











Unicode

ဟက်ပီးနယူးရီးယား နဲ့ သီပေါမင်းပါတော်မူ

ဒီဇင်္ဘာ ၃၁ ရက်နေ့ည ၁၂ နာရီ အလွန် ပါတော်မူသော မြန်မာခုနှစ် အမှတ်ရ လွယ်ကူစေရန်… ” ဦး ကောင်း လိမ် ထုတ် သီပေါပြုတ် ”

ဦး… ၁ ၊ ကောင်း… ၂ ၊လိမ်… ၄ ၊ ထုတ်…. ၇ ။ မြန်မာတို့၏ နောက်ဆုံးမင်းဆက် ဖြစ်သော သီပေါမင်းနှင့် မိဖုရား တို့အား အင်္ဂလိပ် တို့မှ… မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လ္ဆုပ် ၈ ရက်…

ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်္ဘာလ ၂၈ ရက် နေ့တွင် ကြက်ကလေး ငှက်ကလေး ပမာ… ရတနာပုံ နန်းဆောင်တော် အတွင်းမှ ဂေါဝိန် ဆိပ်ကမ်းတွင် ရပ်နားထားသော သူရိယသင်္ဘောပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပါသည် ။

ဂေါဝိန်ဆိပ်ကမ်းမှ ရန်ကုန် သို့ နိုဝင်္ဘာလ ၂၉ ရက် နေ့တွင် ခေါ်ဆောင် လာခဲ့ရာ ရန်ကုန်သို့ ဒီဇင်္ဘာလ ၅ ရက် နေ့တွင် ရောက်ရှိခဲ့သည် ။ ရန်ကုန်မှ တဆင့် ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင်

အိန္ဒိယပြည် မဒရပ်မြို့သို့ ပို့ဆောင် ခဲ့ရာ မဒရပ် သို့ ဒီဇင်္ဘာလ၁၅ ရက် နေ့တွင် ရောက် ရှိခဲ့ပါသည် ။ သီပေါမင် းပါတော်မူပြီးနောက် ၁၈၈၅ ခုနှစ် ဒီဇင်္ဘာ၃၁ ရက်နေ့ ညတွင်

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ရန်းဒေါ့ချာချီ သည် နှစ်သစ်ကူး ညစာ စားပွဲ ကျင်းပနေရာမှ သန်းခေါင်ယံ အချိန် ၁၂ နာရီ ထိုးပြီး ၁၈၈၆ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ သို့ အကူ…း

(ယနေ့ခေတ် မြန်မာများ ဟက်ပီးနယူးရီးယား လို့ သံပြိုင် အော်ဟစ်သော အချိန်) တွင် မြန်မာနိုင်ငံအား ဗြိတိသျှ အင်ပါယာ အတွင်း သို့ သွတ်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာ လိုက်လေသည် ။

ကိုးကား… နန်းကျဘုရင် သီပေါမင်း၏အတွင်းရေး (သန်းဝင်းလှိုင်)# ဝေဦးမောင်

မူရင်း တင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*