မိဘေတြကို ျပန္လည္ အလုပ္အေက်ြးျပဳဖို႕ ဘယ္အခ်ိန္ကို ေစာင့္ေနတာလဲ…

မိဘေတြကို ျပန္လည္ အလုပ္အေက်ြးျပဳဖို႕ ဘယ္အခ်ိန္ကို ေစာင့္ေနတာလဲ...
မိဘေတြကို ျပန္လည္ အလုပ္အေက်ြးျပဳဖို႕ ဘယ္အခ်ိန္ကို ေစာင့္ေနတာလဲ...

မိဘေတြကို ျပန္လည္ အလုပ္အေက်ြးျပဳဖို႕ ဘယ္အခ်ိန္ကို ေစာင့္ေနတာလဲ…

မိဘကိုဘယ္အခ်ိန္ လုပ္ေကြၽးမွာလဲလို႔ေမးလိုက္တိုင္း… အလုပ္ေတြ အဆင္ေျပရင္ လုပ္ေကြၽးမယ္လို႕ ေျဖေကာင္း ေျဖၾကပါလိမ့္မယ္။ ဒါေပမဲ့… မိဘ ေတာ္ေတာ္မ်ားမ်ားကေတာ့…

သားသမီးေတြ အလုပ္ေကာင္းေတြ ရတဲ့အခ်ိန္ထိ အသက္ မရွည္ၾကေတာ့ပါဘူး။ မိဘကို ဘယ္လိုထားမွာလဲလို႔ ေမးလိုက္တဲ့အခါ… ေ႐ႊအိမ္ႀကီးနဲ႔ ထားခ်င္တာ မထားႏိုင္လို႔ လို႕… အဲဒီလို ေျဖဘူးၾကမွာပါ။

တကယ္ေတာ့… ေ႐ႊအိမ္ႀကီး ေဆာက္ႏိုင္တဲ့အခါ မိဘေတြဟာ အုတ္ဂူထဲ ေရာက္ေနပါၿပီ။ မိဘကို ေထာက္ပံ့သလားလို႔ ေမးရင္… ငါ့ကေလးေတြ ကိစေတြနဲ႔ မလုံေလာက္လို႔ မေထာက္ပံ့ႏိုင္ေၾကာင္း ေျဖမိၾကမွာပါ။ ဒါေပမဲ့ သင့္ကေလးေတြ လက္လြတ္တဲ့အထိ

သူတို႔ေတြ အသက္ရွည္ဖို႔ မလြယ္ပါဘူး။ သင့္စိတ္ကူးနဲ႔ ျပင္ဆင္ထားတဲ့.. သူတို႔ကို ျပန္ၾကည့္ဖို႔ ဆုံးျဖတ္ထားတဲ့ အခ်ိန္ထိ သူတို႔ မေနရဖို႔ မ်ားပါတယ္။ မိဘကို ေပးကမ္းလႉဒါန္းဖို႔ ျပန္လည္ၾကည့္ရႈဖို႔ ကြၽန္ေတာ္တို႔ကို ေမးရင္…

ကြၽန္ေတာ္တို႔ တျခားအရာ တျခားသူေတြကို အရင္စဥ္းစား တြက္ခ်က္ၾကပါတယ္။ အဲဒါေတြေက်ာ္လြန္မွ အစြန္းထြက္အခ်ိန္ အစြန္းထြက္ ေငြေၾကးကို သူတို႔အတြက္ ေပးၾကတာပါ။ ဒါဟာ လူအေတာ္မ်ားမ်ားပါ။ သူတို႔အလွည့္တုန္းကေတာ့…

ကြၽန္ေတာ္တို႔ကို အရင္စဥ္းစားခဲ့တာ ျဖစ္ပါတယ္။ မိဘေတြရဲ႕ အတြင္းစိတ္ဟာ… သိပ္ကို လွ်ိဳ႕ဝွက္သိပ္သည္းလြန္းပါတယ္။ ကြၽန္ေတာ္တို႔ကို အားမကိုးဘူး။ ကြၽန္ေတာ္တို႔ဆီက မေတာင္းဘူး။ ကြၽန္ေတာ္တို႔မရွိလည္း ျဖစ္ေအာင္ေနမယ္။ သူတို႔ဖာသာသူတို႔

အဆင္ေျပေအာင္ ေနႏိုင္တယ္။ ဒီလိုအေတြးေတြ ရွိေနၾကေပမယ့္… တကယ့္စိတ္ေတြကေတာ့… ကြၽန္ေတာ္တို႔ကို သိပ္ၿပီး အားကိုးပါတယ္။ ကြၽန္ေတာ္တို႔ကို သိပ္ၿပီး လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕သိတတ္မႈကို ေမွ်ာ္လင့္ၾကပါတယ္။

