ထမနဲထိုးနည္းေလးကို ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္…

ထမနဲထိုးနည္းေလးကို ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္...
ထမနဲထိုးနည္းေလးကို ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္...

ထမနဲထိုးနည္းေလးကို ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္…

ထမနဲ ထိုးရန္ဖို… စာခ်ိဳးလို.မွာခဲ့မယ္… တစ္စိတ္ဆန္သည္ေကာက္ညႇင္းရယ္ႏွင့္ တစ္ပိႆသာဆီအမွန္သြင္းပါလို႕ ခ်င္း(ဂ်င္း) က သုံးဆယ္။ ေျမပဲျဖဴေလွာ္ တစ္ခြက္ကယ္ႏွင့္

အုန္းသီးဆန္ အတူဖတ္ပါလို႔ ႏွမ္းမျပတ္ဤနည္းႏွယ္။ ေရစင္ၾကည္ပထည့္႐ိုး လက္ႏွစ္သစ္သာပ ၊ တြက္စစ္ကာခ်ိန္ဆယ္သားရယ္ႏွင့္ေရာေႏွာကလူအမ်ားတို႔ရယ္ အားသစႅိဳ့ထိုး …။ မန္လည္ဆရာေတာ္ဘုရားႀကီး

ဒီအခ်ိဳးဟာ ေရွးျမန္မာလူႀကီးမ်ား လက္ဆင့္ကမ္း၍ လာတဲ့ အခ်ိဳးျဖစ္သလို ဆရာမႀကီးခင္ခင္ထူးရဲ႕မအိမ္ကံ ၀တၳဳထဲမွာ လည္း ေဖာ္ျပထားတာေတြ႕ရပါတယ္… ( စကားခ်ပ္ )

(၁) ေကာက္ညႇင္းဆန္ (၄)ျပည္၊ (၂ ) ေျမပဲ (၈၀) က်ပ္သား၊ (၃) ႏွမ္းဆီ(သို.)ေျမပဲဆီ (၁)ပိသာ၊ (၄) ႏွမ္းေစ့( မဲ+အျဖဴ ) (၃၂) က်ပ္သား

(၅) အုန္းသီးစိတ္ (၂၀) က်ပ္သား၊ (၆) ဆား (၇) က်ပ္သား၊ (၇) ခ်င္း (၁၅) က်ပ္သား

ထမနဲ မထိုးခင္ ေကာက္ညႇင္းဆန္ေတြကို ေရေဆးၿပီးအနည္းဆုံး (၃) နာရီခန္႔ ႀကိဳတင္၍ ေရစိမ္ထားရပါမယ္ ။ ေျမပဲေတြကို ေလွာ္ၿပီး အခြံေတြေျပာင္စင္ၿပီး ေနေအာင္သန္.စင္ပါ ။

၂ ျခမ္းကြဲသြားေအာင္ လက္ဖေနာင့္ေလးနဲ ဖိလွိမ့္ထားေပးပါ။ (အလြယ္သုံးေျမပဲဆားေလွာ္ေတြမသုံးပါႏွင့္ ) ႏွမ္းေတြကိုလည္း သန္႔စင္ထားၿပီး (လိုအပ္ပါက) ေလွာ္ထားပါ။

အုန္းသီးေတြကို အေနတ္ာပါးပါးလွီးစိတ္ပါ ၊ ေၾကာ္ၿပီးထည့္မယ္ဆိုရင္ ေနပူမွာ (၃) နာရီ ေလာက္ ဇကာႏွင့္ျဖန္႔လွန္းထားပါ။ ဂ်င္းေတြကိုအခြံခြါ၍ ေရေဆးၿပီးလွ်င္ မွ်င္မွ်င္ေလးေတြလွီးပါ။

ေရစိမ္ထားတဲ့ေကာက္ညႇင္းေတြကို ဇကာႏွင့္ေရစင္ေအာင္စစ္ထားပါ။ ပထမဆုံး မိုးၿဗဲဒယ္ မွာဆီကိုအပူေပးၿပီး အုန္းသီးေတြကို ေ႐ႊအိုေရာင္ရေအာင္ေၾကာ္ၿပီး ဆီစစ္ထားပါ ။

ထိုဆီထဲမွာပဲ ခ်င္းကို ဆီသတ္ပါ။ အနံ႔ေမႊးၿပီး ႏြမ္းလာလွ်င္ ေရစစ္ထားတဲ့ ေကာက္ညႇင္းဆန္ ေတြကို ထည့္ေပါင္းကာ… သစ္သားေယာင္းမ အရွည္ႏွင့္ေမႊေပးပါ (ေၾကာ္ခ်င္ဟန္ျပဳပါ)

