နယ္ဘက္က ျခံ၊ ေျမ ေတြကို ၀ယ္ေတာ့မယ္ဆိုရင္… စစ္ေဆးသင့္တဲ့ အခ်က္မ်ား

နယ္ဘက္က ျခံ၊ ေျမ ေတြကို ၀ယ္ေတာ့မယ္ဆိုရင္... စစ္ေဆးသင့္တဲ့ အခ်က္မ်ား
နယ္ဘက္က ျခံ၊ ေျမ ေတြကို ၀ယ္ေတာ့မယ္ဆိုရင္... စစ္ေဆးသင့္တဲ့ အခ်က္မ်ား

နယ္ဘက္က ျခံ၊ ေျမ ေတြကို ၀ယ္ေတာ့မယ္ဆိုရင္… စစ္ေဆးသင့္တဲ့ အခ်က္မ်ား

နယ္ဘက္မွာ ၿခံတစ္ၿခံ ဝယ္ေတာ့မယ္ဆိုရင္… ႐ြာေျမလား၊ ဥယ်ာဥ္ၿခံေျမလား၊ ဘိုးဘြားပိုင္ေျမလား၊ ဂရန္ေျမလား၊ ပါမစ္ေျမလား ေသခ်ာ စမ္းစစ္ ၾကည့္သင့္ပါတယ္။

ၿခံဆိုတာကလည္း အလြယ္တကူ ေ႐ႊ႕ေျပာင္းလို႔ ရႏိုင္တဲ့ အရာမ်ိဳး မဟုတ္တာေၾကာင့္… မဝယ္ခင္ကတည္းက ႀကိဳတင္ေလ့လာထားတာ အေကာင္းဆုံးပါပဲ။ မိတ္ေဆြဟာ နယ္ဘက္မွာ ၿခံ ဝယ္မယ္၊ အိမ္ ေဆာက္မယ္ဆိုရင္…

ဒီစာေလးကို ဆုံးေအာင္ ဖတ္ၾကည့္ဖို႔ တိုက္တြန္း ခ်င္ပါတယ္။ လူ ေတာ္ေတာ္မ်ားမ်ား ဇေဝဇဝါ ျဖစ္ေနတဲ့ အခ်က္ေတြက…

( ၁ ) ႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမ အတူတူ ပဲလား…?

( ၂ ) ႐ြာေျမဟာ ဥပေဒအရ တရားဝင္ သတ္မွတ္ခ်က္ ရွိလား…? ဆိုတာပါပဲ။

နံပါတ္ ( ၁ ) အခ်က္… ႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမ မတူပါဘူး။ ႐ြာေျမဆိုတာ… လြယ္လြယ္နဲ႔ ရွင္းရွင္းေျပာရရင္ လူေနရပ္ကြက္အတြင္းက ေျမကြက္ကို ေခၚဆိုျခင္းပဲ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္က တရားဝင္

ခ်မွတ္ထားတဲ့ အဆင့္ထိ မေရာက္ေပမယ့္… တစ္ခ်ိန္ခ်ိန္ မွာေတာ့ ဂရန္ေျမ ျဖစ္လာႏိုင္ေခ် ရွိပါတယ္။ လူေနရပ္ကြပ္ထဲမွာ ရွိေနတာမလို႔ ႏိုင္ငံေတာ္က ျပန္ သိမ္းမလား၊ ႏွင္ထုတ္မလား ဆိုတာေတြအတြက္ စိုးရိမ္စရာ မရွိပါဘူး။

နံပါတ္ ( ၂ ) အခ်က္… ဥယ်ာဥ္ၿခံေျမကေတာ့ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမ ဥပေဒ ပုဒ္မ ၃ ( က )အရ လယ္ယာေျမ ဆိုတာဟာ… လယ္၊ ေတာင္ယာ၊ ဥယ်ာဥ္၊ ဟင္းသီးဟင္း႐ြက္၊ ပန္းမန္ စိုက္ပ်ိဳးရန္အတြက္သာ

