သမီးမိန္းကေလးေတြကို ရဲရဲရင့္ရင့္ေနထိုင္တတ္ေအာင္ သင္ၾကားေပးသင့္တဲ့အခ်က္မ်ား…

သမီးမိန္းကေလးေတြကို ရဲရဲရင့္ရင့္ေနထိုင္တတ္ေအာင္ သင္ၾကားေပးသင့္တဲ့အခ်က္မ်ား...
သမီးမိန္းကေလးေတြကို ရဲရဲရင့္ရင့္ေနထိုင္တတ္ေအာင္ သင္ၾကားေပးသင့္တဲ့အခ်က္မ်ား...

သမီးမိန္းကေလးေတြကို ရဲရဲရင့္ရင့္ေနထိုင္တတ္ေအာင္ သင္ၾကားေပးသင့္တဲ့အခ်က္မ်ား…

ေယာက္်ားေလး တစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ပုံနဲ႔ မိန္းကေလး တစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ပုံျခင္းက မတူညီ ႏိုင္ပါဘူး။ ေယာက္်ားေလးေတြကို ငယ္စဥ္ကတည္းက သတၱိ ရွိဖို႔၊ ရဲရင့္ဖို႔၊ ဖိအားဒဏ္ေတြ ခံႏိုင္ဖို႔ သင္ၾကားေပးၾကပါတယ္။ မိန္းကေလးေတြကိုေတာ့…

သိမ္ေမြ႕ဖို႔၊ လွပေနဖို႔ သြန္သင္ ေပးၾကပါတယ္။ ဒါေပမယ့္ မိန္းကေလးေတြကို အရာရာမွာ လွပေနဖို႔ထက္ ဘဝမွာ ရဲရဲရင့္ရင့္ ေနထိုင္တတ္ဖို႔ သင္ၾကားေပးတာက အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရရွိေစမွာပါ။

လူတိုင္းက အရာရာမွာ မၿပီးျပည့္စုံႏိုင္ပါဘူး

အရာရာမွာ ၿပီးျပည့္စုံဖို႔အတြက္ ႀကိဳးစားရင္းနဲ႔ မၿပီးျပည့္စုံမွာကို ေတြးၿပီး ေၾကာက္႐ြံ႕လာပါတယ္။ ေၾကာက္႐ြံ႕မႈေတြ ရွိေနရင္ လုပ္တဲ့ အလုပ္ေတြက မေအာင္ျမင္ႏိုင္သလို…

ဆုံးျဖတ္ခ်က္ ေတြလည္း မွားႏိုင္ပါတယ္။ ၿပီးျပည့္စုံဖို႔ ႀကိဳးစားတာထက္ အမွားကင္းေအာင္၊ အမွားေတြကေန သင္ခန္းစာ ယူတတ္ေအာင္ သင္ၾကားေပးတာက လက္ေတြ႕ဘဝမွာ အမ်ားႀကီး အဆင္ေျပေစမွာပါ။

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေအာင္ သင္ၾကားေပးပါ

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ မိန္းကေလးေတြက အၿမဲတမ္း ေတာက္ပ ေနတတ္ပါတယ္။ ကိုယ့္ကိုယ့္ကိုယ္ ယုံၾကည္မႈ ရွိျခင္းဆိုတာ… လူတိုင္းနဲ႔ သက္ဆိုင္တဲ့ အရာပါပဲ။

ယုံၾကည္မႈေတြေၾကာင့္ အမွားအမွန္ကို ခြဲျခားတတ္လာၿပီး ပိုေကာင္းတဲ့ လမ္းေၾကာင္းေတြ ကိုလည္း ေ႐ြးခ်ယ္ လာႏိုင္ပါတယ္။

ရဲရင့္ျခင္းက အၿမဲေရွ႕ေရာက္ေနေစပါတယ္

အခ်ိဳ႕ေသာ ေရွးထုံး အစဥ္အလာေတြက မိန္းကေလးေတြရဲ႕ေအာင္ျမင္မႈအတြက္ အတားအဆီးေတြ ျဖစ္ေနတတ္ပါတယ္။

အဲဒါေၾကာင့္ ေရွးထုံးအစဥ္အလာ အခ်ိဳ႕ကို ပယ္ၿပီး ရဲရဲရင့္ရင့္ ေနထိုင္တာက ေအာင္ျမင္မႈ လမ္းစေတြ ပို ပြင့္လာေစမွာပါ။ ရဲရင့္ေနတဲ့ မိန္းကေလးက မိမိရဲ႕တန္ဖိုးကို အၿမဲတမ္း သိနားလည္ေနတတ္ပါတယ္။

စကားလုံးေတြနဲ႔ အားေပးပါ

သမီး မိန္းကေလးေတြကို အၿမဲတမ္း ရဲရင့္ ထက္ျမက္ေနဖို႔ အတြက္ လူႀကီးမိဘေတြက စကားလုံးေတြ တိုက္တြန္း အားေပးလို႔ ရပါတယ္။

