သရက္ပင္အျပင္ အျခားအပင္မ်ားကိုပါျပဳလုပ္ႏိုင္တဲ့… အပြင့္အျမန္ထြက္ေအာင္ ျပဳလုပ္နည္း

သရက္ပင္အျပင္ အျခားအပင္မ်ားကိုပါျပဳလုပ္ႏိုင္တဲ့... အပြင့္အျမန္ထြက္ေအာင္ ျပဳလုပ္နည္း
သရက္ပင္အျပင္ အျခားအပင္မ်ားကိုပါျပဳလုပ္ႏိုင္တဲ့... အပြင့္အျမန္ထြက္ေအာင္ ျပဳလုပ္နည္း

သရက္ပင္အျပင္ အျခားအပင္မ်ားကိုပါျပဳလုပ္ႏိုင္တဲ့… အပြင့္အျမန္ထြက္ေအာင္ ျပဳလုပ္နည္း

သရက္အပြင့္ထြက္ဖို႔ကို ေရွ႕လူႀကီးေတြက ဓါးထစ္ခိုင္းၾကပါတယ္။ ဓါးထစ္လို႔ အပင္က ေၾကာက္လန္႔ၿပီး အပြင့္ထြက္တာေတာ့ မဟုတ္ပါ။ အပင္ေတြရဲ႕သေဘာသဘာ၀က အ႐ြက္ကေန အစာခ်က္လုပ္ၿပီး အျမစ္ကို ျပန္ပို႔ေပးပါတယ္။ ပုံမွန္ဆိုရင္ အပင္ေတြက…

ရွင္သန္ေရး၊ အပင္သန္မာေရးကို ဦးစားေပးေလ့ ရွိတယ္။ အသီးအပြင့္အတြက္ ဦးစားေပးေလ့ မရွိဘူး။ အပင္အမ်ားစုက ေအးတဲ့ ေဆာင္းရာသီမွာ အပြင့္ထြက္တာ မ်ားပါတယ္။ အေၾကာင္းအရင္းတခုက… အ႐ြက္ေတြ ႏွင္းရည္စိုေနခ်ိန္ ေလထုက ပါလာတဲ့

ေျမၾသဇာကို အ႐ြက္ေတြမွာကပ္ၿပီး… အ႐ြက္ေတြက ေျမၾသဇာတိုက္႐ိုက္ ရသြားတယ္။ ေနထြက္ခ်ိန္မွ မနက္ 11 နာရီေလာက္အထိမွာ အ႐ြက္ေတြက အစာ ခ်က္လုပ္ပါတယ္။ ဒါေပမယ့္ ေဆာင္းတြင္း အေအးဓါတ္ေၾကာင့္ ပင္စည္နဲ႔ အေခါက္ဆဲလ္ေတြက…

က်ဳံ႕သြားၿပီး အ႐ြက္ေတြက ခ်က္လုပ္တဲ့ အစာအဟာရေတြ အျမစ္ကို ျပန္ပို႔ရတာ ခက္ခဲ သြားတယ္။
အ႐ြက္ေတြက ခ်က္လုပ္တဲ့ ေျမၾသဇာ အဟာရေတြကို ေအာက္ပိုင္းကို ျပန္ပို ႔ခက္ခဲသြားတဲ့အတြက္ အ႐ြက္အခက္ေတြက အဟာရအျပည့္အ၀ ရသြားၿပီး

အပြင့္ထြက္ေလ့ ရွိပါတယ္။ ဒါေၾကာင့္ ဓါးနဲ႔ထစ္လိုက္ရင္ အ႐ြက္ေတြ ခ်က္လုပ္တဲ့ အစာအဟာရလမ္းေၾကာင္းျပတ္သြားၿပီး… အျမစ္ဆီကို ျပန္မပို႔ႏိုင္ေတာ့လို႔ အပြင့္ထြက္တာျဖစ္ပါတယ္။ ဓါးနဲ႔ထစ္တာက အထစ္မ်ားရင္ မႈိပိုး ၀င္တတ္ပါတယ္။ အထစ္ မမွန္ရင္…

အစာအဟာရ လမ္းေၾကာင္း မျပတ္ဘူးျဖစ္တတ္ပါတယ္။ ပင္စည္ကိုျဖစ္ျဖစ္၊ အကိုင္းကိုျဖစ္ျဖစ္ အခြံအေခါက္ ပတ္ပတ္လည္ကို ဓါးနဲ႔ရစ္ၿပီးျဖတ္တာက အစာအဟာရ လမ္းေၾကာင္းကို လုံး၀ ျပတ္သြားေစပါတယ္။ ဓါးဒဏ္ရာ အနည္းငယ္သာျဖစ္လို႔ မႈိပိုး ၀င္ဖို႔ အခြင့္အလမ္း

