မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလဲ…?(အမ်ိဳးသားမ်ားအတြက္ ေဆးစြမ္းႀ

မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလဲ...?(အမ်ိဳးသားမ်ားအတြက္ ေဆးစြမ္းႀကီး)
မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလဲ...?(အမ်ိဳးသားမ်ားအတြက္ ေဆးစြမ္းႀကီး)

မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလဲ…?(အမ်ိဳးသားမ်ားအတြက္ ေဆးစြမ္းႀ

“ပရႏၷဝါ… ပါးပါးလႊာ သကာမ်ားႏွင့္ဖက္၊ ဒန႔္သလြန္ပြင့္… အုန္းဆံရင့္ ခ်ိန္သင့္ညီမွ်စြက္၊ မင္းတုန္းမင္းေခါင္… သူသုံးေဆာင္ ဘုန္းေခါင္ေနသို႔လက္ ”

( ပရႏၷဝါပင္ ) သိပၸံအမည္ Boerhavia diffusa Linn အာယုေဗၺဒေဆးပညာတြင္ ရသာယနေဆးဘက္ပစၥည္းအျဖစ္ အဓိကအသုံးျပဳေသာ အပင္ျဖစ္သည္။

Punarnavine, Triacontanol,Hentriacontane, ursolic acid5, 7-dihydroxy-6, 8di methyl fkavone, retenoid boeravinones A1 B1 C2 D-F,boerhavine, boerhavic acid, tannins, phlobaphenes ဓာတ္ေပါင္းမ်ားပါဝင္ပါသည္…။

အိႏၵိယႏိုင္ငံတြင္ ေလ့လာမႈအရ ေႏြရာသီေမလတြင္ တူးေဖာ္ေသာ၃စင္တီမီတာ အခ်င္းရွိသည့္ ေဆးျမစ္သည္ အသဲကို ေကာင္းစြာကာကြယ္ေပးႏိုင္ေသာ အာနိသင္ရွိေၾကာင္း သိရွိရပါသည္။ အိနိယႏိုင္ငံတြင္ ႏွလုံးအားတိုးေဆး အသဲေဆး ဆီးေဆး အသက္ရွည္ႏုပ်ိဳေဆးအျဖစ္

သုံးစြဲၾကပါသည္။ဗီယက္နမ္ႏိုင္ငံတြင္ ေခ်ာင္းဆိုးေပ်ာက္ေဆး အသဲေရာဂါ အေဖာေရာဂါေပ်ာက္ေဆးအျဖစ္အသုံးျပဳၾကပါသည္။

ျမန္မာႏိုင္ငံ တြင္ ပရႏၷဝါ ပါးပါးလႊာ သကာပ်ားႏွင့္ခ်က္ ဒန႔္ဒလြန္ပြင့္အုန္းဆံရင့္ ထည့္သင့္ေလွ်ာ္ေအာင္ထည့္ မင္းတုန္းမင္းေခါင္ျမတ္သုံးေဆာင္ ဘုန္းေရာင္ေနသို႔တက္

ေသသာနက္ေမွာင္လွ်က္ အသံကရဝိတ္ငွက္ ဒႏၲာသံမႈိႏွက္ စသည့္စာခ်ိဳးသည္ နာမည္ေက်ာ္ၾကားေသာစာခ်ိဳးျဖစ္သည္ႏွင့္ အညီ အစြမ္းထက္ေသာ ပရႏၷဝါယိုျဖစ္သည္ ။

က်ား/မ မေ႐ြး အားေဆး

ပရႏၷဝါ, ပါးပါးလႊာ သကာမ်ားႏွင့္ဖက္၊ ဒန႔္သလြန္ပြင့္၊ အုန္းဆံရင့္ ခ်ိန္သင့္ညီမွ်စြက္၊ မင္းတုန္းမင္းေခါင္ သူသုံးေဆာင္ ဘုန္းေခါင္ေနသို႔လက္။

အထက္ပါေဆးနည္းကဗ်ာကို ကုန္းေဘာင္ေခတ္တြင္ နန္းတြင္းသမားေတာ္ႀကီး ဆရာခဲမွ အားေဆးအျဖစ္ ေဖာ္စပ္ၿပီး မင္းတုန္းမင္းတရားႀကီးကို ဆက္သခဲ့ပါတယ္။

