေဆာင္ေနတာ။ ဘာျဖစ္လဲ ဆိုေတာ့…

ဘာမွ မျဖစ္ဘူး။ ဘယ္ေရာက္လဲ ဆိုေတာ့… ဘယ္မွ မေရာက္ဘူး။ ဘာျဖစ္လို႔လဲ ဆိုရင္… “သူတို႔က ႀကိဳးသာႀကိဳးစားေနတာ သူတို႔အတြက္ မလိုတဲ့ ေနရာေတြမွာ ႀကိဳးစားမိေနလို႔ပါ”

“သြားခ်င္တဲ့ အရပ္က အေရွ႕လို႔ေျပာၿပီးေတာ့… အေနာက္ဘက္ကို ေလွ်ာက္ေနတဲ့ လူတစ္ေယာက္လိုပဲ” သူကိုၾကည့္ရင္ မသြားေနဘူးလား ဆိုေတာ့…သြားေနတယ္။ တိုးတက္လား ဆိုေတာ့လည္း

တိုးတက္ေနတယ္။ ေရွ႕ေရာက္လား ဆိုေတာ့လည္း… ေရာက္ေနတယ္။ ဒါေပမဲ.. ေသခ်ာတာ တစ္ခုက သူသည္ ဘယ္ေသာအခါမွ သူ႔ရဲ႕ ေအာင္ျမင္မႈ (အေရွ႕ဘက္) ကိုမေရာက္ႏိုင္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့

သူသြားေနတာက အေနာက္ဘက္ ျဖစ္ေနလို႔ပါ။ ဒီေနရာမွာ ” ငါ ႀကိဳးစားတာပဲေလမေအာင္ျမင္ဘူး (ဘာလို႔လဲ)” ဆိုရင္ေတာ့ အေျဖက ရွင္းပါတယ္။ ခင္ဗ်ား ႀကိဳးစားေလွ်ာက္လွမ္းေနတာ မွန္ေပမဲ့… လမ္းမွား ေလွ်ာက္လွမ္းေနမိလို႔ပါ။

( ၂ ) Self Control မရွိလို႔

ဒါကေတာ့… လူငယ္ ၁၀၀ မွာ ၉၉ ေယာက္ ျဖစ္ေလ့ရွိတဲ့ ပုံစံပါ။ လူတိုင္း ေအာင္ျမင္မႈကို လိုခ်င္ၾကတယ္။ လူတိုင္းေအာင္ျမင္လား ဆိုေတာ့… အဲ့လိုမဟုတ္ဘူး။ ဘာေၾကာင့္လဲ ဆိုရင္ အဲ့ဒါေၾကာင့္ပါ။

အဂၤလိပ္စာ ေလ့လာေနတဲ့ လူတစ္ေယာက္ရွိတယ္။သူအရမ္းႀကိဳးစားတယ္။သူအရမ္းေလ့လာတယ္။(အရမ္းကြၽမ္းက်င္ ခ်င္တာကိုးဗ်) တစ္ရက္ကို ( ၁ ) နာရီေလ့လာမယ္ ဆိုၿပီး

Time Table ေလး ဆြဲလိုက္တယ္။ တစ္ရက္ ေလ့လာတာတယ္… မထူးျခားလာဘူး။ ႏွစ္ရက္ေလ့လာတယ္… မထူးျခားလာဘူး။ ၁၀ ရက္ ၊ ၂၀ ၊ ၃၀ စသည္ျဖင့္ ၾကာသြားတယ္… ဘာမွ ေျပာင္းလဲ မလာဘူး။

ေျပာင္းလဲ လာတာက “စိတ္” ။ ခင္ဗ်ားတို႔လည္း သိတဲ့ အတိုင္းပဲေလဗ်ာ။ လုပ္ေနရင္းနဲ႔ ဘာမွ ျဖစ္မလာတာဆိုေတာ့… ဘယ္သူက ဆက္ၿပီး လုပ္ခ်င္ပါေတာ့မလဲ။ အဲ့ဒီေတာ့…

“ငါလည္း အဆင္မေျပပါဘူးကြာ” ဆိုၿပီး အဂၤလိပ္စာ မေလ့လာေတာ့ဘူး။ အရင္တုန္းက တစ္ရက္ကို (၁)နာရီ ေလ့လာ ေနရာကေန (၁) နာရီမွ မေလ့လာျဖစ္ေတာ့တဲ့ အေျခအေန

ေရာက္သြားတယ္။ (ဒါက အမ်ားစု ျဖစ္တတ္တဲ့ ပုံစံပါ။ ခင္ဗ်ားေတာင္ အဲ့ဒီအထဲ ပါေနမလားပဲ) ဆိုေတာ့…ဒီေနရာမွာ “ငါႀကိဳးစားေနတာပဲ… မေအာင္ျမင္ဘူး (ဘာလို႔လဲ) ” ဆိုရင္ေတာ့ အေျဖက ရွင္းပါတယ္…

