နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္

နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္

နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္

ဒီေန႔ေခတ္လူအမ်ားစုဟာ လႈပ္ရွား သြားလာ ရတာေတြ မ်ားတာေၾကာင့္ မနက္စာ စားဖို႔ကို ေမ့ေလ်ာ့ေနၾကျပီး မနက္စာ ရဲ႕ အေရးပါပုံကို သိပ္မသိၾကပါဘူး။ တကယ္ေတာ့ မနက္စာ စားျခင္းဟာ သင့္ရဲ႕ က်န္းမာေရးကို အမ်ားၾကီး အေထာက္အကူ ျပဳေနပါတယ္။

မနက္စာ မစားျဖစ္တဲ့ အေၾကာင္းရင္းကို စစ္တမ္းေကာက္တဲ့အခါ အမ်ားစုက ကယ္လိုရီတက္မွာ စိုးလို႔ မစားတာ ၊ မနက္စာ စားခ်ိန္မရွိလို႔ မစားတာ ၊ ဗိုက္မဆာလို႔ မစားတာလို႔ ဆုိၾကပါတယ္။

မနက္စာ မစားျဖစ္တဲ့ လူေတြဟာ ပုံမွန္ စားေနက် လူေတြထက္ ႏွလုံးေရာဂါ ျဖစ္ႏုိင္ေျခ (၂၇) ရာခိုင္ႏႈန္းပို ပါတယ္။ မနက္စာ မစားတဲ့အခါ ကိုယ္တြင္း ဇီဝစနစ္ ေျပာင္းလဲျပီး ေသြးတြင္း သၾကားဓာတ္က ျမင့္တက္သြားပါတယ္။ ဒီလို ျမင့္တက္သြားတဲ့ အခါ ကုိယ္အေလးခ်ိန္ ျမင့္တက္လာ သလို ႏွလုံးေရာဂါလည္း ျဖစ္ပြားႏုိင္ပါတယ္။

ဒါ့အျပင္ မနက္စာ မစားတဲ့လူေတြမွာ ဆီးခ်ိဳေရာဂါ ျဖစ္ပြားႏိုင္ေျခ မ်ားတာကိုလည္း ေတြ႕ရပါတယ္။ မနက္စာ မစားတဲ့အခါ ဂလူးကို႔စ္ဓာတ္က ေတာင့္မခံႏုိင္ေတာ့ပဲ ဆိးခ်ိဳေရာဂါနဲ႔ ဆက္စပ္တဲ့ ေရာဂါေတြပါ ျဖစ္ေပၚလာပါတယ္။

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ အစားေလွ်ာ့စားတဲ့ လူေတြမွာ မနက္စာကို မျဖစ္မေန စားေပးဖုိ႔ လုိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မနက္စာ မစားရင္ ဗိုက္ပိုဆာျပီး ေန႔လည္စာ နဲ႔ ညစာကို အလြန္အကြ်ံ စားမိတတ္ပါတယ္။

ဒီလို စားမိတဲ့အခါ ကယ္လိုရီ ပိုတက္ျပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ မနက္စာက diet လုပ္ေနတဲ့ လူေတြအတြက္ အရမ္းကို အေရးပါပါတယ္။

မနက္စာ မစားျခင္းဟာ ဦးေႏွာက္က်န္းမာေရး ကိုပါ သက္ေရာက္မႈ ရွိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အစာမရွိတဲ့အခါ ဦးေႏွာက္က္ုိ လိုအပ္တဲ့ အာဟာရေတြ မေပးႏုိင္ေတာ့ပဲ မွတ္ဥာဏ္ အားနည္းကာ အာရုံမစူးစုိက္ႏုိင္ေတာ့ပါဘူး။

ဒါေၾကာင့္ လိုအပ္တဲ့ ကာဗုိဟုိက္ဒရိတ္ကို သင့္တင့္မွ်တစြာ စားေပးဖုိ႔ လိုပါတယ္။ သို႔ေသာ္ မနက္စာ စားတဲ့အခါ သၾကားဓာတ္ မ်ားတဲ့ အစားအစာေတြကို မေရြးသင့္ပဲ ေထာပတ္သီး ၊ ၾကက္ဥ နဲ႔ wholegrain ပါတဲ့ အစားအစာေတြကို ေရြးခ်ယ္သင့္ပါတယ္။

