နံနက္စာ မစားတာဟာ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲ…? (လူတိုင္း သိထားသင့္ပါတယ္)

နံနက္စာ မစားတာဟာ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲ...? (လူတိုင္း သိထားသင့္ပါတယ္)
နံနက္စာ မစားတာဟာ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲ...? (လူတိုင္း သိထားသင့္ပါတယ္)

နံနက္စာ မစားတာဟာ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲ…? (လူတိုင္း သိထားသင့္ပါတယ္)

ကြၽန္ေတာ္တို႔လို လူငယ္ေတြဟာ နံနက္စားစားဖို႔ အင္မတန္ပ်င္းၾကပါတယ္။ နံနက္ဆို ဘာမွမစားခ်င္လို႔၊ နံနက္စာစားဖို႔ အခ်ိန္မမီလို႔၊ အိပ္ရာထေနာက္က်လို႔… စတဲ့ စတဲ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔

နံနက္စာကို ေရွာင္တတ္ၾကပါတယ္။ တကယ္ေတာ့ နံနက္စာက ေန႔တစ္ေန႔အတြက္ အေရးအႀကီးဆုံးျဖစ္ၿပီး ေန႔လည္စာနဲ႔ ညစာထက္ေတာင္ ပိုအေရးႀကီးပါတယ္။ နံနက္စာမစားတာ လနဲ႔ခ်ီ၊ ႏွစ္နဲ႔ခ်ီ ျဖစ္လာတဲ့အခါ အႏၲရာယ္ေတြ စတင္ျဖစ္ေပၚလာပါေတာ့တယ္။

(၁) စိတ္ပိုင္းဆိုင္ရာ ထိခိုက္လာမယ္

နံနက္စာမစားတဲ့အခါ ေသြ.တြင္းသၾကားဓာတ္နည္းလာၿပီး စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္စိတ္ေတြ ျမင့္တက္လာေစႏိုင္ပါတယ္။ တစ္ေယာက္တည္းေနတဲ့အခါ စိတ္ေျခာက္ျခားလာတာမ်ိဳး၊ အလိုလို ဝမ္းနည္းလာတတ္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံးလာႏိုင္ပါတယ္။

(၂) လူမႈဆက္ဆံေရး အားနည္းလာမယ္

ဒါကလည္း စိတ္ပိုင္းဆိုင္ရာထိခိုက္မႈကေန ထပ္ဆင့္ျဖစ္လာတဲ့ ဆိုးက်ိဳးျဖစ္ပါတယ္။ ေပ်ာ္႐ႊင္မႈနဲ႔ တက္ႂကြမႈေတြ ေပ်ာက္ဆုံးၿပီး စိတ္ဖိစီးမႈမ်ားေနတဲ့သူဟာ လူမႈဆက္ဆံေရးပိုင္းမွာ ဘယ္လိုမွ အဆင္ေျပမွာမဟုတ္ပါဘူး။ လက္ရွိ ခင္မင္ရင္းႏွီးရသူေတြနဲ႔လည္း ျပႆနာေတြ မ်ားလာႏိုင္ပါတယ္။ ပတ္ဝန္းက်င္မွာလည္း ဝင္ဆံ့ေတာ့မွာ မဟုတ္ပါဘူး။

(၃) ဦးေႏွာက္က်န္းမာေရး ထိခိုက္လာမယ္

နံနက္စာမစားတဲ့သူဟာ အေမ့လြယ္တာေတြ၊ ၾကာၾကာမစဥ္းစားႏိုင္တာေတြျဖစ္တဲ့အျပင္ အသက္ႀကီးလာတဲ့အခါ အယ္လ္ဇိုင္းမားေရာဂါ အလြယ္တကူဝင္ႏိုင္ပါတယ္။ မွတ္ဉာဏ္စြမ္းရည္ က်ဆင္းလာၿပီး အာ႐ုံစူးစိုက္ႏိုင္စြမ္း ေလ်ာ့နည္းလာပါလိမ့္မယ္။ တီထြင္ဖန္တီးႏိုင္စြမ္းလည္း ေလ်ာ့နည္းလာပါလိမ့္မယ္။