မိဘကို တတ္ႏိုင္သမွ် လုပ္ေကြၽးပါ။ လစာေကာင္းတဲ့အထိ မေစာင့္ပါနဲ႔။ သင္အားမယ့္အခ်ိန္ထိ မေစာင့္ပါနဲ႔… သူတို႔ အိုမင္း နာမက်န္းျဖစ္တဲ့အထိ မေစာင့္ပါနဲ႔။ သူတို႔က အကူအညီေတာင္းလာတဲ့အထိ မေစာင့္ပါနဲ႔။ ေ႐ႊအိမ္ႀကီး ေဆာက္ၿပီးတဲ့အထိ

မေစာင့္ပါနဲ႔။ ေနာက္ဆုံးေပၚကားႀကီးနဲ႔။ ဘုရားေတြ လိုက္ပို႔ေပးႏိုင္တဲ့အထိ မေစာင့္ပါနဲ႔။ ပိုက္ဆံေတြ အထုပ္လိုက္၊ ေ႐ႊေတြအထုပ္လိုက္ ပုံေပးႏိုင္တဲ့အထိ မေစာင့္ပါနဲ႔။ သင္ ဘဲဥတစ္ျခမ္း စားရရင္ သူတို႔လည္း တစ္ျခမ္းစားရပါေစ။

သင္ ၾကက္သားတစ္တုံး စားရတဲ့အခါ… သူတို႔လည္း တစ္တုံးစားရပါေစ။ သင္ ရယ္ေမာေပ်ာ္႐ႊင္ေနရခ်ိန္မွာ… သူတို႔ မ်က္ရည္က်မေနပါေစနဲ႔။ သင္ ဘယ္ေလာက္ပဲရရ သူတို႔အတြက္ ပမာဏတစ္ခု အၿမဲခ်န္ထားပါ။

သင့္ကေလး ေနမေကာင္းျဖစ္လို႔ ေဆး႐ုံပို႔ေပးႏိုင္ေသးရင္…သူတို႔ နာမက်န္းျဖစ္တဲ့အခါ (အနည္းဆုံး) ေဆးေတာ့ ဝယ္ေပးႏိုင္ပါေစ။ သင့္ သားသမီးကို ကစားကြင္းပို႔ႏိုင္ရင္… မိဘကို အနည္းငယ္ေတာ့ အခ်ိန္ေပးပါ။

ေသမွ မငိုပါႏွင့္။ မေသခင္ ကိုယ္ႏိုင္တဲ့ဝန္နဲ႔ ထမ္းပိုးပါ။ ေသမွ အမွ်ေဝ ဆုေတာင္း မလုပ္ပါနဲ႔။ မေသခင္ တတ္ႏိုင္သေလာက္ ေကြၽးပါ။ ေသမွ သူတို႔အတြက္ ေနရာေပါင္းစုံမွာ လိုက္မလႉပါနဲ႔။ မေသခင္တတ္ႏိုင္သေလာက္ ေပးကမ္းပါ။

မိဘကို လုပ္ေကြၽး ျပဳစုဖို႔… ခ်မ္းသာတဲ့အခ်ိန္၊ အားတဲ့အခ်ိန္ထိ မေစာင့္ပါနဲ႔။ ဒါဆို… မင္းေရာ ဘာေတြလုပ္လဲေမးရင္… ကိုယ္ တတ္ႏိုင္သေလာက္ လုပ္ေနတယ္လို႔ပဲ ေျဖပါရေစ…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိဘတွေကို ပြန်လည် အလုပ်အကျွေးပြုဖို့ ဘယ်အချိန်ကို စောင့်နေတာလဲ…

မိဘကိုဘယ်အချိန် လုပ်ကျွေးမှာလဲလို့မေးလိုက်တိုင်း… အလုပ်တွေ အဆင်ပြေရင် လုပ်ကျွေးမယ်လို့ ဖြေကောင်း ဖြေကြပါလိမ့်မယ်။ ဒါပေမဲ့… မိဘ တော်တော်များများကတော့…

သားသမီးတွေ အလုပ်ကောင်းတွေ ရတဲ့အချိန်ထိ အသက် မရှည်ကြတော့ပါဘူး။ မိဘကို ဘယ်လိုထားမှာလဲလို့ မေးလိုက်တဲ့အခါ… ရွှေအိမ်ကြီးနဲ့ ထားချင်တာ မထားနိုင်လို့ လို့… အဲဒီလို ဖြေဘူးကြမှာပါ။

တကယ်တော့… ရွှေအိမ်ကြီး ဆောက်နိုင်တဲ့အခါ မိဘတွေဟာ အုတ်ဂူထဲ ရောက်နေပါပြီ။ မိဘကို ထောက်ပံ့သလားလို့ မေးရင်… ငါ့ကလေးတွေ ကိစတွေနဲ့ မလုံလောက်လို့ မထောက်ပံ့နိုင်ကြောင်း ဖြေမိကြမှာပါ။ ဒါပေမဲ့ သင့်ကလေးတွေ လက်လွတ်တဲ့အထိ

