Power Bank တစ္လုံးကို ေရရွည္အသုံးျပဳႏိုင္ရန္ မျဖစ္မေန သိထားသင့္ေသာ အခ်က္မ်ား…

Power Bank တစ္လုံးကို ေရရွည္အသုံးျပဳႏိုင္ရန္ မျဖစ္မေန သိထားသင့္ေသာ အခ်က္မ်ား...
Power Bank တစ္လုံးကို ေရရွည္အသုံးျပဳႏိုင္ရန္ မျဖစ္မေန သိထားသင့္ေသာ အခ်က္မ်ား...

Power Bank တစ္လုံးကို ေရရွည္အသုံးျပဳႏိုင္ရန္ မျဖစ္မေန သိထားသင့္ေသာ အခ်က္မ်ား…

Power Bank ေတြဟာ လူတိုင္းလိုအပ္ၿပီး လူတိုင္းအတြက္ အသုံးဝင္တဲ့ ပစၥည္းတစ္ခုပါ။ ကိုယ့္လက္ထဲမွာ ဖုန္းတစ္လုံး ရွိေနၿပီဆိုတာနဲ႔ Powerbank ကလည္း လိုအပ္တဲ့ ပစၥည္းစာရင္းထဲ

အလိုလို ဝင္ေရာက္လာပါၿပီ။ လက္ရွိ ျမန္မာႏိုင္ငံမွာဆိုလည္း လွ်ပ္စစ္မီးေတြ အရမ္း ျပတ္လြန္းတာေၾကာင့္ လူတိုင္းလူတိုင္း Power Bank လိုအပ္လာတာေၾကာင့္ အားလုံးနီးပါးလည္း လက္ထဲမွာ

တစ္လုံးစီ ေဆာင္ထားၾကမွာပါ။ Power Bank ေတြဟာ…အျပင္ပန္းၾကည့္ရင္ အၾကမ္းခံတယ္၊ ႀကိဳက္သလို ထားလို႔ရတယ္လို႔ ထင္ရေပမဲ့ တကယ္ေတာ့… အထဲက ဘကၳရီဟာ အရမ္းကို အထိမခံတဲ့ အရာတစ္ခုပါ။

ဘကၳရီရဲ႕ သိုေလွာင္ ႏိုင္စြမ္းဟာ… သက္တမ္းၾကာလာတာနဲ႔အမွ် တျဖည္းျဖည္း ေလ်ာ့နည္းလာမွာျဖစ္ေပမဲ့ ကိုယ္ထိန္းသိမ္းရင္ ထိန္းသိမ္းသလို… အသုံးျပဳႏိုင္တဲ့ သက္တမ္းကို ဆြဲဆန႔္ထားႏိုင္မွာျဖစ္ပါတယ္။

Power Bank တစ္လုံးကို အပူခ်ိန္ ၅ ဒီဂရီေအာက္မွာ အားမသြင္းသင့္ပဲ အပူခ်ိန္ ၄၀ ဒီဂရီ အထက္မွာဆိုရင္‌ေတာ့ အားသြင္းထားႏိုင္ရင္ ပိုေကာင္းပါတယ္။ ေနာက္ၿပီးေတာ့… အား အျပည့္ဝင္ၿပီဆိုတာနဲ႔ ဆက္မသြင္းေတာ့ပဲ

ႀကိဳးကို ျဖဳတ္ထားသင့္ပါတယ္။ အသုံးျပဳတဲ့ အားသြင္းေခါင္း Adaptar ေတြမွာ‌ အားအျပည့္ ဝင္သြားရင္ ဆက္မသြင္းေပးေတာ့တဲ့ Auto Cutout စနစ္ ပါဝင္ရင္ေတာ့ ျပႆနာမရွိပါဘူး။ ၿပီးေတာ့ျဖစ္ႏိုင္ရင္…

Power Bank အားကို အျပည့္မသြင္းပဲ ၈၀% ေလာက္ကိုသာ သြင္းသင့္ပါတယ္။ ဒါေပမဲ့ ခုအေျခအေနနဲ႔ကေတာ့… အားကို အျပည့္သြင္းမွ အဆင္ေျပႏိုင္မွာပါ။

အထားအသိုပိုင္းမွာဆို Power Bank ကို လြတ္က်တာေတြ၊ ပစ္ခ်တာေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။ တျခားအရာတစ္ခုခုနဲ ႔ပြတ္တိုက္တာေတြ၊ အထူးသျဖင့္… သံလိုက္နဲ႔ ပြတ္တိုက္တာေတြ မလုပ္သင့္ပါဘူး။

