ဒီေန႔ေခတ္မွာ… အလုပ္လုပ္ဖို႕ “အရင္းအႏွီး မရိွဘူး” ဆိုသူမ်ားအတြက္…

ဒီေန႔ေခတ္မွာ... အလုပ္လုပ္ဖို႕ "အရင္းအႏွီး မရိွဘူး" ဆိုသူမ်ားအတြက္...
ဒီေန႔ေခတ္မွာ... အလုပ္လုပ္ဖို႕ "အရင္းအႏွီး မရိွဘူး" ဆိုသူမ်ားအတြက္...

ဒီေန႔ေခတ္မွာ… အလုပ္လုပ္ဖို႕ “အရင္းအႏွီး မရိွဘူး” ဆိုသူမ်ားအတြက္…

ဒီေန႔ေခတ္ အလုပ္ လုပ္ေနတဲ့ လူေတြဆီက အမ်ားဆုံး ၾကားရတဲ့ စကားက အရင္းအႏွီး မရွိဘူး ဆိုတဲ့ စကားပါပဲ။ ကြၽန္ေတာ္လဲ လြန္ခဲ့တဲ့ ၁၀ ႏွစ္ ေလာက္က အဲ့လို အေတြး ဝင္ဖူး ပါတယ္။

အဲ့ဒီအတြက္ အေျဖရွိပါတယ္… လုပ္ငန္းတစ္ခုကို စလုံးေရ စလုပ္မယ္ဆို ေငြတိုးယူၿပီး စမလုပ္မိပါေစနဲ႔ ။ မစရေသးပဲ အဆုံးသတ္ သြားႏိုင္ပါတယ္။ အဓိကက… ဦးေႏွာက္ကို မ်ားမ်ား သုံးၿပီး စဥ္းစားပါ။

သူမ်ားေငြကို အတိုး မေပးရပဲ ကိုယ့္အရင္းအႏွီး ျဖစ္ေအာင္ လုပ္ပါ။ ဥပမာတစ္ခု ေျပာျပမယ္ေနာ္… ကြၽန္ေတာ္ အရင္ ကားေဟာင္းဝယ္ေရာင္း လုပ္စ အခ်ိန္တုန္းက ရင္းႏွီးတဲ့ မိတ္ေဆြေတြက ကား လာေရာင္း ၾကတယ္။

ကြၽန္ေတာ္က ၁၆၀ ေပးရင္… အဲ့ဒီအခါ သူတို႔က ကိုယ္ေပးတဲ့ ေစ်းထက္ ၅ သိန္းေလာက္ ပိုလိုခ်င္ၾကတယ္။ ၁၆၅ သိန္းေပါ့။ သူ႔ကား က ၁၆၅ နဲ႔ ဝယ္လဲ ၅ သိန္း ေလာက္ေတာ့ အနဲဆုံး ျမတ္ေနၿပီ။

ကိုယ္က ၁၀ သိန္း ျမတ္ခ်င္တဲ့ အတြက္ ၁၆၀ ဆစ္ေနတာေပါ့။ သူကလဲ မရဘူး… ၁၆၅ မွ ၁၆၅ ပဲတဲ့။ အဲ့ဒီ အခ်ိန္မွာ ကြၽန္ေနာ္ လုပ္တဲ့ ပုံစံက… ဟုတ္ၿပီအကို… အကို႔ ကားကို ကြၽန္ေတာ္ ၁၆၅ သိန္း ေပးမယ္။

ဒါေပမယ့္ ပိုက္ဆံကို ေနာက္ ၂လေနမွ ယူဗ်ာဆိုေတာ့… ရတယ္တဲ့။ သူလိုခ်င္တဲ့ ၁၆၅ ရရင္ ၿပီးတာပဲေပါ့။ အဲ့ဒါနဲ႔ အဲ့ကား ၁၆၅ နဲ႔ ဝယ္လာၿပီး ခ်က္ျခင္း ၁၇၀ နဲ႔ ေရာင္း။ ရလာတဲ့ေငြ ၁၇၀ ကို ၂ လအတြင္း

ကား ၄ – ၅ စီး လည္ပတ္ ေရာင္းဝယ္လိုက္တာ။ တစ္စီး ၁၀ သိန္းေလာက္နဲ႔ သိန္း ၄ – ၅၀ ရပါေရာလား။ ဒီသေဘာေပါ့… သူမ်ားပိုက္ဆံကို ကိုယ့္ပိုက္ဆံ ျဖစ္ေအာင္ လုပ္ခဲ့တဲ့ ဥပမာ တစ္ခုပါ။

ကိုယ္ ဆစ္တဲ့ေစ်း မရရင္ သူ႔ေငြ ကိုေတာ့ အခ်ိန္တစ္ခု အလကား သုံးရေအာင္ လုပ္ေပေတာ့။ ဒါ ညစ္တာ မဟုတ္ဖူးေနာ္။ လူရည္ လည္တာလို႔ ေခၚတယ္။ ခ်စ္လို႔ ေျပာျပတယ္ မွတ္ပါ။

ဒီလိုပဲ ကိုယ့္ နားက ကားဝယ္လို႔ ေငြခ်န္ခ်င္တဲ့ မိတ္ေဆြေတြ ကိုလဲ အတိုး မယူပဲ ခ်န္ေပးခဲ့တာၾကည့္ ပါပဲ။ အဓိက ေျပာခ်င္တာက… အလုပ္ လုပ္မယ္ဆို အလုပ္ ထဲမွာပဲ စိတ္ကို ႏွစ္ထားၿပီး လုပ္ပါ။