သူတို့တွေ အသက်ရှည်ဖို့ မလွယ်ပါဘူး။ သင့်စိတ်ကူးနဲ့ ပြင်ဆင်ထားတဲ့.. သူတို့ကို ပြန်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်ထိ သူတို့ မနေရဖို့ များပါတယ်။ မိဘကို ပေးကမ်းလှူဒါန်းဖို့ ပြန်လည်ကြည့်ရှုဖို့ ကျွန်တော်တို့ကို မေးရင်…

ကျွန်တော်တို့ တခြားအရာ တခြားသူတွေကို အရင်စဉ်းစား တွက်ချက်ကြပါတယ်။ အဲဒါတွေကျော်လွန်မှ အစွန်းထွက်အချိန် အစွန်းထွက် ငွေကြေးကို သူတို့အတွက် ပေးကြတာပါ။ ဒါဟာ လူအတော်များများပါ။ သူတို့အလှည့်တုန်းကတော့…

ကျွန်တော်တို့ကို အရင်စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ မိဘတွေရဲ့ အတွင်းစိတ်ဟာ… သိပ်ကို လျှို့ဝှက်သိပ်သည်းလွန်းပါတယ်။ ကျွန်တော်တို့ကို အားမကိုးဘူး။ ကျွန်တော်တို့ဆီက မတောင်းဘူး။ ကျွန်တော်တို့မရှိလည်း ဖြစ်အောင်နေမယ်။ သူတို့ဖာသာသူတို့

အဆင်ပြေအောင် နေနိုင်တယ်။ ဒီလိုအတွေးတွေ ရှိနေကြပေမယ့်… တကယ့်စိတ်တွေကတော့… ကျွန်တော်တို့ကို သိပ်ပြီး အားကိုးပါတယ်။ ကျွန်တော်တို့ကို သိပ်ပြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့သိတတ်မှုကို မျှော်လင့်ကြပါတယ်။

မိဘကို တတ်နိုင်သမျှ လုပ်ကျွေးပါ။ လစာကောင်းတဲ့အထိ မစောင့်ပါနဲ့။ သင်အားမယ့်အချိန်ထိ မစောင့်ပါနဲ့… သူတို့ အိုမင်း နာမကျန်းဖြစ်တဲ့အထိ မစောင့်ပါနဲ့။ သူတို့က အကူအညီတောင်းလာတဲ့အထိ မစောင့်ပါနဲ့။ ရွှေအိမ်ကြီး ဆောက်ပြီးတဲ့အထိ

မစောင့်ပါနဲ့။ နောက်ဆုံးပေါ်ကားကြီးနဲ့။ ဘုရားတွေ လိုက်ပို့ပေးနိုင်တဲ့အထိ မစောင့်ပါနဲ့။ ပိုက်ဆံတွေ အထုပ်လိုက်၊ ရွှေတွေအထုပ်လိုက် ပုံပေးနိုင်တဲ့အထိ မစောင့်ပါနဲ့။ သင် ဘဲဥတစ်ခြမ်း စားရရင် သူတို့လည်း တစ်ခြမ်းစားရပါစေ။

သင် ကြက်သားတစ်တုံး စားရတဲ့အခါ… သူတို့လည်း တစ်တုံးစားရပါစေ။ သင် ရယ်မောပျော်ရွှင်နေရချိန်မှာ… သူတို့ မျက်ရည်ကျမနေပါစေနဲ့။ သင် ဘယ်လောက်ပဲရရ သူတို့အတွက် ပမာဏတစ်ခု အမြဲချန်ထားပါ။

သင့်ကလေး နေမကောင်းဖြစ်လို့ ဆေးရုံပို့ပေးနိုင်သေးရင်…သူတို့ နာမကျန်းဖြစ်တဲ့အခါ (အနည်းဆုံး) ဆေးတော့ ဝယ်ပေးနိုင်ပါစေ။ သင့် သားသမီးကို ကစားကွင်းပို့နိုင်ရင်… မိဘကို အနည်းငယ်တော့ အချိန်ပေးပါ။

သေမှ မငိုပါနှင့်။ မသေခင် ကိုယ်နိုင်တဲ့ဝန်နဲ့ ထမ်းပိုးပါ။ သေမှ အမျှဝေ ဆုတောင်း မလုပ်ပါနဲ့။ မသေခင် တတ်နိုင်သလောက် ကျွေးပါ။ သေမှ သူတို့အတွက် နေရာပေါင်းစုံမှာ လိုက်မလှူပါနဲ့။ မသေခင်တတ်နိုင်သလောက် ပေးကမ်းပါ။

မိဘကို လုပ်ကျွေး ပြုစုဖို့… ချမ်းသာတဲ့အချိန်၊ အားတဲ့အချိန်ထိ မစောင့်ပါနဲ့။ ဒါဆို… မင်းရော ဘာတွေလုပ်လဲမေးရင်… ကိုယ် တတ်နိုင်သလောက် လုပ်နေတယ်လို့ပဲ ဖြေပါရစေ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*