ကတိသစၥာေၾကာင့္ အႏွစ္ ၆၀ ေရမခ်ိဳးဘဲ အသက္ရွင္ေနထိုင္ေနတဲ့ အသက္ ၈၀အ႐ြယ္အဖိုးအို
ကမာၻ႔ေပၚမွာ ထူးထူးဆန္းဆန္းနဲ႔ စံခ်ိန္တင္ခံရတဲ့သူကေတာ့ အသက္ ၈၀ အ႐ြယ္ရွိတဲ့ Amo Hadji ဆိုသူ အီရန္အမ်ိဳးသားပဲျဖစ္ပါတယ္။ သူဟာ အႏွစ္ ၆၀ ထိ ေရမခ်ိဳးဘဲ ေနခဲ့လို႔ ကမာၻ႔အညစ္ပတ္ဆုံးလူသားအျဖစ္ စံခ်ိန္တင္ခံခဲ့ရတာျဖစ္ပါတယ္။
ဒါ့အျပင္သူဟာ ေဆးလိပ္တစ္ခါေသာက္ရင္ ၅လိပ္ပူးေသာက္တတ္တဲ့သူလည္း ျဖစ္ပါတယ္။ ဒီေလာက္ဆိုး႐ြာတဲ့ အေျခအေန၊ အျပဳအမူမ်ိဳးမွာ အသက္ ၈၀ထိေနႏိုင္တယ္ဆိုေတာ့ တကယ့္ကိုအံ့ၾသစရာေတာ့ ေကာင္းပါတယ္။
Wittyfeed မွာပါတဲ့ သတင္းအရ Amo Hadji ဟာ အီရန္ႏိုင္ငံအေရွ႕ေတာင္ဘက္ Fars ျပည္နယ္မွာေနထိုင္သူတစ္ဦးျဖစ္ပါတယ္။ အႏွစ္ ၆၀ လုံးလုံးေရမခ်ိဳးဘူးဆိုေတာ့ သူရဲ႕ ပုံစံဟာ ဖုံတစ္လူးလူး၊ ေခ်းအထပ္ထပ္နဲ႔ မဲညစ္ၿပီး အနံေပါင္းစုံ ကိုယ္ကထြက္ေနတာေတာ့ ေျပာစရာေတာင္မလိုေတာ့ပါဘူး။
သတင္းေထာက္ေတြက သြားေရာက္ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ သူဟာ ကမာၻ႔အျပင္ဘက္မွာေနေနတဲ့ အထီးက်န္သမားတစ္ေယာက္လိုပါပဲ။ေတာင္႐ိုင္း တိရိစာၦန္အခ်ိဳ႕ကို အမဲလိုက္စားသုံးၿပီး ျဖဴေကာင္ကင္ကေတာ့ သူအႀကိဳက္ဆုံးဟင္းတစ္မ်ိဳးလို႔ဆိုပါတယ္။
အစပိုင္းတုန္းက သူဟာ တြင္းနက္နက္တူးၿပီး ထိုတြင္းထဲမွာပဲ ေနထိုင္ပါတယ္။ ေနာက္ပိုင္း ပတ္ဝန္းက်င္ကလူေတြက မိုးဒဏ္၊ ေနပူဒဏ္ကို ခံရမွာဆိုးလို႔ တဲတစ္လုံး ေဆာက္လုပ္ေပးထားခဲ့ပါတယ္။ သူ႔အတြက္ ေနစရာ အိမ္တစ္လုံး လုပ္ေပးေပး၊ မလုပ္ေပးေပး သူကေတာ့ ေအးေဆးပါပဲ။
ဝမ္းသာျခင္းလဲ မရွိဘူး၊ မလုပ္ေပးလဲ ကိစၥမရွိဘူးဆိုတဲ့ ပုံစံမ်ိဳးပါပဲ။ ဘာေၾကာင့္ သူေရမခ်ိဳးဘဲ အႏွစ္ ၆၀ ထိေနေနလဲဆိုေတာ့ သူဟာ ကတိသစၥာ ဆိုခဲ့မိလို႔ပါ။ သူဟာ ငယ္ငယ္ကတည္းက ေရခ်ိဳးဖို႔ ပ်င္းရိသူမဟုတ္ပါဘူး။
ဒါေပမဲ့ လူငယ္ဘဝတုန္းက မိန္းကေလးတစ္ေယာက္ကို အ႐ူးအမူး ခ်စ္ႀကိဳက္ခဲ့ၿပီး ဒီမိန္းကေလးကို မရရင္ သူတစ္သက္လုံး ေရမခ်ိဳးဘူးလို႔ က်ိန္ဆိုခဲ့ပါတယ္။ ကံဆိုးလြန္တဲ့ Amo Hadji ဟာ အဆိုပါမိန္းကေလးကို မရခဲ့တာေၾကာင့္ သူက်ိန္ဆိုခဲ့တဲ့ ကတိသစၥာအတိုင္း မေသေသးတဲ့အခ်ိန္ထိ ေရမခ်ိဳးဘဲ ေနေနခဲ့တာပါ။