(၄) ဆံပင္ကြၽတ္ႏိုင္တယ္

နံနက္စာမစားတဲ့အခါ protein ကို ျပည့္ဝစြာမရရွိႏိုင္ပါဘူး။ အဲ့ဒီအခါ ဆံသားအတြက္လိုအပ္တဲ့ keratin လည္း မရရွိေတာ့ပါဘူး။ ဒါေၾကာင့္ ဆံပင္ကြၽတ္တာေတြ၊ ထိပ္ေျပာင္တာေတြ ျဖစ္လာႏိုင္ပါတယ္။ ဆံပင္ျပန္ေပါက္ဖို႔လည္း ခက္ခဲလာႏိုင္ပါတယ္။

(၅) Gym ေဆာ့ေပမယ့္ အက်ိဳးမရွိေတာ့ဘူး

နံနက္စာစားတဲ့အခါ မာဆယ္ေတြဟာ သိသိသာသာဖြံ႕ၿဖိဳးပါတယ္။ ဒါေၾကာင့္ gym ကစားတဲ့သူေတြဟာ အာဟာရအျပည့္နဲ႔ နံနက္စာကို စားေပးရပါတယ္။ မစားဘူးဆိုရင္ေတာ့ gym ဘယ္ေလာက္ေဆာ့ေဆာ့ ခႏၶာကိုယ္ဟာ ကိုယ္ေမွ်ာ္လင့္ထားသလို ပုံပန္းက် လွပႏိုင္မွာ မဟုတ္ပါဘူး။

(၆) ဝမ္းဗိုက္အဆီေတြ ျဖစ္လာမယ္

နံနက္စာေရွာင္တဲ့သူေတြဟာ ေန႔လည္စာနဲ႔ ညစာကို ပိုစားတတ္ၾကပါတယ္။ တကယ္ေတာ့ နံနက္စာဟာ ဘယ္ေလာက္အမ်ားႀကီးစားစား ဝမ္းဗိုက္အဆီကို ျဖစ္မလာေစပါဘူး။ ေန႔လည္စာနဲ႔ ညစာကေတာ့ စားရင္စားသလို အဆီတက္ေစပါတယ္။ တကယ္လို႔ ဝိတ္ခ်မယ္လို႔ စိတ္ကူးထားတယ္ဆိုရင္ ေန႔လည္စာနဲ႔ ညစာကို ေလ်ာ့စားၿပီး နံနက္စာကို အဝ စားေပးသင့္ပါတယ္။

(၇) ႏွလုံးေရာဂါ ျဖစ္လာမယ္

နံနက္စာမစားတဲ့သူဟာ တျဖည္းျဖည္းနဲ႔ ႏွလုံးအားနည္းလာပါတယ္။ ၾကာလာတဲ့အခါ silent killr လို႔ တင္စားတဲ့ ႏွလုံးေရာဂါ ျဖစ္လာမွာပါ။ ႏွလုံးေရာဂါဟာ ႐ုတ္တရက္အသက္ရႉရပ္ၿပီး အသက္ဆုံးေစႏိုင္တဲ့အထိ ျပင္းထန္ပါတယ္။ ျဖစ္ၿပီးသြားရင္လည္း အရွင္းမေပ်ာက္ေတာ့တဲ့ ေရာဂါမ်ိဳးျဖစ္ပါတယ္။

(၈) ဆီးခ်ိဳေရာဂါ ျဖစ္ပြားႏိုင္ေခ် မ်ားပါတယ္

နံနက္စာမစားတဲ့သူေတြဟာ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ ဆရာဝန္ေတြက ေထာက္ျပထားပါတယ္။ အင္ဆူလင္ လုံလုံေလာက္ေလာက္မထြက္တာေၾကာင့္ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ပြားလာရျခင္း ျဖစ္ပါတယ္။