ဒါေၾကာင့္ မင္းတုန္းမင္းတရား ႀကီးသည္ က်န္းမာျခင္း ကာယ- စိတၱသုခ ႏွစ္ဝတို႔ျဖင့္ ျပည့္စုံေၾကာင္း ကဗ်ာက ေဖာ္ၫႊန္းဖြင့္ဆိုထားပါတယ္။

အထက္ပါေဆးနည္း ကို ေဖာ္စပ္နည္း

(၁) ပရႏၷဝါပင္ ပၪၥငါးပါးကို ပါးပါးလွီးထားရမယ္။ (၂) ဒန႔္သလြန္ပြင့္ကို အသင့္ စုေဆာင္းထားရမယ္။ (၃) အုန္းသီးဆံရင့္ရင့္ကို အသင့္ ျခစ္ထားရပါမယ္။

(၄) ေနာက္ ပ်ားရည္တဆ၊ သကာ (မရလွ်င္ သၾကား) တို႔ကို အေလးခ်ိန္ အညီအမွ်ေ ေရာထည့္ၿပီး ေရေလးခြက္ထည့္ကာ တခြက္သာက်န္ေအာင္ ႀကိဳရပါမယ္။

စားသုံးနည္း

အထက္ပါေဆးရည္ကို ပိတ္စိမ္းပါးနဲ႔ စစ္ယူၿပီး ပုလင္းသန႔္သန႔္မွာ ထည့္ထားေပးပါ။ အဲဒီ ေဆးရည္ကို ည မနက္ ဟင္းစားဇြန္း တဇြန္းစီ ေသာက္ေပးသြားျခင္းျဖင့္ ေမာပန္းအားနည္းေသာေရာဂါ၊ ေသြးေလ မမွန္ေသာေရာဂါ၊

ပန္းေသ၊ ပန္းညႇိဳးေရာဂါ၊ ႏွလုံးအားနည္းျခင္း ေရာဂါႏွင့္ ဒူလာပိန္၊ မီးယပ္ေၾကာင့္ပိန္သူမ်ား အပ်ိဳစင္ကဲ့သို႔ နဂိုယဥ္ကာ လွပလာေစမည္ ျဖစ္ပါတယ္။ ေဆးကုန္လွ်င္ အထက္ပါနည္းအတိုင္း ေဖာ္စပ္ေသာက္သုံးႏိုင္ေၾကာင္း တင္ျပအပ္ပါတယ္။

မွတ္ခ်က္… အထက္ပါ အားေဆးရည္သည္ အစြမ္းသတၱိျဖင့္ ျပည့္စုံသည္။ ေဆးကို အၫႊန္းထက္ပိုၿပီး မေသာက္ရန္ သတိျပဳပါ။

ေက်ာက္ကပ္ေက်ာက္တည္ေရာဂါအတြက္

( ပရႏၷဝါပင္ ) ေက်ာက္ကပ္တြင္ ေက်ာက္တည္ေနေသာေရာဂါကို ကုသရာတြင္… ျမန္မာ့ေဆးေလာကမွ ထင္ေပၚေက်ာ္ၾကား လူသိမ်ားသည့္

အစြမ္းထက္ေဆးပင္ ပရႏၷဝါပင္ျဖင့္ ကုသနည္းကို မွ်ေဝေပးလိုက္ပါတယ္။ ပရႏၷဝါပင္ကိုလည္း ပုံႏွင့္တကြ ေဖာ္ျပေပးလိုက္ပါတယ္။

ေဆးေဖာ္စပ္နည္း

(၁) ပရႏၷဝါပင္၏ ပၪၵငါးပါး(အျမႇစ္မွအပြင့္ထိ တစ္ပင္လုံး) ကို ေရစင္ေအာင္ေဆးပါ။

(၂) ယူထားေသာေဆးပင္၏ ၃ ဆ ၁ ခန႔္ ေရသန႔္သန႔္ထည့္၍ မီးေပ်ာ့ေပ်ာ့ျဖင့္ က်ိဳပါ။

(၃) သုံးခြက္တစ္ခြက္ က်န္သည့္အထိ က်ိဳပါ။

(၄) ၎ျပဳတ္ေဆးရည္ကို လက္ဖက္ရည္ပန္းကန္လုံးခန႔္ျဖင့္ မနက္၊ ေန႔၊ ည တစ္ေန႔ ၃ ႀကိမ္ ေသာက္ပါ။ ၇ ရက္တိတိ ေသာက္ပါ။

