တဦးနဲ႔ တဦး နားလည္မႈေတြ လြဲေနၾကတဲ့အခါ…

တဦးနဲ႔ တဦး နားလည္မႈေတြ လြဲေနၾကတဲ့အခါ...
တဦးနဲ႔ တဦး နားလည္မႈေတြ လြဲေနၾကတဲ့အခါ...

တဦးနဲ႔ တဦး နားလည္မႈေတြ လြဲေနၾကတဲ့အခါ…

တဦးနဲ႔ တဦး နားလည္မႈ လြဲေနၾကတဲ့အခါေတြမွာ မိမိတို႔အေနနဲ႔ တစ္ဖက္လူကို မိမိသည္ မွန္ေၾကာင္း၊ မိမိကို စာနာသင့္ေၾကာင္း၊ မိမိသာ ေတာ္ေၾကာင္းေတြ စသည္ျဖင့္ ေျပာခ်င္ေနမိပါလိမ့္မယ္။

အဲ့ဒီအခ်ိန္မွာ ပထမဦးဆုံး စဥ္းစားေစခ်င္တာက… တစ္ဖက္လူကလည္း မိမိကို သူမွန္ေၾကာင္း၊ သူအေပၚ စာနာသင့္ေၾကာင္း၊ သူသာ ေတာ္ေၾကာင္းေတြ ေျပာခ်င္ေနမယ္ဆိုတာေပါ့။

6 ဆိုတဲ့ သခ်္ာဂဏန္းဟာ တစ္ဖက္ကၾကည့္ရင္ 9 ျဖစ္ေနေရာ။ ဒါကို တစ္ဖက္ထဲကၾကည့္ၿပီး ဖင္ပိတ္ျငင္းေနလို႔ မရဘူး။ ဘယ္ရႈေထာင့္က အမွန္ဆုံးလဲ။ ငါၾကည့္တဲ့ ရႈေထာင့္က အမွန္ဆုံးပဲ။ သူမ်ားရႈေထာင့္က

ငါ့ေလာက္ မွန္မွာ မဟုတ္ဘူး။ ငါအမွန္ဆုံးပဲ ခံယူၾကတာပဲ။ ၿပီးေတာ့ သူမ်ားရႈေထာင့္ကို ေလးစားရမွန္း၊ တန္းဖိုးထားရမွန္းေလာက္ စိတ္မက်ယ္ၾကလို႔ပါပဲ။ အားလုံးၾကားဖူးၾကတဲ့ ပုံျပင္ေလး ရွိတယ္ေလ…

မ်က္ကန္း ေျခာက္ေယာက္နဲ႔ ဆင္တစ္ေကာင္ အေၾကာင္းကိုေလ။ ကိုယ္ စမ္းမိရာ၊ ကိုယ္ မိရာကို ကိုယ္သိထားတာေလးနဲ႔ ဘာနဲ႔တူေၾကာင္း ေျပာၾကတယ္ေလ။

နား႐ြက္စမ္းမိသူက ဆင္ဟာ ယပ္ေတာင္နဲ႔ တူတယ္၊ ႏွာေမာင္းစမ္းမိသူက ေႁမြနဲ႔တူတယ္၊ ခႏၶာကိုယ္စမ္းမိသူက နံရံနဲ႔တူတယ္၊ ေျခေထာက္စမ္းမိသူက အိမ္တိုင္နဲ႔တူတယ္၊ အၿမီးစမ္းမိသူက ႀကိဳးနဲ႔တူတယ္၊

အစြယ္စမ္းမိသူက လွံနဲ႔တူတယ္ စသျဖင့္ ေျပာၿပီး ျငင္းခုန္ၾကတာေပါ့။ တကယ္တမ္းက… ဘယ္တစ္ေယာက္ရဲ႕ ရႈေထာင့္ကမွ ဆင္တစ္ေကာင္ကို ပုံေဖာ္ႏိုင္တာ မဟုတ္ဘူး။ မွန္တာလည္း မဟုတ္ပါဘူး။ မွားေနပါတယ္လို႔လဲ ေျပာလို႔ မရဘူး။

တကယ္ေတာ့… မျပည့္စုံတာ။ ဘာမျပည့္စုံတာလဲဆိုရင္… အသိပညာ။ ကိုယ္ထင္ျမင္တာကိုပဲ အမွန္ဆိုၿပီး မိမိ အႏိုင္ရဖို႔ ဆိုတဲ့ စိတ္နဲ႔ တစ္ဖက္ပိတ္ ျငင္းခုန္ေနၾကတာပါပဲ။ ပူးေပါင္းၿပီး အေျဖရွာဖို႔ မစဥ္းစားၾကဘူးေလ။