ဆီနဲ.ေတြ႕ၿပီးေကာက္ညႇင္းေတြအေၾကာတင္းသြားၿပီဆိုမွ…ဆားျဖင့္အရသာသြင္းပါ။ ေကာက္ညႇင္းဆန္အထက္ ေရ လက္၂ဆစ္ခန္႔ ထည့္ၿပီးစေကာႀကီးႀကီးမ်ားကိုလက္ကိုင္ကြင္း တပ္ထားေသာအဖုံးမ်ားႏွင့္ ဖုံးထားပါ ။

ေရမခမ္းခင္အထိေတာ့ (၁၀ ) မိနစ္တစ္ခါေလာက္ေယာင္းမနဲ႕ ႏွံ႕အာင္ေမႊေပးရပါမယ္..။ ေရခမ္းသြားၿပီဆိုရင္ေတာ့ မီးေတာက္ေတြကိုေလွ်ာ့ခ်ၿပီး.. ငွက္ေပ်ာဖက္အုပ္အဖုံး၊ ဖုံးကာ ႏွပ္ေပးရပါမယ္…။

ကြၽမ္းက်င္သူတစ္ဦးက စမ္းသပ္ၿပီးလို႔ ႏွပ္ၿပီဆိုကာမွ သစ္သားေယာင္းမကိုင္ၿပီး ေမႊသူ၂ဦးရဲ႕ ေယာင္းမအရင္းကေနကိုင္ၿပီး ေကာက္ညႇင္းေတြကို ပြတ္ေခ်ေပးရပါတယ္။ (ထိုအလယ္လူေနရာကို ထမနဲကြၽမ္းက်င္သူ အိုးသူႀကီးမ်ားကသာ တာ၀န္ယူတာမ်ားပါတယ္)

ထိုအခ်ိန္မွပဲ အိုးသူႀကီးၫႊန္ၾကားခ်က္အတိုင္း ႏွမ္း ၊ ေျမပဲ ၊ အုန္းသီးေၾကာ္(သို.) အစိမ္းမ်ားကို ထည့္ကာ သမသြားေအာင္ နယ္ေပးပါမွ ေကာင္းမြန္တဲ့ ထမနဲ ကိုရရွိတာျဖစ္ပါတယ္..။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ထမနဲထိုးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်…

ထမနဲ ထိုးရန်ဖို… စာချိုးလို.မှာခဲ့မယ်… တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့် တစ်ပိဿသာဆီအမှန်သွင်းပါလို့ ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်

အုန်းသီးဆန် အတူဖတ်ပါလို့ နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်ရောနှောကလူအများတို့ရယ် အားသစ္လို့ထိုး …။ မန်လည်ဆရာတော်ဘုရားကြီး

ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ဝတ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်… ( စကားချပ် )

(၁) ကောက်ညှင်းဆန် (၄)ပြည်၊ (၂ ) မြေပဲ (၈၀) ကျပ်သား၊ (၃) နှမ်းဆီ(သို.)မြေပဲဆီ (၁)ပိသာ၊ (၄) နှမ်းစေ့( မဲ+အဖြူ ) (၃၂) ကျပ်သား

(၅) အုန်းသီးစိတ် (၂၀) ကျပ်သား၊ (၆) ဆား (၇) ကျပ်သား၊ (၇) ချင်း (၁၅) ကျပ်သား

ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ် ။ မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်ပြီး နေအောင်သန်.စင်ပါ ။

၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် ) နှမ်းတွေကိုလည်း သန့်စင်ထားပြီး (လိုအပ်ပါက) လှော်ထားပါ။

အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ (၃) နာရီ လောက် ဇကာနှင့်ဖြန့်လှန်းထားပါ။ ဂျင်းတွေကိုအခွံခွါ၍ ရေဆေးပြီးလျှင် မျှင်မျှင်လေးတွေလှီးပါ။

ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။ ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင်ကြော်ပြီး ဆီစစ်ထားပါ ။

ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ။ အနံ့မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန် တွေကို ထည့်ပေါင်းကာ… သစ်သားယောင်းမ အရှည်နှင့်မွှေပေးပါ (ကြော်ချင်ဟန်ပြုပါ)

ဆီနဲ.တွေ့ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ…ဆားဖြင့်အရသာသွင်းပါ။ ကောက်ညှင်းဆန်အထက် ရေ လက်၂ဆစ်ခန့် ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်း တပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။

ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ့ နှံ့အာင်မွှေပေးရပါမယ်..။ ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး.. ငှက်ပျောဖက်အုပ်အဖုံး၊ ဖုံးကာ နှပ်ပေးရပါမယ်…။

ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်ပြီး မွှေသူ၂ဦးရဲ့ ယောင်းမအရင်းကနေကိုင်ပြီး ကောက်ညှင်းတွေကို ပွတ်ချေပေးရပါတယ်။ (ထိုအလယ်လူနေရာကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများကသာ တာဝန်ယူတာများပါတယ်)

ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင် နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*