နည္းလမ္း ေတြကို အၿမဲရွာေဖြပါ။ ဝီရိယ ရွိပါ။ ႀကိဳးစားပါ။ ဇြဲ ရွိပါ။ မိတ္ေဆြ မ်ားမ်ားရေအာင္ ရွာပါ။

ခရက္ဒစ္#PyiSoeOo#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္္။

Unicode

ဒီနေ့ခေတ်မှာ… အလုပ်လုပ်ဖို့ “အရင်းအနှီး မရှိဘူး” ဆိုသူများအတွက်…

ဒီနေ့ခေတ် အလုပ် လုပ်နေတဲ့ လူတွေဆီက အများဆုံး ကြားရတဲ့ စကားက အရင်းအနှီး မရှိဘူး ဆိုတဲ့ စကားပါပဲ။ ကျွန်တော်လဲ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အဲ့လို အတွေး ဝင်ဖူး ပါတယ်။

အဲ့ဒီအတွက် အဖြေရှိပါတယ်… လုပ်ငန်းတစ်ခုကို စလုံးရေ စလုပ်မယ်ဆို ငွေတိုးယူပြီး စမလုပ်မိပါစေနဲ့ ။ မစရသေးပဲ အဆုံးသတ် သွားနိုင်ပါတယ်။ အဓိကက… ဦးနှောက်ကို များများ သုံးပြီး စဉ်းစားပါ။

သူများငွေကို အတိုး မပေးရပဲ ကိုယ့်အရင်းအနှီး ဖြစ်အောင် လုပ်ပါ။ ဥပမာတစ်ခု ပြောပြမယ်နော်… ကျွန်တော် အရင် ကားဟောင်းဝယ်ရောင်း လုပ်စ အချိန်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေက ကား လာရောင်း ကြတယ်။

ကျွန်တော်က ၁၆၀ ပေးရင်… အဲ့ဒီအခါ သူတို့က ကိုယ်ပေးတဲ့ ဈေးထက် ၅ သိန်းလောက် ပိုလိုချင်ကြတယ်။ ၁၆၅ သိန်းပေါ့။ သူ့ကား က ၁၆၅ နဲ့ ဝယ်လဲ ၅ သိန်း လောက်တော့ အနဲဆုံး မြတ်နေပြီ။

ကိုယ်က ၁၀ သိန်း မြတ်ချင်တဲ့ အတွက် ၁၆၀ ဆစ်နေတာပေါ့။ သူကလဲ မရဘူး… ၁၆၅ မှ ၁၆၅ ပဲတဲ့။ အဲ့ဒီ အချိန်မှာ ကျွန်နော် လုပ်တဲ့ ပုံစံက… ဟုတ်ပြီအကို… အကို့ ကားကို ကျွန်တော် ၁၆၅ သိန်း ပေးမယ်။

ဒါပေမယ့် ပိုက်ဆံကို နောက် ၂လနေမှ ယူဗျာဆိုတော့… ရတယ်တဲ့။ သူလိုချင်တဲ့ ၁၆၅ ရရင် ပြီးတာပဲပေါ့။ အဲ့ဒါနဲ့ အဲ့ကား ၁၆၅ နဲ့ ဝယ်လာပြီး ချက်ခြင်း ၁၇၀ နဲ့ ရောင်း။ ရလာတဲ့ငွေ ၁၇၀ ကို ၂ လအတွင်း

ကား ၄ – ၅ စီး လည်ပတ် ရောင်းဝယ်လိုက်တာ။ တစ်စီး ၁၀ သိန်းလောက်နဲ့ သိန်း ၄ – ၅၀ ရပါရောလား။ ဒီသဘောပေါ့… သူများပိုက်ဆံကို ကိုယ့်ပိုက်ဆံ ဖြစ်အောင် လုပ်ခဲ့တဲ့ ဥပမာ တစ်ခုပါ။

ကိုယ် ဆစ်တဲ့ဈေး မရရင် သူ့ငွေ ကိုတော့ အချိန်တစ်ခု အလကား သုံးရအောင် လုပ်ပေတော့။ ဒါ ညစ်တာ မဟုတ်ဖူးနော်။ လူရည် လည်တာလို့ ခေါ်တယ်။ ချစ်လို့ ပြောပြတယ် မှတ်ပါ။

ဒီလိုပဲ ကိုယ့် နားက ကားဝယ်လို့ ငွေချန်ချင်တဲ့ မိတ်ဆွေတွေ ကိုလဲ အတိုး မယူပဲ ချန်ပေးခဲ့တာကြည့် ပါပဲ။ အဓိက ပြောချင်တာက… အလုပ် လုပ်မယ်ဆို အလုပ် ထဲမှာပဲ စိတ်ကို နှစ်ထားပြီး လုပ်ပါ။

နည်းလမ်း တွေကို အမြဲရှာဖွေပါ။ ဝီရိယ ရှိပါ။ ကြိုးစားပါ။ ဇွဲ ရှိပါ။ မိတ်ဆွေ များများရအောင် ရှာပါ။

ခရက်ဒစ်#PyiSoeOo#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*