ေဒသခံေတြရဲ႕ အဆိုအရ သူဟာ ၁၉၅၄ခုႏွစ္ေလာက္ကတည္းက ေရမခ်ိဳးေတာ့တာလို႔ ဆိုပါတယ္။ ေဒသခံေတြက ေရခ်ိဳးဖို႔ အတင္းအဓမၼလိုက္ဖမ္းေပမဲ့ ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။
သူဟာ သန႔္ရွင္းမႈ႕ကို မႏွစ္သက္တဲ့အျပင္ အစာ စားတဲ့အခါမွာလည္း ပုတ္အက္ေနတဲ့ အသားေတြကိုစားသုံးၿပီး သံေခ်းနံ႔ နံေနတဲ့ ေရကိုသာ တစ္ေန႔ ၅လီတာေလာက္ ေသာက္သုံးပါတယ္။ ေရမခ်ိဳးေပမဲ့ သူ႔ရဲ႕ ႐ုပ္ကိုေတာ့ အၿမဲ မွန္ၾကည့္ျဖစ္ပါတယ္။
ဆံပင္အရမ္းရွည္လာတဲ့အခါ မီးနဲ႔ ရႈိ႕ပစ္ၿပီး ေဆာင္းရာသီလို ခ်မ္းတဲ့အခါ ဦးထုပ္ေတာ့ ေဆာင္းထားတတ္ပါတယ္။
လက္ရွိမွာေတာ့ သူဟာ ကမာၻ႔အခ်ိန္အၾကာဆုံးေရမခ်ိဳးသူ/ အညစ္ပတ္ဆုံးသူအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး ယခင္ကလည္း အိႏၵိယမွာ ၃၈ႏွစ္ထိ ေရမခ်ိဳးဘဲ ေနတဲ့ ၆၆ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး စံခ်ိန္တင္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ Amo Hadji ဟာအိႏၵိယအမ်ိဳးသားရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးခဲ့သူအျဖစ္ေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္။
credit – Lifestyle_Myanmar
Unicode
ကတိသစ္စာကြောင့် အနှစ် ၆၀ ရေမချိုးဘဲ အသက်ရှင်နေထိုင်နေတဲ့ အသက် ၈၀အရွယ်အဖိုးအို
ကမ္ဘာ့ပေါ်မှာ ထူးထူးဆန်းဆန်းနဲ့ စံချိန်တင်ခံရတဲ့သူကတော့ အသက် ၈၀ အရွယ်ရှိတဲ့ Amo Hadji ဆိုသူ အီရန်အမျိုးသားပဲဖြစ်ပါတယ်။ သူဟာ အနှစ် ၆၀ ထိ ရေမချိုးဘဲ နေခဲ့လို့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသားအဖြစ် စံချိန်တင်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင်သူဟာ ဆေးလိပ်တစ်ခါသောက်ရင် ၅လိပ်ပူးသောက်တတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွာတဲ့ အခြေအနေ၊ အပြုအမူမျိုးမှာ အသက် ၈၀ထိနေနိုင်တယ်ဆိုတော့ တကယ့်ကိုအံ့သြစရာတော့ ကောင်းပါတယ်။
Wittyfeed မှာပါတဲ့ သတင်းအရ Amo Hadji ဟာ အီရန်နိုင်ငံအရှေ့တောင်ဘက် Fars ပြည်နယ်မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ အနှစ် ၆၀ လုံးလုံးရေမချိုးဘူးဆိုတော့ သူရဲ့ ပုံစံဟာ ဖုံတစ်လူးလူး၊ ချေးအထပ်ထပ်နဲ့ မဲညစ်ပြီး အနံပေါင်းစုံ ကိုယ်ကထွက်နေတာတော့ ပြောစရာတောင်မလိုတော့ပါဘူး။