ပုံမွန္ခ်ိန္မွာဆိုရင္ေတာ့… ၅ ဒီဂရီနဲ႔ ၂၅ ဒီဂရီၾကားမွာ ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့… အဝတ္ေတြ၊ အိပ္ယာေတြထဲမွာ Power Bank ကို ပစ္ထားတာေတြလည္း မျပဳလုပ္သင့္ပါဘူး။

အိတ္ေလးနဲ႔ ထိန္းသိမ္းထားသင့္ပါတယ္။ Power Bank က အပူခ်ိန္တက္လာရင္ ေလွာင္ထားသလိုျဖစ္ၿပီး ပိုပူလာမွာေၾကာင့္ပါ။ ေနာက္ၿပီးေတာ့… အိတ္ေတြဘာေတြထဲထည့္ထားရင္လည္း တျခားသတၳဳေတြနဲ႔

အတူတူ ထားတာမ်ိဳးကို သတိထားသင့္ပါတယ္။ တခ်ိဳ႕သတၳဳေတြဟာ ဘကၳရီကို သက္ေရာက္မူ ရွိႏိုင္တာေၾကာင့္ပါ။ ေနာက္ဆုံးေရွာင္ရွားရမဲ့ တခ်က္ကေတာ့… အေရးအႀကီးဆုံးပါပဲ။ Power Bank ကို အားသြင္းေနရင္း တန္းလန္း အဲ့ကေနတဆင့္…

ဖုန္းကို အားမသြင္းသင့္ပါဘူး။ တခ်ိန္တည္းမွာ အဝင္ေရာ၊ အထြက္ေရာျဖစ္ေနတာေၾကာင့္ ဘကၳရီအရမ္း အလုပ္ရႈပ္ၿပီး ဆိုးဆိုးဝါးဝါး ထိခိုက္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒီလို တဆင့္ခံ အားသြင္းတာမ်ိဳးေတြကို

ေရွာင္ရွားသင့္ပါတယ္။ တကယ္လို႔ Power Bank အသစ္ တစ္လုံးဝယ္မယ္ဆိုရင္ အနိမ့္ဆုံး 10000mAH ေလာက္ပါတဲ့ Power Bank ကို ေ႐ြးခ်ယ္သင့္ပါတယ္။ အဲ့ထက္ေအာက္က်တာဝယ္မယ္ဆို

ကိုယ့္ဖုန္းက ဘကၱရီႀကီးတဲ့ဖုန္းျဖစ္ေနရင္ ေနာက္ပိုင္းမွာ အဆင္မေျပတာေတြျဖစ္လာႏိုင္တာေၾကာင့္ပါ။ Power Bank ေတြဟာ သုံးပုံသုံးနည္း၊ အထားအသိုပုံ မမွန္ရင္

တာရွည္မခံတဲ့အျပင္ မီးေဘးအႏၲရာယ္ေတြပါ ေပၚေပါက္လာႏိုင္တာေၾကာင့္ သတိထားသင့္တဲ့ Electric ပစၥည္းတစ္ခုျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

Power Bank တစ်လုံးကို ရေရှည်အသုံးပြုနိုင်ရန် မဖြစ်မနေ သိထားသင့်သော အချက်များ…

Power Bank တွေဟာ လူတိုင်းလိုအပ်ပြီး လူတိုင်းအတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။ ကိုယ့်လက်ထဲမှာ ဖုန်းတစ်လုံး ရှိနေပြီဆိုတာနဲ့ Powerbank ကလည်း လိုအပ်တဲ့ ပစ္စည်းစာရင်းထဲ

အလိုလို ဝင်ရောက်လာပါပြီ။ လက်ရှိ မြန်မာနိုင်ငံမှာဆိုလည်း လျှပ်စစ်မီးတွေ အရမ်း ပြတ်လွန်းတာကြောင့် လူတိုင်းလူတိုင်း Power Bank လိုအပ်လာတာကြောင့် အားလုံးနီးပါးလည်း လက်ထဲမှာ

တစ်လုံးစီ ဆောင်ထားကြမှာပါ။ Power Bank တွေဟာ…အပြင်ပန်းကြည့်ရင် အကြမ်းခံတယ်၊ ကြိုက်သလို ထားလို့ရတယ်လို့ ထင်ရပေမဲ့ တကယ်တော့… အထဲက ဘက္ထရီဟာ အရမ်းကို အထိမခံတဲ့ အရာတစ်ခုပါ။