ခင္ဗ်ားမွ ပုံမွန္မႀကိဳးစားခဲ့တာ Self Control မွ မရွိခဲ့တာ။တစ္ေန႔ကို ၁ နာရီ စာဖတ္မယ္ မလား… တစ္ေန႔ကို ၁ နာရီေတာ့ ပုံမွန္ ဖတ္ေနရမယ္။ (ေန႔တိုင္း.. ေန႔တိုင္း မပ်က္မကြက္ ဖတ္ေနရမယ္။)

အဲ့ဒီလို Control လုပ္ႏိုင္လား? “ခင္ဗ်ားကိုယ္ခင္ဗ်ား ျပန္ေမးပါ။ လူ ၁၀၀ မွာ ၁၀၀ ေယာက္က “လုပ္ႏိုင္ပါတယ္” လို႔ျပန္ေျဖလိမ့္မယ္။တကယ္တမ္းေတာ့ ၁ %ေတာင္ မလုပ္ႏိုင္ၾကပါဘူး။အဲ့ဒီေတာ့

အေျဖက ရွင္းပါတယ္… ခင္ဗ်ားကိုယ္ခင္ဗ်ားမွ Self Control မရွိပဲကို။ ဘယ္ကသာေအာင္ျမင္မႈက ရပါ့မလဲ။ အဲ့ဒီေတာ့ ႀကိဳစားေနေသာ္လည္း မေအာင္ျမင္ရတဲ့ အေၾကာင္းရင္း (၂) ရပ္ကို ျပန္ၿပီး

အက်ဥ္းခ်ဳပ္ျပရရင္… (၁) လမ္းမွားၿပီး ေလွ်ာက္ေနလို႔။ (၂) Self Control မရွိလို႔။ ဆိုေတာ့.. ဒီအခ်က္ေတြကို ခင္ဗ်ား ျပင္သင့္တာေပါ့ေနာ္။

“ သင့္ဆီကို ေအာင္ျမင္မႈလာတာက ေႏွးေနတာမဟုတ္ပါဘူး။ သင္ရဲ႕ႀကိဳးစားမႈက လိုအပ္ေနေသးလို႔ပါတဲ့ ”… အားလုံးကို ေက်းဇူးပါ။

ခရက္ဒစ္#U Myo Nyunt Naing#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကြိုးစားပြီး… မအောင်မြင်တာ ဘာကြောင့်လဲ…?(မှတ်သားသင့်တဲ့ အချက်လေးတွေပါ)

ဒီမေးခွန်းက လူငယ်တော်တော်များများ မေးလေ့ရှိတဲ့… မေးခွန်းမျိုးဗျ။ အရမ်းကောင်းတဲ့ မေးခွန်းဖြစ်ပြီး အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်အတွက် လုံးဝမေးသင့်တဲ့ မေးခွန်းမျိုးပါ။ တစ်ခါတစ်လေများမှာ ကျွန်တော်တို့ဟာ…

ကြိုးစားနေပေမဲ့ ဘာမှထူးခြားမလာတဲ့ပုံစံမျိုး ၊ အခြေအနေမျိုးကို ကြုံရတတ်ပါတယ်။ (များသောအားဖြင့်ပေါ့လေ) ကိုယ်အရမ်းကြိုးစားနေပြီး ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာတဲ့အခါ၊ ကြိုးစားနေပြီး ဘာမှသိပ်ပြီး

ထူးခြားမလာတဲ့အခါ အရမ်းဆိုးရွားတဲ့ ခံစားချက်ကို စပြီးခံစားရတာပဲ။ ငါလည်း ကြိုးစားနေတာပဲလေ… ဘာလို့ ဘာမှမထူးလာတာလဲ…? ငါလည်း သွားနေတာပဲလေ… ဘာလို့ ဘယ်မှမရောက်တာလဲ? ငါလည်း လေ့လာနေတာပဲလေ… ဘာလို့ ဘာတိုးတက်မှုမှ

မရှိတာလဲ? ငါလည်း ကြိုးစားနေတာပဲလေ။ဘာလို့အခုထိ မအောင်မြင်သေးတာလဲ ဆိုပြီး တအံ့တသြကြီးတွေ ဖြစ်ကာ စိတ်ဓာတ်တွေ ကျကြပါတော့တယ်။ အရမ်းဝိတ်ကျချင်တဲ့ လူတစ်ယောက်ရှိတယ်။ သူအရမ်းကြိုးစားပြီး အားကစား လုပ်တယ်၊ အစားလျှော့တယ်၊

