ကြမ္းယာဆိုင္အတြက္ စားလို႕ေကာင္းတဲ့ ထံုေဖာက္နည္းေလး…

ကြမ္းယာဆိုင္အတြက္ စားလို႕ေကာင္းတဲ့ ထံုေဖာက္နည္းေလး...
ကြမ္းယာဆိုင္အတြက္ စားလို႕ေကာင္းတဲ့ ထံုေဖာက္နည္းေလး...

ကြမ္းယာဆိုင္အတြက္ စားလို႕ေကာင္းတဲ့ ထံုေဖာက္နည္းေလး…

ထုံးေဖာက္နည္းေလး… မေန႔က တစ္ေယာက္က ထုံးေဖာက္နည္း ေမးလို႔ဗ်ာ။ တကယ္က… ထုံးေဖာက္ဖို႔က ထုံးနဲ႔ ေရနဲ႔ပဲ လိုတာပါ။ က်န္တာ ဘာမွကို မလိုတာ။ ဒါေပမယ့္…

ထုံးက ခ်က္ခ်င္းေဖာက္.. ခ်က္ခ်င္းသုံးလို႔ မရတာ တစ္ခုပဲ။ ဒါေပမယ့္… တခ်ိဳ႕ ဆရာေတြ အက္စစ္သုံးၿပီး ႏွစ္ရက္ သုံးရက္နဲ႔ သုံးလို႔ရေအာင္ ေဖာက္ၾကတယ္ေတာ့ ၾကားဖူးတာပဲ။ ကြၽန္ေတာ္ေတာ့…

သဘာဝအတိုင္းပဲ ေဖာက္ပါတယ္။ အဲ့ေတာ့… စားသုံးသူလဲ ေဘး မျဖစ္ဘူးေပါ့ဗ်ာ။ စီးပြားေရး အရေတာ့… အထြက္နည္းေတာ့ ပိုက္ဆံရ နည္းတာေပါ့။ သို႔ေပမယ့္လဲ… လိပ္ျပာ လုံတာေပါ့။

အေပၚက ေျပာသလို… ထုံးေဖာက္တာက ေရနဲ႔ ထုံးပဲ လိုတယ္။ ပုံးျဖစ္ျဖစ္…အိုးျဖစ္ျဖစ္… ေရ တစ္ဝက္ ေက်ာ္ေက်ာ္ေလာက္ ထည့္.. ၿပီးရင္ ထုံး ထည့္လိုက္႐ုံပဲ။ ထုံးခဲျဖစ္ျဖစ္…အမႈန္႔ျဖစ္ျဖစ္ ရပါတယ္။ အဆင္ေျပတာ

သုံးေပါ့။ အဲ့လို ထည့္ၿပီးရင္… နာနာေလး ေမႊေပးလိုက္။ ေနာက္ေန႔ မနက္ကို အေပၚမွာ တက္ေနတဲ့ အဖတ္ေတြေ ေသခ်ာ ခပ္ထုတ္ၿပီးရင္… ေရေတြ ခပ္ထုတ္။ ေရ အသစ္ ျပန္ထည့္… နာနာျပန္ေမႊ..။

အဲ့ အလုပ္ကိုပဲ ညေန ထပ္လုပ္… တစ္ရက္ ႏွစ္ႀကိမ္ေပါ့။ တလေလာက္ လုပ္ၿပီးရင္ ရၿပီ။ ပိတ္ပါးနဲ႔ ျဖစ္ျဖစ္ ေရစစ္နဲ႔ ျဖစ္ျဖစ္ စစ္ခ်လိုက္။ ၿပီးရင္…ဆား သၾကား ဘာညာသာရကာ ေရာစပ္ၿပီး သုံးလိူ႔ ရၿပီ။

သုံးလို႔ ထုံးျပင္းတယ္၊ ေပါက္ေသးတယ္ဆို… ေရထပ္လဲ… ေနာက္ ငါးရက္။ အကယ္၍ ေပါ့တယ္ ေပ်ာ့တယ္ဆို… ေနာက္တစ္ခါလုပ္ရင္ ေရလဲရက္ ေလ်ာ့လိုက္… ဒါပဲ။