ဘက္ထရီရဲ့ သိုလှောင် နိုင်စွမ်းဟာ… သက်တမ်းကြာလာတာနဲ့အမျှ တဖြည်းဖြည်း လျော့နည်းလာမှာဖြစ်ပေမဲ့ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလို… အသုံးပြုနိုင်တဲ့ သက်တမ်းကို ဆွဲဆန့်ထားနိုင်မှာဖြစ်ပါတယ်။

Power Bank တစ်လုံးကို အပူချိန် ၅ ဒီဂရီအောက်မှာ အားမသွင်းသင့်ပဲ အပူချိန် ၄၀ ဒီဂရီ အထက်မှာဆိုရင်‌တော့ အားသွင်းထားနိုင်ရင် ပိုကောင်းပါတယ်။ နောက်ပြီးတော့… အား အပြည့်ဝင်ပြီဆိုတာနဲ့ ဆက်မသွင်းတော့ပဲ

ကြိုးကို ဖြုတ်ထားသင့်ပါတယ်။ အသုံးပြုတဲ့ အားသွင်းခေါင်း Adaptar တွေမှာ‌ အားအပြည့် ဝင်သွားရင် ဆက်မသွင်းပေးတော့တဲ့ Auto Cutout စနစ် ပါဝင်ရင်တော့ ပြဿနာမရှိပါဘူး။ ပြီးတော့ဖြစ်နိုင်ရင်…

Power Bank အားကို အပြည့်မသွင်းပဲ ၈၀% လောက်ကိုသာ သွင်းသင့်ပါတယ်။ ဒါပေမဲ့ ခုအခြေအနေနဲ့ကတော့… အားကို အပြည့်သွင်းမှ အဆင်ပြေနိုင်မှာပါ။

အထားအသိုပိုင်းမှာဆို Power Bank ကို လွတ်ကျတာတွေ၊ ပစ်ချတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ တခြားအရာတစ်ခုခုနဲ့ပွတ်တိုက်တာတွေ၊ အထူးသဖြင့်… သံလိုက်နဲ့ ပွတ်တိုက်တာတွေ မလုပ်သင့်ပါဘူး။

ပုံမှန်ချိန်မှာဆိုရင်တော့… ၅ ဒီဂရီနဲ့ ၂၅ ဒီဂရီကြားမှာ ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်ပြီးတော့… အဝတ်တွေ၊ အိပ်ယာတွေထဲမှာ Power Bank ကို ပစ်ထားတာတွေလည်း မပြုလုပ်သင့်ပါဘူး။

အိတ်လေးနဲ့ ထိန်းသိမ်းထားသင့်ပါတယ်။ Power Bank က အပူချိန်တက်လာရင် လှောင်ထားသလိုဖြစ်ပြီး ပိုပူလာမှာကြောင့်ပါ။ နောက်ပြီးတော့… အိတ်တွေဘာတွေထဲထည့်ထားရင်လည်း တခြားသတ္ထုတွေနဲ့

အတူတူ ထားတာမျိုးကို သတိထားသင့်ပါတယ်။ တချို့သတ္ထုတွေဟာ ဘက္ထရီကို သက်ရောက်မူ ရှိနိုင်တာကြောင့်ပါ။ နောက်ဆုံးရှောင်ရှားရမဲ့ တချက်ကတော့… အရေးအကြီးဆုံးပါပဲ။ Power Bank ကို အားသွင်းနေရင်း တန်းလန်း အဲ့ကနေတဆင့်…

ဖုန်းကို အားမသွင်းသင့်ပါဘူး။ တချိန်တည်းမှာ အဝင်ရော၊ အထွက်ရောဖြစ်နေတာကြောင့် ဘက္ထရီအရမ်း အလုပ်ရှုပ်ပြီး ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီလို တဆင့်ခံ အားသွင်းတာမျိုးတွေကို

ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ Power Bank အသစ် တစ်လုံးဝယ်မယ်ဆိုရင် အနိမ့်ဆုံး 10000mAH လောက်ပါတဲ့ Power Bank ကို ရွေးချယ်သင့်ပါတယ်။ အဲ့ထက်အောက်ကျတာဝယ်မယ်ဆို

ကိုယ့်ဖုန်းက ဘက္တရီကြီးတဲ့ဖုန်းဖြစ်နေရင် နောက်ပိုင်းမှာ အဆင်မပြေတာတွေဖြစ်လာနိုင်တာကြောင့်ပါ။ Power Bank တွေဟာ သုံးပုံသုံးနည်း၊ အထားအသိုပုံ မမှန်ရင်

တာရှည်မခံတဲ့အပြင် မီးဘေးအန္တရာယ်တွေပါ ပေါ်ပေါက်လာနိုင်တာကြောင့် သတိထားသင့်တဲ့ Electric ပစ္စည်းတစ်ခုဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*