ဆံပင္ျဖဴေတြ ေပါက္လာတဲ့အခါမွာ မျပဳလုပ္သင့္တဲ့ အရာ ( ၅ ) ခု…

ဆံပင္ျဖဴေတြ ေပါက္လာတဲ့အခါမွာ မျပဳလုပ္သင့္တဲ့ အရာ ( ၅ ) ခု...
ဆံပင္ျဖဴေတြ ေပါက္လာတဲ့အခါမွာ မျပဳလုပ္သင့္တဲ့ အရာ ( ၅ ) ခု...

ဆံပင္ျဖဴေတြ ေပါက္လာတဲ့အခါမွာ မျပဳလုပ္သင့္တဲ့ အရာ ( ၅ ) ခု…

အသက္အ႐ြယ္က တျဖည္းျဖည္း ႀကီးလာတာနဲ႔ အမွ် ဆံပင္ေတြက ျဖဴလာပါတယ္။ ဆံသားေတြကလည္း ေျခာက္ေသြ႕ၿပီး အားနည္းလာပါတယ္။

ဆံပင္ျဖဴလာတဲ့ အခါမွာ မျပဳလုပ္သင့္တဲ့ အရာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…။

(၁) ခရမ္းေရာင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ျခင္း

ေခါင္းေလွ်ာ္တဲ့အခါ ခရမ္းေရာင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္တာက ေကာင္းေပမယ့္… ေန႔စဥ္ေတာ့ မေလွ်ာ္သင့္ပါဘူး။ ဆံပင္ျဖဴတဲ့ သူေတြအတြက္ ခရမ္းေရာင္ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္တာက…

ဆံသားကို ပို ေျခာက္ေသြ႕ေစပါတယ္။ ဆံပင္ေဆးဆိုးထားတဲ့ သူေတြမွာလည္း ခရမ္းေရာင္ေခါင္းေလွ်ာ္ရည္ကို သုံးရင္ ဆံပင္အေရာင္ေတြ မွိန္လာ ပါတယ္။

(၂) ေရဓာတ္ မျပည့္ဝျခင္း

ဆံပင္ျဖဴလာရင္ ဆံသားမွာလည္း သဘာဝ အဆီဓာတ္ေတြ ခန္းေျခာက္ လာပါၿပီ။ ဆံသားမွာ ေရဓာတ္ ျပည့္ေနေအာင္လို႔ အစိုဓာတ္ျဖည့္ဆီေတြကို လိမ္းေပးသင့္တဲ့အျပင္

အစိုဓာတ္ျဖည့္ ေခါင္းေလွ်ာ္ရည္နဲ႔လည္း ေလွ်ာ္ေပးသင့္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္ မျပည့္ဝရင္ ဆံပင္ျဖဴေတြက တျဖည္းျဖည္း မ်ားလာပါတယ္။

ေရဓာတ္ျပည့္ဝေစဖို႔အတြက္ ေရ မ်ားမ်ား ေသာက္ေပးသင့္ပါတယ္။

(၃) ဆံပင္ကို ခဏခဏ ပုံသြင္းျခင္း

ဆံပင္ျဖဴသူေတြမွာ ဆံသားအဆီေတြ နည္းပါးလာတာေၾကာင့္ အပူေပးၿပီး ပုံသြင္းတာေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဆံပင္ကို အပူေပးၿပီး ပုံသြင္းတဲ့အခါ ဆံသားက ေျခာက္ေသြ႕ၿပီး

ကြၽတ္ဆတ္ လာပါတယ္။ ဆံပင္လည္း ပို ကြၽတ္လာပါတယ္။ ဆံပင္ေတြ ျဖဴလာၿပီးတဲ့ေနာက္ အပူေပးၿပီး ပုံသြင္းတာကို ေလွ်ာ့ခ်လိုက္တဲ့အခါ ဆံပင္ကြၽတ္တာလည္း သက္သာလာမွာပါ။

(၄) Dry shampoo ကို အသုံးမ်ားျခင္း

ဆံပင္ျဖဴတဲ့အခါမွာ ဆံသားေတြက အရင္ကလို မေတာက္ပေတာ့ပါဘူး။ အဲဒါေၾကာင့္ ေခါင္းေလွ်ာ္ရည္ကိုသာ သုံးသင့္ၿပီး Dry shampoo ကို မသုံးသင့္ေတာ့ပါဘူး။