အအိပ်လျှော့တယ်။ ကြိုးစားပြီး ဝိတ်ချတယ်။ တစ်ရက် ဝိတ်ကကျမလာဘူး။ တစ်လ ဝိတ်ကကျမလာဘူး။ နှစ်လလည်း ဝိတ်ကကျမလား။ စိတ်ဓာတ်တွေက ကျလာပြီ။ ”ငါ အဆင်မပြေပါဘူးကွာ” ”ငါ ဝိတ်ချနေတာ သိပ်ပြီးအလုပ်မဖြစ်ဘူး ထင်တယ်” ဆိုပြီး

ဆက်မလုပ်ဖြစ်တော့ဘူး။ ဒီအခြေအနေမှာ “ငါ ကြိုးစားနေတာပဲလေ…မအောင်မြင်ဘူး (ဘာလို့လဲ) ” ဆိုပြီး သွားမေးရင် အဖြေက ရှင်းပါတယ်။ ခင်ဗျား သေချာ မကြိုးစားရသေးလို့ပါ။ မိတ်ဆွေ… ခင်ဗျားအနေနဲ့ အောက်ပါ စာကြောင်းလေးကို သေချာမှတ်ထားပါ…

“တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး… သင်တူးတာ မနက်သေးလို့ပါ။ အောင်မြင်မှု အလာနှေးနေတာ မဟုတ်ပါဘူး… သင်ကြိုးစားနေတာ လိုအပ်နေသေးလို့ပါ” တဲ့။

ကြိုးစားနေတာပဲ.. မအောင်မြင်ဘူး (ဘာလို့လဲ) ဆိုတဲ့ သူတွေအတွက် အဓိကအဖြေကတော့… ခင်ဗျား ကြိုးစားနေတာ သိပ်ပြီး မပြင်းထန်သေးလို့၊ ကြိုးစားနေတာ လိုအပ်နေသေးလို့ ပဲ ဖြစ်တယ် လို့ ပြောလို့ရပါတယ်။

(အဓိကအားဖြင့်ပေါ့နော်…) ဆိုတော့.. ကြိုးစားနေပြီး ဘာမှ ဖြစ်မလာတဲ့ သူတွေ ပြင်ရမဲ့ အချက်လေးတွေ၊ လုပ်ဆောင်ရမဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

ခင်ဗျား မှားလုပ်နေမိရင်… ပြင်ဖို့နဲ့ မလုပ်ဆောင်ဖြစ်တဲ့ အချက်လေးတွေကို ကြိုးစားလုပ်ဆောင်ကြည့်ဖို့ပေါ့ဗျာ…..,

( ၁ ) လမ်းမှားပြီး လျှောက်နေလို့

တစ်ချို့လူတွေက အောင်မြင်မှုရဖို့ ကြိုးစားမနေဘူးလား ဆိုရင် ကြိုးစားနေတယ်။ သူတို့ကို ကြည့်လိုက်ရင်… အရမ်း ကြိုးစားနေတာ။ အရမ်းအလုပ်တွေ ရှုပ်နေတာ။ အရမ်း ပင်ပန်းခံပြီး လုပ်ဆောင်နေတာ။ ဘာဖြစ်လဲ ဆိုတော့…

ဘာမှ မဖြစ်ဘူး။ ဘယ်ရောက်လဲ ဆိုတော့… ဘယ်မှ မရောက်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင်… “သူတို့က ကြိုးသာကြိုးစားနေတာ သူတို့အတွက် မလိုတဲ့ နေရာတွေမှာ ကြိုးစားမိနေလို့ပါ”

“သွားချင်တဲ့ အရပ်က အရှေ့လို့ပြောပြီးတော့… အနောက်ဘက်ကို လျှောက်နေတဲ့ လူတစ်ယောက်လိုပဲ” သူကိုကြည့်ရင် မသွားနေဘူးလား ဆိုတော့…သွားနေတယ်။ တိုးတက်လား ဆိုတော့လည်း

တိုးတက်နေတယ်။ ရှေ့ရောက်လား ဆိုတော့လည်း… ရောက်နေတယ်။ ဒါပေမဲ.. သေချာတာ တစ်ခုက သူသည် ဘယ်သောအခါမှ သူ့ရဲ့ အောင်မြင်မှု (အရှေ့ဘက်) ကိုမရောက်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့

သူသွားနေတာက အနောက်ဘက် ဖြစ်နေလို့ပါ။ ဒီနေရာမှာ ” ငါ ကြိုးစားတာပဲလေမအောင်မြင်ဘူး (ဘာလို့လဲ)” ဆိုရင်တော့ အဖြေက ရှင်းပါတယ်။ ခင်ဗျား ကြိုးစားလျှောက်လှမ်းနေတာ မှန်ပေမဲ့… လမ်းမှား လျှောက်လှမ်းနေမိလို့ပါ။