ေက်ာက္မ်ားေၾက၍ ဆီးႏွင့္အတူ ထြက္လာတာကို ျမင္ေတြ႕ရပါမည္။ ။ တိုင္းရင္းေဆးနည္း အဘိဓာန္ ( တင္ထားေသာပုံမ်ားမွ စာမ်ားကိုေလ့လာပါ )

ပရန္နဝါ Hog weeds (ပရန္နဝါ)

ပုံသဏၭာန္… အပင္ အပြင့္ကို လိုက္၍ အပင္ သုံးမ်ိဳး ကြဲသည္။ အျဖဴ ၊ အနီ ၊ အညိဳ ျဖစ္၍ သုံးမ်ိဳးလုံး အက်ိဳးျပဳ သည္။ ေျမတြင္ ျဖန႔္ေပါက္ ေသာ ႏြယ္ပင္မ်ိဳး ျဖစ္သည္။

အ႐ြက္… အဆစ္မွ အ႐ြက္မ်ား မ်က္ႏွာခ်င္းဆိုင္ ထြက္ေသာ္လည္း တစ္ဖက္တြင္ တစ္႐ြက္ ထြက္၍ အျခား တစ္ဖက္တြင္ ႏွစ္႐ြက္ ထြက္သည္။

႐ြက္ရင္းက်ယ္ေသာ ဘဲဥပုံရွိ ႐ြက္ထိပ္ အခ်ိဳ႕ ခြၽန္ၿပီး အခ်ိဳ႕ ဝိုင္း၏ ။ အ႐ြက္အေပၚ မ်က္ႏွာျပင္ ေခ်ာမြတ္သည္။ အပြင့္ ပန္းခိုင္ ထိပ္တြင္ ေသးငယ္ေသာ အပြင့္ကေလးမ်ား စု၍ ပြင့္၏ ။

အမ်ိဳးလိုက္၍ အျဖဴ ၊ အနီ ၊ အညိဳ အေရာင္ သုံးမ်ိဳး ကြဲ၏ ။ အသီး… ေသးငယ္သည္။ အခန္း ၅ ခန္း ပါရွိသည္။

အသုံးျပဳႏိုင္သည့္ အစိတ္အပိုင္းမ်ား အ႐ြက္၊ အျမစ္၊ အပင္။ ျမန္မာႏိုင္ငံတြင္ ေတြ႕ႏိုင္ေသာေနရာမ်ား… ျမန္မာႏိုင္ငံ ေျမျပန႔္အႏွံ႔အျပား တြင္ ေပါက္ေရာက္သည္။ သဘာ၀အေလ်ာက္ အေလ့က် ေပါက္၏ ။

အသုံးဝင္ပုံ အာနိသင္…

ျမန္မာေဆးက်မ္းမ်ား အလိုအရ… ပရႏၷဝါ သည္ ခါး၏ ၊ စပ္ရွားရွား ရွိ၏ ၊ ပူ၏ ၊ အသက္ကို ရွည္ေစ၏။ ႏွလုံး ေရာဂါ၊ ေဖာေရာင္ျခင္း၊ ပန္းနာ၊ ေလ၊ သလိပ္ေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္၏ ။

ဝမ္းမီးကို ေတာက္ေစ၍ ဝမ္းသက္ေစၿပီး ဆီးကို ႐ႊင္ေစသည္။ ေခြၽးကို ထြက္ေစ၍ ေရဖ်ဥ္း ေရာဂါကို ႏိုင္ေသာ သတၱိ ရွိ၏။

အသုံးျပဳပုံ…

အ႐ြက္… ၁။ ပရႏၷဝါ ႐ြက္ရည္ကို ႏို႔ႏွင့္ ေရာေသာက္က ဆီးေအာင့္ ေရာဂါ ၊ ဆီးပူ ေညာင္းက် ေရာဂါ ၊ ပန္းေသ ေရာဂါ ႏွင့္ အဖ်ား ေရာဂါ တို႔ကို ေပ်ာက္ကင္း ေစ႐ုံမွ် မက အသက္ ကို ရွည္ေစ၍ လူကို ႏုပ်ိဳ အားတိုး ေစႏိုင္၏ ။