အာ့ဆို… လူတိုင္း ဆိုင္တိုင္း ဘာလို႔ ကိုယ့္ဟာကိုယ္ မေဖာက္ၾကတာလဲ… ေမးစရာရွိတယ္။ ထုံးဆိုတာ စိတ္ရွည္လက္ရွည္ ေသေသခ်ာခ်ာ ဂ႐ုတစိုက္ လုပ္မွ ထုံးေကာင္းေကာင္း ရပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကွမ်းယာဆိုင်အတွက် စားလို့ကောင်းတဲ့ ထုံဖောက်နည်းလေး…

ထုံးဖောက်နည်းလေး… မနေ့က တစ်ယောက်က ထုံးဖောက်နည်း မေးလို့ဗျာ။ တကယ်က… ထုံးဖောက်ဖို့က ထုံးနဲ့ ရေနဲ့ပဲ လိုတာပါ။ ကျန်တာ ဘာမှကို မလိုတာ။ ဒါပေမယ့်…

ထုံးက ချက်ချင်းဖောက်.. ချက်ချင်းသုံးလို့ မရတာ တစ်ခုပဲ။ ဒါပေမယ့်… တချို့ ဆရာတွေ အက်စစ်သုံးပြီး နှစ်ရက် သုံးရက်နဲ့ သုံးလို့ရအောင် ဖောက်ကြတယ်တော့ ကြားဖူးတာပဲ။ ကျွန်တော်တော့…

သဘာဝအတိုင်းပဲ ဖောက်ပါတယ်။ အဲ့တော့… စားသုံးသူလဲ ဘေး မဖြစ်ဘူးပေါ့ဗျာ။ စီးပွားရေး အရတော့… အထွက်နည်းတော့ ပိုက်ဆံရ နည်းတာပေါ့။ သို့ပေမယ့်လဲ… လိပ်ပြာ လုံတာပေါ့။

အပေါ်က ပြောသလို… ထုံးဖောက်တာက ရေနဲ့ ထုံးပဲ လိုတယ်။ ပုံးဖြစ်ဖြစ်…အိုးဖြစ်ဖြစ်… ရေ တစ်ဝက် ကျော်ကျော်လောက် ထည့်.. ပြီးရင် ထုံး ထည့်လိုက်ရုံပဲ။ ထုံးခဲဖြစ်ဖြစ်…အမှုန့်ဖြစ်ဖြစ် ရပါတယ်။ အဆင်ပြေတာ

သုံးပေါ့။ အဲ့လို ထည့်ပြီးရင်… နာနာလေး မွှေပေးလိုက်။ နောက်နေ့ မနက်ကို အပေါ်မှာ တက်နေတဲ့ အဖတ်တွေေ သေချာ ခပ်ထုတ်ပြီးရင်… ရေတွေ ခပ်ထုတ်။ ရေ အသစ် ပြန်ထည့်… နာနာပြန်မွှေ..။

အဲ့ အလုပ်ကိုပဲ ညနေ ထပ်လုပ်… တစ်ရက် နှစ်ကြိမ်ပေါ့။ တလလောက် လုပ်ပြီးရင် ရပြီ။ ပိတ်ပါးနဲ့ ဖြစ်ဖြစ် ရေစစ်နဲ့ ဖြစ်ဖြစ် စစ်ချလိုက်။ ပြီးရင်…ဆား သကြား ဘာညာသာရကာ ရောစပ်ပြီး သုံးလိူ့ ရပြီ။

သုံးလို့ ထုံးပြင်းတယ်၊ ပေါက်သေးတယ်ဆို… ရေထပ်လဲ… နောက် ငါးရက်။ အကယ်၍ ပေါ့တယ် ပျော့တယ်ဆို… နောက်တစ်ခါလုပ်ရင် ရေလဲရက် လျော့လိုက်… ဒါပဲ။

အာ့ဆို… လူတိုင်း ဆိုင်တိုင်း ဘာလို့ ကိုယ့်ဟာကိုယ် မဖောက်ကြတာလဲ… မေးစရာရှိတယ်။ ထုံးဆိုတာ စိတ်ရှည်လက်ရှည် သေသေချာချာ ဂရုတစိုက် လုပ်မှ ထုံးကောင်းကောင်း ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*