( ၂ ) Self Control မရှိလို့

ဒါကတော့… လူငယ် ၁၀၀ မှာ ၉၉ ယောက် ဖြစ်လေ့ရှိတဲ့ ပုံစံပါ။ လူတိုင်း အောင်မြင်မှုကို လိုချင်ကြတယ်။ လူတိုင်းအောင်မြင်လား ဆိုတော့… အဲ့လိုမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် အဲ့ဒါကြောင့်ပါ။

အင်္ဂလိပ်စာ လေ့လာနေတဲ့ လူတစ်ယောက်ရှိတယ်။သူအရမ်းကြိုးစားတယ်။သူအရမ်းလေ့လာတယ်။(အရမ်းကျွမ်းကျင် ချင်တာကိုးဗျ) တစ်ရက်ကို ( ၁ ) နာရီလေ့လာမယ် ဆိုပြီး

Time Table လေး ဆွဲလိုက်တယ်။ တစ်ရက် လေ့လာတာတယ်… မထူးခြားလာဘူး။ နှစ်ရက်လေ့လာတယ်… မထူးခြားလာဘူး။ ၁၀ ရက် ၊ ၂၀ ၊ ၃၀ စသည်ဖြင့် ကြာသွားတယ်… ဘာမှ ပြောင်းလဲ မလာဘူး။

ပြောင်းလဲ လာတာက “စိတ်” ။ ခင်ဗျားတို့လည်း သိတဲ့ အတိုင်းပဲလေဗျာ။ လုပ်နေရင်းနဲ့ ဘာမှ ဖြစ်မလာတာဆိုတော့… ဘယ်သူက ဆက်ပြီး လုပ်ချင်ပါတော့မလဲ။ အဲ့ဒီတော့…

“ငါလည်း အဆင်မပြေပါဘူးကွာ” ဆိုပြီး အင်္ဂလိပ်စာ မလေ့လာတော့ဘူး။ အရင်တုန်းက တစ်ရက်ကို (၁)နာရီ လေ့လာ နေရာကနေ (၁) နာရီမှ မလေ့လာဖြစ်တော့တဲ့ အခြေအနေ

ရောက်သွားတယ်။ (ဒါက အများစု ဖြစ်တတ်တဲ့ ပုံစံပါ။ ခင်ဗျားတောင် အဲ့ဒီအထဲ ပါနေမလားပဲ) ဆိုတော့…ဒီနေရာမှာ “ငါကြိုးစားနေတာပဲ… မအောင်မြင်ဘူး (ဘာလို့လဲ) ” ဆိုရင်တော့ အဖြေက ရှင်းပါတယ်…

ခင်ဗျားမှ ပုံမှန်မကြိုးစားခဲ့တာ Self Control မှ မရှိခဲ့တာ။တစ်နေ့ကို ၁ နာရီ စာဖတ်မယ် မလား… တစ်နေ့ကို ၁ နာရီတော့ ပုံမှန် ဖတ်နေရမယ်။ (နေ့တိုင်း.. နေ့တိုင်း မပျက်မကွက် ဖတ်နေရမယ်။)

အဲ့ဒီလို Control လုပ်နိုင်လား? “ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးပါ။ လူ ၁၀၀ မှာ ၁၀၀ ယောက်က “လုပ်နိုင်ပါတယ်” လို့ပြန်ဖြေလိမ့်မယ်။တကယ်တမ်းတော့ ၁ %တောင် မလုပ်နိုင်ကြပါဘူး။အဲ့ဒီတော့

အဖြေက ရှင်းပါတယ်… ခင်ဗျားကိုယ်ခင်ဗျားမှ Self Control မရှိပဲကို။ ဘယ်ကသာအောင်မြင်မှုက ရပါ့မလဲ။ အဲ့ဒီတော့ ကြိုစားနေသော်လည်း မအောင်မြင်ရတဲ့ အကြောင်းရင်း (၂) ရပ်ကို ပြန်ပြီး

အကျဉ်းချုပ်ပြရရင်… (၁) လမ်းမှားပြီး လျှောက်နေလို့။ (၂) Self Control မရှိလို့။ ဆိုတော့.. ဒီအချက်တွေကို ခင်ဗျား ပြင်သင့်တာပေါ့နော်။

“ သင့်ဆီကို အောင်မြင်မှုလာတာက နှေးနေတာမဟုတ်ပါဘူး။ သင်ရဲ့ကြိုးစားမှုက လိုအပ်နေသေးလို့ပါတဲ့ ”… အားလုံးကို ကျေးဇူးပါ။

ခရက်ဒစ်#U Myo Nyunt Naing#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*