(၉) ေခါင္းကိုက္ေဝဒနာ ျဖစ္လာမယ္

နံနက္စာမစားတဲ့အတြက္ ေသြ.တြင္းသၾကားဓာတ္နည္းလာတဲ့အခါ ခႏၶာကိုယ္က ေဟာ္မုန္းတစ္မ်ိဳးကို ထုတ္ပါတယ္။ အဲ့ဒီေဟာ္မုန္းေၾကာင့္ ေသြးဖိအားျမင့္တက္လာၿပီး ေခါင္းကိုက္တာ၊ ေခါင္းတစ္ျခမ္းကိုက္တာေတြ ျဖစ္ႏိုင္ပါတယ္။ အာ႐ုံေၾကာအားနည္းတဲ့သူဆိုရင္ ပိုၿပီး ျပင္းျပင္းထန္ထန္ ခံစားရႏိုင္ပါတယ္။

(၁၀) အသက္ ၄၀ ေလာက္နဲ႔ အားအင္ခ်ိနဲ႔လာမယ္

နံနက္စာမစားတဲ့သူဟာ ပုံမွန္လူေတြထက္ က်န္းမာသန္စြမ္းမႈနဲ႔ လ်င္ျမန္သြက္လက္မႈေတြ ျမန္ျမန္ က်ဆင္းႏိုင္ပါတယ္။ အသက္ႀကီးေလ သိသာေလ ျဖစ္လာမွာပါ။ သူမ်ားအသက္ ၄၀ ဆို သန္ျမန္ေနဆဲေပမယ့္

နံနက္စာမစားတဲ့သူကေတာ့ အသက္ ၄၀ ေလာက္နဲ႔ အဖိုးႀကီး၊ အဖြားႀကီးေတြ ျဖစ္ေနၾကမွာပါ။ နံနက္စာ စားသင့္တဲ့အခ်ိန္ကေတာ့ အိပ္ရာထၿပီး ၂ နာရီအတြင္း ျဖစ္ပါတယ္။ ဒါေပမယ့္ အိပ္ရာထခ်ိန္ဟာ နံနက္ ၆ နာရီကေန ၉ နာရီအတြင္း ျဖစ္ရပါမယ္။

ကြၽန္ေတာ္ကေတာ့ ၇ နာရီခြဲဆို အိပ္ရာထၿပီး ၈ နာရီခြဲကေန ၉ နာရီအတြင္း နံနက္စာ ပုံမွန္စားျဖစ္ပါတယ္။ နံနက္ ၁၀ နာရီေလာက္ အိပ္ရာထၿပီး ေန႔လည္ ၁၁ နာရီမွာ စားတဲ့အရာကိုေတာ့ နံနက္စာလို႔ မေခၚပါဘူး။

နံနက္စာ စားတဲ့အခါမွာလည္း အာဟာရျဖစ္ေစမယ့္အရာေတြ စားေပးဖို႔လိုပါတယ္။ ၾကဥ၊ ေကြကာအုပ္၊ ေကာ္ဖီ၊ ဘယ္ရီသီးေတြနဲ႔ အခြံမာသီးေတြက ကြၽန္ေတာ္တို႔ စားေပးသင့္တဲ့ နံနက္စာေတြ ျဖစ္ပါတယ္။ ဂ႐ုစိုက္ၾကပါမိတ္ေဆြမ်ားခင္ဗ်ာ..တစ္ဆင့္ျပျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နံနက်စာ မစားတာဟာ ဘယ်လောက် ကြောက်စရာကောင်းလဲ…? (လူတိုင်း သိထားသင့်ပါတယ်)

ကျွန်တော်တို့လို လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့… စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့

နံနက်စာကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

(၁) စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်

နံနက်စာမစားတဲ့အခါ သွေ.တွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။

(၂) လူမှုဆက်ဆံရေး အားနည်းလာမယ်

ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။

(၃) ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်

နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။

(၄) ဆံပင်ကျွတ်နိုင်တယ်

နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။

(၅) Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး

နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။

(၆) ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်

နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။

(၇) နှလုံးရောဂါ ဖြစ်လာမယ်

နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

(၈) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်

နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

(၉) ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်

နံနက်စာမစားတဲ့အတွက် သွေ.တွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

(၁၀) အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်

နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့်

နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။ နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။

ကျွန်တော်ကတော့ ၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။

နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်။ ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*