












Unicode

လှေကားထစ်တွေကို စုံ ထားရင် ခိုက်တတ်ပါသလား…? ခိုက်တတ်ပါတယ်နော်..

အိမ်ဆောက်တော့မယ်ဆိုရင်… အမေးများတာက လှေကား စုံထားတာ ကောင်းလား၊ မထားတာ ကောင်းလား ဆိုတဲ့ မေးခွန်း တစ်ခုလည်း ပါပါတယ်။

အိမ်ဆောက် ရှေးထုံးတွေ အရလည်း… မ ဂဏန်း ထားတာကိုပဲ အများစုက အားပေး ထားတာမလို့ လှေကား စုံထားရင် ခိုက်တတ်လား❓လို့ ခဏခဏ မေးကြပါတယ်။

စုံ ဂဏန်း ထားရင် ခိုက်တတ်ပါတယ်။ လူတွေရဲ့ ခြေအားသန် တဲ့ အချက်ကြောင့်ပါ။ ပုံမှန် လူတစ်ယောက်ဟာ… ဘယ်ရော၊ ညာရော ခြေအား မသန်ပါဘူး။ အများစုက ညာသန်တာ များပါတယ်။

ခြေထောက် စလှမ်း လိုက်ပြီဆိုရင်… အားသန်တဲ့ ခြေထောက်ကို စ လှမ်းပါတယ်။ လှေကား တက်ရင် ညာသန်က ညာခြေနဲ့ စ တက်ပါတယ်။ တကယ်လို့ လှေကားက စုံ ဖြစ်နေပြီဆိုရင်…

နောက်ဆုံး ခြေလှမ်းဟာ… ဘယ်ခြေ ဖြစ်သွားပါတယ်။ အားမသန်တဲ့ ခြေထောက်နဲ့ ရပ်လိုက်ရင်… ဟန်ချက် မညီဘဲ နောက်ပြန် ချော်လဲ တတ်ပါတယ်။ အောက်ဆင်းရင်လည်း အတူတူ ပါပဲ။

ကိုယ် အားမသန်တဲ့ ခြေထောက်နဲ့ ထောက်မိရင်… ရှေ့ကို ဟပ်ထိုး လဲသွား နိုင်ပါတယ်။ ညာခြေနဲ့ စလို့ ညာခြေနဲ့ ဆုံးချင်ရင် လှေကားဟာ စုံဖြစ်လို့ မရပါဘူး။ မ ကိန်း ဂဏန်းနဲ့ ဆုံးမှ ရပါမယ်။

ဥပမာ… လှေကား ငါးထစ် ရှိမယ်။ ညာ၊ ဘယ်၊ ညာ၊ ဘယ်၊ ညာ ဆိုပြီး ညာနဲ့ ဆုံးသွားမှသာ ထိပ်ဆုံးကို အေးအေးဆေးဆေး ကိုယ် အားသန်တဲ့ ခြေထောက်နဲ့ လှမ်းတက်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်သန်ပဲ ဖြစ်ဖြစ်၊ ညာသန်ပဲ ဖြစ်ဖြစ်… အဆင်ပြေပါပြီ။ ဒါကြောင့် လှေကား စုံထားရင် ခိုက်တတ်ဆိုတာ မှန်တယ်လို့ ဆို ရ ပါ မယ်။

အကောင်းဆုံးက ကိုင်စရာ လှေကား လက်ရမ်းလေးတွေနဲ့ သေသေချာချာ ကလေး၊ လူကြီး ခြေကုပ် တက်နိုင်အောင် ဆောက်တာမျိုးပါပဲ ခင်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*