ဆင္တစ္ေကာင္ဟာ ဘယ္လိုရွိမွန္း သိခ်င္တာထက္ ငါ့က မွန္တယ္ ဆိုတာ အၿပိဳင္ျငင္းၾကတာပဲ။ တကယ္တမ္း ဆင္ဟာ ဘယ္လိုဆိုတာ သိေအာင္ လုပ္ႏိုင္တဲ့နည္း ရွိပါတယ္။

အနီးအနားက ဆင္ျမင္ဖူးသူတစ္ေယာက္ကို ေမးၾကည့္႐ုံနဲ႔ မွန္ကန္တဲ့အေျဖကို ရႏိုင္ပါတယ္။ ခုေတာ့ မ်က္ကန္းေျခာက္ေယာက္ဟာ ခုေျပာသလို မလုပ္ၾကပဲ…

”ငါပဲ အမွန္ ” ဆိုတဲ့ စိတ္ေၾကာင့္ ျငင္းခုန္ေနတာပဲ။ သူတို႔ကို ဘယ္သူမွန္ေၾကာင္း ေျပာျပႏိုင္တဲ့သူကို မရွာၾကဘူးေလ။ လူေတြက မ်က္မျမင္ေတြနဲ႔ တူပါတယ္။ ဘယ္ေနရာမွာပဲဆိုဆို၊ ဘယ္ကိစၥရပ္ကိုပဲဆိုဆို၊ ဘယ္သူ႔အေပၚပဲဆိုဆို..

ကိုယ္ရႈေထာင့္ကေနပဲ ကိုယ့္သိသေလာက္ ၊ ကိုယ္ယူဆႏိုင္သေလာက္ကိုပဲ အမွန္လို႔ ဆုံးျဖတ္တယ္။ ဒါေၾကာင့္ ဘယ္သူကိုမွ ရွင္းျပခ်င္တဲ့ဆႏၵေတြ မမ်ားပါနဲ႔။ သူတို႔မွန္တယ္ ထင္ေနသေ႐ြ႕ဟာ သင့္ရဲ႕ရွင္းျပမႈဟာ ျငင္းခုံစရာ တစ္ခုမွ်သာ ျဖစ္လာပါလိမ့္မယ္။

အရာရာတိုင္း မရွင္းျပခ်င္ပါနဲ႔။ လက္ခံႏိုင္စြမ္းရွိ မရွိ၊ တစ္ဖက္လူကို ေလ့လာ သုံးသပ္ၾကည့္ၿပီးမွ လုပ္သင့္ပါတယ္။ တခါတေလမွာ ကိုယ္ ရွင္းျပလိုက္ မွ ပိုရႈတ္သြားတာေတြ ရွိပါတယ္ ။ ကိုယ္ရွင္းျပမႈ ညံ့လို႔လဲ မဟုတ္ႏိုင္ပါဘူး။ တဖက္က လက္မခံလိုတာေၾကာင့္ ျဖစ္တယ္။

ဒါေၾကာင့္ တဖက္သားကို ရွင္းျပခ်င္စိတ္ေတြ ျဖစ္ေနတယ္ဆိုရင္ ၊ ဒီစာေလးကို သတိရေပးပါေနာ္။

ခရက္ဒစ္#အေတြးလွ( အမ္ေအ- သီရိလက္ာ)

Unicode

တဦးနဲ့ တဦး နားလည်မှုတွေ လွဲနေကြတဲ့အခါ…

တဦးနဲ့ တဦး နားလည်မှု လွဲနေကြတဲ့အခါတွေမှာ မိမိတို့အနေနဲ့ တစ်ဖက်လူကို မိမိသည် မှန်ကြောင်း၊ မိမိကို စာနာသင့်ကြောင်း၊ မိမိသာ တော်ကြောင်းတွေ စသည်ဖြင့် ပြောချင်နေမိပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ ပထမဦးဆုံး စဉ်းစားစေချင်တာက… တစ်ဖက်လူကလည်း မိမိကို သူမှန်ကြောင်း၊ သူအပေါ် စာနာသင့်ကြောင်း၊ သူသာ တော်ကြောင်းတွေ ပြောချင်နေမယ်ဆိုတာပေါ့။

6 ဆိုတဲ့ သချ်ာဂဏန်းဟာ တစ်ဖက်ကကြည့်ရင် 9 ဖြစ်နေရော။ ဒါကို တစ်ဖက်ထဲကကြည့်ပြီး ဖင်ပိတ်ငြင်းနေလို့ မရဘူး။ ဘယ်ရှုထောင့်က အမှန်ဆုံးလဲ။ ငါကြည့်တဲ့ ရှုထောင့်က အမှန်ဆုံးပဲ။ သူများရှုထောင့်က