အက်ဳံးဝင္ ပါတယ္။ ဒါေပမယ့္ ၿမိဳ႕နီး၊ ႐ြာနီး၊ လူေနရပ္ကြပ္ဝန္း အနီးအနားမွာ ရွိေနတဲ့ ဥယာဥ္ေျမေတြကေတာ့… ဒီအခ်က္မွာ မပါဝင္ဘူးလို႔ သိရပါတယ္။ ဥယ်ာဥ္ၿခံေျမကို ေရာင္းခ်လို႔ ရႏိုင္သလား…? အရင္ ဥပေဒေတြ အရေတာ့…

ေရာင္းခ်လို႔ မရပါဘူး။ ဒါေပမယ့္ ၂၀၁၂ ခုႏွစ္က ျပန္ျပင္ဆင္လိုက္တဲ့ ဥပေဒသစ္မွာေတာ့ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ ေပးကမ္းျခင္းအတြက္ ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနအိမ္အတည္တက် ေဆာက္လုပ္ေနထိုင္ခြင့္ေတာ့ မရေသးပါဘူး။

ဥယ်ာဥ္ၿခံေျမကို ေျမဂရမ္ ေလွ်ာက္လို႔ ရႏိုင္လား…? လူေနရပ္ကြက္နဲ႔ နီးကပ္ရင္ေတာ့ ေျမဂရန္ ေလွ်ာက္လို႔ ရႏိုင္ေပမယ့္… လူေနရပ္ကြက္နဲ႔ ခပ္ေဝးေဝးမွာ တည္ရွိေနရင္ေတာ့ ေလွ်ာက္လို႔ မရႏိုင္ပါဘူး။ ဒါ့ေၾကာင့္…

အိမ္ေဆာက္ေနထိုင္ဖို႔ အတြက္ ႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမ ေ႐ြးစရာ ၂ ခု ရွိလာရင္ ေျမစာရင္း ဦးစီးဌာနနဲ႔ ေသခ်ာစြာ စုံစမ္းစစ္ေဆးၿပီး ႐ြာေျမဆိုရင္လည္း… ႐ြာေျမမွန္ကန္ရဲ႕လား၊

ဥယ်ာဥ္ၿခံေျမဆိုရင္လည္း… လူေနရပ္ကြက္ အသိုင္းအဝိုင္းၾကားမွာ တည္ရွိရဲ႕လား ေသခ်ာစြာ စမ္းစစ္ၿပီးမွ ေငြေပးေခ် ဝယ္ယူဖို႔ အႀကံျပဳလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နယ်ဘက်က ခြံ၊ မြေ တွေကို ဝယ်တော့မယ်ဆိုရင်… စစ်ဆေးသင့်တဲ့ အချက်များ

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင်… ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာ စမ်းစစ် ကြည့်သင့်ပါတယ်။

ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့်… မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ မိတ်ဆွေဟာ နယ်ဘက်မှာ ခြံ ဝယ်မယ်၊ အိမ် ဆောက်မယ်ဆိုရင်…

ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။ လူ တော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက…

( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူ ပဲလား…?

( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား…? ဆိုတာပါပဲ။

နံပါတ် ( ၁ ) အချက်… ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ ရွာမြေဆိုတာ… လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင်

ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့်… တစ်ချိန်ချိန် မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန် သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။

နံပါတ် ( ၂ ) အချက်… ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ… လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ

အကျုံးဝင် ပါတယ်။ ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့… ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။ ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား…? အရင် ဥပဒေတွေ အရတော့…

ရောင်းချလို့ မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။

ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ ရနိုင်လား…? လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့်… လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့်…

အိမ်ဆောက်နေထိုင်ဖို့ အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း… ရွာမြေမှန်ကန်ရဲ့လား၊

ဥယျာဉ်ခြံမြေဆိုရင်လည်း… လူနေရပ်ကွက် အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*