၂။ အ႐ြက္ကို ငါးၾကင္း သားႏွင့္ ခ်က္စား ပါက ကိုယ္တစ္ျခမ္း ေသေရာဂါ ေပ်ာက္၏ ။

၃။ မီးဖြား ၿပီးစ အမ်ိဳးသမီး မ်ား ႏို႔မထြက္ လွ်င္ ပရႏၷဝါ ႐ြက္ကို ဟင္းခါး ခ်က္ေသာက္ ျခင္းျဖင့္ ႏို႔ လ်င္ျမန္စြာ ထြက္ၿပီး ႏို႔နာ၊ ႏို႔ကိုက္ ႏွင့္ သက်ည္း ကိုက္ေရာဂါ မ်ားလည္း ေပ်ာက္ကင္း ေစ၏။

၄။ ပရႏၷဝါ ႐ြက္ကို ငါးပေနာ္ႏွင့္ ေၾကာ္ခ်က္ စားျခင္း ၊ ဟင္းခ်ိဳေသာက္ ျခင္းျဖင့္ ႏွလုံးေရာဂါ ၊ အဆုတ္ေရာင္ ၊ အူေရာင္ ေရာဂါ ၊ ကိုယ္ေဖာ ကိုယ္ေရာင္ ေရာဂါ ၊ ေရဖ်ဥ္း ၊ ျမင္းသ႐ိုက္ ၊ ေလနာ သလိပ္နာ ၊ အစာ မေၾက ေရာဂါမ်ား ေပ်ာက္၏ ။

၅။ ခႏၶာကိုယ္ ျပင္ပ၌ ေရာင္ရမ္း ျခင္းမ်ား အတြက္ အ႐ြက္ ကို ထုေထာင္း ၍ ၾကပ္စည္း ေပးရ၏ ။

အျမစ္ ၁။ အျမစ္မႈန႔္ ကို သၾကားႏွင့္ စားေသာ္ ေခ်ာင္းေျခာက္ဆိုး ျခင္းႏွင့္ ၾကက္ညႇာ ေခ်ာင္းဆိုး ျခင္းႏွင့္ ၾကက္ညႇာ ေခ်ာင္းဆိုး ျခင္းမ်ား ေပ်ာက္၏ ။ ပ်ားရည္ႏွင့္ လ်က္ေပးေသာ္ ပန္းနာ ေရာဂါ ေပ်ာက္၏ ။

အပင္… ၁။ ပရႏၷဝါ ကို ႀကိတ္မွန္ ႐ြက္ ႏွင့္ ေရာေသာက္ ေသာ္ မီးယပ္ ေရာဂါ ေပ်ာက္၏။

၂။ ဒန႔္ကြၽဲ ေစ့ႏွင့္ ေရာ၍ စားျခင္း ၊ လိမ္းျခင္း ျပဳေသာ္ ေပြးနာ ေပ်ာက္၏ ။

၃။ ေတာင္သာ ဆရာမ မုန္း၏ ေဆးၫႊန္း အရ ` ပရႏၷဝါ ပါးပါး လႊာ ၊ သကာ ပ်ားရည္ႏွင့္ စပ္ ၊ ဒန႔္သလြန္ ပြင့္ အုန္းဆံရင့္ ခ်င့္၍ ေလ်ာ္ေအာင္

စပ္၊ မင္းတုန္းမင္းေခါင္ သူသုံး ေဆာင္၊ ဘုန္းေရာင္ေန သို႔တက္ ၊ ဒႏၲာသံ မႈိႏွက္ ၊ အသံ ကရဝိတ္ငွက္ ၊ ေကသာ ပိတုန္းေရာင္ နက္´ ဟူ၍ ေဖာ္ျပ ထားသည္ကို ေတြ႕ရသည္။ [၁]

