ဝေဘူဆရာေတာ်ကြီးမွာ တရားပလ္လင်ေပါ်တွင် စက္ခုန္ဒေခြျ၍ သီတင်းသုံးနေစဉ်(သမာပတ်ဝင်စားနေစဉ်) ဆားေတာင်ဆရာေတာ်ကြီးကလည်း ဝေဘူဆရာေတာ်ကြီးသီတင်းသုံးရာ တရားပလ္လင်ေရွ႕တည်႕တည်႕မွ ဝေဘူဆရာေတာ်ကြီးအတိုင်းသီတင်းသုံးနေလေ၏။ အဖူးေျမႇာ်လာသူ ပရိသတ်အားလုံး တိတ်ဆိတ်ငြိမ်သက်လၾက်ရွိ၏။
ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ ဝိရဇံ ခေမံ
ဧတံ မဂင်္လ မုတ္တမံ။
အရာရာမျိုး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
Unicode
သက်တော် ၃၀ အရွယ်ဖြင့် ရဟန်းကိစ္စပြီး၍ ရဟန္တာဖြစ်တော်မူသော အံ့ဘွယ်ထူးခြား ဆားတောင်ဆရာတော် ဘုရားကြီး….
စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာအုပ်စု သင်းတွဲရွာဇာတိဖြစ်၍ ဆားတောင်ဆရာတော်ဟုထင်ရှားကျော်ကြားသော ရဟန္တာပုဂ္ဂိုလ်ထူးကြီးတပါး မြန်မာနိုင်ငံ၌ပေါ်ထွန်းခဲ့ဘူး၏။
ထိုဆရာတော်ကြီး၏ အကြောင်းကလည်း စိတ်ဝင်စားဘွယ်ကောင်းလှ၏။
အတိတ်ဘဝက အိန္ဒိယနိုင်ငံမှာ ဟိန္ဒူကုလားဖြစ်စဉ်တွင် ဂေါတမဗုဒ္ဓဘုရားရှင်ကို သက်တော်ထင်ရှား ဖူးမြင်ခဲ့ဘူးကြောင်း၊ဘုရားရှင် ရွာတရွာ၌ ဆွမ်းခံကြွစဉ် ရုတ်တရက်လမ်းမှာဆုံခိုက်ငှက်ပျောခိုင်ကို ခုတ်၍ လှူဒါန်းပြီး ဆုတောင်းခဲ့ရာ…သာသနာနောက်ပိုင်း ရဟန်းကိစ္စပြီးလိမ့်မယ်လို့ ဘုရာရှင်ကဗျာဒိတ်ပေးခဲ့ကြောင်း၊
ထိုဗျာဒိတ်တော်အတိုင်းပင် စွန်းလွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိစာအုပ်ကိုဖတ်ပြီး ပြင်းပြင်းထန်ထန် တရားအားထုတ်ခဲ့ရာ သက်တော်(၃၀)အရွယ်-(၁၃၁ရ)ခုနှစ်၊ဝါဆိုလပြည့်ကျော်(၈)ရက်နေ့ နံနက်(၂)နာရီအချိန်တွင် အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူကြောင်း ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတွင် ဖတ်ရှုရ၏။
ရဟန်းကိစ္စပြီးတော်မူပြီးနောက် ဆရာတော်ကြီးအား ရပ်ဝေး ရပ်နီးမှာဖူးမျှော်သူများနှင့် နေ့စဉ်စဉ်ကားလျက်ရှိ၏။
တနေ့ ဝေဘူဆရာတော်ကြီး၏တပည့်ဒါယကာ ဒါယိကာမများက ဝေဘူဆရာတော်ကြီးကြွလာမည့်အကြောင်း ဝေဘူဆရာတော်ကြီး၏ ပေးစာကို ဆားတောင်ဆရာတော်ကြီးထံဆက်ကပ်ရာ…
“ဝေဘူဆရာတော်ကြီ်းတင်မဟုတ်ဘူး၊မဟာစည်ဆရာတော်ကြီးလည်းကြွလာလာလိမ့်မယ်အသင့်ပြင်ထားကြ” ဟု မိန့်တော်မူ၏။
မဟာစည်ဆရာတော်ကြီးကြွလာမည့်အကြောင်းကား မည့်သူထံမှ အကြောင်းကြားထားခြင်းမရှိပေ။
သို့သော် ဆရာတော်ကြီးအမိန့်အတိုင်း အဆင်သင့်ပြင်ဆင်ထားကြ၏။