နည္းတယ္။ အနာက်က္ျမန္ၿပီး ျပန္ဆက္ျမန္တယ္။ အပြင့္ထြက္ျပီးေနာက္… အသီးကို ေျမၾသဇာ အစာအဟာရေတြ အျမစ္ကေန ပို႔ဖို႔ လိုအပ္တာေၾကာင့္ ျဖတ္ရာ အျမန္ျပန္ဆက္ဖို႔လည္း လိုအပ္ပါတယ္။ အပင္ေလာင္းရိပ္က်ရင္ အသီးအပြင့္ မထြက္ ဘူးဆိုတာက…

အလင္းေရာင္ မရလို႔ျဖစ္တယ္။ အလင္းေရာင္မရင္ အ႐ြက္က အစာခ်က္လုပ္တဲ့ အေပါက္ေတြ မပြင့္ပဲ အစာခ်က္လုပ္ျခင္း အားနည္းသြားတာေၾကာင့္ ျဖစ္တယ္။

ဘယ္အခ်ိန္မွာ ဓါးနဲ႔ရစ္ျဖတ္ရမလဲ…

အပင္ အျမစ္ကို ေျမၾသဇာ NPK အျပည့္အစုံ နဲ႔ေရကို ပုံမွန္ ေပးထားရပါမယ္။ အ႐ြက္အတြက္က ၾကက္ဥေဟာ္မုန္းေဆးရည္ ဟင္းခတ္ဇြန္း 5 ဇြန္း (50 စီစီ) ကို ေရလီတာ 20 နဲ႔ေရာၿပီး 3 ရက္တစ္ခါ ေပးထားရမယ္။ အ႐ြက္ေအာက္ဘက္က

အစာအဟာရ စုပ္ယူတဲ့ အေပါက္ေတြရွိလို႔ အ႐ြက္ေအာက္ဘက္ကို ထိေအာင္ျဖန္းရပါမယ္။ အ႐ြက္ အေပါက္ေတြ ပြင့္တဲ့ အခ်ိန္ ေနထြက္ခ်ိန္မွ မနက္ 11 နာရီအတြင္းမွာ ျဖန္းရပါမယ္။ 11 နာရီေနာက္ပိုင္းမွာ အစာစုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ျပန္ပိတ္ သြားပါတယ္။

ၾကက္ဥေဟာ္မုန္းေဆးရည္ ကို အနည္းဆုံး 15 ရက္မွ ရက္ 30 ေလာက္ ႀကိဳေပးထားရပါမယ္။ အေအးဓါတ္မ်ားရင္ ၾကက္ဥေဟာ္မုန္းေဆးရည္ျဖန္းတာနဲ႔ပဲ အပြင့္ထြက္ပါမယ္။ တကယ္လို႔ အပြင့္ မထြက္ဘူးဆိုရင္ေတာ့…

အစာအဟာရလမ္းေၾကာင္း ကို ျဖတ္ေပးရပါမယ္။ အ႐ြက္ ႏုရင္ေတာ့ အပြင့္ထြက္မွာ မဟုတ္ပါ။ အ႐ြက္ေတြ ရင့္ေနၿပီဆိုရင္… အစာအဟာရ လမ္းေၾကာင္းကို ဓါးနဲ႔ ရစ္ျဖတ္ေပးရပါမယ္။ တခ်ိန္ထဲမွာပဲ ၾကက္ဥေဟာ္မုန္းေဆးရည္ကို 3 ရက္တစ္ခါ ဆက္တိုက္ျဖန္းေပးရပါမယ္။

15 ရက္မွ ရက္ 30 အတြင္း အပြင့္ ထြက္ပါမယ္။ တစ္ပင္တည္းမွာ အ႐ြက္ႏု အကိုင္းက အပြင့္မထြက္ဘူး။ အ႐ြက္အရင့္အကိုင္းေတြကပဲ ပြင့္ပါတယ္။ ညအခါ မွာ မီးထြန္း ေပးရင္လည္း အပြင့္ အျမန္ထြက္ပါတယ္။ ည မိုးခ်ဳပ္တာနဲ႔…

မီး ထြန္းေပးရပါမယ္။ ေန႔လည္ 11 ေနာက္ပိုင္း အစာ စုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ပိတ္ သြားၿပီးေနာက္… မိုးခ်ဳပ္ခ်ိန္ မီးထြန္းေပးေတာ့ အလင္းေရာင္ရၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ျပန္ပြင့္လာတယ္။ ညပိုင္းေလထုမွာ ပါလာတဲ့