ေမတၱာျဖင့္… ”မသိသူေက်ာ္သြား သိသူေဖာ္စား “

မူရင္းတင္ဆက္သူအား ေလးစားစြျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မင်းတုန်းမင်းကြီး ဘာကြောင့် အစွမ်းထက်ရပါသလဲ…?(အမျိုးသားများအတွက် ဆေးစွမ်းကြီး)

“ပရန္နဝါ… ပါးပါးလွှာ သကာများနှင့်ဖက်၊ ဒန့်သလွန်ပွင့်… အုန်းဆံရင့် ချိန်သင့်ညီမျှစွက်၊ မင်းတုန်းမင်းခေါင်… သူသုံးဆောင် ဘုန်းခေါင်နေသို့လက် ”

( ပရန္နဝါပင် ) သိပ္ပံအမည် Boerhavia diffusa Linn အာယုဗ္ဗေဒဆေးပညာတွင် ရသာယနဆေးဘက်ပစ္စည်းအဖြစ် အဓိကအသုံးပြုသော အပင်ဖြစ်သည်။

Punarnavine, Triacontanol,Hentriacontane, ursolic acid5, 7-dihydroxy-6, 8di methyl fkavone, retenoid boeravinones A1 B1 C2 D-F,boerhavine, boerhavic acid, tannins, phlobaphenes ဓာတ်ပေါင်းများပါဝင်ပါသည်…။

အိန္ဒိယနိုင်ငံတွင် လေ့လာမှုအရ နွေရာသီမေလတွင် တူးဖော်သော၃စင်တီမီတာ အချင်းရှိသည့် ဆေးမြစ်သည် အသဲကို ကောင်းစွာကာကွယ်ပေးနိုင်သော အာနိသင်ရှိကြောင်း သိရှိရပါသည်။ အိနိယနိုင်ငံတွင် နှလုံးအားတိုးဆေး အသဲဆေး ဆီးဆေး အသက်ရှည်နုပျိုဆေးအဖြစ်

သုံးစွဲကြပါသည်။ဗီယက်နမ်နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေး အသဲရောဂါ အဖောရောဂါပျောက်ဆေးအဖြစ်အသုံးပြုကြပါသည်။

မြန်မာနိုင်ငံ တွင် ပရန္နဝါ ပါးပါးလွှာ သကာပျားနှင့်ချက် ဒန့်ဒလွန်ပွင့်အုန်းဆံရင့် ထည့်သင့်လျှော်အောင်ထည့် မင်းတုန်းမင်းခေါင်မြတ်သုံးဆောင် ဘုန်းရောင်နေသို့တက်

သေသာနက်မှောင်လျှက် အသံကရဝိတ်ငှက် ဒန္တာသံမှိုနှက် စသည့်စာချိုးသည် နာမည်ကျော်ကြားသောစာချိုးဖြစ်သည်နှင့် အညီ အစွမ်းထက်သော ပရန္နဝါယိုဖြစ်သည် ။

ကျား/မ မရွေး အားဆေး

ပရန္နဝါ, ပါးပါးလွှာ သကာများနှင့်ဖက်၊ ဒန့်သလွန်ပွင့်၊ အုန်းဆံရင့် ချိန်သင့်ညီမျှစွက်၊ မင်းတုန်းမင်းခေါင် သူသုံးဆောင် ဘုန်းခေါင်နေသို့လက်။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။

ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ- စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

အထက်ပါဆေးနည်း ကို ဖော်စပ်နည်း

(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။ (၂) ဒန့်သလွန်ပွင့်ကို အသင့် စုဆောင်းထားရမယ်။ (၃) အုန်းသီးဆံရင့်ရင့်ကို အသင့် ခြစ်ထားရပါမယ်။

(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန် အညီအမျှေ ရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

စားသုံးနည်း

အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာ ထည့်ထားပေးပါ။ အဲဒီ ဆေးရည်ကို ည မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေ မမှန်သောရောဂါ၊

ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။ ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်… အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။

ကျောက်ကပ်ကျောက်တည်ရောဂါအတွက်

( ပရန္နဝါပင် ) ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင်… မြန်မာ့ဆေးလောကမှ ထင်ပေါ်ကျော်ကြား လူသိများသည့်

အစွမ်းထက်ဆေးပင် ပရန္နဝါပင်ဖြင့် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။ ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ဆေးဖော်စပ်နည်း

