ဆားနဲ႔ တူေသာ မိန္းမ… (အိမ္ရွင္မေတြဟာ မွီခိုမဟုတ္ပါ..)

ဆားနဲ႔ တူေသာ မိန္းမ… (အိမ္ရွင္မေတြဟာ မွီခိုမဟုတ္ပါ..)
ဆားနဲ႔ တူေသာ မိန္းမ… (အိမ္ရွင္မေတြဟာ မွီခိုမဟုတ္ပါ..)

ဆားနဲ႔ တူေသာ မိန္းမ… (အိမ္ရွင္မေတြဟာ မွီခိုမဟုတ္ပါ..)

ဆရာဝန္က ေမးတယ္… “ခင္ဗ်ား ဘာအလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းပါသလဲ” “ကြၽန္ေတာ္ ဘဏ္စာေရး တေယာက္ပါ” “ခင္ဗ်ား မိန္းမေရာ။ သူ အလုပ္အကိုင္ မရွိပါဘူး။ သူက အိမ္ရွင္မ တေယာက္ပါ”

“အိမ္မွာ မနက္စာကို ဘယ္သူ လုပ္ပါသလဲ” “မိန္းမက လုပ္ပါတယ္။ သူ အလုပ္အကိုင္ မရွိေတာ့ သူလုပ္ပါတယ္” “ခင္ဗ်ား မိန္းမ ဘယ္အခ်ိန္ေလာက္က ထၿပီး မနက္စာ ျပင္ဆင္တတ္သလဲ”

“မနက္ ၆နာရီေလာက္ပါ။ ဧည့္ခန္းေတြ သန႔္ရွင္းေရး လုပ္ၿပီးမွ သူမနက္စာ လုပ္ေလ့ ရွိပါတယ္” “ခင္ဗ်ား ကေလးေတြ ဘယ္လို ေက်ာင္းသြားသလဲ။ ကြၽန္ေတာ့္မိန္းမ သြားပို႔ပါတယ္။ သူက အလုပ္အကိုင္ မရွိေတာ့ သူပဲ ပို႔ပါတယ္”

“ကေလးေက်ာင္းပို႔ၿပီးေနာက္ သူ ဘာလုပ္သလဲ” “ေဈးသြားပါတယ္ ေဈးဝယ္ျပန္ၿပီး ထမင္းဟင္းခ်က္ အဝတ္ေလွ်ာ္ပါတယ္ သူက အလုပ္အကိုင္ မရွိဘူးေလ” “ည အလုပ္ဆင္းလို႔ အိမ္ျပန္ေရာက္ရင္ ခင္ဗ်ားဘာလုပ္သလဲ”

“အိမ္ျပန္ေရာက္ရင္ ကြၽန္ေတာ္နားပါတယ္။ တေနကုန္ ပင္ပန္းထားတာကိုးဗ်ာ” “အဲဒီအခ်ိန္မွာ ခင္ဗ်ားမိန္းမ ဘာလုပ္ေနလဲ” “တအိမ္သားလုံး ညစာ စားဖို႔အတြက္ သူျပင္ဆင္ေနပါတယ္။ ကေလးေတြကို ထမင္းေကြၽးတယ္။ ၿပီးရင္ အိုးခြက္ပန္းကန္ေဆးတယ္။

မီးဖိုေဆာင္သန႔္ရွင္းေရး လုပ္ၿပီး ကေလးေတြ အိမ္စာလုပ္တာကို ေစာင့္ၾကည့္တယ္။ ၿပီးရင္ ကေလးေတြ အိပ္ဖို႔ သိပ္ပါတယ္” ဒါဟာ အိမ္ရွင္မ (အလုပ္အကိုင္ မွီခို) ဆိုတဲ့ မိန္းမ တေယာက္ရဲ႕ တေန႔တာ အလုပ္ပါ။

ဒါကို အလုပ္အကိုင္ မရွိဘူး (မွီခို) လို႔ ေျပာရက္သလား။ ကြၽန္မက အိမ္ရွင္မ တဦးပါ။ ကြၽန္မရဲ႕ အလုပ္က တေန႔ ၂၄ နာရီ တပတ္ ၇ ရက္ ျဖစ္ၿပီး ပိတ္ရက္ မရွိပါ။