ေျမၾသဇာေတြက အစိုဓါတ္ ရွိတယ္။ အ႐ြက္ေတြ ႏွင္းရည္နဲ႔ စိုေနခ်ိန္ျဖစ္လို႔… အ႐ြက္ေတြမွာ ေလထုက ေျမၾသဇာေတြ အ႐ြက္ကို လာကပ္ၿပီး အ႐ြက္ေတြ ေျမၾသဇာရတယ္။ ေန႔ေရာ ညမီးအလင္းေၾကာင့္ အစာခ်က္လုပ္မႈက 2 ဆ 3 ဆ ျဖစ္ၿပီး အ႐ြက္အခက္ေတြ အဟာရ ပိုရမ်ားၿပီး

အပြင့္ အျမန္ပြင့္တာျဖစ္တယ္။ မီးထြန္းရင္ အ႐ြက္ေတြ အလင္းအားလုံးရ ေအာင္ ထြန္းေပးရပါမယ္။
သရက္အျပင္… တျခား သီးႏွံပင္ေတြကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒီနည္းက ရာသီခ်ိန္ မဟုတ္ရင္လည္း အပြင့္ထြက္ေအာင္ လုပ္ႏိုင္ပါတယ္။

ခရက္ဒစ္#၀င္းျမင့္ IQwin#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သရက်ပင်အပြင် အခြားအပင်များကိုပါပြုလုပ်နိုင်တဲ့… အပွင့်အမြန်ထွက်အောင် ပြုလုပ်နည်း

သရက်အပွင့်ထွက်ဖို့ကို ရှေ့လူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။ ဓါးထစ်လို့ အပင်က ကြောက်လန့်ပြီး အပွင့်ထွက်တာတော့ မဟုတ်ပါ။ အပင်တွေရဲ့သဘောသဘာဝက အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။ ပုံမှန်ဆိုရင် အပင်တွေက…

ရှင်သန်ရေး၊ အပင်သန်မာရေးကို ဦးစားပေးလေ့ ရှိတယ်။ အသီးအပွင့်အတွက် ဦးစားပေးလေ့ မရှိဘူး။ အပင်အများစုက အေးတဲ့ ဆောင်းရာသီမှာ အပွင့်ထွက်တာ များပါတယ်။ အကြောင်းအရင်းတခုက… အရွက်တွေ နှင်းရည်စိုနေချိန် လေထုက ပါလာတဲ့

မြေသြဇာကို အရွက်တွေမှာကပ်ပြီး… အရွက်တွေက မြေသြဇာတိုက်ရိုက် ရသွားတယ်။ နေထွက်ချိန်မှ မနက် 11 နာရီလောက်အထိမှာ အရွက်တွေက အစာ ချက်လုပ်ပါတယ်။ ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့ အခေါက်ဆဲလ်တွေက…

ကျုံ့သွားပြီး အရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာ ခက်ခဲ သွားတယ်။
အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အ၀ ရသွားပြီး

အပွင့်ထွက်လေ့ ရှိပါတယ်။ ဒါကြောင့် ဓါးနဲ့ထစ်လိုက်ရင် အရွက်တွေ ချက်လုပ်တဲ့ အစာအဟာရလမ်းကြောင်းပြတ်သွားပြီး… အမြစ်ဆီကို ပြန်မပို့နိုင်တော့လို့ အပွင့်ထွက်တာဖြစ်ပါတယ်။ ဓါးနဲ့ထစ်တာက အထစ်များရင် မှိုပိုး ဝင်တတ်ပါတယ်။ အထစ် မမှန်ရင်…

အစာအဟာရ လမ်းကြောင်း မပြတ်ဘူးဖြစ်တတ်ပါတယ်။ ပင်စည်ကိုဖြစ်ဖြစ်၊ အကိုင်းကိုဖြစ်ဖြစ် အခွံအခေါက် ပတ်ပတ်လည်ကို ဓါးနဲ့ရစ်ပြီးဖြတ်တာက အစာအဟာရ လမ်းကြောင်းကို လုံး၀ ပြတ်သွားစေပါတယ်။ ဓါးဒဏ်ရာ အနည်းငယ်သာဖြစ်လို့ မှိုပိုး ဝင်ဖို့ အခွင့်အလမ်း

နည်းတယ်။ အနာကျက်မြန်ပြီး ပြန်ဆက်မြန်တယ်။ အပွင့်ထွက်ပြီးနောက်… အသီးကို မြေသြဇာ အစာအဟာရတွေ အမြစ်ကနေ ပို့ဖို့ လိုအပ်တာကြောင့် ဖြတ်ရာ အမြန်ပြန်ဆက်ဖို့လည်း လိုအပ်ပါတယ်။ အပင်လောင်းရိပ်ကျရင် အသီးအပွင့် မထွက် ဘူးဆိုတာက…