(၁) ပရန္နဝါပင်၏ ပဉ္ဒငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။

(၂) ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။

(၃) သုံးခွက်တစ်ခွက် ကျန်သည့်အထိ ကျိုပါ။

(၄) ၎င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။

ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။ ။ တိုင်းရင်းဆေးနည်း အဘိဓာန် ( တင်ထားသောပုံများမှ စာများကိုလေ့လာပါ )

ပရန်နဝါ Hog weeds (ပရန်နဝါ)

ပုံသဏ္ဌာန်… အပင် အပွင့်ကို လိုက်၍ အပင် သုံးမျိုး ကွဲသည်။ အဖြူ ၊ အနီ ၊ အညို ဖြစ်၍ သုံးမျိုးလုံး အကျိုးပြု သည်။ မြေတွင် ဖြန့်ပေါက် သော နွယ်ပင်မျိုး ဖြစ်သည်။

အရွက်… အဆစ်မှ အရွက်များ မျက်နှာချင်းဆိုင် ထွက်သော်လည်း တစ်ဖက်တွင် တစ်ရွက် ထွက်၍ အခြား တစ်ဖက်တွင် နှစ်ရွက် ထွက်သည်။

ရွက်ရင်းကျယ်သော ဘဲဥပုံရှိ ရွက်ထိပ် အချို့ ချွန်ပြီး အချို့ ဝိုင်း၏ ။ အရွက်အပေါ် မျက်နှာပြင် ချောမွတ်သည်။ အပွင့် ပန်းခိုင် ထိပ်တွင် သေးငယ်သော အပွင့်ကလေးများ စု၍ ပွင့်၏ ။

အမျိုးလိုက်၍ အဖြူ ၊ အနီ ၊ အညို အရောင် သုံးမျိုး ကွဲ၏ ။ အသီး… သေးငယ်သည်။ အခန်း ၅ ခန်း ပါရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ အရွက်၊ အမြစ်၊ အပင်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ… မြန်မာနိုင်ငံ မြေပြန့်အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝအလျောက် အလေ့ကျ ပေါက်၏ ။

အသုံးဝင်ပုံ အာနိသင်…

မြန်မာဆေးကျမ်းများ အလိုအရ… ပရန္နဝါ သည် ခါး၏ ၊ စပ်ရှားရှား ရှိ၏ ၊ ပူ၏ ၊ အသက်ကို ရှည်စေ၏။ နှလုံး ရောဂါ၊ ဖောရောင်ခြင်း၊ ပန်းနာ၊ လေ၊ သလိပ်ရောဂါတို့ကို ပျောက်ကင်းစေနိုင်၏ ။

ဝမ်းမီးကို တောက်စေ၍ ဝမ်းသက်စေပြီး ဆီးကို ရွှင်စေသည်။ ချွေးကို ထွက်စေ၍ ရေဖျဉ်း ရောဂါကို နိုင်သော သတ္တိ ရှိ၏။

အသုံးပြုပုံ…

အရွက်… ၁။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၂။ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။

၃။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။

၄။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။

၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။

အမြစ် ၁။ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။

အပင်… ၁။ ပရန္နဝါ ကို ကြိတ်မှန် ရွက် နှင့် ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။

၂။ ဒန့်ကျွဲ စေ့နှင့် ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။

၃။ တောင်သာ ဆရာမ မုန်း၏ ဆေးညွှန်း အရ ` ပရန္နဝါ ပါးပါး လွှာ ၊ သကာ ပျားရည်နှင့် စပ် ၊ ဒန့်သလွန် ပွင့် အုန်းဆံရင့် ချင့်၍ လျော်အောင်

စပ်၊ မင်းတုန်းမင်းခေါင် သူသုံး ဆောင်၊ ဘုန်းရောင်နေ သို့တက် ၊ ဒန္တာသံ မှိုနှက် ၊ အသံ ကရဝိတ်ငှက် ၊ ကေသာ ပိတုန်းရောင် နက်´ ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရသည်။ [၁]

မေတ္တာဖြင့်… ”မသိသူကျော်သွား သိသူဖော်စား “

မူရင်းတင်ဆက်သူအား လေးစားစွဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*