Unicode
ကိုယ့်သမီးရဲ့ယောက်ျားကို..သားမက်၊ ကိုယ့်သားရဲ့ ဇနီးကို ချွေးမလို့ ဘာကြောင့် ခေါ်တာလဲ…
လူတွေက ဘာလို့ ကိုယ့်သမီးရဲ့ ယောက်ျား ကို.. သားမက်၊ ကိုယ့်သားရဲ့ ဇနီး ကို ချွေးမလို့ ခေါ်တာလဲ …?
” သားမက် ” လို့ အဘယ့်ကြောင့် ခေါ်တာလဲ ဆိုတော့… ကိုယ့်သားထက် ကိုယ့် အပေါ်မှာ ပို ရိုသေ ၊ ပို လေးစားပြီး ကိုယ့် သားအရင်း ထက် ပိုပြီး ကိုယ့်ကို
ယုယကြင်နာစွာ ပြု စု လုပ်ကျွေးတဲ့ အတွက်… ကိုယ့် သားအရင်းထက် ပို မက်စရာ ကောင်းလို့ သားမက်လို့ ခေါ်ရခြင်း ဖြစ်ပါတယ်တဲ့။ ဒါဆိုရင်…
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် မှာ သားမက်အစစ် ဘယ်လောက် ရှိမယ် ထင်သလဲ … ? ချွေးမလို့ ခေါ်ရခြင်း အကြောင်းကတော့… ကိုယ့် သားက သူနဲ့ လက်မထပ်ခင်..
သားရဲ့ ဝေယျာဝစ ္စမှန်သမျှကို အမေက ချွေးတစ်လုံးလုံးနဲ့ ပြုလုပ်ပေးရတာပေါ့။ သားနဲ့ လက်ထပ်ပြီးတဲ့ အချိန်မှာ သူမက ကိုယ့်သားရဲ့ ဝေယျာဝစ္စသာမက
တစ်အိမ်လုံးမှာ ရှိတဲ့ အမေ လုပ်ခဲ့တာမှန်သမျှ ဝင်ရောက် လုပ် ကိုင် ပေး တယ်။ ဒါကြောင့် အမေဟာ သက်သက်သာသာ နေ ရ ပြီး…
အရင်လို ချွေးတစ်လုံးလုံး ဘဝက လွပ်ကင်းသွား တယ်.. ဒီလို ချွေး တစ်လုံးလုံး ဘဝက လွတ်ကင်းအောင် မတင်ခဲ့လို့ …
ချွေးမလို့ ခေါ်ရတာပါတဲ့.. ကဲ ဒါဆိုရင်… ပတ်ဝန်းကျင် မှာ.. ချွေးမအစစ် ဘယ်လောက် ရှိမယ် ထင်လဲ?. သားမက် အစစ် ဘယ်လောက် ရှိမယ် ထင်လဲ?
မူရင်း ရေးသားသူ အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန် လည် မျှဝေခြင်း ဖြစ် ပါ သည်။
Be the first to comment
Leave a Reply
Your email address will not be published.
*