သတင်းထောက်တွေက သွားရောက်မေးမြန်းကြည့်တဲ့အခါမှာတော့ သူဟာ ကမ္ဘာ့အပြင်ဘက်မှာနေနေတဲ့ အထီးကျန်သမားတစ်ယောက်လိုပါပဲ။တောင်ရိုင်း တိရိစ္ဆာန်အချို့ကို အမဲလိုက်စားသုံးပြီး ဖြူကောင်ကင်ကတော့ သူအကြိုက်ဆုံးဟင်းတစ်မျိုးလို့ဆိုပါတယ်။
အစပိုင်းတုန်းက သူဟာ တွင်းနက်နက်တူးပြီး ထိုတွင်းထဲမှာပဲ နေထိုင်ပါတယ်။ နောက်ပိုင်း ပတ်ဝန်းကျင်ကလူတွေက မိုးဒဏ်၊ နေပူဒဏ်ကို ခံရမှာဆိုးလို့ တဲတစ်လုံး ဆောက်လုပ်ပေးထားခဲ့ပါတယ်။ သူ့အတွက် နေစရာ အိမ်တစ်လုံး လုပ်ပေးပေး၊ မလုပ်ပေးပေး သူကတော့ အေးဆေးပါပဲ။
ဝမ်းသာခြင်းလဲ မရှိဘူး၊ မလုပ်ပေးလဲ ကိစ္စမရှိဘူးဆိုတဲ့ ပုံစံမျိုးပါပဲ။ ဘာကြောင့် သူရေမချိုးဘဲ အနှစ် ၆၀ ထိနေနေလဲဆိုတော့ သူဟာ ကတိသစ္စာ ဆိုခဲ့မိလို့ပါ။ သူဟာ ငယ်ငယ်ကတည်းက ရေချိုးဖို့ ပျင်းရိသူမဟုတ်ပါဘူး။
ဒါပေမဲ့ လူငယ်ဘဝတုန်းက မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်ကြိုက်ခဲ့ပြီး ဒီမိန်းကလေးကို မရရင် သူတစ်သက်လုံး ရေမချိုးဘူးလို့ ကျိန်ဆိုခဲ့ပါတယ်။ ကံဆိုးလွန်တဲ့ Amo Hadji ဟာ အဆိုပါမိန်းကလေးကို မရခဲ့တာကြောင့် သူကျိန်ဆိုခဲ့တဲ့ ကတိသစ္စာအတိုင်း မသေသေးတဲ့အချိန်ထိ ရေမချိုးဘဲ နေနေခဲ့တာပါ။
ဒေသခံတွေရဲ့ အဆိုအရ သူဟာ ၁၉၅၄ခုနှစ်လောက်ကတည်းက ရေမချိုးတော့တာလို့ ဆိုပါတယ်။ ဒေသခံတွေက ရေချိုးဖို့ အတင်းအဓမ္မလိုက်ဖမ်းပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
သူဟာ သန့်ရှင်းမှု့ကို မနှစ်သက်တဲ့အပြင် အစာ စားတဲ့အခါမှာလည်း ပုတ်အက်နေတဲ့ အသားတွေကိုစားသုံးပြီး သံချေးနံ့ နံနေတဲ့ ရေကိုသာ တစ်နေ့ ၅လီတာလောက် သောက်သုံးပါတယ်။ ရေမချိုးပေမဲ့ သူ့ရဲ့ ရုပ်ကိုတော့ အမြဲ မှန်ကြည့်ဖြစ်ပါတယ်။
ဆံပင်အရမ်းရှည်လာတဲ့အခါ မီးနဲ့ ရှို့ပစ်ပြီး ဆောင်းရာသီလို ချမ်းတဲ့အခါ ဦးထုပ်တော့ ဆောင်းထားတတ်ပါတယ်။
လက်ရှိမှာတော့ သူဟာ ကမ္ဘာ့အချိန်အကြာဆုံးရေမချိုးသူ/ အညစ်ပတ်ဆုံးသူအဖြစ် စံချိန်တင်ခဲ့ပြီး ယခင်ကလည်း အိန္ဒိယမှာ ၃၈နှစ်ထိ ရေမချိုးဘဲ နေတဲ့ ၆၆နှစ်အရွယ် အမျိုးသားတစ်ဦး စံချိန်တင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Amo Hadji ဟာအိန္ဒိယအမျိုးသားရဲ့ စံချိန်ကို ရိုက်ချိုးခဲ့သူအဖြစ်ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။
credit – Lifestyle_Myanmar
Leave a Reply