ဖတ္ရႈျပီး အမ်ားသူငွာ က်န္းမာေရး အသိတိုးပြားေစဖို႕ ေ၀မွ်လိုက္ပါၾကပါအံုး။

Ref; R e a d e r’s D i g e s t

Unicode

နံနက်စာ မစားဖြစ်ရင် ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာပါတယ်

ဒီနေ့ခေတ်လူအများစုဟာ လှုပ်ရှား သွားလာ ရတာတွေ များတာကြောင့် မနက်စာ စားဖို့ကို မေ့လျော့နေကြပြီး မနက်စာ ရဲ့ အရေးပါပုံကို သိပ်မသိကြပါဘူး။ တကယ်တော့ မနက်စာ စားခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူ ပြုနေပါတယ်။

မနက်စာ မစားဖြစ်တဲ့ အကြောင်းရင်းကို စစ်တမ်းကောက်တဲ့အခါ အများစုက ကယ်လိုရီတက်မှာ စိုးလို့ မစားတာ ၊ မနက်စာ စားချိန်မရှိလို့ မစားတာ ၊ ဗိုက်မဆာလို့ မစားတာလို့ ဆိုကြပါတယ်။

မနက်စာ မစားဖြစ်တဲ့ လူတွေဟာ ပုံမှန် စားနေကျ လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂၇) ရာခိုင်နှုန်းပို ပါတယ်။ မနက်စာ မစားတဲ့အခါ ကိုယ်တွင်း ဇီဝစနစ် ပြောင်းလဲပြီး သွေးတွင်း သကြားဓာတ်က မြင့်တက်သွားပါတယ်။ ဒီလို မြင့်တက်သွားတဲ့ အခါ ကိုယ်အလေးချိန် မြင့်တက်လာ သလို နှလုံးရောဂါလည်း ဖြစ်ပွားနိုင်ပါတယ်။

ဒါ့အပြင် မနက်စာ မစားတဲ့လူတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ များတာကိုလည်း တွေ့ရပါတယ်။ မနက်စာ မစားတဲ့အခါ ဂလူးကို့စ်ဓာတ်က တောင့်မခံနိုင်တော့ပဲ ဆိးချိုရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေပါ ဖြစ်ပေါ်လာပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့ အစားလျှော့စားတဲ့ လူတွေမှာ မနက်စာကို မဖြစ်မနေ စားပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်စာ မစားရင် ဗိုက်ပိုဆာပြီး နေ့လည်စာ နဲ့ ညစာကို အလွန်အကျွံ စားမိတတ်ပါတယ်။

ဒီလို စားမိတဲ့အခါ ကယ်လိုရီ ပိုတက်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာက diet လုပ်နေတဲ့ လူတွေအတွက် အရမ်းကို အရေးပါပါတယ်။

မနက်စာ မစားခြင်းဟာ ဦးနှောက်ကျန်းမာရေး ကိုပါ သက်ရောက်မှု ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာမရှိတဲ့အခါ ဦးနှောက်ကို လိုအပ်တဲ့ အာဟာရတွေ မပေးနိုင်တော့ပဲ မှတ်ဉာဏ် အားနည်းကာ အာရုံမစူးစိုက်နိုင်တော့ပါဘူး။

ဒါကြောင့် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို သင့်တင့်မျှတစွာ စားပေးဖို့ လိုပါတယ်။ သို့သော် မနက်စာ စားတဲ့အခါ သကြားဓာတ် များတဲ့ အစားအစာတွေကို မရွေးသင့်ပဲ ထောပတ်သီး ၊ ကြက်ဥ နဲ့ wholegrain ပါတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။

ဖတ်ရှုပြီး အများသူငှာ ကျန်းမာရေး အသိတိုးပွားစေဖို့ ဝေမျှလိုက်ပါကြပါအုံး။

Ref; R e a d e r’s D i g e s t

Be the first to comment

Leave a Reply

Your email address will not be published.


*