ကြၽန္မက မိခင္တဦးဆိုလည္း ဟုတ္တယ္၊ ကြၽန္မက ဇနီးတဦးလည္း ျဖစ္တယ္၊ ကြၽန္မက သမီးတေယာက္လည္း ျဖစ္တယ္၊ ကြၽန္မက ေခြၽးမတေယာက္လည္း ျဖစ္တယ္၊ ကြၽန္မက ႏႈိးစက္နာရီဆိုလည္း ဟုတ္တယ္။

ကြၽန္မက စားဖိုးမႉး တေယာက္ဆိုလည္း ဟုတ္တယ္၊ ကြၽန္မက အခိုင္းအေစ တေယာက္ဆိုလည္း ဟုတ္တယ္၊ ကြၽန္မက ကေလးထိန္းလည္း ဟုတ္တယ္။ ကြၽန္မက ဆရာမလည္း ျဖစ္တယ္၊ ကြၽန္မက သူနာျပဳဆိုလည္း

ဟုတ္တယ္၊ ကြၽန္မက Sexual partner ဆိုလည္း ဟုတ္တယ္။ ကြၽန္မက အိမ္ေစာင့္လည္း ဟုတ္တယ္၊ ကြၽန္မက ေတာက္တိုမယ္ရလည္း ဟုတ္တယ္၊ ကြၽန္မက အႀကံေပးလည္း ဟုတ္တယ္။ ကြၽန္မမွာ နားရက္ေတြ ခြင့္တင္တာေတြ မရွိပါဘူး ကြၽန္မမွာ ႏွစ္တႏွစ္ ပိတ္ရက္ေတြဆိုတာ မရွိပါဘူး။

ကြၽန္မ အလုပ္က ေန႔ရယ္ ညရယ္လို႔ ခြဲလို႔ မရပါဘူး။ အဲဒီအတြက္ရတဲ့ အက်ိဳးအျမတ္က “ေန႔တိုင္း အိမ္မွာေနၿပီး ဘာလုပ္ေနသလဲ” ဆိုတဲ့ ေမးခြန္းႀကီး ျဖစ္ေနတယ္။ မိန္းမဆိုတာ ထမင္းစား စားပြဲေပၚက ဆားနဲ႔ တူတယ္။ သူ႔အေရးပါမႈကို လူေတြ သိပ္ဂ႐ုမစိုက္မိ ၾကပါဘူး။

ဒါေပမယ့္ သူေလ်ာ့ေနရင္ အစားအစာေတြက အရသာ မဲ့သြားတတ္သလို ပါပဲေနာ္။ သင့္ေဘးက မိခင္ မိန္းမ ေခြၽးမ သမီး အမေတြကို ေက်းဇူးတင္စကားတခြန္းေလာက္ ေျပာေပးဖို႔ မေမ့ပါနဲ႔ရွင္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဆားနဲ့ တူသော မိန်းမ… (အိမ်ရှင်မတွေဟာ မှီခိုမဟုတ်ပါ..)

ဆရာဝန်က မေးတယ်… “ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ” “ကျွန်တော် ဘဏ်စာရေး တယောက်ပါ” “ခင်ဗျား မိန်းမရော။ သူ အလုပ်အကိုင် မရှိပါဘူး။ သူက အိမ်ရှင်မ တယောက်ပါ”

“အိမ်မှာ မနက်စာကို ဘယ်သူ လုပ်ပါသလဲ” “မိန်းမက လုပ်ပါတယ်။ သူ အလုပ်အကိုင် မရှိတော့ သူလုပ်ပါတယ်” “ခင်ဗျား မိန်းမ ဘယ်အချိန်လောက်က ထပြီး မနက်စာ ပြင်ဆင်တတ်သလဲ”

“မနက် ၆နာရီလောက်ပါ။ ဧည့်ခန်းတွေ သန့်ရှင်းရေး လုပ်ပြီးမှ သူမနက်စာ လုပ်လေ့ ရှိပါတယ်” “ခင်ဗျား ကလေးတွေ ဘယ်လို ကျောင်းသွားသလဲ။ ကျွန်တော့်မိန်းမ သွားပို့ပါတယ်။ သူက အလုပ်အကိုင် မရှိတော့ သူပဲ ပို့ပါတယ်”