ေအာင္ျမင္မႈရမွ ခ်ီးက်ဴးတာထက္ ေအာင္ျမင္သည္ ျဖစ္ေစ၊ ဆုံးရႈံးသည္ ျဖစ္ေစ ႀကိဳးစားအားထုတ္မႈအေပၚ ခ်ီးက်ဴးတာက အားအင္ေတြ အမ်ားႀကီး ရရွိေစမွာပါ။ ေအာင္ျမင္မႈနဲ႔ လြဲခဲ့ရင္ေတာင္ ေနာက္တစ္ဖန္ ႀကိဳးစားခ်င္စိတ္ေတြက အၿမဲ ျဖစ္ေပၚေနမွာပါ။

ခရက္ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

သမီးမိန်းကလေးတွေကို ရဲရဲရင့်ရင့်နေထိုင်တတ်အောင် သင်ကြားပေးသင့်တဲ့အချက်များ…

ယောက်ျားလေး တစ်ယောက်ကို ပြုစုပျိုးထောင်ပုံနဲ့ မိန်းကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ပုံခြင်းက မတူညီ နိုင်ပါဘူး။ ယောက်ျားလေးတွေကို ငယ်စဉ်ကတည်းက သတ္တိ ရှိဖို့၊ ရဲရင့်ဖို့၊ ဖိအားဒဏ်တွေ ခံနိုင်ဖို့ သင်ကြားပေးကြပါတယ်။ မိန်းကလေးတွေကိုတော့…

သိမ်မွေ့ဖို့၊ လှပနေဖို့ သွန်သင် ပေးကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကို အရာရာမှာ လှပနေဖို့ထက် ဘဝမှာ ရဲရဲရင့်ရင့် နေထိုင်တတ်ဖို့ သင်ကြားပေးတာက အကျိုးကျေးဇူးတွေ အများကြီး ရရှိစေမှာပါ။

လူတိုင်းက အရာရာမှာ မပြီးပြည့်စုံနိုင်ပါဘူး

အရာရာမှာ ပြီးပြည့်စုံဖို့အတွက် ကြိုးစားရင်းနဲ့ မပြီးပြည့်စုံမှာကို တွေးပြီး ကြောက်ရွံ့လာပါတယ်။ ကြောက်ရွံ့မှုတွေ ရှိနေရင် လုပ်တဲ့ အလုပ်တွေက မအောင်မြင်နိုင်သလို…

ဆုံးဖြတ်ချက် တွေလည်း မှားနိုင်ပါတယ်။ ပြီးပြည့်စုံဖို့ ကြိုးစားတာထက် အမှားကင်းအောင်၊ အမှားတွေကနေ သင်ခန်းစာ ယူတတ်အောင် သင်ကြားပေးတာက လက်တွေ့ဘဝမှာ အများကြီး အဆင်ပြေစေမှာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် သင်ကြားပေးပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက အမြဲတမ်း တောက်ပ နေတတ်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု ရှိခြင်းဆိုတာ… လူတိုင်းနဲ့ သက်ဆိုင်တဲ့ အရာပါပဲ။

ယုံကြည်မှုတွေကြောင့် အမှားအမှန်ကို ခွဲခြားတတ်လာပြီး ပိုကောင်းတဲ့ လမ်းကြောင်းတွေ ကိုလည်း ရွေးချယ် လာနိုင်ပါတယ်။

ရဲရင့်ခြင်းက အမြဲရှေ့ရောက်နေစေပါတယ်

အချို့သော ရှေးထုံး အစဉ်အလာတွေက မိန်းကလေးတွေရဲ့အောင်မြင်မှုအတွက် အတားအဆီးတွေ ဖြစ်နေတတ်ပါတယ်။

အဲဒါကြောင့် ရှေးထုံးအစဉ်အလာ အချို့ကို ပယ်ပြီး ရဲရဲရင့်ရင့် နေထိုင်တာက အောင်မြင်မှု လမ်းစတွေ ပို ပွင့်လာစေမှာပါ။ ရဲရင့်နေတဲ့ မိန်းကလေးက မိမိရဲ့တန်ဖိုးကို အမြဲတမ်း သိနားလည်နေတတ်ပါတယ်။

စကားလုံးတွေနဲ့ အားပေးပါ

သမီး မိန်းကလေးတွေကို အမြဲတမ်း ရဲရင့် ထက်မြက်နေဖို့ အတွက် လူကြီးမိဘတွေက စကားလုံးတွေ တိုက်တွန်း အားပေးလို့ ရပါတယ်။

အောင်မြင်မှုရမှ ချီးကျူးတာထက် အောင်မြင်သည် ဖြစ်စေ၊ ဆုံးရှုံးသည် ဖြစ်စေ ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးတာက အားအင်တွေ အများကြီး ရရှိစေမှာပါ။ အောင်မြင်မှုနဲ့ လွဲခဲ့ရင်တောင် နောက်တစ်ဖန် ကြိုးစားချင်စိတ်တွေက အမြဲ ဖြစ်ပေါ်နေမှာပါ။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*