အလင်းရောင် မရလို့ဖြစ်တယ်။ အလင်းရောင်မရင် အရွက်က အစာချက်လုပ်တဲ့ အပေါက်တွေ မပွင့်ပဲ အစာချက်လုပ်ခြင်း အားနည်းသွားတာကြောင့် ဖြစ်တယ်။

ဘယ်အချိန်မှာ ဓါးနဲ့ရစ်ဖြတ်ရမလဲ…

အပင် အမြစ်ကို မြေသြဇာ NPK အပြည့်အစုံ နဲ့ရေကို ပုံမှန် ပေးထားရပါမယ်။ အရွက်အတွက်က ကြက်ဥဟော်မုန်းဆေးရည် ဟင်းခတ်ဇွန်း 5 ဇွန်း (50 စီစီ) ကို ရေလီတာ 20 နဲ့ရောပြီး 3 ရက်တစ်ခါ ပေးထားရမယ်။ အရွက်အောက်ဘက်က

အစာအဟာရ စုပ်ယူတဲ့ အပေါက်တွေရှိလို့ အရွက်အောက်ဘက်ကို ထိအောင်ဖြန်းရပါမယ်။ အရွက် အပေါက်တွေ ပွင့်တဲ့ အချိန် နေထွက်ချိန်မှ မနက် 11 နာရီအတွင်းမှာ ဖြန်းရပါမယ်။ 11 နာရီနောက်ပိုင်းမှာ အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပြန်ပိတ် သွားပါတယ်။

ကြက်ဥဟော်မုန်းဆေးရည် ကို အနည်းဆုံး 15 ရက်မှ ရက် 30 လောက် ကြိုပေးထားရပါမယ်။ အအေးဓါတ်များရင် ကြက်ဥဟော်မုန်းဆေးရည်ဖြန်းတာနဲ့ပဲ အပွင့်ထွက်ပါမယ်။ တကယ်လို့ အပွင့် မထွက်ဘူးဆိုရင်တော့…

အစာအဟာရလမ်းကြောင်း ကို ဖြတ်ပေးရပါမယ်။ အရွက် နုရင်တော့ အပွင့်ထွက်မှာ မဟုတ်ပါ။ အရွက်တွေ ရင့်နေပြီဆိုရင်… အစာအဟာရ လမ်းကြောင်းကို ဓါးနဲ့ ရစ်ဖြတ်ပေးရပါမယ်။ တချိန်ထဲမှာပဲ ကြက်ဥဟော်မုန်းဆေးရည်ကို 3 ရက်တစ်ခါ ဆက်တိုက်ဖြန်းပေးရပါမယ်။

15 ရက်မှ ရက် 30 အတွင်း အပွင့် ထွက်ပါမယ်။ တစ်ပင်တည်းမှာ အရွက်နု အကိုင်းက အပွင့်မထွက်ဘူး။ အရွက်အရင့်အကိုင်းတွေကပဲ ပွင့်ပါတယ်။ ညအခါ မှာ မီးထွန်း ပေးရင်လည်း အပွင့် အမြန်ထွက်ပါတယ်။ ည မိုးချုပ်တာနဲ့…

မီး ထွန်းပေးရပါမယ်။ နေ့လည် 11 နောက်ပိုင်း အစာ စုပ်ယူပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပိတ် သွားပြီးနောက်… မိုးချုပ်ချိန် မီးထွန်းပေးတော့ အလင်းရောင်ရပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပြန်ပွင့်လာတယ်။ ညပိုင်းလေထုမှာ ပါလာတဲ့

မြေသြဇာတွေက အစိုဓါတ် ရှိတယ်။ အရွက်တွေ နှင်းရည်နဲ့ စိုနေချိန်ဖြစ်လို့… အရွက်တွေမှာ လေထုက မြေသြဇာတွေ အရွက်ကို လာကပ်ပြီး အရွက်တွေ မြေသြဇာရတယ်။ နေ့ရော ညမီးအလင်းကြောင့် အစာချက်လုပ်မှုက 2 ဆ 3 ဆ ဖြစ်ပြီး အရွက်အခက်တွေ အဟာရ ပိုရများပြီး

အပွင့် အမြန်ပွင့်တာဖြစ်တယ်။ မီးထွန်းရင် အရွက်တွေ အလင်းအားလုံးရ အောင် ထွန်းပေးရပါမယ်။
သရက်အပြင်… တခြား သီးနှံပင်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းက ရာသီချိန် မဟုတ်ရင်လည်း အပွင့်ထွက်အောင် လုပ်နိုင်ပါတယ်။

ခရက်ဒစ်#ဝင်းမြင့် IQwin#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*