“ကလေးကျောင်းပို့ပြီးနောက် သူ ဘာလုပ်သလဲ” “ဈေးသွားပါတယ် ဈေးဝယ်ပြန်ပြီး ထမင်းဟင်းချက် အဝတ်လျှော်ပါတယ် သူက အလုပ်အကိုင် မရှိဘူးလေ” “ည အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင် ခင်ဗျားဘာလုပ်သလဲ”

“အိမ်ပြန်ရောက်ရင် ကျွန်တော်နားပါတယ်။ တနေကုန် ပင်ပန်းထားတာကိုးဗျာ” “အဲဒီအချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေလဲ” “တအိမ်သားလုံး ညစာ စားဖို့အတွက် သူပြင်ဆင်နေပါတယ်။ ကလေးတွေကို ထမင်းကျွေးတယ်။ ပြီးရင် အိုးခွက်ပန်းကန်ဆေးတယ်။

မီးဖိုဆောင်သန့်ရှင်းရေး လုပ်ပြီး ကလေးတွေ အိမ်စာလုပ်တာကို စောင့်ကြည့်တယ်။ ပြီးရင် ကလေးတွေ အိပ်ဖို့ သိပ်ပါတယ်” ဒါဟာ အိမ်ရှင်မ (အလုပ်အကိုင် မှီခို) ဆိုတဲ့ မိန်းမ တယောက်ရဲ့ တနေ့တာ အလုပ်ပါ။

ဒါကို အလုပ်အကိုင် မရှိဘူး (မှီခို) လို့ ပြောရက်သလား။ ကျွန်မက အိမ်ရှင်မ တဦးပါ။ ကျွန်မရဲ့ အလုပ်က တနေ့ ၂၄ နာရီ တပတ် ၇ ရက် ဖြစ်ပြီး ပိတ်ရက် မရှိပါ။

ကျွန်မက မိခင်တဦးဆိုလည်း ဟုတ်တယ်၊ ကျွန်မက ဇနီးတဦးလည်း ဖြစ်တယ်၊ ကျွန်မက သမီးတယောက်လည်း ဖြစ်တယ်၊ ကျွန်မက ချွေးမတယောက်လည်း ဖြစ်တယ်၊ ကျွန်မက နှိုးစက်နာရီဆိုလည်း ဟုတ်တယ်။

ကျွန်မက စားဖိုးမှူး တယောက်ဆိုလည်း ဟုတ်တယ်၊ ကျွန်မက အခိုင်းအစေ တယောက်ဆိုလည်း ဟုတ်တယ်၊ ကျွန်မက ကလေးထိန်းလည်း ဟုတ်တယ်။ ကျွန်မက ဆရာမလည်း ဖြစ်တယ်၊ ကျွန်မက သူနာပြုဆိုလည်း

ဟုတ်တယ်၊ ကျွန်မက Sexual partner ဆိုလည်း ဟုတ်တယ်။ ကျွန်မက အိမ်စောင့်လည်း ဟုတ်တယ်၊ ကျွန်မက တောက်တိုမယ်ရလည်း ဟုတ်တယ်၊ ကျွန်မက အကြံပေးလည်း ဟုတ်တယ်။ ကျွန်မမှာ နားရက်တွေ ခွင့်တင်တာတွေ မရှိပါဘူး ကျွန်မမှာ နှစ်တနှစ် ပိတ်ရက်တွေဆိုတာ မရှိပါဘူး။

ကျွန်မ အလုပ်က နေ့ရယ် ညရယ်လို့ ခွဲလို့ မရပါဘူး။ အဲဒီအတွက်ရတဲ့ အကျိုးအမြတ်က “နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေသလဲ” ဆိုတဲ့ မေးခွန်းကြီး ဖြစ်နေတယ်။ မိန်းမဆိုတာ ထမင်းစား စားပွဲပေါ်က ဆားနဲ့ တူတယ်။ သူ့အရေးပါမှုကို လူတွေ သိပ်ဂရုမစိုက်မိ ကြပါဘူး။

ဒါပေမယ့် သူလျော့နေရင် အစားအစာတွေက အရသာ မဲ့သွားတတ်သလို ပါပဲနော်။ သင့်ဘေးက မိခင် မိန်းမ ချွေးမ သမီး အမတွေကို ကျေးဇူးတင်စကားတခွန်းလောက် ပြောပေးဖို့ မမေ့ပါနဲ့ရှင်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*