ငါ့လောက် မှန်မှာ မဟုတ်ဘူး။ ငါအမှန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့ သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုးထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါပဲ။ အားလုံးကြားဖူးကြတဲ့ ပုံပြင်လေး ရှိတယ်လေ…

မျက်ကန်း ခြောက်ယောက်နဲ့ ဆင်တစ်ကောင် အကြောင်းကိုလေ။ ကိုယ် စမ်းမိရာ၊ ကိုယ် မိရာကို ကိုယ်သိထားတာလေးနဲ့ ဘာနဲ့တူကြောင်း ပြောကြတယ်လေ။

နားရွက်စမ်းမိသူက ဆင်ဟာ ယပ်တောင်နဲ့ တူတယ်၊ နှာမောင်းစမ်းမိသူက မြွေနဲ့တူတယ်၊ ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊ ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့တူတယ်၊ အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊

အစွယ်စမ်းမိသူက လှံနဲ့တူတယ် စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။ တကယ်တမ်းက… ဘယ်တစ်ယောက်ရဲ့ ရှုထောင့်ကမှ ဆင်တစ်ကောင်ကို ပုံဖော်နိုင်တာ မဟုတ်ဘူး။ မှန်တာလည်း မဟုတ်ပါဘူး။ မှားနေပါတယ်လို့လဲ ပြောလို့ မရဘူး။

တကယ်တော့… မပြည့်စုံတာ။ ဘာမပြည့်စုံတာလဲဆိုရင်… အသိပညာ။ ကိုယ်ထင်မြင်တာကိုပဲ အမှန်ဆိုပြီး မိမိ အနိုင်ရဖို့ ဆိုတဲ့ စိတ်နဲ့ တစ်ဖက်ပိတ် ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီး အဖြေရှာဖို့ မစဉ်းစားကြဘူးလေ။

ဆင်တစ်ကောင်ဟာ ဘယ်လိုရှိမှန်း သိချင်တာထက် ငါ့က မှန်တယ် ဆိုတာ အပြိုင်ငြင်းကြတာပဲ။ တကယ်တမ်း ဆင်ဟာ ဘယ်လိုဆိုတာ သိအောင် လုပ်နိုင်တဲ့နည်း ရှိပါတယ်။

အနီးအနားက ဆင်မြင်ဖူးသူတစ်ယောက်ကို မေးကြည့်ရုံနဲ့ မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်။ ခုတော့ မျက်ကန်းခြောက်ယောက်ဟာ ခုပြောသလို မလုပ်ကြပဲ…

”ငါပဲ အမှန် ” ဆိုတဲ့ စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကို ဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာကြဘူးလေ။ လူတွေက မျက်မမြင်တွေနဲ့ တူပါတယ်။ ဘယ်နေရာမှာပဲဆိုဆို၊ ဘယ်ကိစ္စရပ်ကိုပဲဆိုဆို၊ ဘယ်သူ့အပေါ်ပဲဆိုဆို..

ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက် ၊ ကိုယ်ယူဆနိုင်သလောက်ကိုပဲ အမှန်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ဘယ်သူကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေ မများပါနဲ့။ သူတို့မှန်တယ် ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာ တစ်ခုမျှသာ ဖြစ်လာပါလိမ့်မယ်။

အရာရာတိုင်း မရှင်းပြချင်ပါနဲ့။ လက်ခံနိုင်စွမ်းရှိ မရှိ၊ တစ်ဖက်လူကို လေ့လာ သုံးသပ်ကြည့်ပြီးမှ လုပ်သင့်ပါတယ်။ တခါတလေမှာ ကိုယ် ရှင်းပြလိုက် မှ ပိုရှုတ်သွားတာတွေ ရှိပါတယ် ။ ကိုယ်ရှင်းပြမှု ညံ့လို့လဲ မဟုတ်နိုင်ပါဘူး။ တဖက်က လက်မခံလိုတာကြောင့် ဖြစ်တယ်။

ဒါကြောင့် တဖက်သားကို ရှင်းပြချင်စိတ်တွေ ဖြစ်နေတယ်ဆိုရင် ၊ ဒီစာလေးကို သတိရပေးပါနော်။

ခရက်ဒစ်#အတွေးလှ( အမ်အေ- သီရိလက်ာ)

Be the first to comment

Leave a Reply

Your email address will not be published.


*