Dry shampoo ကို ခဏခဏ သုံးရင္ ေဗာက္ထတာ၊ ဦးေရျပား ယားယံတာနဲ႔ ဆံသား မေတာက္ပတာတို႔ ျဖစ္ေပၚေစပါတယ္။

(၅) ဆံပင္ျဖဴ ႏႈတ္ျခင္း

ဆံပင္ေတြ ျဖဴလာတဲ့အခါမွာေတာ့ တစ္ပင္ျဖဴရင္ တစ္ပင္ကို ႏႈတ္ၾကပါတယ္။ ဒါေပမယ့္ ဆံပင္ျဖဴေတြ ႏႈတ္ေလ ဆံပင္ျဖဴေတြ ပို မ်ားလာေလပါပဲ။ ဆံပင္ျဖဴ ႏႈတ္တာေၾကာင့္…

ဦးေရျပားက ေမြးညင္းေပါက္ေလးေတြလည္း အားနည္း လာပါတယ္။ ဆံပင္ ျဖဴလာတဲ့အခါမွာ သဘာဝ ဆိုးေဆး အကူအညီ ကိုသာ ယူသင့္ပါတယ္။

ခရက္ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဆံပင်ဖြူတွေ ပေါက်လာတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အရာ ( ၅ ) ခု…

အသက်အရွယ်က တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ်။

ဆံပင်ဖြူလာတဲ့ အခါမှာ မပြုလုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

(၁) ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း

ခေါင်းလျှော်တဲ့အခါ ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့်… နေ့စဉ်တော့ မလျှော်သင့်ပါဘူး။ ဆံပင်ဖြူတဲ့ သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက…

ဆံသားကို ပို ခြောက်သွေ့စေပါတယ်။ ဆံပင်ဆေးဆိုးထားတဲ့ သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကို သုံးရင် ဆံပင်အရောင်တွေ မှိန်လာ ပါတယ်။

(၂) ရေဓာတ် မပြည့်ဝခြင်း

ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝ အဆီဓာတ်တွေ ခန်းခြောက် လာပါပြီ။ ဆံသားမှာ ရေဓာတ် ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင်

အစိုဓာတ်ဖြည့် ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မပြည့်ဝရင် ဆံပင်ဖြူတွေက တဖြည်းဖြည်း များလာပါတယ်။

ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေ များများ သောက်ပေးသင့်ပါတယ်။

(၃) ဆံပင်ကို ခဏခဏ ပုံသွင်းခြင်း

ဆံပင်ဖြူသူတွေမှာ ဆံသားအဆီတွေ နည်းပါးလာတာကြောင့် အပူပေးပြီး ပုံသွင်းတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတဲ့အခါ ဆံသားက ခြောက်သွေ့ပြီး

ကျွတ်ဆတ် လာပါတယ်။ ဆံပင်လည်း ပို ကျွတ်လာပါတယ်။ ဆံပင်တွေ ဖြူလာပြီးတဲ့နောက် အပူပေးပြီး ပုံသွင်းတာကို လျှော့ချလိုက်တဲ့အခါ ဆံပင်ကျွတ်တာလည်း သက်သာလာမှာပါ။

(၄) Dry shampoo ကို အသုံးများခြင်း

ဆံပင်ဖြူတဲ့အခါမှာ ဆံသားတွေက အရင်ကလို မတောက်ပတော့ပါဘူး။ အဲဒါကြောင့် ခေါင်းလျှော်ရည်ကိုသာ သုံးသင့်ပြီး Dry shampoo ကို မသုံးသင့်တော့ပါဘူး။

Dry shampoo ကို ခဏခဏ သုံးရင် ဗောက်ထတာ၊ ဦးရေပြား ယားယံတာနဲ့ ဆံသား မတောက်ပတာတို့ ဖြစ်ပေါ်စေပါတယ်။

(၅) ဆံပင်ဖြူ နှုတ်ခြင်း

ဆံပင်တွေ ဖြူလာတဲ့အခါမှာတော့ တစ်ပင်ဖြူရင် တစ်ပင်ကို နှုတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ဖြူတွေ နှုတ်လေ ဆံပင်ဖြူတွေ ပို များလာလေပါပဲ။ ဆံပင်ဖြူ နှုတ်တာကြောင့်…

ဦးရေပြားက မွေးညင်းပေါက်လေးတွေလည်း အားနည်း လာပါတယ်။ ဆံပင် ဖြူလာတဲ့အခါမှာ သဘာဝ ဆိုးဆေး အကူအညီ ကိုသာ ယူသင့်ပါတယ်။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*