၁၃၁၈ခုနှစ်၊ဝါဆိုလဆန်း(၁၃)ရက်နေ့၊နံနက်(၈)နာရီအချိန်တွင် မဟာစည်ဆရာတော်ကြီးသည် နောက်ပါသံဃာတော်များနှင့်အတူ ကြွရောက်လာပြီး ဆားတောင်ဆရာတော်ကြီး၏အဖူးမျှော်ခံရင်း ဆားတောင်ဆရာတော်ကြီးအား အောက်ပါအတိုင်း မေးမြန်းတော်မူ၏။
မဟာစည်ဆရာတော်=ဘယ်နည်းနဲ့ တရားအားထုတ်ပါသလဲဘုရား။
ဆားတောင်ဆရာတော်ကြီး=တပည့်တော် စွန်းလွန်းဆရာတော်ဘုရား၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်စာအုပ်ကို ဖတ်ရှုလေ့လာပြီး သမ္မပ္ပဓာန်ကျင့်စဉ်အတိုင်း အားထုတ်ပါသည်ဘုရား။
မဟာစည်ဆရာတော်=စွန်းလွန်းဦးကဝိ၏နည်းကလည်း အလွန်ကောင်းတဲ့နည်းပါဘဲ၊ဦးကဝိလိုကော ပြင်းပြင်းထန်ထန် အားထုတ်နိုင်ပါရဲ့လားဘုရား။
ဆားတော်ဆရာတော်= မှန်လှပါ၊ တပည့်တော် စွန်းလွန်းဆရာတော်ကြီးလိုဘဲ အားထုတ်နိုင်ပါတယ်ဘုရား။ အမှန်က စွန်းလွန်းဆရာတော်ဘုရားကြီးနည်းအတိုင်းဘဲ လောဘ၊ဒေါသ၊မောဟစွန့်လွှတ်နည်းဆိုဆို၊စွန်းလွန်းနည်းဆိုဆို အားထုတ်ရတာကတော့ စွန့်လွှတ်နည်းပါဘဲဘုရား။
မဟာစည်ဆရာတော်=အားထုတ်ရတာ အားရပါးရ ရှိပါရဲ့လားဘုရား။
ဆားတောင်ဆရာတော်=အားထုတ်ရတာ အားရပါးရ ရှိပါတယ်ဘုရား။
မဟာစည်ဆရာတော်=တရားအရသာ အားရပါးရ ခံစားရပါသလားဘုရား။
ဆားတောင်ဆရာတော်=မှန်လှပါ၊အားရပါးရ ခံစားရပါတယ်ဘုရား။
မဟာစည်ဆရာတော်=ဒီအတိုင်းဆိုမလွဲပါဘူး၊အသက်ကလည်းငယ်ပါသေးတယ်၊ရှေ့ဆက်ပြီး ကိုယ်ခံစားရသလို ဝေနေယျတွေကိုလည်း တရားစခန်းဖွင့်ပြီး တရားပြပေးဦး” ဟု တိုက်တွန်းတော်မူကာ ရန်ကုန်မဟာစည်ရိပ်သာသို့ ကြွသွားတော်မူ၏။
မဟာစည်ဆရာတော်ကြီး ကြွသွား၍မကြာမီ ဝေဘူဆရာတော်ကြီး ကြွလာတော်မူ၏။
နာရီဝက်ခန့်ကြာသောအခါ ဆရာတော်နှစ်ပါးလုံး တပြိုင်နက် မျက်လုံးများ ဖွင့်တော်မူကြ၏။
ဝေဘူဆရာတော်=အရသာမရှိဘူးလားဗျ၊မချမ်းသာဘူးလားဗျာ၊ကျွန်ုပ်တို့ တသံသရာလုံးရှာခဲ့ကြတာ အခုမှဘဲ အားရပါးရကြီး ခံစားရတာ မဟုတ်လားဗျာ။
ဆရာတော်လေးက တယ်ပါရမီထူးတာကိုး၊အသက်ငယ်ပါသေးတယ်၊ သာသနာအတွက် ကျွန်ုပ်တို့တော့ အားထားပါတယ်၊ဝေနေယျတွေကို ကယ်ပါ၊ချွတ်ပါ၊တရားပြပါ၊ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိပါသေးတယ်ဗျာ၊ဆရာတော်လေးက အမှိုက်ရှင်းရမှာဆိုတော့ သာသနာခရီးမှာ သာသနာအကျိုးစီးပွားအတွက် သာသနာပြုပေးပါဦး။
ဆားတောင်ဆရာတော်=မှန်လှပါဘုရား။
ဝေဘူဆရာတော်=ကြွလာကြတဲ့ပရိသတ်တွေကလည်း တယ်များသကိုးဗျ၊ပါရမီထူးပါပေ့ဗျာ၊ကံထူးပါပေ့ဗျာ၊မသေမီတရားဦးအောင်လုပ်ကြဗျ။
ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ ဝိရဇံ ခေမံ
ဧတံ မဂင်္လ မုတ္တမံ။
(လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသော ရဟန္တာ၏စိတ်သည် မတုန်မလှုပ်၊စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ၊ ကိလေသာရမ္မက်ဟူသော မြူလည်းမရှိ၊ကြောက်ရွံ့ထိတ်လန့်ဘွယ် ဘေးလည်းမရှိ)
ဘုရားဟောတဲ့ မင်္ဂလာတရားတော်နဲ့ ညီပါပေတယ်ဗျာ၊သူတော်ကောင်းအပေါင်းတို့ သာဓုခေါ်ကြဗျ၊သာဓုခေါ်ကြ.. ဟု မိန့်လိုက်ရာ ကြွရောက်လာကြသော ပရိတ်သတ်တို့၏သာဓုခေါ်သံသည် အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့နှံ့သွားလေတော့၏။
တနေ့တည်း ဆားတောင်ဆရာတော်ကြီးအထံတော်သို့ နာမည်ကျော်ဆရာတော်ကြီးနှစ်ပါးကြွရောက်တော်မူလာခြင်းကလည်း ထူးခြားမှုတခုဖြစ်၏။
ဆားတောင်ဆရာတော်ကြီးသည် သက်တော်(၈၂)နှစ်၊သိက္ခာတော်)၆၂)ဝါအရ-(၁၃၆၉)ခုနှစ်၊တန်ဆောင်းမုန်းလဆန်း(၄)ရက်၊(၁၃၊၁၁၊၂၀၀၇)နံနက်(၁၀)နာရီ၊မိနစ်(၃၀)အချိန်တွင်စဉ့်ကိုင်မြို့နယ်၊ကသည်းကုန်းကျေးရွာ၊မင်းရွာကုန်းကျောင်းတွင် ဘဝဇာတ်သိမ်း ချုပ်ငြိမ်းတော်မူ၏။ ။
ဆားတောင်ဆရာတော်ကြီး၏ ကျေးဇူးကား များပြားလှ၏၊အတူယူဘွယ် အားကျဘွယ်ရှိလှပါပေ၏။
ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကို ရည်မှန်း၍ ရိုသေစွာ ရှိခိုးကန်တော့ပါ၏ဘုရား။ ။
ဆားတောင်ဆရာတော်ဘုရားကြီး၏သြဝါဒ
အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတရားသုံးပါးဖြစ်တယ်
လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
ပြောတိုင်းမရ စိတ်မညစ်နှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
ကြံတိုင်းမမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
ဆင်းရဲကြုံမူ သည်းခံခွင့်လွှတ် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
ပျက်စီးတိုင်းလည်း စိတ်မပျက်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
အာရုံဟူသမျှ အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘရှိမည်နည်း။
အရာရာမျိူး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
သိဉာဏ်မလိုက် သင်မမိုက်နှင့် သိဉာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။ ။
Be the first to comment
Leave a Reply
Your email address will not be published.
*